မသင်္ကာစရာလေးတွေ

စဆရ ႀကီးNovember 6, 20121min32637

ဘာရယ်ညာရယ်တော့မဟုတ်ပါဘူး…

ဒီတစ်ပါတ်၊ နှစ်ပါတ်အတွင်းမှာ ကိုယ်ရေးထားတဲ့စာလေးတွေ ပြန်ဖွင့်ကြည့်မိလိုက်တာ ဝင်မန့်ထားတဲ့ ကွန်မန့်မှန်သမျှကို ရဲဗလောင်းခတ်နေအောင် လိုက်နီထားတာ မြင်မိတော့ စိတ်ထဲမှာ သံသယဝင်မိသား.. ဒီဆိုက်က ဥပဒေအရဆိုရင် ကွန်မန့်တစ်ခုက အစိန်း 3+ ဖြစ်နေရင် အနီအဖြစ်ပြန်ပြောင်းစေလိုလျင် အနီ -3 ခါလောက်ပေးမှ ရတယ်ပေါ့နော်… ခုတွေ့မိတာ ကျွန်တော့် Post ထဲမှာ အစိမ်းတွေအများကြီးအပေးခံထားရတဲ့၊ ကောင်းရာမွန်ရာ ဘယ်သူ့မှ ထိခိုက်စော်ကားတာမပါတဲ့ မန့်ထားတဲ့သူတွေရောပါ အနီတွေ ရဲဗလောင်းခတ်နေအောင် ပေးခံထားရတာမြင်တော့၊ ဒါကပို့စ် တစ်ခုထဲမှာ မဟုတ်ပဲ ပို့စ်တိုင်းကို ဒီရက်ပိုင်းမှာမှ နောက်ပြန်လှည့်ပြီး တစ်မင်သက်သက် စောက်မြင်ကပ်ပုဒ်မနဲ့ အုပ်စုလိုက်ဝိုင်းပြီး ယုတ်မာတဲ့ အတွေးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာမြင်မိတယ်..

ဆိုတော့ကာ… အုပ်ချုပ်သူတွေများလာတယ်လို့လဲ သတင်းကြားတာတစ်ကြောင်း၊ Personally လိုက်တိုက်ခိုက်နေတယ်လို့မြင်တာကတစ်ကြောင်း၊ ရွာထဲအုပ်စုဖွဲ့သောင်းကျန်းနေတဲ့သူတွေရှိတယ်လို့ သံသယရှိတာကတစ်ကြောင်းကြောင့် အတော်လေးကြာအောင် ရွာနဲ့ ကင်းကင်းရှင်းရှင်းနေပါမည်ဆိုတဲ့အကြောင်း။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

37 comments

  • myanmarcitizen

    November 6, 2012 at 11:35 am

    အဲ့အနီတွေ အစိမ်းတွေ ဂရုစိုက်မနေနဲ့ဗျို့။ နီနီ စိမ်းစိမ်း ကိုယ်လုပ်စရာရှိတာသာဆက်လုပ် …

  • Khaing Zar Win

    November 6, 2012 at 11:40 am

    ကျနော် က အစက ကိုယ်ဘာမှားပြောမိပါလိမ့်လို့ အတော်စဉ်းစားနေတာ။
    ခုတော့လည်း နီနီ၊ စိမ်းစိမ်း ဆိုပြီး ထားလိုက်ရတာပဲ။..

  • Hnin Hnin

    November 6, 2012 at 12:22 pm

    ‘ မြင်ပါများတော့ ကလိ၊ ကလိပါများတော့ သိလာ၊ အကြည့်ရဲ့နောက်မှာ ငြိတွယ်
    ပါလာတဲ့ အနီလေးတွေကြောင့်သာ၊ဖွင့်မပြောလည်းဘဲ ရှင်ရယ်..ဖွင့်မပြောလည်းဘဲ
    ရှင်ရယ်’ 🙂
    စိတ်ထဲ ထားမနေပါနဲ့ရှင်…ဝါးစားလို့ရလည်း ကောင်းသား… :harr:

  • Mon Kit

    November 6, 2012 at 12:56 pm

    ဥပစ်ခါ (ကိုယ်ရေးတတ်သလို) ပြုထားလိုက်ပါကွယ်…..
    ဝေမျှ ခံစားမိပါတယ်…… :byae:

  • Wow

    November 6, 2012 at 1:00 pm

    အမည်မဖေါ်လိုသူတွေကို ဘူဒွေလဲလို့ချိတ်ဝင်စားဒယ်ပေါ့…
    စိတ်ဒုက္ခရှာလို့အေရယ်… ညီး ကိုယ့်ဟာကိုယ်တောင် အဲလောက်အားလား စဉ်းစားကြည့်…
    အဲလောက်အချိန်ပေးပြီး ကိုယ့်ကိုအားပေးထားတာ ကိုယ့်ပိတ်သတ်ပေါ့… :kwi:

  • မောင်ပေ

    November 6, 2012 at 2:13 pm

    ဟုတ်ကဲ့ပါ
    ကျုပ်လဲ သဂျီးဆီကနေ ပွိုင့် ချူသွားပါကြောင်း
    အဲဒါ အဲဒါ

  • pooch

    November 6, 2012 at 2:20 pm

    ကျမရှိစု မဲ့စု ပိုစ့်ဟောင်းတွေ အားလုံးလဲ ရဲရဲတောက်နေတာပါပဲ ။ တခါတလေဆို အများကြီးနီနေတာ အားရပါးရ။ စိတ်ထဲ ထားမနေပါနဲ့ ။ နီချင်နီ စိမ်းချင်စိမ်း ။

    ကြာကြာမှ တခါရေးတာကို ဘယ့်နှယ် ့ ကင်းကင်းနေအုန်းမှာလဲ ။ ရေးပါရှင်။
    ဘေးပတ်ဝန်းကျင်ကို သိပ်ဂရုုမစိုက်ပါနဲ့ ။

    ကမာ္ဘကျော်တဲ့ ဂီတပညာရှင်ကြီး ဗီသိုဗင် က ကမာ္ဘကျော်တဲ့ တီးလုံးတွေကို ဈာန်ဝင်စားပြီး တီထွင်ဖန်တီးနိုင်ခဲ့တာ သူက နားမကြားတဲ့သူတယောက်မို့တဲ့လေ။

    ကဲ မကြားရလေ ပိုအောင်မြင်လေပဲ ။ ဆိုတော့
    မကြားချင် မမြင်ချင် မသိချင်ယောင်သာဆောင်လိုက် ။ အမှိုက်တွေ စိတ်ထဲ အဝင်မခံနဲ့ ။

    ကိုယ်တိုင်ကတော့ အမှိုက်လို့ ထင်လာရင် စိတ်ထဲ ကရော ဘဝထဲကရော ရှင်းထုတ်လိုက်တာပဲ ။ ဘယ်တော့မှ စိတ်ရှုပ်မခံဘူး။ ဥပေက္ခာပြုလိုက်တယ်။

    • ၂၀၁၂ ရဲဝင်း

      November 6, 2012 at 2:46 pm

      ဟုတ်ပါတယ်ခီညာ.. ပီကာဆိုဟာလည်း မျက်မမြင် တယောက်ဖြစ်ပြီး
      ဝှစ်တနီဟူစတန်ဟာလည်း စကားမပြောတတ်ရှာပါဘူး …
      ခိခိ

      :harr:

      • pooch

        November 6, 2012 at 2:48 pm

        မနောက်ပါနဲ့ ကိုရဲဝင်း သူများတကာကို ရှာကြံအားပေးနေတာကို လာပြီး ဖျက်လို ဖျက်ဆီးနဲ့ 👿

  • MaMa

    November 6, 2012 at 3:26 pm

    မောင်ရှုံးရေ-
    အနီပေးလို့ ရွာနဲ့ ဝေးအောင်နေမယ်ရင်…
    ကိုယ့်စိတ်ကို သူတပါးစိတ်တိုင်းကျ ချယ်လှယ်ခံသလို ဖြစ်နေမယ်။
    မှန်ရာကို ကိုယ့်စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် ကြိုးစားရပ်တည်စေချင်တယ်။
    သူတပါးကြိုးဆွဲတဲ့တိုင်း မကပါနဲ့။

  • မိုချို

    November 6, 2012 at 3:49 pm

    ကိုယ့် ပိုစ့် အဟောင်းတွေ ကို ကိုယ်တောင် တစ်လ နေ လို့ တစ်ခါ ပြန် မလှန်ကြည့် မိဘူး။ သူတို့က အချိန်ပေး နိုင်လို့ အနီတွေ လိုက် ပေး နိုင် တာ ၊ ကိုယ့် ပိုစ့် တွေ ကို ပြန် ကြည့် ဖေါ် ရတယ်လို့ ကြံဖန် ဂုဏ်ယူ လိုက် ပါ။ ဒီလောက် စာရေးကောင်းတဲ့ သူက ဘယ်နှယ်ကြောင့် နား ရ မှာတုန်း ။ ဆက်သာရေး ပါ ၊ အမြဲ အားပေးနေပါ တယ်။

  • weiwei

    November 6, 2012 at 4:02 pm

    မောင်ရှုံးကို ပထမဆုံးပို့စ်ကထဲက သတိထားမိပါတယ်။ ပို့စ်တင်ပြီး ကွန်မန့်မရလို့ဆိုပြီး နောက်တစ်နေ့မှာ အကုန်ပြန်ဖျက်ထားတယ်။ အဲဒီလို လုပ်နေလို့ အဲဒီနံမည်ဖြစ်နေတာလို့တောင် ကွန်မန့်ပေးခဲ့ဖူးပါတယ်။
    နောက်တစ်ကြိမ် ရန်ကုန်မှာ တွေ့မယ်လို့ပြောထားပြီးမှ ပြန်လှည့်သွားသေးတယ်။
    ဘာပဲဖြစ်ဖြစ်ပါ … ဒီလိုရွာလေးဆိုတာက လွတ်လပ်ပြီး လုပ်ချင်တာလုပ်လို့ရတဲ့နေရာမှာတောင် ခံစားချက်ကို အဲဒီလောက် ဦးစားပေးနေရင် တခြားနေရာတွေမှာ ဘယ်လိုလုပ်မလဲ ..
    အဲဒီလောက်အထိ မခံစားပါနဲ့လို့ပဲ အကြံပေးချင်ပါတယ် …

  • ရာဇဝင်လူဆိုး

    November 6, 2012 at 4:11 pm

    ဆြာရှုံးရေ…။ နောက်ဆုံး စုံစမ်းသိရှိထားသမျှကတော့ ကျနော်တို့ ရွာထဲမှာ မိုးပြာဂိုဏ်းကို အားကျပြီး မိုးနီဂိုဏ်း ဆိုပြီး ဖွဲ့ထားတယ်လို့ သတင်းရရှိထားပါတယ်။ ခုဆိုတော်တော် အင်းအားတောင့်နေပြီး သူ့တို့ရဲ့ ကွန်ယက် ချိတ်ဆက်မှုကလဲ တော်တော် ကျယ်ပြန့်သလို အူးခိုင် ဆိုသူ ဘော့စိ တစ်ယောက်ကလဲ နောက်ကနေ အထောက်အပံ့ပေးထားတယ်လို့ သိရပါတယ်။ :mrgreen:
    (ဘာမှ စိတ်ထဲထားမနေပါနဲ့ ဆြာရေ..။ ကောင်းတဲ့ဖက်ကကြည့်ရင် ကိုယ့်မှာ အစိမ်း ပိတ်သတ်ရော အနီ ပိတ်သတ်ပါရှိတာ ဝမ်းသာစရာ)

    ကဲ..မိုးနီ ဂိုဏ်းဆြာတို့ ကျုပ်ကို ပေးကြစမ်းပါဂျာ အနီတွေ။ အနီ ခယေဇိ ဆိုတော့ ရဲရဲတောက်လေ ကြိုက်လေပါပဲ…ပြော်ထှာ။ :mrgreen: ….

