ဖန်ဆင်းရှင်

ကာရံNovember 7, 20121min893

ငြိမ်းချမ်းခြင်းရဲ့ဘေးမှာ စမ်းချောင်းလေးဖြစ်တည်လို့နေပြီနော်

ဒေါသ မောဟ လောဘတွေနဲ့ တသွင်သွင် စီးဆင်းနေဆဲဖြစ်တဲ့ ရေတံခွန်လေးကတော့ အထီးကျန်နေတုန်းပါဘဲလား

လောကကို အလှဆင်နေတဲ့ ပန်းပွင့်လေးတွေတောင် ပြုံးရယ်ကြကုန်ပြီ

အိပ်တန်းတက်ဌက်လေးတွေ ကြည့်စမ်းပါဦး

ကောင်းကင်ထက်မှာ ပျံဝဲနေကြတာ အခုဆို ရာစုသစ်ဆီသို့ ချီတက်ရင်းနဲ့ပေါ့

အပြုံးတွေနဲ့ ဖလှယ်နေတဲ့ ရေထဲက ရွှေငါးလေးတွေတောင် ပျော်မြူးခြင်းတွေပါဘဲလား

နားလည်မှုတွေ ကိုယ်ချင်းစာမှုတွေ သည်းခံမှုတွေကြားမှာ လူဖြစ်လာတဲ့ ငါတစ်ယောက်ကတော့

ဘယ်အရာနဲ့များ လောကရဲ့ ဖန်ဆင်းရှင်ဖြစ်မလဲကွယ်…………

ပိတောက်မိုး

 

3 comments

  • မောင်ပေ

    November 7, 2012 at 9:05 pm

    ဖန်ဆင်း
    ကြံခင်း
    မှန်ရှင်း
    ညံသင်း
    စံလင်း
    အံကမြင်း
    ရန်ကင်း
    ဖန်ခြင်း

  • Mobile

    November 8, 2012 at 1:03 am

    “စိတ်” ရဲ့စွမ်းအားဟာ မိမိကိုယ်ကို ကောင်းစွာဖန်တီးနိုင်သလို
    လောကကိုလဲ မိမိ မြင်တွေ့လိုတဲ့အတိုင်း ဖန်ဆင်းလို့ရနိုင်ပါတယ်။
    ဦးဇဝန(ရွှေပြည်သာ) ရဲ့ ဖန်ဆင်းရှင်သုံးဦးကဗျာလေးကတော့
    ဖန်ဆင်းရှင်သုံးဦး
    သားတို့သမီးတို့ စဉ်းစားပါ
    အရမ်းတော့ မယုံးစရာ
    စာမေးပွဲမှာ အောင်လိုက
    စာကြိုးစားလိုက်ကြ ။
    မကြိုးစားပဲ အပျင်းထူ
    ဆုပဲတောင်းနေသူ
    ကယ်မည့်သူ ဘယ်မရှိ
    သေချာဒုက္ခရောက်မည်တိ ။
    ကိုယ်၏စွမ်းအား ကိုယ်ကိုးပါ
    သေချာကြီးပွား တိုးတက်မှာ
    ဗုဒ္ဓမြတ်စွာ ဟောညွှန်ကြား
    ကံ ညံ ဝိရီယ စွမ်းအင်များ
    ဖန်ဆင်းရှင်လို့ မှတ်စေသား ။ ။

Leave a Reply