ပန်းသီးပုံးလိုက်ဝယ်မယ်ဆိုရင် သတိထားဖို့နဲ့ သိထားစရာလေးတွေကို

ကိုယ်တွေခံခဲ့ရလို့ ရွာသူားတွေကိုလည်း နိုဗွီလို မအေး၂ခါမနားရလေအောင်

ပြန်လည်ဝေမျှလိုက်ပါတယ်

ကန်တော့ရမဲ့လူကြီးတွေများလွန်းလို့ ပန်းသီးနဲ့ ပန်းသစ်တော် ပုံးလိုက်ဝယ်မှအစဉ်ပြေမယ် ဒါကြောင့်မို့   ပြီခဲ့တဲ့ စနေနေ့ညနေက

သီရိမင်္ဂလာဈေးကို ရောက်ခဲ့တယ်ပေါ့ အရင်တုံးကလည်း ၁နှစ်ကို ၂ခေါက်လောက်တော့ ပုံးလိုက်ဝယ်ဖြစ်ပါတယ်

အခုလို အဖြစ်မျိုး မကြုံဘူးပါဘူး

ပန်းသစ်တော်ဝယ်တာဘာပြဿနာမှ မရှိပေးမဲ့

ပန်းသီးဝယ်တာမှာတော့ ခံလိုက်ရပါတယ်

ပန်းသီး ၁ပုံးကို ၂သောင်း ပေးရပါတယ်

အကန့်၎ကန့်ပါတယ် တစ်ကန့်မှာ ၁၅လုံးပါ

အပေါ်ကန့်ကို ဖွင့်ပြတယ် အပြည့်ပါတယ် အောက်မှာလဲဒီအတိုင်းပဲလို့ပြောတယ်

ကိုယ်လည်းအောက်ကို မဖွင့်ခိုင်းမိလိုက်ဘူး

အိမ်ရောက်တော့ ပုံးကိုဖွင့်ပြီးကတော့ဖို့အတွက် အလုံးတွေကို ထုတ်တော့မှ

ဒုတိယ အကန့်မှာ ၆လုံးရော့နေတယ်

စိတ်တော့တိုသွားတယ် ပြီးတော့မှ ဒီလောက်နဲ့တော့ ကိုယ်လည်းမွဲမသွားပါဘူးလေးဆိုပြီး

စိတ်ကိုဖြေလိုက်တယ်

ပြီးတော့တတိယအကန့်ကိုဖွင့်ချိန်မှာတော့ ဒေါသကငယ်ထိပ်ရောက်သွားတယ်

၉လုံးတောင်ရော့နေတယ် စုစုပေါင်း၁၅လုံးဖြစ်သွားပြီ

အချိန်ကြည့်လိုက်တော့ ည၉နာရီထိုးနေပြီး ဒီညတော့ သွားလို့မရတော့ဘူး

ကားဆီကုန်ရင်ကုန်ပလေ့စေ မနက်ကျမှာ သွားကိုပြောပြစ်မယ်ဆိုပြီး

အသီးပုံတွေကို ဓာတ်ပုံရိုက်ပြီး ပုံးထဲကို ပြန်ထည့်ထားလိုက်တယ်

မနက်ကျတော့ ၀ယ်လာခဲ့တဲ့

သီရိမင်္ဂလာဈေး (ခ) ရုံ – အောင်ဇေယျ သစ်သီးဒိုင်ကို သွားပြောတော့

သူတို့လဲဒီလိုပဲဝယ်ရတယ်တဲ့ မတက်နိုင်ဘူးတဲ့

တခဲ့ သစ်သီးဒိုင်ကြီးတွေဖြစ်ပြီး ဒီလိုမျိုး တစ်နပ်စားမကြံသင့်ပါဘူး

မပြည့်ရင် မပြည့်တဲ့အကြောင်းကြိုပြောသင့်ပါတယ်

ဒါမှ ၀ယ်တဲ့သူကလည်း စဉ်းစားချင့်ချိန်ပြီး ဘာလုပ်ရမယ်ဆိုတာကို စဉ်စားနိုင်မှာပါ

ဒီအမျိုးအစားက မပြည့်ရင် တခြားအမျိုးအစားကို ပြောင်ဝယ်ဖို့ စဉ်စားမှာပါ

ပြီးတော့ အခုလိုမျိုးလည်း ပြန်သွားပြောဖြစ်မှာ မဟုတ်ပါဘူး

သူတို့တွေရဲ့ တနပ်စားအကြံကြောင့် ၀ယ်ယူသူတွေ စိတ်အနှောက်အယှက်ဖြစ်ရပါတယ်

သူတို့လဲဒီလိုပဲဝယ်ရတယ်တဲ့ မတက်နိုင်ဘူးတဲ့ဆိုတဲ့ စကားတစ်ခွန်းနဲ့

ကျမမှာတော့ ဆီကုန်လူပန်း အလုပ်ပျက်တာပဲ အဖတ်တင်ခဲ့ပါတယ်

ကျမလိုမျိုး မိအေး၂ခါမနာရလေအောင် သတိပေးရင်နဲ့…

 

 

 

ပုံးအပေါ်မြင်ကွင်း

ပုံးဘေးဘက်

အပြည့်ပါတဲ့ အပေါ်ကန့်

၆လုံးရော့တဲ့ ဒုတိယအကန့်

၉လုံးရော့တဲ့ တတိယအကန့်

 

လူအချင်းချင်းလှည့်ပတ်ချင်းကင်းဝေးကျပါစေ…

 

 

 

Novy

About Novy

yi yi has written 66 post in this Website..

မှန်တယ်ထင်ရင် နောက်မဆုတ်ပါ CJ # 1272011