ဒီ ကဗျာကို… သိလား …

alinsettNovember 7, 20121min14012

စာပန်းချီ

သူ ့.. Posts မှာတဲ ့… စာပန်းချီ

ကိုယ် ့ Posts မှာတဲ ့စာပန်းချီ….

တို ့ရွာ မှာ… တို ့တွေ..ရေးပါတဲ ့

စာပန်းချီ …ရောင်စုံ အတွေးတွေက …

ဖွေး….လျက် ပါ ကိုး…..။

ဘာ..မလျှော့ကြနဲ ့…

လာတော့မကွဲ ့… ပျော်စရာ….

ယူလေနဲ ့… အဆွေး…..။

ငေးနဲ ့လေနော်….

ရေးကွဲ ့လေ…တူပျော်ပျော်နဲ ့…..

မှန်ရာကို… ဆင်ပန်ထားပါမှ…..

ရွာ အကြည်မှာ….အောင်ရည် ဖျန်း ရမယ်…။

စာပန်းချီ…ရောင်စုံ ပန်း ရယ်..နဲ ့….

လွှမ်းကြစို ့လေး…….

——————————

အလင်းဆက်

====================================================================

မြန်မာ စာပေလောက / ကဗျာလောက မှာ…. ..အင်မတန်…. လူသိများ..ထင်ရှားခဲ့တဲ ့

ကဗျာဆရာတစ်ဆူ ရဲ ့… ကဗျာကောင်း တစ်ပုဒ်ကို ဖတ်ပြီး..ချိန်မှာ…ရေးဖြစ်သွားတဲ ့ ကဗျာပါ ။

အဲဒီ ဆရာကြီး ရဲ ့ ကဗျာ နဲ ့ အသွားအလာ… တူပါတယ် ။

တူအောင်…စာအသွားးအလာ.ကို… တု…ရေးထားပါတယ် ။

ကာရန် ကိုတော့.. ကိုယ် ့ အထာ နဲ ့ကိုယ် ယူ ပါတယ် ။

စာသားကိုလည်း… အဲဒီ ဆရာကြီး ရဲ ့ ကဗျာထဲက..စာသား…မပါအောင်… ကိုယ့် အထာနဲ ့ကို… ထည့်သွင်းရေးသားပါတယ် ။

ကိုယ် ့ရွာ နဲ ့ လိုက်ဖက်မယ့်..စာသားလေးတွေကို… ထည့်ပြိီးရေး ကြည့်တာပါ ။

ဟိုကဗျာဆရာ ကြီး ရဲ ့ ကဗျာကြီးကို…… ဖျက်လိုဖျက်ဆီး လုပ်တာ.လို ့ မယူဆကြပါနဲ ့ဗျာ ။

အဲဒီ ကဗျာ…စာသား အသွားအလာလေးတွေက..ချစ်စရာကောင်းလွန်းလို ့…

အဲဒီ ကဗျာစာသားတွေ..နေရာမှာ…

ကိုယ် ့စာသားလေးတွေ..ကိုယ် ထည့် မိတာပါ ။

အဲဒီ ကဗျာဆရာကြီးနဲ ့….

အဲဒီ ကဗျာကြီးကို….

ချစ်လို ့…..

ဂုဏ်ပြု… ပြ တယ်ပဲ… သဘောထားပေးကြပေါ့ဗျာ. ။ နော ့ ။

——————————–

အဲဒီ ကဗျာ… ဆရာကြီး..ဘယ်သူလဲ…

အဲဒီ ကဗျာက… ဘာ အမည် နဲ ့ကဗျာလဲ….ဆိုတာ….

စာဖတ်သူများ..သိ မယ် ထင်ပါတယ် ။

သိရင်…..

ပြောပြကြနော် ။

————————————

ဟဲ ဟဲ..

