ဘာရယ်ညာရယ်တော့မဟုတ်ပါဘူး…

ဒီတစ်ပါတ်၊ နှစ်ပါတ်အတွင်းမှာ ကိုယ်ရေးထားတဲ့စာလေးတွေ ပြန်ဖွင့်ကြည့်မိလိုက်တာ ၀င်မန့်ထားတဲ့ ကွန်မန့်မှန်သမျှကို ရဲဗလောင်းခတ်နေအောင် လိုက်နီထားတာ မြင်မိတော့ စိတ်ထဲမှာ သံသယ၀င်မိသား.. ဒီဆိုက်က ဥပဒေအရဆိုရင် ကွန်မန့်တစ်ခုက အစိန်း 3+ ဖြစ်နေရင် အနီအဖြစ်ပြန်ပြောင်းစေလိုလျင် အနီ -3 ခါလောက်ပေးမှ ရတယ်ပေါ့နော်… ခုတွေ့မိတာ ကျွန်တော့် Post ထဲမှာ အစိမ်းတွေအများကြီးအပေးခံထားရတဲ့၊ ကောင်းရာမွန်ရာ ဘယ်သူ့မှ ထိခိုက်စော်ကားတာမပါတဲ့ မန့်ထားတဲ့သူတွေရောပါ အနီတွေ ရဲဗလောင်းခတ်နေအောင် ပေးခံထားရတာမြင်တော့၊ ဒါကပို့စ် တစ်ခုထဲမှာ မဟုတ်ပဲ ပို့စ်တိုင်းကို ဒီရက်ပိုင်းမှာမှ နောက်ပြန်လှည့်ပြီး တစ်မင်သက်သက် စောက်မြင်ကပ်ပုဒ်မနဲ့ အုပ်စုလိုက်ဝိုင်းပြီး ယုတ်မာတဲ့ အတွေးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာမြင်မိတယ်..

ဆိုတော့ကာ… အုပ်ချုပ်သူတွေများလာတယ်လို့လဲ သတင်းကြားတာတစ်ကြောင်း၊ Personally လိုက်တိုက်ခိုက်နေတယ်လို့မြင်တာကတစ်ကြောင်း၊ ရွာထဲအုပ်စုဖွဲ့သောင်းကျန်းနေတဲ့သူတွေရှိတယ်လို့ သံသယရှိတာကတစ်ကြောင်းကြောင့် အတော်လေးကြာအောင် ရွာနဲ့ ကင်းကင်းရှင်းရှင်းနေပါမည်ဆိုတဲ့အကြောင်း။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

About စဆရ ကြီး

စဆရ ကြီး has written 160 post in this Website..