ကုသိုလ်လား

moemakhaNovember 7, 20121min18617

ပြုလိုက်ပါတဲ့ကုသိုလ် ရလိုက်ပါတဲ့ရောဂါ

ကျနော်တို့အညာက မြို့တော်မှာပေါ့ဗျာ . ဝါတွင်းဥပုဗ်နေ့ညနေတိုင်း  ဥပုဗ်ညည်ေတွေကို ရည်စူးပြီးတော့ စတုဒိသာ ဖျော်ရည်တိုက်ပါတယ်.

ဒါပေမဲ့ တကယ်လာကြတာက အရွယ်စုံ လူစုံ အရောင်အသွေးစုံလာကြပါတယ်.

ကျနော်တွေးနေတာက တိုက်ဖို့ခွက်တွေက တယောက်ပြီးတယောက် လက်ဆင့်ကမ်းသောက်နေကြတာကိုပါ

ဘယ်သူက ဘာရောဂါရှိမှန်းမသိ ပေါ့ပေါ့ဆဆ အပျော်လာသောက်နေကြတဲ့လူတွေကလဲ အများကြီး

အချိန်နဲ့နေရာကလဲ ညနေဆိုတော့ စည်ကားနေတဲ့အချိန် လမ်းပေါ်မှာလဲ တိုက်မိခိုက်မိ သွားလာသူတွေလဲ အနှောက်အယှက်ဖြစ်ရတယ်။

အလှူခံရင်း စီစဉ်ကြေငြာနေသူကလဲ တကယ့် နားမချမ်းသာစရာ ကိုမိုက်ခဲ ၊

သူတယောက်ထဲ ယဉ်ထိမ်းလုပ်လိုက် ဂေါပကလုပ်လိုက်၊

“ဆိုင်ကယ်တွေ ဖြေးဖြေးစီးကြပါ ၊ ပါဆယ်တွေ မထုပ်ကြပါနဲ့ ၊ ဦးဘယ်သူက ဘယ်လို့လှူသွားပါတယ်၊” စုံလို့ စုံလို့

ကုသိုလ်ပြုတာတော့ သာဓုခေါ်ချင်ပါတယ်၊ ဒါပေမဲ့

ဖျော်ရည်တိုက်လို့ အဟာရဖြစ်လာမှ မပြောစလောက်ပါ၊ တကယ်ရနိုင်တာက ကူးစက်ရောလို B ပိုးဖြစ်နိုင်တယ်

တခြားရောဂါရနိုင်တယ်၊ လမ်းဆုံလမ်းခွဖြစ်တာကြောင့် ဆိုင်ကယ်တွေ ခဏခဏတိုက်မိတယ်၊ သွားလာသူတွေ စိတ်အနှောက်အယှက်ဖြစ်ရတယ်၊ ပတ်ဝန်းကျင် နားမချမ်းသာစရာတွေကြားနေရတယ်၊

ကျနော့်စိတ်ထဲ ဘဝင်ကျတာလေး ရေးမိတာပါ၊ ရေးမိရေးရာ ရေးရတာကြောင့် စာတော့ မချောနိုင်တာ ရွာသူရွာသားအပေါင်း သီးခံပေးကြပါခင်ဗျာ။

 

 

17 comments

  • မောင်ပေ

    November 7, 2012 at 8:57 pm

    ရန်ကုန်ကဖုန်းဆိုင် ဆမ်ဆောင်းဖုန်းတွေ ၅ထောင်နဲ ့ရောင်းမယ်ဆိုသလို ဖြစ်တာပေါ့
    ဖုန်းဝယ်ဖို ့လာတဲ့ လူတွေ အရမ်းများလို ့၊ ထိခိုက်ဒဏ်ရာတွေ ရကြသတဲ့

  • ရွာသူ jujuma .

    November 7, 2012 at 9:39 pm

    အဲတာဆိုရင်တော့ လူူတကာလက်ထဲကပိုက်ဆံတွေကိုရောဘယ့်နှယ် လုပ်ကြမလဲဗျို့

  • pazflor

    November 7, 2012 at 10:36 pm

    တစ်ခါသုံးဖော့ခွက်တွေသုံးလိုက်ရင် အဆင်ပြေသွားမှာပါဗျာ

  • Thu Wai

    November 7, 2012 at 11:00 pm

    ကိုမိုက်ခဲ မိုက်ကိုင်ပြီး အော်နေရရင်ထမင်းမေ့ဟင်းမေ့လေ ။
    ဒါနဲ့ ကျွန်တော်တို့ လမ်းထဲမှာလဲ လူကြီးသုံးယောက် တစ်ယောက်ထ တာနဲ့ တစ်ယောက်ကမိုက်ကိုနေရာဝင်ယူပြီး တရားဟောဖို့ချောင်းနေတာအဆင့်သင့် အဲဂလို အဲဂလို။