ပဟေဠိ .လေး..အဖြေညှိ ကြည့်ကြမယ်လေ..။

အပျင်းပြေပေါ့ ။

=================================================

ချစ်သော…

အလင်းဆက်

12 comments

  • padauk moe

    November 7, 2012 at 7:37 pm

    သူငယ်ချင်းလေး အရေးအသား တယ်မိုက်တာကိုးကွ အားကျတယ်ဟေ့ စာရေးသူကိုတော့မသိပေမယ့် ဖန်တီးပြီး အားပေးခဲ့တယ်နော်

    ဖတ်ပါကွဲ့ မှတ်ပါ
    အမှန်ရယ် အမှားရယ်မို့
    စာပေဆိုတာ အတက်ပညာအလား
    သိမှတ်များလေ ပျော်တက်စေဖို့
    ဗဟုသုတ စုံလင်ပါမှ
    လူရာဝင်လှ လူ့လောကအလယ်
    မျက်နှာမငယ်သူမို့
    ပိတောက်မိုးကလည်း အားပေးခဲ့သည်
    စာကိုချစ်သည် ခင်တွယ်မိသည်
    ဆရာ့ ဆရာတွေကို ပူဆော်ပါ၏
    လောကအလယ် ဆီမီးအရောင်
    ထွန်းပြောင်ပါစေ ပညာဆီမီး
    ထိန်ထိန်ဝင်းလျှံ ပြည့်စုံပါစေ
    ချစ်သူငယ်ခြင်းရေ ……………

  • aanyar thar

    November 7, 2012 at 9:34 pm

    ပန်ချင်တယ် ခရေဦးရယ်လို့ မောင်ခူးကာပေး…………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………….သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်တယ်လေး.

  • မောင်ပေ

    November 7, 2012 at 9:43 pm

    လုံးဝသေချာတယ်
    အဲဒါ
    ဆရာကြီးပေရေးတာ
    လုံးဝမဟုတ်ဘူး
    ကဗျာကဝိတစ်ယောက်ယောက်ရဲ ့လက်ရာဖြစ်မှာ ၁၀၀%ပဲ
    ဟီဟိ

  • MaMa

    November 8, 2012 at 7:35 am

    ကြားဖူးတယ်။

    ရွှံ့ပေါ်ရှဉ့်ပြေး ရှဉ့်မွှေးရွှံ့မလူး……. :harr:

  • thit min

    November 8, 2012 at 8:06 am

    (((Credit to : သပြေညို ရွှေဘိုပန်းရယ်နဲ့ လှမ်းကြစို့လေး ရန်ဝင်း (တောင်တံခါး) မေ ၂၃၊ ၂၀၁ဝ မိုးမခ)))

    ဆရာကြီး ဦးဝန် (မင်းသုဝဏ်ရေးပါတယ်)ကဗျာအမည် “သပြေညို”ပါတဲ့ ။

    သပြေညို
    ~~~~~

    သူ့ခေါင်းမှာတဲ့ သပြေညို၊

    ငါ့ခေါင်းမှာတဲ့ သပြေညို။

    တို့ပြေမှာ တို့မေကမ်းပါတဲ့

    သပြေညို ရွှေဘိုပန်းဟာက

    လန်းလျက်ပါကို။

    ဘာမလျှော့လေနဲ့

    လာတော့မကွဲ့ ရွှေပဟိုရ်

    လေချိုကအသွေး။

    လင်းကြက်အဆော်

    ကွင်းထက်မှာတူပျော်ပျော်နဲ့

    စည်တော်ကို ရည်မျှော်မှန်းကာပ

    ရောင်နီမှာ အောင်စည်ရွမ်းရအောင်

    သပြေညို ရွှေဘိုပန်းရယ်နဲ့

    လှမ်းကြစို့လေး။ ။

    မင်းသုဝဏ်

    ဇန္နဝါရီ ၄ ၁၉၃၈

    မင်းသုဝဏ် (၁၉ဝ၉-၂ဝဝ၄)

    ဆရာကြီး မင်းသုဝဏ် က ‘သပြေညို’ ကဗျာကို ၁၉၃၈ ဇန္နဝါရီလ ၄ ရက်နေ့ အင်္ဂလန်နိုင်ငံ ဝေလ ပြည်နယ်မှာ ရေးပါတယ်။ မြန်မာ့လွတ်လပ်ရေးနေ့ထက် ၁ဝ နှစ်တိတိ စောတယ်လို့ ဆရာချစ်ဦးညိုရဲ့ စာပေဟောပြောပွဲတခုမှာ ပြောဘူးပါတယ်။