  • တောတွင်းပျော်

    November 6, 2012 at 5:00 pm

    ဪ..အနီတွေ အနီတွေ
    သူတို ့က အမှန်တကယ် အားပေးကြသူတွေပဲ။ ဒါပေတိ သူတို ့က အပေါင်း နှင် ့ အနှ ုတ် လက္ခဏာကို
    အမှတ်မှား နားမလည်ကြလို ့ပါ။
    သူကြီး အနေနဲ ့ အပေါင်းလက္ခဏာကို အနီ သတ်မှတ်ပြီး အနှ ုတ်လက္ခဏာကို အစိမ်းလို ့ပြန်သတ်မှတ်လိုက်ရင် ဒီပြဿနာပြေလည်သွားပါလိမ် ့မယ်။
    ဒီ ကျနော် ့ ကွန်မန် ့လေးကို သဘောကျကြလို ့ အားပါးတရ နီပေးလိုက်ကြမယ်ဆိုရင် ကျနော်
    တောတွင်းပျော်အနေနဲ ့ အမှန်တကယ်ကျေးဇူးတင်မှာဖြစ်ကြောင်း

  • ကိုရင်ရှုံးရေ..
    လုံမ သဘောထားလေးပြောပြပါရစေ…

    လုံမအထင်ပေါ့နော်…ရွာထဲက ရွာသူရွာသားအချင်းချင်းက စိမ်းလေ့ နီလေ့ မရှိကြဘူးထင်ပါတယ်… ကွန်မန့်တစ်ခုနဲ့နဲ့ပတ်သက်တဲ့ သူတို့ရဲ့အမြင်တွေကို အဲ့ဒီကွန်မန့်အောက်မှာပဲ ပြန်ပြောလေ့ရှိပါတယ်…
    ဆိုတော့…အဲ့ဒီလိုလိုက်နီလိုက်စိမ်းတယ်ဆိုတာ ရွာသူားမဟုတ်တဲ့ သူတွေပဲ ဖြစ်ဖို့များပါတယ်… သူတို့ရဲ့အမြင်ကို ရဲရဲဝံ့ဝံ့မဖော်ပြဘဲနဲ့ တစ်ခုတည်းသော လုပ်ပိုင်ခွင့်လေးကို အသုံးချနေတယ်လို့ပဲ သတ်မှတ်ထားပါတယ်…
    ဒါကြောင့် အစိမ်းအနီဆိုတာတွေကိုလည်း ဂရုမစိုက်ဘဲ ဥပေက္ခာပြုထားပါတယ်…

    ဒီလိုပြောတာဟာ ရွာပြင်ပက စာဖတ်သူအားလုံးကို ရည်ညွှန်းပြီး စော်ကားချင်တဲ့စိတ်မဟုတ်ပါဘူး… ဖြစ်နိုင်ရင်တော့ လိုက်နီလိုက်စိမ်းနေမယ့်အစား ရဲရဲဝံ့ဝံ့ထွက်ပြောစေချင်ပါတယ်…
    ဒါမှမဟုတ် ညစ်ချင်တဲ့စိတ်သက်သက်နဲ့ တမင်တကာ လိုက်နီနေတဲ့သူတွေကိုလည်း ဥပေက္ခာပြုထားပါတယ်လို့…

    ဒါကြောင့် ကိုရင်ရှုံးအနေနဲ့ ဒီအပေါ်မှာ ဘာသဘောမှမထားဘဲနဲ့ ကိုယ့်အမြင်နဲ့ကိုယ့်စာတွေကို ရွာထဲမှာ ဆက်ပြီးမျှဝေပါလို့ ပြောချင်ပါတယ်..