  • Mobile

    November 8, 2012 at 12:54 am

    လူတွေရဲ့ စည်းကမ်းမရှိမှု မိမိကိုယ်ကို သတိမထားမှုကြောင့် အဓီကဖြစ်ရတာပါ။
    စည်းကမ်းရှိရှိနဲ့ သွားလာကြမယ်။ ကိုယ့်မှာ ဘာရောဂါရှိတယ် ဒါဆိုရင် ဒီဟာစားသင့် မစားသင့်
    အကောင်းနဲ့ အဆိုးဆိုတာကတော့ အရာတိုင်းမှာ ရှိနေစမြဲးပါပဲ။ ဆိုင်ကယ်တွေကြောင့်
    သွားလိုတဲ့နေရာကို အလွယ်တကူသွားနိုင်ပေမယ့်။ ဆိုင်ကယ်တိုက်ခံရလို့ သေတဲ့လူတွေ ဆိုတာလဲ
    ရှိနေကြပါတယ်။

  • ဦးဦးပါလေရာ

    November 8, 2012 at 10:39 am

    စတုဒိသာ လို့ခေါ်တဲ့ အရပ်လေးမျက်နှာမှ လာသမျှအားလုံးကို လှူတဲ့အလှူမျိုးဆိုတာ
    အလှူရှင်အတွက် အရမ်းပျော်စရာကောင်းတယ်
    လိုအပ်သူတွေအတွက်တော့အကျိုးရှိတယ် (ဥပမာ စတုဒိသာထမင်းကျွေးရင် ဆင်းရဲသားတွေ ကောင်းကောင်းလဲစားရ တနပ်လဲသက်သာတယ်)
    အဲဒါမျိုးသွားစားသောက်ရတာပျော်တတ်သူတွေ(ဥပမာဦးပါလေရာ)အတွက်လဲ ပျော်စရာကောင်းပါတယ်။

    ကုသိုလ်…. လား……
    အဲဒါတော့ စာအုပ်တွေထဲမှာရှိမယ်…..
    ရှာဖတ်ကြည့်ဦးမှ…….

  • jullies cezer

    November 8, 2012 at 11:26 am

    ဘာကိုသတိရမိသွားလဲဆိုတော့ အရင်အဆက်ဆက်ကကြားခဲ့ဖူးသားစကားလေး
    ဆောင်ပုဒ်လေးတစ်ခုကိုသတိရမိတယ် ”ခေတ်မှီဖွံဖြိုးတိုးတက်သောနိုင်ငံတော်
    သစ်ဆီသို့ ဖယောင်းတိုင်ကိုင်ပြီးချီတက်ကြပါစို့လေ” ဘယ်လိုပြောရမလဲရောဂါကို
    ကြောက်ရမဲ့အသိတရားလေး မဖွံဖြိုးတဲ့သဘောလေးပါ ……

  • Wow

    November 8, 2012 at 11:29 am

    ဟုတ်တယ်.. ဒါမျိုးက ရောဂါကူးဆက်နိုင်ခြေအများကြီးရှိတယ်… ပြောသလို ရီဆိုင်ကယ် ခွက်လေးတွေဆိုရင်တော့ အဆင်ပြေမယ်..
    အလှူတွေမှာဆိုလဲ အဲလိုပဲ … ဘယ်သူမှ တစ်ယောက်တစ်ခွက် မလုပ်နိုင်ကြဘူး… သူစားပြီး ငါဆက်စားပဲ ဟင်းပန်းကန်တို့ ဟင်းချိုပန်းကန်တို့… :buu:
    ပြောရရင် ဝက်သားတုတ်ထိုးသယ်တွေ ….. အင်း…. :chee:

  • ဘာပဲပြောပြော …
    “မ” တစ်လုံးရဲ့ တန်ဖိုး ..
    ဘယ်လောက်ထိအောင် ရှိလဲဆိုတာ
    ကျုပ်တော့ သိသွားရတယ် …..

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 8, 2012 at 9:14 pm

    ဘယ်ရပ်ဌာနီလည်းတော့သိဘူးနော
    ကျုပ်နေတဲ့ဌာနေမှာ အဲ့သည်လို အခြေနေလေးတွေ ရှိနေခဲ့မယ်ဆိုရင်တော့
    ကျုပ်ကလည်းနည်းနည်းပါးပါး သိတတ်နားလည်တတ်ဒါဂိုးးးး
    အဲ့သည် လိုဌာနကိုချည်းကပ်ပါမယ်
    သက်ဆိုင်သူတွေကို ဆွေးနွေးကြည့်ပါမယ်
    ရေတစ်ပီပါလောက်ကုသိုလ်ပြုပေးလိုက်ရင်
    သောက်ပြီးခွက်တွေကို ကုသိုလ်ဖြစ် ဆေးကြောပေးမယ့် နတ်သမီးလောင်းလှလှလေးတွေပေါ်လာမည်ထင်ဘာဂျောင်း