    ကိုအလင်းဆက်လေးက အဲဒီဆရာကြီးကို အားကျလို့ အဲဒီပုံစံတူခံစားသလို
    အဲဒီ ဆရာကြီးကလည်း သူသဘောကျခဲ့တဲ့ ဆရာကြီးရဲ့ ကဗျာကိုပုံစံတူ ခံစားရေးဖွဲ့ခဲ့
    တာရယ်လို့ ယူဆစရာရှိကြောင်း ဖတ်ဘူးပါရဲ့။ ။
    သူ ပုံစံတူ ခံစားခဲ့တဲ့ကဗျာလေးနဲ့ ရေးသူကို ပြောပြပေးပါမယ်။

    ဆရာကြီး မင်းသုဝဏ် ရဲ့ ‘သပြေညို’ ကဗျာ ဟာ အဝေးရောက်မင်း ဦးအောင်ကြီးရဲ့ ‘ပြည်ရွှေဘို’ ကဗျာနဲ့ (ခုကိုအလင်း
    ဆက် ရေးသလို) ကာရန် ယူပုံ တူနေပါတယ်လို့ မှတ်သားဘူးပါတယ်။

    ရွှေဘိုမြို့ အထက(၁) ကျောက်စိမ်းရတု မဂ္ဂဇင်း၊ ဇန္နဝါရီ၊ ၁၉၈ဝ မှာ ပါ ခဲ့ ပါတယ်။

    “ ပြည်ရွှေဘို ”

    မောင်လွမ်းပါတဲ့ ပြည်ရွှေဘို။

    မယ်လွမ်းပါတဲ့ ပြည်ရွှေဘို။

    တို့မြေကို တို့တတွေလွမ်းပါရဲ့

    သပြေညို ရွှေဘိုနန်းကိုဖြင့်

    မှန်းဆလျက်ကို။

    လာမချော့လေနဲ့

    ပြန်တော့မကွဲ့ ပြည်ရွှေဘို

    နေညိုတဲ့ချိန်လေး။

    သို့ပေမယ့်လေ

    ငယ်ပေါင်းသဟာဆွေရဲ့

    ပြန်မလေ ဘယ်လိုခဲပေမယ့်

    စိတ်ဆွဲရာ ကိုယ်မပါလို့

    သပြေညို ရွှေဘိုနန်းကိုဖြင့်

    နေညိုမှာ ဖေငိုလို့ လွမ်းရတယ်

    (ကွယ်) တမ်းတလို့ ဆွေး။ ။

    အဝေးရောက်မင်း ဦးအောင်ကြီး

    (ရေးသည့်အချိန် နှင့် ရေးသည့် နေရာ၊ အမှတ်အသား မသိပါ)

    အဝေးရောက်မင်း ဦးအောင်ကြီး (၁၈၅၃-၁၉၄၂)
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ပြောလိုတာက အနုပညာရဲ့ ကော်ပီကို ကူးယူတယ်၊ ခိုးယူတယ်
    ဆိုတာထက် နှစ်သက်လွန်းလို့
    ပုံတူ (တုပြု) ခံစားသီကုံး ခြင်းလို့များ ပြောနိုင်လေမလား ရယ်လို့ ဝိုးတဝါးတွေးမိပါတယ်။

    ခင်မင်စွာဖြင့်

    သစ်မင်း (^^)

    (((Credit to : သပြေညို ရွှေဘိုပန်းရယ်နဲ့ လှမ်းကြစို့လေး ရန်ဝင်း (တောင်တံခါး) မေ ၂၃၊ ၂၀၁ဝ မိုးမခ)))

    • ၂၀၁၂ ရဲဝင်း

      November 8, 2012 at 8:30 am

      သူ့ဝေါလ်မှာတဲ့ နန်းချင်ဇယာ
      ငါ့ဝေါလ်မှာတဲ့ နန်းချင်ဇယာ
      လွမ်းချင်စရာ မောင်တို့ကလစ်ပါတဲ့
      ပအို့ဝ်ပျို လှမယ်ပန်းဟာ
      လန်းလျက်ပါကို။

      ဘာမလျှော့လေနဲ့
      လာတော့မကွဲ့ အူးဇင်ယော်
      ဖိုက်ကေ ကအသွေး
      ကင်မ်ကော်ဒါက အဆော်
      ကြိုးထက်မှာ တူပျော်ပျော်နဲ့
      မိတ်ကပ်တော် ရည်လူးချယ်ကာပ
      တီဗီမှာ အလီလီရွမ်းရအောင်
      အချိုရည် ကြော်ငြာတွက်ရယ်နဲ့..
      လွင့်ရတယ် လေး။ ။

      https://www.facebook.com/photo.php?fbid=4249725834900&set=a.1138259730192.2021428.1038332401&type=1&relevant_count=1

      ရေးသူ :
      အဂ္ဂမဟာ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီများရှင် အင်္ဂ ါZ (C)

      2012/11/08
      01:58 AM (UTC)

    • Thu Wai

      November 8, 2012 at 11:35 am

      good တယ် ကိုသစ်ရေ

  • အလင်းဆက်

    November 8, 2012 at 9:12 am

    လေးလေးသစ်….တော်ချက်…

    သပြေညို
    ~~~~~
    သူ့ခေါင်းမှာတဲ့ သပြေညို၊
    ငါ့ခေါင်းမှာတဲ့ သပြေညို။
    တို့ပြေမှာ တို့မေကမ်းပါတဲ့
    သပြေညို ရွှေဘိုပန်းဟာက
    လန်းလျက်ပါကို။
    ဘာမလျှော့လေနဲ့
    လာတော့မကွဲ့ ရွှေပဟိုရ်
    လေချိုကအသွေး။
    လင်းကြက်အဆော်
    ကွင်းထက်မှာတူပျော်ပျော်နဲ့
    စည်တော်ကို ရည်မျှော်မှန်းကာပ
    ရောင်နီမှာ အောင်စည်ရွမ်းရအောင်
    သပြေညို ရွှေဘိုပန်းရယ်နဲ့
    လှမ်းကြစို့လေး။ ။

    မင်းသုဝဏ်

    ဇန္နဝါရီ ၄ ၁၉၃၈
    ===================

    သပြေညို ကဗျာလေးကို.. ဖတ်ပြီးချိန်မှာ…

    ကျွန်တော်လည်း…အဲဒီ ကဗျာ..ပုံစံလေးကို ချစ်လွန်းလို ့…

    တုပြီး..ရေးကြည့်မိတာလေ ။

    ရွာထဲက… မိတ်ဆွေတော်တော်များများ.လည်း. သိနေမှာသေချာတော့..
    ကို်ယ်ပိုင် ဝန်ခံချက်နဲ ့..
    ပဟေဠ်ိလေးပါ…ဖြည့်ပေးလိုုက်ထှာ..

    အခုတော့..လေးလေးသစ်က..
    ကဗျာ ကိုသာ..မက..
    ကဗျာ ့ရာဇဝင်ကိုပါ..ပြောနိုင်နေတော့….

    လေးစား အားကျမိကြောင်းပါ ။ မြန်မာ့ ကဗျာလောကကို…တော်တော်လေး..နှံ ့စပ် မှာပဲ..လို ့လည်း
    တွေးယူ..အားကျ မိပါရဲ ့ ။

    ——————
    အဝေးရောက်မင်း ဦးအောင်ကြီး…နဲ ့ဒီကဗျာ ပက်သက်ပုံတော့…
    အမှန်အတိုင်းပြောရရင်..ကျွန်တော်.. မသိပါဘူး ။

    အဲဒီ ကဗျာကို ရေးချိန်မှာ.. ဆရာကြီးဟာ.. တိုင်းတပါးကိုရောက်နေချိန်…
    မြန်မာပြည် က ရာဇဝင်တွင်တဲ ့ပန်းသပြေညို လေး..နဲ ့
    လွတ်လပ်ရေး..စိတ်ဓါတ်ကို… …ဖော်ကျူး..လွမ်းဆွတ်ရေးသား..စပ်ဆိုခဲ့တာ..
    အဲဒီ အချိန်ဟာ… ဗမာပြည် လွတ်လပ်ရေး..ရဖို ့..
    ဆယ်နှစ်တိတိ အလို… မှာတဲ ့

    အဲဒီလို..အချက်ကလေးလောက်ပဲ..သိခဲ့တာပါ ။
    ကျွန်တော်…ဆိုတဲ ့ အလက်ဆင်းက အဲဒီလောက်… စာပေ..မှာ နှံ ့စပ်တာလေ..:)

    ကျွန်တော်..မသိ လိုက်တဲ ့..ကဗျာနောက်ခံ ရာဇဝင်လေးကို..
    ဗဟုသုတ အနေနဲ ့ ပိုစ့်ထဲမှာ.. အားဖြည့် ပေးလို ့ရော…

    နှစ်သက်လွန်းလို့
    ပုံတူ (တုပြု) ခံစားသီကုံး ခြင်းလို့များ ပြောနိုင်လေမလား ရယ်လို့ ဆို တဲ ့
    စကားလေး..အတွက်ရော….

