နွေးထွေးတဲ့ အကြင်နာလက်များနဲ့

ငါ့ရဲ့နှလုံးသားကို ဖေးမကူညီပါဦး သူငယ်ချင်းရေ

ပူဆွေးမှုတွေ မအောင်မြင်မှုတွေအောက်မှာ

ငါလေ နစ်မွန်းနေတိတိုင် အားပေးစကားပြောတက်တဲ့

မင်းရဲ့ စကားလုံးတွေက ငါ့အတွက်တော့ အားဖြစ်တည်နေပါဘဲ သူငယ်ချင်းရေ

ရေခြား မြေခြားမှာ ငါတစ်ယောက် မာနကိုခေါင်းအုံးအိပ်တိုင်း

အပြုံးတွေနဲ့ ဟန်ပြတက်တဲ့ မင်းရဲ့အမှုအရာကတော့

ဖန်သားပြင်မှာလာနေကြ ဇာတ်လမ်းတွေအလား

ငါလေကြည့်လို့မ၀ခဲ့တာတော့ အမှန်ပါ

သူငယ်ချင်းရေ စိတ်ချမ်းသာခြင်းကို ရှာဖွေတမ်းတရင်း

မင်းပြောခဲ့တဲ့စကားလေး တစ်ခွန်းကို ငါလေအခုထိတမ်းတနေဆဲပါ

ဘယ်လောက်ဝေးဝေး တမ်းတတိုင်း လွမ်းမ၀မဖြစ်ပါနဲ့ကွယ်

ချစ်တက်ပါစေ အပြစ်တော့မဖက်လိုက်ပါနဲ့

မမုန်းမိပါစေနဲ့ အပြုံးတွေအောက်မှာ

ငါ့သူငယ်ချင်းတစ်ယောက် အရှုံးတွေကို လက်ခံတက်ပါစေပေါ့……………………

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..