ကြီးမိုက်ဘုရားဖူးနေသည်…Kyeik Hmaw Won Pagoda

မင်္ဂလာပါဗျာ….

ပြီးခဲ့တဲ့ အပါတ် တနင်္လာနေ့က တော့ ရုံးလည်းပိတ်ပေးတာနဲ့ သံလျှင်မြို့နယ်၊ ကျောက်တန်းမှာတည်ရှိတဲ့

ကျိုက်မှော်ဝန်းရေလယ်ဘုရားကို မိသားစုနဲ့ ဘုရားဖူးထွက်ဖြစ်ခဲ့ပါတယ်…

ရန်ကုန်နေသူတွေအဖို့ နေ့ချင်းပြန်သွားလို့လွယ်ကူတဲ့ခရီးအကွာမှာရှိနေပေမဲ့…

တော်တော်နဲ့ မရောက်ဖြစ်ခဲ့ပါ…ပြောရရင်…သားနဲ့သမီးတောင်အတော်ကြီးပီ

တစ်ခါမှလိုက်မပို့ဖူးသေးပဲ..နီးရက်နဲ့ဝေးနေခဲ့တဲ့ ဘုရားပါပဲ…

မိသားစု အေးအေးဆေးဆေး မနက်စာစားပြီးမှ…နေ့ခင်းတစ်နာရီလောက်မှ

ထွက်ခဲ့ကြတာပါ…ထုံးစံအတိုင်း ဘုရားလည်းဖူးရင်း၊ မိသားစုကို

အမှတ်တရ ဓါတ်ပုံလေးတွေလည်းရိုက်ပေးရင်းနဲ့..

ရွာသူားတွေ လည်းဖူးရအောင်တင်ပေးလိုက်ပါတယ်…

အားပေးကြပါအုံးနော…

ကျောက်တန်းဘက်ကမ်းကနေ ရေလယ်ဘုရားကို
ဒီလို စက်တတ်ငှက်သန္မန် နဲ့ ကူးကြရပါတယ်
ရှု့ခင်းလေးကသာသာယာယာ

ဘုရားကိုရောက်ပါပြီ…
အပြင်ဖက်ကမြင်ရတဲ့ ကျိုက်မှော်ဝန်းစေတီ..

ကျိုက်မှော်ဝန်းရေလယ်စေတီမှ ရုပ်ပွားတော်မြတ်
ကျောက်ဆင်းတုရုပ်ပွားတော်…
ကြောက်စရာ ဘီလူးစိမ်းစိမ်း…
မုခ်ဦးအောက်က မြင်ရတဲ့ ကျောက်တန်းဘက်ကမ်းအလှ…
ကိုပေါက်(မန်း) အတွက် တိမ်နဲ့ ကျောက်တန်းဘက်က ဘုရားပုံလက်ဆောင်လေးပါ…
အားလုံလည်းကြည့်ဖို့ပေါ့..
ပြန်ပါအုံးမယ် ပြန်အုံးမယ်ပေါ့…
နှုတ်ဆက်ခဲ့ပါတယ်..“.သမင်လည်ပြန်အကြည့်”
မောလိုက်တာ..အအေးသောက်နေရင်း မော်တော်တစီးဖြတ်သွားလို့
အမှတ်တရ ဆွဲလိုက်တာ..
လူကြောက်နေလို့ ခေါင်းတောင်ကောင်းကောင်းမဖေါ်တော့တဲ့ ငါးတွေ
(မေးကြသူရှိလို့ ထပ်တင်လိုက်တာပါ)

သတိထားမိတာတစ်ခုကတော့ ငါးကြီးတွေ နဲသွားတာပဲ…သိပ်မတွေ့ခဲ့ရဘူး….(ရိုက်ခဲ့ရသလောက်လေးတင်ပေးလိုက်ပါတယ်)