    ကျေးဇူးအထူးပါ…လို ့..

    လေးလေးသစ်မင်း… ငြိမ်းချမ်းစွာ..ပြည့်စုံပါစေ….

    ခင်မင်လေးစားစွာဖြင့်

    အလင်းဆက်

  • အလင်းဆက်

    November 8, 2012 at 9:22 am

    ချစ်သူငယ်ချင်း ပိတောက်မိုးရေ…

    ခံစားသွားတာကိုရော..
    ကဗျာလေး.. တစ်ပုဒ် လက်တန်း ရေးစပ် ပေးသွားလို ့ရော..
    ကျေးကျေးနော် ။
    တို ့ဗမာပြည် ကို အခြေအနေအရ ခွဲ ခွါ နေရတဲ ့မင်း…
    ပြန်လာ ချိန်ကိုတော့ မမေ့နဲ ့နော် ။
    ငါ မျှော်နေတာ …။

    ====================
    aanyar thar ရေ

    ကဗျာနဲ ့ စာကို… လာရောက် အားပေး..ခံစား….လို ့.
    ကျေးဇူးလည်း.တင်တယ် ။
    ချစ်လည်း ချစ်တယ် ။
    🙂
    ——————————–

    ဥင်္ီးပေ…

    မှန်းချက်က… ကွက်တိ ပဲ.နော် ။
    ဦးပေ..ရေ…
    ရှဲရှဲ ။ 🙂

    ========================
    အန်တီ MaMa

    အန်တီမမ..ရဲ ့ ရွှံ့ပေါ်ရှဉ့်ပြေး ရှဉ့်မွှေးရွှံ့မလူး စာသားကို.လိုက် ဖတ်ကြည်တာ..
    လျှာ ခလုတ်တိုက်ပြီး..လဲ သွားဒးယ်..ဂျာ.။:kwi:

    ချစ်သော..အန်တီမမရေ..
    ကျွန်တော့် ပိုစ် မှန်သမျှကို.. ဝင်ရောက် ဖတ်ရှု..အားပေး.နေတာ….ကျေးဇူးနော်

    =======================

    2012 ရဲဝင်း..( တဲ ့… ဖြစ်ရပြန်ပြီ…:) )

    ကိုကို ရဲဝင်းကြီး ရဲ ့
    ကဂျာ..ကလည်း..တယ် ချစ်စရာကောင်းသကိုး… ။

    ဘာပဲ..ကြောကြော…ကျေးကျေးကတော့ တင်လျက် ပါ ။

    🙂

  • kyeemite

    November 8, 2012 at 10:05 am

    ဆရာသစ်ပါလာမှတော့…ပြီးပြည့်စုံသွားပီပေါ့…အလင်းဆက်ရေ…
    အဲဒီ..“သပြေညို” ကဗျာလေး ငယ်ငယ်ကကျောင်းမှာသင်ခဲ့ရတယ်လို့
    ရေးတေးတေးမှတ်မိပါရဲ့…. :buu:

  • ကိုင်း .. တွေ့ပီ မီဟုတ်လား ..
    နာဒို့ ဦးဦးသစ်ကြီးက ပြောပြတွားဒါ
    တွေ့ရဲ့ မီဟုတ်လား ..
    ဂလိုမျိုး လာစမ်းလို့ ဘယ်ရမရဲ .. ငှဲ .. ငှဲ ..
    (နာဂဒေါ့ ဘာမှ တိဝူးးး အဟိ) :mrgreen:

  • အလင်းဆက်

    November 9, 2012 at 8:02 pm

    ဆရာသစ်ရော..
    ဦးကြီး…မိုက်ရော….

    အားလုံး အားလုံး..ပါနေလေ…ပိုပြီးပြည့်စုံလေ..ပါပဲ..ဗျာ ။

    အားပေးနေပါဦးနော့် ။

    🙂

Leave a Reply