    ခင်တဲ့
    လုံမ

  • aanyar thar

    November 6, 2012 at 8:03 pm

    ငါ့အကို ရေ..ရွာထဲမှာ စာရေးတာ.လမ်းဘေး ရေချမ်းစင်တည်တာပေါ့ဗျာ..ဘယ်သူခပ်သောက်သောက် မသောက်ပဲနေနေ..အများသူငှါသောက်ဖို့ အတွက် သောက်ရေအိုးလေးထဲမှာ ရေဖြည့်ပေးချင်တာက ငါ့အကို ဆန္ဒမဟုတ်လား..ဒီသဘောပေါ့ဗျာ ခု့ငါ့အကိုရဲ့ အတွေးအခေါ်လေးတွေ အတွေ့အကြုံလေးတွေ ပြောချင်တာတွေ သိ့စေ့ချင်တာတွေ ဗဟုစသု့တတွေ အမြင်လေးတွေ ရေအိုးလေးထဲ ထည့်နေတာပဲလေ သောက်သောက်မသောက်သောက် ဖတ်ဖတ်မဖတ်ဖတ်ပေါ့ဗျာ ခွက်ခိုးတဲ့သူလည်း ရှိ့မှာပဲ နောက်ဆုံး ငါ့အကိုရဲံ့စေတနာ တန်ဖိုးနားမလည်ပဲ ရေအိုးရိုက်ခွဲသွားတဲ့ သူလည်းရှိ့မှာပဲ ဒီလိုလုပ်ပေါ့ဗျာ (နောက်တစ်ခါ ပို့စ်တစ်ခု့တင်ပြီးတိုင်း ကွန့်မန့်လေးတွေ ဖတ်ချင်တယ်ဆို မဖတ်ခင်ငါ့အကိုရဲ့ ကွန်ပြူတာ မျက်နှာပြင်ဘယ်ဘက်ချမ်း ၁ လက္မလောက် ဒေါင်လိုက် အထက်အောက်ပေါ့ဗျာ တိတ်အစိမ်းရောင်လေး ကပ်ပြီးမှ့ ဖွင့်ဖတ်ပေါ့ဗျာ..ဟော..ကွန့်မန်းအားလုံး စိမ်းဗျာ..).နီတာတွေ စိမ်းတာတွေ ကသူတို့အလုပ် စာရေးချင်တာက ငါ့အကို့အလုပ် ဒါပဲပေါ့ဗျာ

  • candle .

    November 6, 2012 at 8:38 pm

    ပြောတော့..လူ ့ပြည်မှာပျော်တယ်ဆို….
    လူ ့ပြည် လူ ့ရွာဆိုတာ ဒီလိုဘဲလေ..
    တိုက်ပွဲနဲ ့ပြောရင် ရှုံးချင်ရှုံးမယ် နိုင်ချင်နိုင်မယ်..တိုက်ဖို ့က အဓိက….
    ဒီရွာမှာဆိုလည်း နီချင်နီမယ် စိမ်းချင်စိမ်းမယ် ရေးဖို ့က အဓိက….
    အထက်ကပြောသလိုဘဲ ရေအိုး အခွဲခံရတယ်ဆိုလည်း နောက်အသစ်တစ်လုံးပေါ့….
    candle ကတော့အမြဲအားပေးလျှက်….

  • moemakha

    November 6, 2012 at 9:22 pm

    အနီတွေ အစိမ်းတွေက အဓိကမဟုတ်ဘူး ရေးနေရင် အဆင်ပြေပြီ
    သူတို့မှာ အားအားယားယားနီနေတော့ ကိုယ့်ဘာဖြစ်တာလိုက်လို့ နော့

  • may flowers

    November 6, 2012 at 10:42 pm

    ကျွန်မ ပိုစ့်လေးတွေလည်း ရဲရဲတောက်နေတာပါပဲ……..ကိုရှုံးရေ။ ကျွန်မကတော့ ဂရုကိုမစိုက်တာ

    နီးချင်နီ၊ စိမ်းချင်စိမ်း……. ခုတောင် ကိုရှုံးပိုစ့်ကိုဖတ်ပြီးမှ ကိုယ့်ပိုစ့်လေးတွေ ပြန်ကြည့်မိတာပါ။

    ဂရုစိုက်မနေပါနဲ့ နီတာ ၊ စိမ်းတာက အဓိကမကျပါဘူး လို့ပဲပြောချင်ပါတယ်။

  • Foreign Resident

    November 7, 2012 at 12:45 am

    ကို ရှုံး လူ ရယ် ။

    အဘ Comment ပေးခဲသူပါ ၊ ခင်လို့ပြောတာမှတ်ပါနော် ။
    ဘာလို့ ဒီလောက်တောင် ပျော့ရတာလည်းကွယ် ။
    ကိုယ်မှန်တယ်ထင်တာကို ရဲရဲလုပ်စမ်းပါ ။
    ဘေးလူ ပြောစကားတွေကို သိပ် ဂရုစိုက်မနေစမ်းပါနှင့် ။
    နို့မို့ရင် ၊ ကိုရင့်ဘဝက သူများပါးစပ်ဖျားမှာတင် လမ်းဆုံးသွားလိမ့်မယ် ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 7, 2012 at 12:54 am

    ခင်ဗျားဒို့ဂလည်း သဂျီးမင်းအာဘော်ဂျီး နှမြောစရာ
    ဒီလူတွေတွက် သဂျီးမင်းဂို ကျုပ်ဂဘဲတောင်းဘန်ဘာဒယ် :mrgreen:
    …………
    စေ့စေ့တွေးကြည့်ရင် ကိုယ်ရေးထားတာ ဖတ်သွားပြီး
    ဘာမှပြောမသွားတာ ကတစ်မျိုး
    ပြောခြင်တာပြောသွားမယ် ကတစ်မျိုး ( ကိုယ်ကြိုက်တာမကြိုက်တာကသပ်သပ်ပေါ့ )
    ကော်မန့်တွေကို အစိမ်းပေးမယ်ကတစ်မျိုး
    ကော်မန့်တွေကို အနီပေးမယ်ကတစ်မျိုး
    ကိုယ့်ဂို ဂရုစိုက်လို့ ဒီလိုလုပ်သွားဒဲ့လူဒေဂို ကြေးဇူးတင်ဂျဇမ်းဘာ
    မဟုတ်လို့ကတော့ ကိုယ့်ဂိုဘာမှမလုပ်သွားဒေါ့ ဟာတာတာဂျီး
    ဆိုလိုတာက
    ကိုယ့်ကို တစ်ခုခုလုပ်သွားဒေါ့ နေသာထိုင်သာရှိဒါဘော့ ဟုတ်ဘူးလား

  • မိုးတိမ်

    November 7, 2012 at 2:19 am

    ကိုရင်ရှုံးရေ…..ခင်ဗျားဘာမှ အနီတွေ အစိမ်းတွေ ဂရုစိုက်မနေစမ်းပါနဲ့ဗျ။ကိုယ်မှန်တယ်ထင်တာကိုရေး၊ရဲရဲဝံ့ဝံ့ပြောစမ်းပါဗျာ။အရင်တုန်းက နီနေရင် စိမ်းအောင်လိုက်လုပ်ပေးသေးတယ်။အခုတော့ ကျုပ်တစ်ယောက်တည်းမနိုင်တော့မယ့် အတူတူ အနီရော၊အစိမ်းရော သောက်ဂရုကိုမစိုက်တော့ဘူး။ဘယ်သူ့ကိုမှလဲ အနီ၊အစိမ်းသောက်လုပ်ရှုပ်ခံပြီးမလုပ်တော့ဘူး။မကြိုက်ရင်ကော်မန့်ရေးမယ်၊ကြိုက်ရင်လဲ ကော်မန့်ရေးမယ်။ကိုယ့်ထင်မြင်ယူဆချက်၊ကိုယ့်အမြင်ကို ပြောခွင့်ရှိပါတယ်။ကိုယ့်ကို မစော်ကားသရွှေ ့ဘယ်သူ့ကိုမှလဲစော်ကားနေတာမှမဟုတ်တာပဲဗျ။ကိုရင့်စာတွေကိုစောင့်ဖတ်နေတဲ့ ပရိတ်သတ်တွေကို အနီ၊အစိမ်းတွေကြောင့် လမ်းခွဲမသွားစမ်းပါနဲ့။ကဲ အနီပေးချင်သော ပုဂ္ဂိုလ်များ ကျုပ်ကွန်မန့်ကို သောက်လုပ်ရှုပ်ခံပြီးပေးကြစမ်းပါ။နီနေရင် တရုတ်တွေ အယူအဆအရ မင်္ဂလာပေါ့ဗျာ။မင်္ဂလာဆောင်ရင်တောင် ဖိတ်စာအနီ၊ဝတ်စုံအနီဆိုတော့ ကျုပ်ကို အနီပေးလေ မင်္ဂလာလို့သတ်မှတ်လေပဲ။အဲကျုပ်ကတော့ ဗမာစစ်စစ်ကြီးပါ။မင်္ဂလာရှိသော အနီရောင်များကိုမြင်ချင်လို့ ဝိုင်းဝန်းပြီး အားတိုင်း၊ယားတိုင်း အနီပေးကြစေကုန်သတည်းးးးးးးးးး

  • ဒီပို့စ်တစ်ခုလုံးလဲ ပန်းခင်းအလယ်ရောက်နေရသလိုပဲ
    ပန်းနီနီလေးတွေနဲ့ လှပနေပါလားကွယ်ရို့

    ပုဆိုးခြုံထဲကနေ လက်သီးထိုးနေတဲ့သူတွေ မေးချင်ပါ၏။ ကိုယ်ပိုင်ပုံတင်ပြီး စာတစ်ပုဒ်ရေးကြစမ်းပါလို့..

