စမူဆာကြော်

ရွှေအိမ်စည်November 7, 20123min36723

 စမူဆာကြော်

နေ့လည်စာ အစာပြေ လုပ်စားနိုင်မယ့် စမူဆာကြော်လေးပါ။ အိန္ဒိယစတိုင် အာလူး၊ ကြက်သွန်နီကို အစားသွပ်ထားပြီ အရသာ ခပ်စပ်ရှိန်ရှိန်လေးနဲ့ စားလို့ အရမ်းကောင်းပါတယ်။ စမူဆာ လုပ်ပုံအဆင့်ဆင့်ပါ ထည့်သွင်းထားတာမို့ လုပ်စားရ လွယ်ကူမှာပါ။

ပါဝင်ပစ္စည်းများ

  • ကော်ပြန့်ရွက် – ၈ရွက်
  • ကြက်သွန်နီ – ၂ခွက်စာ (ပါးပါးလှီးပါ)
  • အာလူး – ၅လုံး (နူအောင်ပြုတ်ပြီ အတုံးသေးများ တုံးထားပါ)
  • မှတ်ချက် ။ ။ ကြက်သွန်နီနှင့် အာလူး အချိုးအစား တူညီသည်..
  • ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ဇီယာမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)
  • မဆလာ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ပြုလုပ်နည်း

၁။ အရင်ဆုံး ဇလုံ တစ်ခုထဲတွင် အစာသွပ်ရန် ပါဝင်ပစ္စည်းများ ဖြစ်သော (ကြက်သွန်နီ၊ အာလူး၊ ငရုတ်သီးမှုန့်၊ ဇီယာမှုန့်၊ နံနံပင်၊ မဆလာ၊ ဆား) တို့ကို ရောနုယ်ထားလိုက်ပါ။

၂။ ကော်ပြန့်ရွက် တစ်ရွက်ကို ထပ်ပိုင်းပိုင်းလိုက်ပါ။

၃။ ပြီနောက် ထပ်ပိုင်းပိုင်းထားသော ကော်ပြန့်ရွက် အောက်နားကို ရေစွပ်ပေးပါ။

၄။ ပြီမှ ကော်ပြန့်ရွက်ကို ပြောင်းပြန်လှန်ပြီ ပုံတွင် ပါသည့်အတိုင်း တြိဂံပုံ ကန်တော့ ဖြစ်အောင် ခေါက်ပေးသွားပါ။

၅။ ပြီလျှင် ကော်ပြန့်ရွက်ထဲသို့ စမူဆာအတွက် အစာသွပ်ရန် နုယ်ထားသော အာလူး၊ ကြက်သွန်နီများကို အစာသွပ်ပေးပါ။

၆။ ပြီနောက်မှ ကန်တော့အပေါ်နားကို ရေစွပ်ပြီ တြိဂံပုံဖြင့်အောင် ပိတ်လိုက်ပါ။

ရ။ ပြီမှ ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလာလျှင် စမူဆာများကို အညှိရောင်သန်းသည်အထိ ထည့်ကြော်ပေးပါ။

၈။ ထို့နောက် စမူဆာကြော် များကို ဇကာဖြင့် ပြန်ဆယ်ပြီ အရသာရှိစွာသုံးဆောင် လို့ရပါပြီ…

မှတ်ချက် ။ ။ ပိုမို ကြွပ်ရွ စေချင်လျှင် ကြော်ထားသော စမူဆာများကို ၅မိနစ် အအေးခံပြီမှ နောက်တစ်ခါ ဆီဖြင့် ထပ်ကြော်ပေးပါ။