ရောက်ဖူးသူတွေအတွက်လည်းအလွမ်းပြေ..မရောက်ဖူးသေးသူတွေအတွက်လည်း

ဘုရားဖူးကြရအောင် မျှဝေပေးလိုက်ပါဂျောင်း ဗျာတို့…

အားလုံးကိုလေးစားခင်မင်လျှက်…

လမ်းဆက်လျှောက်နေတဲ့…

ကြိုက်မီး။

44 comments

  • Thu Wai

    November 6, 2012 at 12:45 pm

    ကြီးမိုက် ဘုရားဖူးနေသည်ဆိုလို့ အံဩ လို့ဝင်ဖတ်တာ
    တကယ်ဆိုရင် နာမည်နဲ့လူနဲ့လိုက်အောင် ကြီးမိုက် အရက်သောက်နေသည်တို့ ကြီးမိုက်မူးပြီးရမ်းနေသည်တို့ ကြီးမိုက်ဟိုဒင်းနှင့်ဖက်ကိုက်နေသည်တို့ တင်ရမှာ
    ဟဲဟဲ………..စတာနော် ……..သာဓုပါဗျာသာဓုပါ :haha:

  • kyeemite

    November 6, 2012 at 12:50 pm

    အောင်မငှီး….ဒီဓါတ်ပုံ ပို့စ်နဲ့ တစ်မနက် ကုန်ပါလေရောဗျာ…
    တင်စရာပို့စ်လည်းမရှိသေးတော့ “ငါးမရ ရေချိုးပြန်”ဆိုတာလို
    ဓါတ်ပုံလေးတွေတင်လိုက်တာပါဗျာ…ပုံတင်ရင်းပုံအောက်ကစာအချို့ပျက်ကုန်လို့..
    လက်တို့ပီးပဲပြောလိုက်မယ်…
    ၃ ပုံမြောက်မှာ မဒမ်မိုက်ပုံပါကြောင်းပါ… :kwi: :harr:

  • Ma Ei

    November 6, 2012 at 12:57 pm

    ကိုကိုး ရဲ့ မီးဆိုတာ..
    မဟုတ်မှ လွဲရော သနပ်ခါးအဖွေးသားနဲ့သူလေးလား…
    :hee:

  • Khaing Zar Win

    November 6, 2012 at 12:59 pm

    ကိုကြီးမိုက်၊
    ဟို အလယ်နားက အမျိုးသမီး ဖြူဖြူလှလှလေးက မဒမ်မိုက်လား ဟမ်?
    ကိုကြီးမိုက် ကော်မန့်အရင်ဖတ်မိလို့ ၃ပုံမြောက်ကို ကျော်ကြည့်ပြီးမှ မန့်လိုက်ပါတယ်။
    ဘုရားဆက်ဖူးလိုက်ဦးမယ်နော်။ 🙂

  • Mon Kit

    November 6, 2012 at 1:04 pm

    ဦးကြီးမိုက်က ကင်မလာမန်းလဲ ဖစ်တာဘဲနော်…
    ဘုရားဖူးသွားပါဒယ်…
    မဒမ်မိုက် က မျက်မှန်တော့ တပ်ထားလိမ့်မယ်..
    သို့ပေမဲ့ နှစ်ယောက်ဖစ်နေလို့ ဘူရဲဟင်… 😀

  • မိုချို

    November 6, 2012 at 1:15 pm

    ထင်ပါတယ် ၊ ထင်ပါတယ်….. ဒီ ကလဲ မေး မလို့ ပါပဲ။ မဟုတ်ရင်တော့ လွဲရော( မဟုတ် မှတော့ လွဲ တာပေါ့ နော်) ဦး ကြိုက် မီး .. ကြိုက်တဲ့ မီးက ပန်း စည်း လေးနဲ့ ကွယ်ထားတဲ့ သူလား၊ သူ့ နောက်က လား၊ နှစ်ယောက်လုံးေတော့ မျက်မှန်နဲ့ ပဲ။

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 6, 2012 at 1:17 pm

    တိုက်ဆိုင်လိုက်တာပေါ့လေးမိုက်ရယ်…
    ကျွန်တော်တို့ ဒါဇင်ပလပ်လဲ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ရေလည်ဘုရားကို အလှူလုပ်ရင်းရောက်ခဲ့ပါတယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • Khaing Khaing

    November 6, 2012 at 1:22 pm

    သမီးဆို မရောက်တာ (၁၀) နှစ်လောက်ရှိပြီ … အခုသမီးလေးကို လိုက်ပို့ပေးချင်ပေမယ့် ရေလမ်းခရီးဖြစ်နေတော့ ကြောက်ပြီး မသွားဖြစ်သေးဘူး …….

  • kyeemite

    November 6, 2012 at 1:23 pm

    မိုချို ..ကပြောတယ်..
    “ ဦး ကြိုက် မီး .. ကြိုက်တဲ့ မီးက ပန်း စည်း လေးနဲ့ ကွယ်ထားတဲ့ သူလား”..တဲ့
    ဟဲဟဲဟဲ..:harr: :hee:
    ကြိုက်မီး။

    • Mon Kit

      November 6, 2012 at 1:38 pm

      အော… အော်… ထင်တော့ထင်သာ…
      ဟိ.. မီးက ရှက်နေဒယ်… :528:

    • Ma Ei

      November 6, 2012 at 1:43 pm

      မအိတို့ တော်ချက်ကတော့
      မဟုတ် လို့ လွဲတာပါနော်…
      ဘွာတေးဘွာတေး…

    • pooch

      November 6, 2012 at 1:55 pm

      ဪတကယ်ပဲ သူလေးပေါ့ 😀

  • Wow

    November 6, 2012 at 1:37 pm

    နောက်တစ်ခါသွားရင် ကောသလ အိမ်မက်(၁၆)ချက်ပန်းချီကားလေးတွေရယ် ဘုရားဖူးတွေ ထမင်းစားကြတဲ့ ဇရပ်ကြီးရယ်ကို ဒါ့ပုံရိုက်ခဲ့နော်.. အဲဒီ့ဇရပ်မှာ လူတွေအိမ်မှာမထားချင်တော့တဲ့ ကြောင်တွေကို လာလာပြစ်ထားတယ်ပြောတာပဲ… ကြောင်တွေအများကြီးပဲ…

    • ၂၀၁၂ ရဲဝင်း

      November 6, 2012 at 1:45 pm

      ဟီဟိ….
      ကဖတ်ကတ် ရေ .. ဘာမှ အားမငယ်နဲ့ …
      ခီညားမိန်းမ ခီညားကို လာပစ်ဖို့ နေရာတွေ့ပီ…
      ဟီဟိ

      :harr:

      • Wow

        November 6, 2012 at 1:47 pm

        စားရေးသောက်ရေးဘာမှာမပူရဘူး ဘုရားဖုူးတွေကကျွေးတာ :harr:

  • thit min

    November 6, 2012 at 1:49 pm

    ကိုကြီးမိုက်ရေ
    အမှူသွားအမှုလာအရ ပြီးပြည့်စုံ သွားမှ ကော်မန့်ဝင်ပေးလိုက်တော့
    အလုံးစုံကို ဝန်ခံပြီးသားလေး ဖတ်ရတာပေါ့ဗျာ။

    ကျောက်တန်းရေလယ်ဘုရားက သူ့သဘာဝအလှနဲ့ဘုရားရဲ့အေးချမ်းမှုပေါင်းထားလေတော့
    အလိုလိုနေရင်းတောင် စိတ်ကြည်နူးစရာ နေရာလေးပါဘဲ။
    မိသားစု ပါ ပါဝင်တဲ့ ခရီးလေး ဆိုတော့ ပိုပြီးပျော်စရာကောင်းလှတယ်ဗျာ။
    သာဓုပါဗျာ။

  • jullies cezer

    November 6, 2012 at 1:54 pm

    ဦးကြီးမိုက်က မဒမ်မိုက်ကိုလည်း ကြွားချင်သေးတယ်ဘယ်တစ်ယောက်လဲမေးတော့
    မဖြေဘူး ……

  • kyeemite

    November 6, 2012 at 2:04 pm

    အော်.jullies cezerက.တော်တော်အ တာကိုး..အားလုံးကတောင်သိနေပီဟာကို..
    နာမည်ကသာ“မီး” လူကတော့ နေပူအလွန်ကြောက်…ဒီလောက်ဆိုရင်ကော…
    :harr:

  • မောင်ပေ

    November 6, 2012 at 2:07 pm

    ကိုကြီးမိုက်ရေ
    ဝင်ရောက်ဖူးမျှော်သွားတယ်ဗျို ့
    အဲဒီကိုမရောက်တာလဲ တော်တော့်ကို ကြာခဲ့ပါပြီ
    ဒီတစ်ခါ ရန်ကုန်ရောက်ရင်တော့ ၊ သွားဖူးမယ်ဗျာ
    ပို ့စ်အတွက် သာဓု သာဓု သာဓု သုံးကြိမ် ခေါ်ဆိုသွားပါတယ်

  • kyeemite

    November 6, 2012 at 2:08 pm

    ကိုသစ်မင်းရေ…
    ဘုရားဝင်ဖူးသွားတဲ့အတွက် တင်ရကျိုးနပ်ပါသဗျာ…
    အတော်များများရောက်ဖူးကြပေမဲ့ မရောက်တာကြာတဲ့
    အဝေးရောက် နေသူ တွေအားလုံးအတွက်လည်း အမှတ်ရစေရန်ရည်ရွယ်တာပါ…

  • နှင်းဆီ ငုံ

    November 6, 2012 at 2:18 pm

    ရေတွေက နောက်တယ်နော်
    အေးအေးချမ်းချမ်း ဘုရားဖူးရတာ ဒုတိယ အကြိမ်ပါ
    ပထမ အကြိမ်က ကိုပေရဲ့ ကျိုက္ထီးရိုးဘုရားပေါ့
    ခုလို အခါကြီး ရက်ကြီးတွေမှာ ဘုရားဖူးခွင့်ပေးလို့ ကျေးဇူး အထူးတင်ပါတယ် လေးမိုက်ရေ…

  • စိန်ဗိုက်ဗိုက်

    November 6, 2012 at 2:39 pm

    အူးမိုက်
    ဟိုတစ်ခါ ရွှေတိဂုံမှာတုန်းက ဒီပန်းစည်းကိုင်ထားတဲ့ အန်တီမဟုတ်ပါဘူး
    မနောက်နဲ ့နော်..အူးဗိုက်ကိုညာရင် ငယဲကျီးလိမ့်မယ်..
    ဘယ်ဟာ အတည်လဲ ပြော
    :harr:

  • koyinmaung

    November 6, 2012 at 2:41 pm

    ကိုကြီးမိုက်ကောင်းမှု့ကြောင့်
    ကျောက်တန်း ကျိုက်မှော်ဝန်းရေလယ်ဘုရားဖူးလိုက်ရလို့
    ကျေးဇူးတင်ပါတယ်..
    မဒမ်မိုက်လဲတွေ့ဘူးသွားတာပေါ့..ဟဲဟဲ

  • kyeemite

    November 6, 2012 at 2:53 pm

    ဝင်ရောက်ဖတ်ရှု့ အားပေး ဘုရားဖူးကြသူ
    ရွာသူားအပေါင်းကြောင့် အချိန်ကုန်ခံတင်ရကျိုးနပ်ပါသဗျာ…
    ~~~~~~~~~~~~~~~~~~
    ကိုရင်ပေ..ရောက်ရင်ကွန်တက်လုပ်လိုက်လေ….

  • kyeemite

    November 6, 2012 at 2:56 pm

    စိန်ဗိုက်ရေ..ရှုးတိုးတိုး…
    ညနေ ထိုင်နေကျ ဘီအီးဆိုင်လာခဲ့နော်..ဟီး :harr:
    :kwi:

  • weiwei

    November 6, 2012 at 2:57 pm

    တိုက်တိုက်ဆိုင်ဆိုင်ပဲ ၂ရ ရက်နေ့က ကျောက်တန်းရေလည်ဘုရား ရောက်သေးတယ် … နေအရမ်းပူနေလို့ ဓါတ်ပုံသေချာ မရိုက်ခဲ့ရဘူး။
    ကျောက်တန်းက ငါးပုတ်ခြောက် မဝယ်ခဲ့ဖူးလား ။ ငါးပုတ်ခြောက်အစစ်ဝယ်လို့ရတယ် …

  • MaMa

    November 6, 2012 at 3:09 pm

    ဘုရားလည်းဖူးရင်း လိပ်ဥလည်း တူးရင်းလို့ပဲ ကြားဖူးပါတယ်။
    ခုတော့ ဘုရားပုံလည်း တင်ရင်း၊ မဒမ်မိုက်ပုံလည်း ကြွားရင်းလို့ စကားပုံပြောင်းရမယ်။
    ပုံ
    မြန်မာစကားပုံသစ်တီထွင်သူ မမ
    :hee:

    အမှန်တော့ မစ္စတာမိိုက်ရဲ့ စာမဖတ်ရသေးခင် ဓာတ်ပုံတွေကြည့်နေတုန်းကတည်းက ပန်းစည်းနဲ့ ကာထားတာ မဒမ်မိုက်ဆိုပြီး မန့်မလို့။
    သိနေတယ်လေ…..
    ကင်မလာဖိုးကပ်စ်က မဒမ်မိုက်ကိုချိန်ထားတာကိုးးးးးးးးးးးးး

  • kyeemite

    November 6, 2012 at 3:43 pm

    အင်း..ပထမ ထင်မြင်ချက်ပေးတာ..မိုချို..
    အခုခန့်မှန်းတာ ကွက်တိဖြစ်တာက ..မမ..
    ဆိုတော့…အမြင်စူးရောက်ပုံချင်းတူပ…
    မှန်တယ်ဗျား..သူ့ကိုရိုက်တာပဲ..နေပူတော်မူသတဲ့လေ…
    ~~~~~~~~~~~~
    မဝေပြောသလို နေကလည်းပူပါ့ဗျာ…
    ကျုပ်သွားတဲ့အချိန်ကလည်း တကယ့်နေအပြင်းဆုံးအချိန်..
    မဒမ်မိုက်တို့သားအမိတွေ ပူလွန်းလို့ ဈေးတန်းတောင်ကောင်းမလျှောက်ခဲ့ကြဘူး..
    ဘာမှလည်းမဝယ်ဖြစ်…အမေါပြေ အုန်းရေအေးလေးသောက်ပီး
    ပြန်ခဲ့ကြတာပဲ… :hee: :hee:

  • Novy

    November 6, 2012 at 4:18 pm

    ဦးကြီးမိုက်ရေ.
    ငါးတွေမရှိတော့ဘူးလားဟင်း
    နိုဗွီတို့ ငယ်ငယ်တုံးကသွားတော့ ငါးစာကြွေးဘူးတယ်

  • kyeemite

    November 6, 2012 at 4:27 pm

    နိုဗွီရေ..
    ငါးတွေတော်တော်နဲသွားလို့
    မြင်ဖူးအောင်တောင်မနဲစောင့်ကြည့်ခဲ့ရတယ်..
    ငါးတွေက လူတွေကိုကြောက်နေပုံပဲ..
    အစာကိုတောင်အဝေးကြီးပစ်ကျွေးရတယ်
    စားတော့လည်းလှစ်ကနဲ သုတ်သွားတာ
    ခေါင်းတောင်မမြင်လိုက်ရဘူး..
    ဒါကြောင့် ဓါတ်ပုံမရိုက်နိုင်ခဲ့…အဲရိုက်ခဲ့တဲ့ပုံမှာလည်း..မထင်ရှား…
    :byae:

  • candle .

    November 6, 2012 at 6:44 pm

    မရောက်တာကြာလို ့အားရပါးရ ဖူးသွားပါကြောင်း….

