အသက်ကြီးကြီး ပညာတတ်မိန်းမ

htet wayNovember 6, 20121min22323

တို့ ဆိုရှယ် နက်ဝေါ့ ဖေ့ဘုတ်သုံးကြတယ်
စိတ်ပြေ လက်ပျောက်
တစ်ချို့ကလည်း ဘိမ်းစွဲသလိုစွဲနေလို့
တစ်ချို့လည်းဂျီတော့မှာ အသည်း မီးလောင်လို့
တကယ်တော့
ငါတို့ဟာ လူမှု ဆက်သွယ်ရေးကွန်ယက်ထဲ ဝင်ကကြတာပဲ
ပြီးတော့ မိတ်ဆွေတွေရကြတယ်
တစ်ရာ့ကိုး တစ်ရာ့ တစ်ဆယ် တွေ
ကျောင်း တက်လက်စ သူငယ်နပ်စားတွေ
ခပ်ကြောင်ကြောင်တွေရော
တရားသမားရော အရက်သမားရော
အပျိုကြီးတွေ ရောမုဆိုးမတွေရော
မင်းလို ..ကဗျာဆရာတွေရော
လူစုံတက်စုံ
အသက်ကြီးကြီး ပညာတတ် မိန်းမတစ်ယောက်နဲ့ ခင်မင် မထင်ခဲ့ဘူး
အသက်ကြီးလေ ဆုံးမတတ်လေပဲ
ခက်တာက အပျိုကြီးဆိုတော့ ဇီဇာကြောင်တာ တို့ စိတ်ကောက်လွယ်တာတို့
ဘာဘဲဖြစ်ဖြစ် မိန်းမဟာ မိန်းမပဲ… ကမ်းဝေး
အပျိုကြီး ဟာ အပျိုကြီးလိုပဲနေတာပဲလေ
ငါတို့ ဖေ့ဘုတ်ဆိုတာသုံးကြတယ်
ဒီလို ဖေါ်ရွေသလိုလိုနဲ့ ဆုံးမတတ်တဲ့
ပညာတတ် အသက်ကြီးကြီးမိန်းမကိုလာရှာတာ မဟုတ်ဘူး
အင်တာနက် လာသုံးတာ
မဂ္ဂဇင်းတိုက်ကို စာမူပို့ဖို့ အီးမေးလာဖွင့်တာ
ဖေ့ဘုတ်ထဲမှာသူရှိနေတော့ တွေ့ မိကြတယ်
ပညာတတ်ကြိမ်လုံးနဲ့ တဖုန်းဖုန်းရိုက်တော့တာပဲ
ဘာဝါဒ ညာဝါဒတွေ ငြိမ်းချမ်းရေးတွေ ဒဿနတွေပြောတော့ တာပဲ
အသက်ကြီးကြီး မိန်းမဆိုတာ အာရှ သူ ပုံလန်းလေးတွေ ကြည့်ရသလို စိတ် မလန်းဘူး
ပညာတတ် စကားလုံးတွေကလည်း ကဗျာ တစ်ပုဒ်လို မချိုဘူး
ဒါပေမယ့်
အသက်ကြီးကြီး ပညာတတ်မိန်းမ ရဲ့ ပညာတတ်ပါးစပ်ကို ငါလေးစားလာတယ်
သူရဲ့ ဒဿနတွေကို ငါ အထင်ကြီး လာတယ်
တကယ်ပြောရရင်
ဖေ့ဘုတ်ထဲမှာ သူလိုလူရှိတာ ငါကြိုသိရင် မလာပါဘူး
အခု သိပြီးသူရှိနေတော့ မလာရမနေနိုင်ဘူး
သိလိုက်ပြီ ..သိပြီ
အသက်ကြီးကြီး ပညာတတ်မိန်းမဟာငါ့ကဗျာ
ငါရေးလို့ မပြီးတိုင်တဲ့ စာတစ်ပုဒ်
သူ့ရဲ့ ခပ်ပြတ်ပြတ် စကားသံက ငါ့ကို တုတ်နှောင်ထားတယ်
ဘုဆတ်ဆတ်ကြောင်တောင်တောင် တခါတလေ( ကျောင်းအုပ်ကြီးလေသံ)
တခါတလေ ပြဇာတ် မင်းသမီး စကားပြောသလို
ငါသူ့ကို လာလာကြည့်နေတာ မဟုတ်ဘူး
သူကဖေ့ဘုတ်ထဲမှာရောက်လို့ သူရှိနေတာ
ဟေ့ကဗျာဆရာ…ဟကောင် ကမ်းဝေး
ဒီအကြောင်း ဘလက်ချောကြီး မသိစေနဲ့
မှော်ဆရာ အမတ်မင်း မောင်ဂီ သူတို့ ကိုမပြောနဲ့
ဟိုဦးပါလေရာဆိုတဲ့ လူကြီးမသိစေနဲ့
မေဇော်ဟန်ဆိုတဲ့ ဂျာနယ်လစ်ကို သတင်းမပို့နဲ့
ဟာ..ဟေ့ ကော်နက်ရှင်ကျသွားပြီ
မင်းနော် .. အဘဖေါတို့ ဆီ သွားမဖွနဲ့
ဟာ ဒီအသက်ကြီးကြီး ပညာတတ်မိန်းမ ..ဘယ်ရောက်သွားလဲ
ဟေ့ကောင်…မပြောနဲ့နော်
ဟာဒုက္ခ ..မီးပျက်ပြန်ပြီ..မီးစက်နိုးပါဟ..မြန်မြန်
အသက်ကြီးကြီး ပညာတတ်မိန်းမ ပျောက်သွားပြီ
ဟာဟေ့ကောင်…မီးစက်ကလည်း..တောက်
အသက်ကြီးကြီး ပညာတတ်မိန်းမ
အသက်ကြီးကြီး ပညာတတ်မိန်းမ……….
မီးမလာတော့ ဘူးလား…..
အသက်ကြီးကြီး ပညာတတ်မိန်းမ..ဟာ..ဒုက္ခပဲ
အသက်ကြီးကြီး ပညာတတ်မိန်းမ…….။

23 comments

  • may flowers

    November 6, 2012 at 10:53 pm

    မပူပါနဲ့လေ အသက်ကြီးကြီးပညာတတ်မိန်းမ ဘယ်မှမပြေးပါဘူး….မိုးတွင်းဆိုရင်ပေါ့

    မီးမှန်နေလို့ပါ…….။

    အားပေးသွားပါတယ် ကိုhtet way ရှင့်။

  • Foreign Resident

    November 7, 2012 at 12:53 am

    အသက်ကြီးကြီး ပညာတတ်မိန်းမ ဆိုတာ ၊
    ဘယ်သူ့ကိုပြောတာလည်းဟင် ၊ ရွာသူထဲကပဲလား ။
    အင်း ၊ မှန်းကြည့်ရရင် ၊ ဟုတ်ပြီ ၊ သိပြီ ။ 😛

    • အရီးခင်လတ်

      November 7, 2012 at 4:11 am

      အိုး အို
      ဒီမှာတစ်မျိုး။
      ဆရာထက် တစ်ယောက် အတော်လေးပေါက်ကွဲ နေပါလား။
      ဒီလိုပေါက်ကွဲတာလဲ ဖတ်လို့ကောင်းသားပါလား။
      အသေးစိတ်လေး လုပ်ပါဦး။

      ဒါထက် အရီးက နာမည် ကိုသာ ခန့်ညား အောင် အရီးလို့ ပေးထားတာ။
      ပညာတတ်မတတ် တော့ မသေချာ ပေမဲ့ အသက်မကြီးသေးတာ (လုံးဝ – လုံးဝ) သေချာတယ်။ 😉
      ဒီတော့ အပျိုကြီး မဟုတ် တဲ့ ရွာသူမို့ ကိုအဘဖော ရဲ့ သို့လော သို့လော က ကျွန်မ လွတ်ပါတယ် နော်။
      :hee:

  • MaMa

    November 7, 2012 at 8:02 am

    မလတ်ရေ-
    ကိုယ်တိုင်တော့ အသက်ကြီးကြီးဆိုတော့ သို့လော သို့လော က လွတ်ပါ့မလားလို့ စဉ်းစားမိသွားတယ်။
    ဆက်ဖတ်လိုက်တော့မှ ပညာတတ်မိန်းမဆိုတော့ …..
    လွတ်တယ် :harr:

    ဆရာထက်ရေ-
    အရေးအဖွဲ့တွေ့ ပရိုပီသပါပေတယ်။ :hee:

  • Mon Kit

    November 7, 2012 at 9:07 am

    အသက်ကြီးကြီး ပညာတတ်မိန်းမ????
    အသက်ကြီးကြီး ပညာတတ်မိန်းမ????
    အသက်ကြီးကြီး ပညာတတ်မိန်းမ????
    😆

  • htet way

    November 7, 2012 at 9:13 am

    အင်း.. ( သက်ပြင်းချသံ)
    အခုလို ကဗျာကို အားပေးတာ ကျေးဇူးပါဗျာ။
    ကျွန်တော်က Jokes မဂ္ဂဇင်းကို နယ်ကနေ မှာတာ ကြာပါပြီ အယ်ဒီတာကို အသိထဲက
    ကျော် ဇင်ကိုကို ဖြစ်တာရယ်၊နောက်တခု အရေးကြီးဆုံး တခုက စာမူခ တစ်သောင်းပေးတာကို
    သဘောကျတာလေ။ ဆိုတော့ကား ..အဲ့ဒီစာအုပ်ကိုကျွန်တော် မှာတာရတော့ ဖတ်လိုက်တာနဲ့ (အခုထုတ်)
    ဆရာနေမျိုးရဲ့ အရက် ဆိုင်ထဲက မိန်းမကို တွေ့တယ် တော်တော် သဘောကျတာပါ။ည ဘက် အိပ်ယာထဲမှာ တစ်ယောက်တည်း ဖတ်လိုက် ရယ်လိုက် သဘောကျလိုက်နဲ့ ဒီတော့ ရင် ထဲက ကဗျာဉာဏ်က ခုန်ချ လာတယ်။ဆရာ နေမျိုးကဗျာတစ်စကို ရွတ်ပြ အဲရေးပြရရင် ..
    “ငါတို့ အရက် ဆိုင်ကို လာကြတယ်
    မိန်းမတစ်ယောက် ထိုင်နေတော့ ငါတို့ ကြည့်မိတာပေါ့
    ငါတို့ မြည်းနေတဲ့ နှမ်းဖတ် ချင် လောက်တောင် ဆွဲဆောင်မှု မကောင်းပါဘူး
    ငါတို့ အဲဒီမိန်းမကိုလာကြည့်တာ မဟုတ်ဘူး အရက် လာသောက်တာ”
    ( ကျွန်တော် ဒီနေ့ ဆရာနေမျိုးကဗျာလေး ကို တင်ပေးပါ့မယ် )
    ၁။ကျွန်တော် ခံစားပြီး ရေးတာ အမှန် ဖြစ်ပါတယ်။
    ၂။ မည်သူကို မှ တော့ မရည်ရွယ်ပါခင်ဗျာ
    ၃။ ကဗျာဓါတ် ဝင်နေတဲ့ အချိန် ကျွန်တော် စိတ့်ကူးထဲ အသက်ကြီးကြီး ပညာတတ် မိန်းမတကယ်ရှိနေပါတယ်။
    ၄။ ကဗျာရေးပြီးတဲ့ အခါ သူမရှိတော့ တာလည်း အမှန်ပါခင်ဗျား
    ကျွန်တော့်ကို ဆရာ ဘလက်ချောက မြှောက်ပေးလို့ ဒီကဗျာကို တင်လိုက်ရတာပါ မတင်ပါရစေနဲ့
    အချစ်ကဗျာ ဖြစ်နေတယ် ဆိုတော့
    “ ဟေ့လူ …သူကြီးက လည်း မိန်းမနဲ့ အချစ်ရှိတယ် ..ခင်ဗျား အဘဖေါတို့ ဦးဦးပါလေရာတို့
    အားလုံးဗျာ ..အချစ်ရှိကြတယ် ကျုပ် လည်း အချစ်ရှိတယ် ဒါပေမယ့် ဟို နိုင်ငံခြားပြန် မော်ဒယ်မကိုတော့ မယူနိုင်ဘူး..ဒီတော့ ခင်ဗျား အချစ်ကဗျာ တင်စမ်းပါ ကျုပ်တို့ ဖတ်မယ်
    ကမ်းဝေးလည်း အချစ်နဲ့ပါ ဗျာကဲ တင်စမ်းပါဗျာ ကျုပ်က အခုအင်တာနက်နဲ့ဝေးနေတဲ့ တနေရာရောက်နေလို့ပါတဲ့ .ဖုန်းဆက်ပြီး.သူမြှောက်ပေးတာပါ ခင်ဗျား။
    (ကျွန်တော် ယုံကြည်ပါတယ် ဂေဇက် က အကိုတွေ အစ်မတွေ အားလုံး အချစ်ရှိကြပါတယ် ဟုတ်တယ်နော့….)
    ခင်မင်လေးစားသစွာဖြင့်
    ထက်ဝေး

  • ၂၀၁၂ ရဲဝင်း

    November 7, 2012 at 9:14 am

    အသက်ကြီးကြီး ပညာတတ်မိန်းမဆိုပဲ…
    ကျော်တို့ကတော့ အသက်ငယ်ငယ် ဘော်ဒီတောင့်တောင့် မိန်းမဘဲ
    စိတ်ဝင်ဇားပါတယ်ဂျာ ….

    တောက် …
    ရဲဇားများ ရရင်လေ. …
    ကျုပ်လေ ကျုပ်…

    :kwi:

    အော်. .. ဖူးဖူးမှုတ်ထားပါ့မယ်လို့ …
    အာ ဟိ..

  • Shwe Ei

    November 7, 2012 at 10:16 am

    အသက်ကျီးကျီး ပညာတတ်မိန်းမရဲ့ ဖေ့ဘုတ်လင့်လေးပေးဘာလားဟင်။
    မြင်ဘူးချင်လို့ဘာ။ :mrgreen:

    • Wow

      November 7, 2012 at 10:43 am

      ဟယ်.. မသိခြင်ထောင်ထောင်နေပြန်ပါဘီ….
      နာတိဒလိုပဲနော်…. :harr:

  • nozomi

    November 7, 2012 at 10:25 am

    ကဗျာလေးတော့ ခိုက်သွားပြီ ဆရာထက် ရေ

  • ရွာသူ jujuma .

    November 7, 2012 at 10:31 am

    အသက်ကြီးကြီး ပညာတတ်မိန်းမ ဆိုတော့ …ဘယ်ပညာတွေများတတ်သလဲ မသိ …. :kwi:
    ခုခေတ်က အသက်ငယ်ငယ်ပညာတတ်တွေလဲ ပုံလို့ ပါအေ…

  • မောင်ပေ

    November 7, 2012 at 1:38 pm

    အသက်ကြီးကြီး
    ဂဂျီဂဂျောင်
    ဂယောင်ဂရင်
    အိမ်ထောင်မရှိ
    ဇီဇာကြောင်ကြောင်
    ကွမ်းစားထွေးပစ်
    အနှီမိန်းမ ယူပါက
    တစ်စက္ကန် ့ကို တစ်နှစ်အလား
    ပင်းပန်းဆင်းရဲ ဒုက္ခအတိဖြင့်
    ဘဝအချိန်များကို
    ဖြတ်သန်းရမှာ
    မလွဲဧကန်
    ဂဏာဟိ
    *******
    ပုံ
    အမည်မသိတသိ
    ရှေးယခုနောင်ခေတ်သုံးပါးတွင်
    နာမည်မကြီးသော
    ဘာမှမဟုတ်သော
    လမ်းဘေးသေးပေါက်
    ဆရာပေ
    (လမ်းဘေးသေးမပေါက်ပဲ ၊ သူများအိမ်ရှေ ့သေးသွားပေါက်လျှင် ၊ ရွှေပန်း ဂွဖြင့် ပစ်ခံထိမည်)

  • kyeemite

    November 7, 2012 at 2:21 pm

    အသက်ကြီးကြီး ပညာတတ်မိန်းမ…????????
    ဟင်း….ရွာထဲမှာအားကြီး…ပေါမှပေါ…..
    ဆိုတော့ ဘယ်တစ်ယောက်ပါလိမ့်..?????
    ကိုထက်ဝေးနှယ်…တွေ့စရာရှားလို့ဗျာ…
    အသက်ငယ်ငယ်ထဲကတွေ့တာမဟုတ်ဘူး…
    :kwi: :hee:
    တော်သေးဗျာ..မီးပျက်သွားလို့….

  • နှင်းဆီ ငုံ

    November 7, 2012 at 3:45 pm

    ကြိုက်တယ်
    လက်မလေးထောင်သွားပါတယ် ကိုထက်ဝေးရေ….

  • အသက်ကြီးကြီး ပညာတတ် မိန်းမတွေတော့
    အတွေ့ရနည်းတယ်ဗျ ..
    အသက်ငယ်ငယ် စွာတာတာ တောင်မလေးတွေတော့
    အတွေ့ရများတယ် …
    ဒါဂျောင့် … ဘူနဲ့မှ ချက်ဘူး ..
    သူရို့ ပြောမှ ကိုယ်ပြောဒယ် … :mrgreen:
    စပ်တုန်းအပ်တုန်း ပြောလိုက်တာပါ ခင်ဗျာ …
    ကဗျာလေးကို အားပေးသွားပါတယ် ဆရာထက် ခင်ဗျာ …..

    • Khaing Khaing

      November 8, 2012 at 2:54 pm

      အော် … ဒါကြောင့် မောင်မောင်အံက နာ့ကို စကားမပြော မနှုတ်ဆက်တာကို …. မစွာပါဘူးဟယ် …. တဘောကောင်းပါတယ် ………..

      • ဂယ်နော် .. မာမီ ..
        မယ်မီက စွာဘူးနော် ..
        ဂယ်ကြောမှ စွာတာတာ လုပ်လို့ဂဒေါ့ …
        မာမီဂို အားလကီး စိတ်ချိုးပစ်လိုက်မှာ … :mrgreen:

  • htet way

    November 7, 2012 at 7:09 pm

    အေးဗျာ..ကဗျာကို အားပေးတာ ကျေးဇူးတင်ပါတယ်
    ပြောရရင် ကဗျာကဝိ စစ်ဘုရင် နတ်သျှင်နောင်ကို သဘောကျပြီး
    ချစ်တဲ့ သူ ဓါတုကလျှာကို ရှာလိုက်တာပါ ဟာဟ…။
    အသက်ကြီးသူတွေက အချစ်ကြီး ချစ်တတ်ကြတယ်လို့ ပြောသံကြားလို့ပါဗျာ။

    • မောင်ပေ

      November 7, 2012 at 7:42 pm

      ဒီလို ရှိမယ်လို ့ထင်ပါတယ်
      အသက်ကြီးမှ ချစ်ရတာဆိုတော့
      တစ်သက်လုံး ငတ်ခဲ့သမျှ အတိုးချရတာကလား

  • blackchaw

    November 8, 2012 at 1:14 pm

    ကျွန်တော့်ကို ဆရာ ဘလက်ချောက မြှောက်ပေးလို့ ဒီကဗျာကို တင်လိုက်ရတာပါ မတင်ပါရစေနဲ့
    အချစ်ကဗျာ ဖြစ်နေတယ် ဆိုတော့
    “ ဟေ့လူ …သူကြီးက လည်း မိန်းမနဲ့ အချစ်ရှိတယ် ..ခင်ဗျား အဘဖေါတို့ ဦးဦးပါလေရာတို့
    အားလုံးဗျာ ..အချစ်ရှိကြတယ် ကျုပ် လည်း အချစ်ရှိတယ် ဒါပေမယ့် ဟို နိုင်ငံခြားပြန် မော်ဒယ်မကိုတော့ မယူနိုင်ဘူး..ဒီတော့ ခင်ဗျား အချစ်ကဗျာ တင်စမ်းပါ ကျုပ်တို့ ဖတ်မယ်
    ကမ်းဝေးလည်း အချစ်နဲ့ပါ ဗျာကဲ တင်စမ်းပါဗျာ ကျုပ်က အခုအင်တာနက်နဲ့ဝေးနေတဲ့ တနေရာရောက်နေလို့ပါတဲ့ .ဖုန်းဆက်ပြီး.သူမြှောက်ပေးတာပါ ခင်ဗျား။

    အသာလုပ်ပါ…။
    ကျွန်တော့်မှာ မနေ့က စိတ်တထင့်ထင့်ကြီးနဲ့ နေရထိုင်ရတာလည်း မဖြောင့်…
    ခေါင်းစဉ်ကြီးကလည်း အသက်ကြီးကြီး ပညာတတ်မိန်းမတဲ့…
    ဘလက်ချောမြှောက်ပေးလို့တင်တာပါလို့လည်း ရေးထားသေးတော့…
    မတော် ရွာထဲက အစ်မတွေကိုများ စော်ကားထားသလို ဖြစ်ခဲ့ရင်ဆိုပြီး…
    စိုင်းထီးဆိုင်သီချင်းလေး သွားသတိရမိတယ်…။

    သေသူရဲ့ အနီးနားမှာ
    ကိုယ်တစ်ယောက်တည်း သွေးစွန်းဓါးနဲ့
    ကိုယ်မသတ်မှန်းရှင်းပြလို့တော့ အပိုပါပဲ…။

    ဘာပဲဖြစ်ဖြစ် ကဗျာလေးက ကောင်းပါတယ် ဆရာထက်ရေ…။
    ဆက်လုပ်ပါဗျာ…။
    လေးစားခင်မင်တဲ့…
    ဘလက်ချော…

    • Wow

      November 8, 2012 at 2:15 pm

      ဘာအခုမှ ကြောက်ပါဘီလဲ… ပွင့်ပွင့်လင်းလင်းပြောလိုက်စမ်းဘာာာာာ
      ဒီနှစ် မကုန်ခင် ရွာလုံးကျွတ် လက်ဖွဲ့ရတာပေါ့… :kwi:

  • Khaing Khaing

    November 8, 2012 at 1:38 pm

    ဆရာထက်ရေ … ဒီတစ်လလည်း လမ်းကြောင်းလေး ပြောင်းရေးထားတယ် … ကဗျာထဲမှာ ကမ်းဝေး ဆိုတော့ ညီမတောင် ပို့စ်ပိုင်ရှင်ဘယ်သူများလဲလို့ မျက်စေ့လည်ပြီး ထပ်ခါထပ်ခါကြည့်ရသေးတယ် …

    အမှန်ပြောရရင် ဆိုလိုရင်းကိုသိဘူး ….. ဖတ်ပြီးတော့ အားပေးသွားပါတယ် ……….

  • ဆရာထက်
    အသက်ကြီးကြီးမိန်းမ ကိုပေါက်တော့ မမြင့်စေနဲ့
    ဟိုက လက်ဆော့ လိုက်လိမ့်မယ်နော်

Leave a Reply