    ခုတော့ဘယ့်နှယ့်ကွယ်…

    အထက်က ဝင်ရောက်၊ ထောက်ပြ၊ ပြောဆို၊ အားပေးကြသူအပေါင်းကို ကျေးဇူးအထူးပင်တင်ရှိပါကြောင်းနဲ့ အမြင်ကပ်လို့ကို မနားတမ်းစာတွေရေးချင်ရာ ရေးပြစ်ပါမယ်ဆိုတဲ့အကြောင်း..

    😀

    • ဘဲဥ

      November 7, 2012 at 9:43 am

      ဂွတ်အိုင်ဒီယာပါ ကိုရှုံး
      ဘုဂိုမှ ဂရုမစိုက်နဲ့ ကိုယ့်စိတ်ထဲရှိတာ ကိုယ်လုပ်
      Aဘေးကောင်ဒွေကို ဘေးချိတ်ထားလိုက်ပါ

    • kai

      November 7, 2012 at 10:00 am

      ရေးချင်ရာရေးပါကွယ်…။
      နောက်ဆို.. ဗိုလ်ချုပ်မှုးကြီးအမြင်ကပ်အောင် .. မလုပ်ကြနဲ့နော..
      သူက..စိတ်ကြီးတယ်.. :harr:

  • အရီးခင်လတ်

    November 7, 2012 at 3:58 am

    မောင်ရှုံး ရယ်
    မင်းရဲ့ နာမည်က ရှုံးပါနေတော့ သူရို့ ခမျာ မင်းကို ချစ်လွန်းလို့ နာမည်နဲ့ လိုက်အောင် နီပေးရတာနေမှာပါ။ 😆
    တကယ်တော့ နီ/စိမ်း နှိပ်ဖို့ က ချက်ချင်း ဖျတ်ကနဲ တောင် မရဘူး။
    ဒါကို အချိန်ကုန်ခံ၊ လက်ညောင်းခံပြီး လုပ်နေတာကိုတော့ အံ့ဩလို့ မဆုံး။
    သူများ အနီပေးလို့ တော့ စိတ်မကောင်း မဖြစ်ပါနဲ့။
    ကိုယ်ရေးချင်တာ ဆက်သာရေး။
    မင်းကို အားပေးသူတွေ အပြည့်။

  • ရွှေအိမ်စည်

    November 7, 2012 at 11:42 am

    အနီရောင်က ရဲရင့်ပြတ်သားခြင်းတွေးပေါ့…ဒါဆို အားပေးတဲ ့ဘက်ဖြစ်ကြောင်းတွေးပေါ့ကွာ..
    ရင်ထဲ မထားပါနဲ ့……
    ဘယ်အရာကမှမတည်မြဲပါဘူး

  • P chogyi

    November 7, 2012 at 11:43 am

    အနီ၊ အစိမ်းဆိုတာ ပြသနာမဟုတ်ပါဘူး၊
    ကိုယ်ပြောတာနဲ့ သူနားလည်တာနဲ့ ဆန့်ကျင်ရင်အနီဖြစ်မှာပဲ
    နီတိုင်းမှားတာမဟုတ်ပါဘူး။
    တစ်ယောက်နဲ့တစ်ယောက် အကြိုက်ခြင်း၊ အမြင်ခြင်းမတူပါဘူး၊
    ဥပမာ ဒူးရင်သီးကြိုက်တယ်/မကြိုက်ဘူး
    ကြိုက်တယ်ဆိုမှန်တယ်ပြောမရသလို၊ မကြိုက်တာကိုလည်းမှားတယ်ပြောမရပါဘူး
    ကိုယ်နဲ့သဘောထားခြင်းမတိုက်ဆိုင်ဘူးလို့ပဲ သတ်မှတ်လိုက်ပါ။
    သဘောထားမတူတိုင်း ရှောင်စရာလဲမလိုပါဘူး၊
    အတိုက်အခံရှိမှာ အောင်မြင်တာ၊ ပိုပြီးပွဲစည်တာ။

  • ရွာသူ jujuma .

