ငြိမ်းချမ်းခြင်းရဲ့ဘေးမှာ စမ်းချောင်းလေးဖြစ်တည်လို့နေပြီနော်

ဒေါသ မောဟ လောဘတွေနဲ့ တသွင်သွင် စီးဆင်းနေဆဲဖြစ်တဲ့ ရေတံခွန်လေးကတော့ အထီးကျန်နေတုန်းပါဘဲလား

လောကကို အလှဆင်နေတဲ့ ပန်းပွင့်လေးတွေတောင် ပြုံးရယ်ကြကုန်ပြီ

အိပ်တန်းတက်ဌက်လေးတွေ ကြည့်စမ်းပါဦး

ကောင်းကင်ထက်မှာ ပျံဝဲနေကြတာ အခုဆို ရာစုသစ်ဆီသို့ ချီတက်ရင်းနဲ့ပေါ့

အပြုံးတွေနဲ့ ဖလှယ်နေတဲ့ ရေထဲက ရွှေငါးလေးတွေတောင် ပျော်မြူးခြင်းတွေပါဘဲလား

နားလည်မှုတွေ ကိုယ်ချင်းစာမှုတွေ သည်းခံမှုတွေကြားမှာ လူဖြစ်လာတဲ့ ငါတစ်ယောက်ကတော့

ဘယ်အရာနဲ့များ လောကရဲ့ ဖန်ဆင်းရှင်ဖြစ်မလဲကွယ်…………

ပိတောက်မိုး

 

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..