  • kai

    November 9, 2012 at 2:06 am

    “ငါ့လက်ကလွတ် ဗြွတ်” အလှူ…
    အားမပေးကြောင်း…

    ကိုယ့်စိတ်ချမ်းသာရ ရမှုလေးအတွက်.. အလှူခေါင်းစဉ်တပ်ပြီး.. ငွေကြေး..အခြေအနေမပြည့်စုံနေသူတွေကိုသွယ်ဝိုက်ဒုက္ခပေးနေတာသာ ဖြစ်ပါကြောင်း…
    အခန့်မသင့်ရင်..အလှူခံတွေဟာ.. ရောဂါပိုးကူးစက်ခံရပြီး.. အသက်သေနိုင်တာမို့.. အလှူရှင်ဟာ.. လူ့အသက်သွယ်ဝိုက်နည်းနဲ့သတ်တာ.. ဖြစ်သွားနိုင်ပါကြောင်း…
    အသည်းရောဂါဗိုင်းရပ်စ်ကူးစက်ခံထားရသူ.. မြန်မာ့လူဦးရေရဲ့.. ၁ဝရာနှုန်းလောက်ရှိနေတာမို့.. လူ၁၀ဝ အလှူလာရင်.. ၅ယောက်ကတော့ ဗိုင်းရပ်စ်သယ်သူဖြစ်နေမှာသေချာပါကြောင်း..။

    ပါဏာတိပါတ အင်္ဂါ ၅-ပါး။ -သတ်မှုကံမြောက် ဆုံးဖြတ်ချက်အကြောင်းငါးပါး၊
    (၁) ပါဏ- သက်ရှိသတ္တဝါဖြစ်ခြင်း၊
    (၂) ပါဏသညိတ-သက်ရှိသတ္တဝါဟု မှတ်သိခြင်း၊
    (၃) ဃာတ စိတ္တ- သတ်လိုသောစိတ်ရှိခြင်း၊
    (၄) ဥပက္ကမ-လုံ့လဉပခြင်း၊
    (၅) မရဏ-ထိုလုံ့လကြောင့် သေခြင်း။

  • ကိုခိုင်ရေ
    ကျနော်တို့ဆီက ကျန်းမာရေးအသိနည်းပါတယ်
    ကျနော်ကိုယ်တိုင်ကစလို့။
    အပွင့်လင်းဆုံးပြောရင် ဖြစ်သလို နေ ဖြစ်သလိုစား နဲ့ ဘဝကြီးကို ချီတက်လာကြရတာ
    နှစ်ပေါင်းများစွာကြာပေါ့ ။
    အဲတော့ သိပေမယ့်လည်း ဇာချဲ့လို့ မရပြန်ဘူး။
    တကယ်ပြောရင်တော့ ငတ်နေတဲ့လူအဖို့က နောက်မှ သေမှာကို ဂရုမစိုက်အားဘူးဗျာ။
    လောလောဆယ် ငတ်မသေဘို့အရေးကြီးတယ်။
    ဒါကြောင့် စတုဒီသာကျွေးတယ်ဆိုတာနဲ့ အားရဝမ်းသာ သွားစားကြရရှာတာပါဗျာ။
    အဲတော့ အလှူပေးတာကို အပြစ်ပြောနေမယ့်အစား စနစ်ကျအောင်ဘယ်လိုဝိုင်းကူကြရင်ကောင်းမလဲ လို့ စဉ်းစားပေး ကူပေးတာက ပိုလက်တွေ့ကျပါတယ်။
    လောကမှာ အလွယ်ဆုံးက ကို်ယ်တိုင်မလုပ်ဘဲ သူများ လုပ်နေတာကို ဝေဖန်တာပါတဲ့။

    • kai

      November 9, 2012 at 1:44 pm

      ဒီလိုနဲ့.. ကျုပ်အမေ.. အသည်းရောင်ဘီပိုးကူးစက်ခံရပြီး..ဆုံးခဲ့တယ်..။
      အခု..ကိုတိုးကြီး.. အသည်းရောဂါစီပိုးပဲ..။
      လူအများနဲ့ ထိတွေ့ဆက်ဆံရတဲ့..ပါ့ဗလစ်အလုပ်တွေမှာ. အန္တရာယ်ရှိတဲ့..အမှားမျိုးရှိ(နိုင်)ရင်… ပြောဖို့..ဘလိမ်းလုပ်ဖို့.. ကလိမ်းတက်ဖို့… နိုင်ငံသားတိုင်းမှာ.. တာဝန်ရှိပါတယ်..။

      မှားနေတဲ့အလုပ်ကို.. မှားနေတယ်လို့… ပြောရပါမယ်..။
      အခုအပေါ်က..ပို့စ်ရဲ့အလှူမျိုးကို.. “ကုသိုလ်လား.. ငရဲပေးခဲ့တယ်” လို့.. အမည်လှလှလေး.. တပ်ပေးချင်တာ…။

      ဒီလို… တာဝန်မယူတဲ့… “ငါ့လက်ကလွတ်… ဗြွတ်…”.အလှူမျိုးကို.. … ကိုယ်တိုင်လည်းမလုပ်ရဘူး..
      မလုပ်သင့်ကြောင်းကို. ဘေးလူတွေလည်းပြောရမယ်..။
      တခြားလူတွေမလုပ်အောင်လည်း.. တိုက်တွန်းရမယ်..
      ဖြစ်နိုင်ရင်.. တားဆီးရပါမယ်..။
      ပိုဖြစ်နိုင်ရင်.. ဥပဒေနဲ့ကို.. ထုတ်တားