26 comments

  • အရီးခင်လတ်

    November 7, 2012 at 4:37 am

    ဒါ့ပုံ တွေ ကြည့်ပြီး မျက်စိလည်သွားပြီ။
    တကယ် အမှန်လား။
    ဖိုတိုရှော့ ထားတာတွေလား။
    နိုင်ငံခြားသားတွေ လမ်းမှာ ဘော်လုံးကန်တာက ဖိုတိုရှော့ ထင်ရဲ့။ (မှားလား???)
    အပျော်(၃) ကို အရမ်းကြိုက်ပါ၏။ :hee:

    • Mလုလင်

      November 9, 2012 at 10:11 am

      နိုင်ငံခြားသားတွေ လမ်းမှာ ဘောလုံးကန် တာ မဟုတ်ပါဘူး အရီး ရဲ့ .. အဲဒါ ကန်တော်ကြီး view point မှာ သား အဖ သုံးယောက် ဘောလုံး ကစား နေကြတာ …. photoshop လို့ ထင်တဲ့ အတွက်တော့ .. 🙁

  • MaMa

    November 7, 2012 at 6:19 am

    ဘယ်မှာရိုက်ခဲ့တဲ့ ပုံတွေပါလိမ့်???????????
    အပျော်ပုံလေးတွေကြည့်ပြီး ပျော်ရသလို……..
    အပျက်ကိုတွေ့တော့လည်း :byae:

    • ကထူးဆန်း

      November 7, 2012 at 6:52 am

      ရေမရောတဲ့ အပျိုကြီးစစ်စစ် ဆိုတာ ယုံအောင်လို့ မေးတာလား ….. ?????? :harr:
      ကန်တော်ကြီးလေ ….

      • MaMa

        November 7, 2012 at 7:33 am

        ဒီလိုပဲ ထွင်လုံးလေးတွေ လုပ်ရတယ်လေ။ :harr:
        အမှန်ကတော့ နိုင်ငံခြားသားပုံတွေချည်းဖြစ်နေလို့ မျက်စေ့လည်သွားတာ။
        (မြေးအဖိုး၂ယောက်ထင်ပါရဲ့) ဘောလုံးကန်နေကြတဲ့ပုံမှာကျတော့လည်း အနောက်မှာ လုံချည်နဲ့ မိန်းကလေးတွေတွေ့လို့။

  • ဓါတ်ပုံရိုက်ရတာကို ကြိုက်တယ် လို့ရေးထားတော့ သူငယ်ချင်းတစ်ယောက်ကို သတိရသွားပြန်ရော..

    သူက မော်လမြိုင်သား၊ ပြန်မကြီးက တရုတ်၊

    တစ်ခါသားက ရန်ကုန်မှာအကြောင်းအရာတစ်ခုကြောင့် ဆူးလေဘုရားလမ်းပေါ်က ဘယ်နှစ်လွှာရှိတဲ့ ဟိုဟာဆိုလား ဆိုတဲ့ဆိုင်ကြီးမှာ စုပြီးထိုင်မိကြပါလေရော… အမ်မယ်… ထူးထူးဆန်းဆန်း… သူတို့ဆိုင်က (အဲဒီခေတ်တုန်းကပေါ့နော်) ကလေးစားပွဲထိုးတွေပဲ ဆိုင်တော်တော်များများရှိနေတာကို မိန်းကလေးငယ်ငယ်လေးတွေ စားပွဲထိုးလုပ်ထားတော့ လူတော့ အတော်စည်သား။ ဒါနဲ့ဆက်မယ်ပေါ့… ကရင်မလေးလို့ထင်ရတဲ့ ကောင်မလေးက အမှာစာလာယူပါလေရော… ကိုရင်ရှူံးတို့လည်း အသီးသီးလိုတာ မှာကြလေသတည်းပေါ့… ကရင်မလေးကလဲ စာရွက်တစ်ရွက်မှာ တောင်ခြစ်မြောက်ခြစ်နဲ့… နောက်ဆုံးမော်လမြိုင်သားအလှည့်ရောက်မှ သူက မြန်မာစကားပြောရမှာ ရှက်နေသလိုလိုနဲ့ နောက်ဆုံးပြောထည့်လိုက်မှ အားလုံး မပြုံးဘဲ ဝါးလုံးကွဲရယ်လိုက်ကြတာကတော့….

    “ငါက ကရင်ဆော်ဒါ ကြိုက်ဒယ်”

    ဟု ဖြစ်ပါသည်။
    ဆိုလိုရင်းမှာ ကရင်မ်ဆိုဒါဖျော်ရည်ကို ဆိုလိုခြင်းဖြစ်ပါကြောင်း…။

    ဂလို

    • Mလုလင်

      November 12, 2012 at 11:25 pm

      ကို ရှုံးကြီး .. comment အတွက် ကျေးကျေးပါဗျာ …

  • Khaing Zar Win

    November 7, 2012 at 7:53 am

    အပျော် ၃ နဲ့ ၄ ကို အကြိုက်ဆုံးပါ။ 🙂

    • Mလုလင်

      November 12, 2012 at 11:26 pm

      ကျေးကျေးပါ အစ်ကို ရေ …။

  • ဘဲဥ

    November 7, 2012 at 9:47 am

    အင်း………. ဘိုက်ခေးဒို့များနော်…….
    တအားမသောက်ပါနဲ့ဆိုတာကို အခုဒေါ့ (အပျက် ၁ )
    မြင်မကောင်းအောင် ဖြစ်နေပါပေါ့လားအေ 😀

    • စိန်ဗိုက်ဗိုက်

      November 7, 2012 at 10:06 am

      အူးဗိုက်တို ့က ညဘက်ပဲ သိုင်းကွက်နင်းတာ
      နေ ့ခင်းဘက် နင်းဘူးဟဲ့ ဘဲအုရဲ့

      ရိုက်ချက်တွေ ကြိုက်သဗျိ ့
      အပျော်လေး ကိုပိုကြိုက်..ဘိုးဒေါ်နဲ ့ ခလေး..ဘောကန်တာ
      ခလေးက အေးဆေးပဲ
      ဘိုးတော်က ဘဇာကြောင့် အံကြိတ်နေမှန်းမသိ.

  • Thu Wai

    November 7, 2012 at 12:38 pm

    ပုံတွေအားလုံးက ကန်တော်ကြီးထဲမှာပဲလား

    • Mလုလင်

      November 9, 2012 at 10:13 am

      ပုံတွေ အားလုံး က ကန်တော် ကြီး view point မှာ ပါပဲ …… အိမ်က လူတွေကို လိုက်ပို့ ပေးရင်း .. လက်ဆော့ မိတာ လေးတွေ ပါ .. Street Photography ဆိုပါတော့ …။

  • Khaing Khaing

    November 7, 2012 at 12:45 pm

    ပထမပုံက နိုင်ငံခြားမှာလိုလိုဘာလိုလိုနဲ့ ……

  • ပြေးနေတဲ့ ပုံတွေမှာ
    ခြေထောက် လှုပ်ရှားမှုတွေကို ပီပြင်အောင် ရိုက်သွားတာ မိုက်သဗျာ ..
    ဟို ကလေးနဲ့ ဆော့နေတဲ့ ဘိုးဒေါ်ရဲ့ ခြေထောက်ဆို
    နှစ်ဖက်စလုံး လေပေါ်မှာပဲ …
    လန်းသဗျို့ ….

  • kyeemite

    November 7, 2012 at 1:10 pm

    လုင်ရဲ့လက်ရာ
    မပြုမပြင်နဲ့မက်စရာ
    ရှု့ချင်စကွဲ့ တစ်သက်တာ။

  • မောင်ပေ

    November 7, 2012 at 2:08 pm

    ပုံ၁ ကို စမြင်တော့
    နိုင်ငံခြားမှာများလားလို ့
    အောက်ကိုထပ်ဆင်းကြည့်မှ
    ကန်တော်ကြီးလို ့မှန်းမိတယ်
    ဓါတ်ပုံဆရာတော်တယ်ဗျို ့

    • Mလုလင်

      November 19, 2012 at 1:14 am

      ကျေးကျေး ပါ ကိုပေ ရေ …

  • ဂန္ဓာရီ ဆြာအုပ်

    November 8, 2012 at 12:11 pm

    ပါဝါရိန်းဂျားကြီးပါလား ကလုလင်.. ကြုံမှကြုံတတ်ပလေ
    အပျော် ၂ ကိုကြိုက်တယ်.. 😛 ကလေးတွေနဲ့ အပြိုင်
    အပျက် ကိုလဲကြိုက်တယ် ဟီး အဲလိုဖြစ်ဖူးတာလေး သွားသတိရမိလို့

    • Mလုလင်

      November 10, 2012 at 9:26 am

      ထရန်စဖော်မာ ပါဗျာ .. ကျုပ်က . ကလေး ပဲ ရှိသေးတော့ အဲ့ဒီ့ ထရန်စဖော်မာ အတွဲ လိုက် ကို အသည်းစွဲ ဗျ ….

  • Ma Ei

    November 9, 2012 at 2:25 pm

    အပျော် ၃ ပုံလေးလှတယ်…
    အပျက် ၁ ကတော့
    ကိုရီးယားကားထဲကလို ကုန်းပိုးပို့ရမလား…
    တစ်ရုတ်သိုင်းကားထဲကလို အိမ်အရောက် ကန်ပို့လိုက်ရမလား…
    လုံခြုံရေး စဉ်းစားနေပုံဘဲနော…

  • ညလေး

    November 9, 2012 at 4:41 pm

    လေးလေးလု …အပျော် ၁ ၊၃ …..အပျက် ၁ အဲ့ပုံလေးတွေကြိုက်တယ်
    `အပျော်´က သူတို.တကယ်ပျော်နေတဲ့ အပျော်လေး တပ်အပ်တွေ.နေရသလိုပဲ….
    အပျက်က တော်တော်မိုက်တယ်….

    • Mလုလင်

      November 19, 2012 at 12:15 am

      ညီမ .. ရေ … ပိုစ့် တင်ပါဦးနော့် … ညီမ လက်ရာ တွေ မတွေ့တာ အတော်ကြာပေါ့ …

  • Mလုလင်

    November 19, 2012 at 1:52 am

    comment ပေးကြသော .. မပေးကြသော .. ညီအစ်ကို မောင်နှမ များကို ကျေးဇူး အထူးတင်ပါတယ်။ ရိုက်ကွင်း တည်နေရာက ရှင်းလင်းလွန်းတာကြောင့် behind the photo အကြောင်း မပြောတော့ပါဘူး ….။ ဒီလို လှုပ်ရှားနေတဲ့ ပုံတွေကို ပြတ်သားတည်ငြိမ် တဲ့ ပုံအဖြစ်ပြောင်း လဲ ဖို့ .. မိမိ ကင်မရာ မှာ ဆာဗို Focus ဆိုတဲ့ စနစ် တစ်ခု တော့ ပါလာရမှာ ဖြစ်ပါကြောင်း ……။

Leave a Reply