http://www.wutyeefoodhouse.com/

23 comments

  • Thu Wai

    November 7, 2012 at 12:52 pm

    ကိုယ့်ဘာသာကိုယ် အိမ်မှာ ဆီသန့်သန့်နဲ့ လုပ်စားကြည့်လို့ရတာပေါ့ ကျေးဇူးပါ

  • မောင်ပေ

    November 7, 2012 at 1:03 pm

    စမူဆာကြော်
    ယူကာပျော်
    ဘူတာပေါ်
    လူလာခေါ်
    သူရှာအော်

  • may flowers

    November 7, 2012 at 1:10 pm

    စမူဆာကြော် ကိုကိုယ်တိုင်လုပ်မစားတတ်တဲ့ ကိုယ်တို့လို လူတွေအတွက်

    ခုလို လုပ်နည်းလေးပြောပြပေးတာ ကျေးဇူးပါ………….။

    နောက်အပါတ် ပိတ်ရက်မှ စမ်းကြည့်လိုက်ဦးမယ်။

  • Mr. MarGa

    November 7, 2012 at 1:12 pm

    နတ်ပြည်ကို export လုပ်ပေးပါလားကွယ်
    ဦးမာဃ ပါမစ်ချပေးမယ်လေ
    :har:

  • ရွာသူ jujuma .

    November 7, 2012 at 1:22 pm

    စမူဆာ ကြော်နည်းလေးမိုက်တယ်..
    ကူးသွားပီနော်…

  • ကျုပ်က စမူဆာ ဆို အရမ်းကြိုက် ..
    ဒီနည်းလေး မှတ်သွားလိုက် ..
    ပီးရင် ..
    ကိုယ်တိုင် ကိုယ်ကျ စမူဆာ အခု တစ်ရာလောက် လုပ်စားပစ်လိုက်မယ် ..

  • Khaing Zar Win

    November 7, 2012 at 2:03 pm

    ကူးသွားပြီ။ ဒီပိတ်ရက်ရှည် စားစရာ တစ်ခုတိုးတာပေါ့။
    ကျေးဇူး။ 🙂

      • Khaing Zar Win

        November 7, 2012 at 2:10 pm

        ဟင်။ အကြံတူနေပြန်ပြီ။ မောင်အံစာ အခုတစ်ရာကြော်မယ်ဆိုလို့ ဘယ်နေ့တုန်းမေးမလို့။ :mrgreen:

        • တော်ဒေးဒယ် ..
          ဦးအောင် မေးမိတွားလို့ ..
          မမ ဂ ကြော်ကြွေးမှာ မဟုတ်လားဟင်င် ..
          မမရဲ့ လက်ရာလေးကို စားချင်ရို့ဘာ … အဟီးး :mrgreen:

  • Wow

    November 7, 2012 at 2:20 pm

    စမူဆာလေးတွေကစားချင်စရာလေးတွေ ပိတ်ရက်ကျလုပ်စားဦးမယ်…

  • etone

    November 7, 2012 at 2:44 pm

    ဟီးဟီးးးး မိုက်တယ်ကွ … စမူဆာခေါက်နည်း အခုမှပဲ သိတော့တယ် ။ ကျေးဇူးပါချင့် ။
    ကော်ပြန့်လိပ်တော့ ခဏခဏ ကြော်ဖြစ်ပေမယ့် … စမူဆာ လုပ်ဖို့ လုံးဝကို သတိမရခဲ့ဖူးဘူး ။ ဒီတပတ်လက်တည့်စမ်းပါမယ် :mrgreen: ဒါနဲ့ အပေါ်မှာ ပြထားတဲ့ အာလူးက ပြုတ်ပြီးသားကို ပြန်လှီးထားတာထင်တယ်နော် .. အစိမ်းလိုက်ဆိုလျှင် ကြော်တဲ့အခါ သိပ်မကြတ်လောက်ဘူး ထင်ပါရဲ့ … ။

    • ရွှေအိမ်စည်

      November 7, 2012 at 3:15 pm

      အာလူး – ၅လုံး (နူအောင်ပြုတ်ပြီ အတုံးသေးများ တုံးထားပါ)

      တုန်တုန်ကလည်း…….ရေးထားပါတယ်…..

  • ရွာစားကျော်

    November 7, 2012 at 8:53 pm

    စမူဆာ ဆိုတာနဲ့ ဘာလို့ သုံးမြှောင့်ပုံ ခေါက်ကြတာပါလိမ့်
    လေးထောင့်ပုံ ခေါက်ရင်ကောရတယ်မလား..
    အပြောင်းအလဲလေးပေါ့.. 😛

    • သုံးမြောင့်ခေါက်ရတဲ့အကြောင်းရင်းကို သိချင်လား
      မန်းလေးလာမှပြောပြမယ်နော်။
      အဲလိုသုံးမြောင့်ခေါက်လို့ဘဲ စမူဆာလို့ခေါ်တာ မသိဘူးလား
      အ ချက်အေ

      • ရွာစားကျော်

        November 9, 2012 at 5:07 am

        18 ရက်နေ့ မန်းလေးလာဖို့ ရှိတယ် မုန့်လိုက်ကျွေးရင်း ပြောပြနော် လေးပေါက်.. 🙂

  • Mobile

    November 8, 2012 at 12:35 am

    စမူဆာ လုပ်တဲ့နည်းလေးအတွက် ကျေးဇူးတင်ပါတယ်။
    အီကြာကွေးလုပ်တဲ့ နည်းလေးထပ်ပြီး တင်ပြပေးဖို့ တောင်းဆိုလိုက်ပါတယ်။

  • ဂန္ဓာရီ ဆြာအုပ်

    November 8, 2012 at 12:53 pm

    ကြိုက်တယ်..စားချင်တယ်.. ဒါပေမယ့် ကိုယ့်ဘာသာလုပ်ရမှာ ပျင်းတယ်.. ဟီးဟီး ဘယ်သူတွေဘယ်တော့လုပ်စားကြမှာလဲဟင်.. ခေါ်ကြွေးပါလား ဟိ

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 8, 2012 at 9:28 pm

    စမူဆာ ကိုဘယ်သူကများတီထွင်ခဲ့သလဲသိဘူးနော် :mrgreen:
    ဘောလုံးပွဲတွေမှာလည်း စမူမဆာဒေါင့် ကိုကန်သွင်းပြစ်လိုက်တာ ဘာဖြစ်တယ်ညာဖြစ်တယ်
    ပြောသံကြားဘူးပါရဲ့
    စမူဆာရဲ့ မူရင်း နာမည်က စမူဆာဘဲခေါ်သလား မပြောတတ်
    တစ်ခါ လူတစ်ယောက်ကိုမေးကြည့်ဘူးတယ် သူက အဲ့ဒါကြီးစာနေတာကိုး
    အဲ့ဒါဘာလို့ခေါ်သလဲလို့မေးကြည့်တော့
    သစ်အစ် စမူဆာဒဲ့
    အဲ့သည်စမူဆာရွက်ကို ဘယ်လိုပြောဝယ်ရသဒုံးဗျ
    စမူဆာရွက်လို့ဘဲ ပြောပြီးဝယ်ရသလား အခြားအမည်နာမတွေစိသလား
    ဒါမှမဟုတ် ကိုယ့်ဖာသာ လုပ်လို့ရသလား
    စမူဆာကလားနဲ့ စာခွက်လုမလို့

    • စမူဆာရွက်က ဝယ်လို့မရဘူး
      ကိုယ့်ဘာသာကိုယ်လုပ်ရတာ။
      မိုဘိုင်းရေအီကြာကွေးလုပ်တာလွယ်ပါတယ်။
      မန်းလေးလာခဲ့ပါလားသင်ပေးမယ်။
      စမူဆာဆိုတာက အနောက်ကအစာ
      အီကြာကွေးဆိုတာ အရှေ့ကအစာ
      မန်းလေးမှာတော့ အရှေ့ဆိုင်ရော အနောက်ဆိုင်ရော အလယ်ဆိုင်ပါ
      အီကြာကွေးရော စမူဆာ အကုန်လုံးရတယ်
      မာလတီခေတ်လေဗျာ

    • မောင်ဘလိူင်

      November 9, 2012 at 10:29 am

      ဝင်ပြီး လျှာရှည်ဦးမယ် ခင်ဗျ… စမူဆာ ဆိုတာလည်း ရာဇဝင်သမိုင်းနဲ့ကိုး အန်ကယ်ဂျော်နီရဲ့..
      အာရှ နဲ့ အာဖရိကမှာ တောင် အတော်ခေတ်စားတဲ့ သွားရည်စာ မျိုး။ ဘယ်သူထွင်ခဲ့လည်း
      တော့ မသိဘူး။ စကားလုံး နိရုတ္ထိ (Etymology) အရတော့ စမူဆာ ဆိုတာ ပါရှားစကားလုံး
      ဆမ်ဘိုဆပ်ချ် က ဆင်းသက်လာတယ်ဆိုရမယ်။ အာရပ်တွေက ဆမ်ဘူဆပ် လို့ခေါ်သဗျ။
      အာဖဂန်တွေကျတော့ ဆမ်ဘိုဆာ တဲ့။ အိန္ဒိယသားများကတော့ စမိုဆာ ၊ အီရန်တွေကျ
      တော့ ဆမ်ဘူဆာ ဆိုပဲ။ ပေါ်ပေါက်လာတဲ့အချိန်ကတော့ အရှေ့အလယ်ပိုင်းမှာ ၁ဝရာစု
      ဝန်းကျင်လောက်လို့ဆိုကြတာပဲ။ ဥဇဘက်ကစ်စတန်တို့ ကဇက်စတန်တို့မှာကျတော့
      စမူဆာကို ကြော်မစားကြဘူး..ဖုတ်ပဲစားကြသတဲ့။ စမူဆာ ဗဲရီရေးရှင်း တွေ ပြောရရင်
      တော့ ပို့စ်တစ်ပုဒ်ပေါ့ ခင်ဗျာ။ အခုဆို အင်္ဂလန်နဲ့ ယူအက်စ် မှာတောင် စမူဆာက
      နာမည်ရလာပြီ။ သူတို့ကတော့ ဆမ်ဘူးဆာ (သို့) ဆမ်ဘူးဆက် လို့ခေါ်တာပဲ။

      • kai

        November 9, 2012 at 3:25 pm

        ယူအက်စ်မှာ.. စမူဆာမျိုးစုံရှိသဗျ…။
        ပြီးခဲ့တဲ့တပါတ်ကတင်.. ချစ်တီးဆိုင်..လန့်ချ်သွားစားသေးတာမှာ.. စမူဆာ..ပပါလာကြော်.. တွဲပါတယ်..။
        ဘိုတွေချည်း.. တန်းစီစားနေတာပဲ…

        တလက်မလောက်သေးသေးလေးတွေကနေ.. လက်သီးဆုပ်လောက် စမူဆာအထိ.. အစုံရှိတယ်..။
        အေးခဲထားတာတွေလည်းရောင်းတယ်..။
        အထဲမှာ..သက်သတ်လွတ်ကနေ.. အသားပါတာတွေရောပဲ..
        ဆီပူလေးနဲ့လှိမ့်ပြီး..ကြော်စားယုံပေါ့…။

        ဆိုတော့..
        စကားအတင်းစပ်..
        ကိုဘလှိုင်တော်တော်သိတာ.. အသိအမှတ်ပြုသဗျာ..။
        စမူဆာအကြောင်း.. ရေးစေလိုပါတယ်…။ ပို့စ်တခုပြည့်အောင်ပေါ့…။ :harr:

  • E-မြောက်မြောက်

    January 3, 2016 at 11:23 pm

    အာပုံစားချင်လို့ အာပုံ လိုက်ရှာတာ စမူဆာ နဲ့ တဲ့တဲ့တိုးပါကရောလားတဲ့တဲ့တိုးပါကရောလား

Leave a Reply