    November 7, 2012 at 2:19 pm

    ဟုတ်တယ်ဗျ တစ်ခါတစ်လေ ကွန်မန့်ကောင်းလေးတွေကို အနီပေးထားတာ..
    ဘယ်လိုစိတ်ကူးနဲ့လဲတော့မသိပေမယ့် .. မနေနိုင်လို့ ပြန်စိမ်းပေးလိုက်တာပါ ပဲ..
    ဒါပေမယ့် .. ပိုစ်ရှင်တစ်ယောက်အနေနဲ့ကတော့ အဲလို အနီ တွေအပေါ်မှာ တလွဲစိတ်မဝင်သင့်ပါဘူးဗျ ..
    ဘာလို့လဲဆိုတော့ ပိုစ်ကို နီတာမဟုတ်ပဲ ကွန်မန့် ကို နီတာလေဗျာ .. ဟုတ်ဘူးလား :harr:

  • cobra

    November 7, 2012 at 5:58 pm

    အဲ့ဒါတွေသာလိုက်ဂရုစိုက်နေလို့ကတော့ ဘယ်သူမှရေးတော့မှာမဟုတ်ဘူး။
    ရေးစရာရှိတာသာရေးပါ ကျွန်တော်ကတော့မရေးတတ်လို့
    သူများရေးတာတွေပဲလိုက်ဖတ်နေရတာ မရေးတော့ဘူးဆိုတော့ ဖတ်ကမဲ့ လူတစ်ယောက်လျော့
    သွားတော့မှာပေါ့။

  • Thu Wai

    November 7, 2012 at 10:48 pm

    အော် ကိုရှံးရယ် ကျွန်တော် ကတော့ဖြစ်နိုင်ရင် အဝါလေးပါထည့်လိုက်ချင်တယ် ဒါမှ ပိုစ့်တစ်ခုလုံးက စိမ်းဝါနီ နိုင်ငံတော်အလံလေးဖြစ်နေမှာ။ အလကားစ တာ ခွေးဟောင်တိုင်းထကြည့်နေရင် အိပ်ရေးပျက်တာပဲအဖတ်တင်မယ်။ ကွန်နက်ရှင်က မကောင်းရတဲ့အထဲ အနီကို ဂရုမစိုက်နိုင်ပေါင်ဗျာ ။

  • nature

    November 8, 2012 at 8:23 am

    အနီကြောင့်စိတ်အနှောင့်အယှက်ဖြစ်မယ်ဆိုရင်တော့ စိတ်ဓါက်ပျော့ညံ့မှုတခု လို့ပဲထင်ပါတယ်။

  • အလင်းဆက်

    November 8, 2012 at 9:30 am

    သားသားကတော့
    အနီရောကို ကြိုက်လို ့…
    သဘောတောင်ကျသေး

  • ဦးဦးပါလေရာ

    November 8, 2012 at 9:59 am

    (သူများနဲ့မတူအောင်မန့်ဦးမယ်)

    အနီအစိမ်းကို ဂရုစိုက်စရာမလိုတာကတပိုင်း

    အခုအနေအထားမှာ အနီအစိမ်း ဖန်ရှင်က အသုံးကျတော့ခြင်းမကျတော့ခြင်းက တပိုင်းလို့ ထင်ပါတယ်။

    တတိယတပိုင်းကတော့ အနီအစိမ်းဖန်ရှင်ကြောင့် ကောင်းကျိုး၊ ဆိုးကျိုးကို လဲ ချင့်ချိန်သင့်ပါတယ်။

    စတုတ္ထတပိုင်းကတော့ ဗိုက်ကလေးကိုမေး …။ သူနောက်ဆုံးကျန်ခဲ့တာ….
    😀

  • Reign

    November 16, 2012 at 5:13 pm

    We should interpret red as a mean of telling that the post writer is courageous enough to spell out his ideas even there might be some contentious issues on it.In a way, it is a kind of compliment. The comment maker find it interesting to mark red on the post. 🙂

  • TNA

    March 21, 2014 at 10:22 pm

    နီနီစိမ်းစိမ်းပါရှင်။ ကိုယ်တွေ လိပ်ပြာသန့်ရင်အေးဆေးပါ။ စိတ်ထဲမထားပါနဲ့ ကိုရှုံးရယ်။

Leave a Reply