အဝေးယောက် သူငယ်ချင်းအတွက်……………….

ကာရံNovember 7, 20121min844

နွေးထွေးတဲ့ အကြင်နာလက်များနဲ့

ငါ့ရဲ့နှလုံးသားကို ဖေးမကူညီပါဦး သူငယ်ချင်းရေ

ပူဆွေးမှုတွေ မအောင်မြင်မှုတွေအောက်မှာ

ငါလေ နစ်မွန်းနေတိတိုင် အားပေးစကားပြောတက်တဲ့

မင်းရဲ့ စကားလုံးတွေက ငါ့အတွက်တော့ အားဖြစ်တည်နေပါဘဲ သူငယ်ချင်းရေ

ရေခြား မြေခြားမှာ ငါတစ်ယောက် မာနကိုခေါင်းအုံးအိပ်တိုင်း

အပြုံးတွေနဲ့ ဟန်ပြတက်တဲ့ မင်းရဲ့အမှုအရာကတော့

ဖန်သားပြင်မှာလာနေကြ ဇာတ်လမ်းတွေအလား

ငါလေကြည့်လို့မဝခဲ့တာတော့ အမှန်ပါ

သူငယ်ချင်းရေ စိတ်ချမ်းသာခြင်းကို ရှာဖွေတမ်းတရင်း

မင်းပြောခဲ့တဲ့စကားလေး တစ်ခွန်းကို ငါလေအခုထိတမ်းတနေဆဲပါ

ဘယ်လောက်ဝေးဝေး တမ်းတတိုင်း လွမ်းမဝမဖြစ်ပါနဲ့ကွယ်

ချစ်တက်ပါစေ အပြစ်တော့မဖက်လိုက်ပါနဲ့

မမုန်းမိပါစေနဲ့ အပြုံးတွေအောက်မှာ

ငါ့သူငယ်ချင်းတစ်ယောက် အရှုံးတွေကို လက်ခံတက်ပါစေပေါ့……………………

ပိတောက်မိုး

4 comments

  • မောင်ပေ

    November 7, 2012 at 9:29 pm

    အရှုံးတွေလက်ခံ
    ပြုံးပါစေဆက်ရန်
    သုံးလေပိုက်ဆံ
    ကျုံးရေခက်ပြန်
    ဖုံးစေစကတ်လန်

  • အလင်းဆက်

    November 8, 2012 at 9:33 am

    အဲဒိ ပိတောက်မိုးဟာလေ…
    အဝေးရောက် သူငယ်ချင်းလေးက..ဘယ်သူဆိုတာတော့
    အမည်လေး..ထည့်ရေးရင် ပြိးရော…

    မင်းကိုလည်း..
    အဲဒီလို.ကဗျာလေး.တစ်ပုဒ် လက်ဆောင်ပေးချင်နေထာ…
    မင်းလည်း..ငါ့ ရဲ ့အဝေးရောက် သူငယ်ချင်းပဲ..လေ…

    လွမ်းတယ်….မကြီးစိုး…ရေ…:)

  • eipu

    November 9, 2012 at 3:56 pm

    သူငယ်ချင်းရေ စိတ်ချမ်းသာခြင်းကို ရှာဖွေတမ်းတရင်း

    မင်းပြောခဲ့တဲ့စကားလေး တစ်ခွန်းကို ငါလေအခုထိတမ်းတနေဆဲပါ

    ဘယ်လောက်ဝေးဝေး တမ်းတတိုင်း လွမ်းမဝမဖြစ်ပါနဲ့ကွယ်

    တိုက်ဆိုင်လို့ အားပေးသွားတယ်နော်

  • ညလေး

    November 9, 2012 at 4:05 pm

    `ပိတောက်´ရယ်……
    `သူငယ်ချင်းကောင်း´ဆိုတာ…ရှာတိုင်းတွေ.တဲ့အမျိုးမဟုတ်တော့….
    အားပေးသွားတယ်…ဟိုးဝေးဝေးက သူငယ်ချင်း `ပိတောက်မိုး´ရယ်

Leave a Reply