  • အရီးခင်လတ်

    November 6, 2012 at 8:08 pm

    ကကြီးမိုက် က ဒီလို ကြွားတယ်လား။ 😆
    မဒမ်မိုက် က သဘောကောင်းမဲ့ ပုံဘဲ။
    ဒီလို မိသားစု နဲ့ အတူသွားရတဲ့အချိန်တွေက အတော် တန်ဖိုးရှိပါရဲ့။
    ဒါမျိုး မကြာမကြာကြိုးစား သွားဗျို့။
    ကလေးတွေကြီးသွားရင် ခေါ်လို့ လိုက်တော့မှာမဟုတ်။
    ရေလည်ဘုရားကိုတော့ ငယ်တုန်းက လေး/ ငါး ခေါက်လောက်ကိုရောက်ဘူးတယ်။
    အလွမ်းပြေ ကြည့်သွား၊ ဘုရားဖူးသွားပါတယ်။
    အမှတ်တရ တင်ပေးလို့ ကျေးဇူးပါဗျား။

  • ဦးကြီးမိုက်ကြီး ကောင်းမှုနဲ့
    ဘုရား ဖူးသွားပါတယ် ခင်ဗျာ ..
    ခုမှ ပြန်စဉ်းစားမိတယ် ..
    အနော်လည်း အဲ့ကို မရောက်ဖြစ်၊ မဖူးဖြစ်တာတောင် ကြာပေါ့ ..
    တစ်နေ့တော့ဖြင့် သွားဖူးအုံးမှ ..

  • မိုး မင်းသား

    November 6, 2012 at 9:04 pm

    လေးကြီးမိုက်ရေ……..အားလုံးရဲ ့ကိုယ်စား……

    ဘုရားဖူးရလို ့…သာဓုသုံးကြိမ်ခေါ်လိုက်ပါတယ်ခင်ဗျာ……..

  • may flowers

    November 6, 2012 at 10:29 pm

    မြင်ဖူးပြီ…မြင်ဖူးပြီ……….မီး..ကို :hee:

    ငယ်ငယ်ကတော့ ၃ ခေါက်လောက်ရောက်ဖူးပေမဲ့ ခုမရောက်တာကြာပါပြီ……….ကိုကြီးမိုက်ရဲ့

    ကျေးဇူးနဲ့ အလွမ်းပြေ ဘုရားဖူးရတဲ့ အတွက်…………ကျေးဇူးပါ။

  • ကိုမိုက်ရေ လက်ဆောင်လေးအတွက်ကျေးကျေး
    ဒီရေလည်ဘုရားကို (၂)ခါရောက်ဘူးတယ်။
    1967ခုနှစ်က တစ်ခါ အဖေအမေ တို့နဲ့ပေါ့။
    2011မှာတစ်ခါ ကျနော်ကို ရောက်အောင်ပို့ပေးကြတဲ့ မန်းလေးဂေဇက်ကမောင်နှမတစ်စုနဲ့ပေါ့။
    ကြည်နူးစရာကောင်းသော ဘုရားဖူးခရီးစဉ်ဖြစ်ခဲ့သလို ကျနော်အတွက်လဲ ပိုစ်ကောင်းလေးတွေရလိုက်ပါတယ်။.
    ပိုတိုက်ဆိုင်တာက အဲဒီအခါက ကျနော့်မွေးနေ့ မရောက်ခင်တစ်ရက်အလိုမှာပါ။
    အမြဲသတိရနေမယ့် ခရီးစဉ်လဲ ဖြစ်ခဲ့ပါ၏။
    လိုက်ပို့ခဲ့တဲ့ ရွာက မောင်နှမများကိုထပ်လောင်းကျေးဇူးတင်ကြောင်းပြောလိုက်ပါ၏။

  • Hnin Hnin

    November 7, 2012 at 11:28 am

    ‘အကြည့်နဲ့ပန်းစည်း’
    တော်ကလည်း နေပူလွန်းလို့ ရူပါမလန်းရတဲ့အထဲ ကျူပ်ကိုပဲ လာရိုက်နေပြန်ပြီ..
    မှန်း….ပန်းစည်းလေးနဲ့တော့ ကွယ်ထားလိုက်အုံးမှ… :kwi:

    ၂ခေါက်ရောက်ဖူးပါတယ်..အခု၃ခေါက်မြောက်…ကြည်ညိုဖူးမြော်သွားပါတယ်…
    ကိုမိုက်..ရှင့်…

  • ကိုရင်စည်သူ

    November 7, 2012 at 11:40 am

    ရေလယ်ကျောက်တန်းမရောက်ဖြစ်တာ… ဒုတိယခလယ်
    ရည်းစားနဲ့ ကွဲကတည်းကပေါ့.. ဦးကြီးမိုက်ရယ်…။ အရွေးတော်တဲ့
    အူးကြီးမိုက်… မဒမ်မိုက်က ငယ်ငယ်က လှမယ်ပုံပဲနော်…။ 🙂
    ရေနားကမ်းနားက မရောက်ဖူးတာကြာတဲ့ ဘုရားကို အလည်ခေါ်သွားတာ
    ကျေးဇူးတင်ပါ့ဗျာ..။ ကိုရင်တော့ ရေနားကမ်းနား ဘုရားတွေကို
    ဖူးရရင် ရင်ထဲပို ပီတိဖြစ်သလိုခံစားရတယ်ဗျာ… 🙄

    ခင်တဲ့…
    အန်းဂရီးကိုရင်

  • ရွာသူ jujuma .

    November 7, 2012 at 3:17 pm

    ဦးမိုက်တို့သွားတဲ့အချိန်က ရေတတ်နေတဲ့အချိန်ဗျ…
    အဲဒါကြောင့် ငါးတွေက အပေါ်သိပ်မတတ်တာပါ..
    အရမ်းကြီးနည်းသွားတာတော့မဟုတ်ပါဘူး..ရေကျချိန်ဆို တော်တော်များများတွေ့ရပါတယ်..
    ကြောက်စရာဘီလူးစိမ်းစိမ်းကြီး ရဲ့ အသက်ဝင်ပုံကတော့ နိုင်ငံခြားသားတွေ အကြိုက်တွေ့စေပါတယ် …

  • တညင်သား

    November 7, 2012 at 4:14 pm

    ကျိုက်ခေါက်စေတီ ဝင်ရောက်ဖူးမြော်ခဲ့ပုံမပေါ်ဘူးထင်ပါတယ်…..ဘာရယ်မဟုတ်ဝင်ရောက်အားပေးသွားပါသည်…..
    နောက်များကြုံရင် ဝင်ခဲ့ပါ ထန်းရည်ဆိုင်မှာ ရှိနေမယ်..နော်

  • kyeemite

    November 7, 2012 at 4:20 pm

    ဟုတ်တယ် တညင်သားရေ…အသွားတုန်းကတော့ အပြန်ဝင်မလို့ပဲ..
    အပြန်ကျတော့ အုပ်ထိန်းသူ သုံးဦးစလုံး(မဒမ်နှင့်ဘေဘီမိုက်တို့) က
    “ပြန်မယ်..နောက်တစ်ခေါက်မှ မနက်စောစောလိုက်ပို့” လို့ အမိန့်တော်မှတ်တာနဲ့
    ပြန်ခဲ့ရပါဂျောင်း…ထန်းရည်ဆိုင်ကိုတော့ တစ်ယောက်ထဲလာခဲ့မယ်ဗျို့… :hee: :harr:

  • blackchaw

    November 8, 2012 at 1:43 pm

    သာဓု…၊ သာဓု…၊ သာဓု…ပါ ကိုမိုက်ရေ…။
    ကောင်းလေစွ…၊ ကောင်းလေစွ…၊ ကောင်းလေစွ ပါ ဗျာ…။
    လေးစားခင်မင်တဲ့…
    ဘလက်ချော..။

  • သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး (DragonEmpireGroup)

    November 8, 2012 at 4:19 pm

    ဦးမိုက် ကျနော်တို့လဲ အဲ့နေ့ပဲသွားခဲ့တာလေ ….
    မတွေ ့လိုက်တာနာတယ်ဗျာ ….

Leave a Reply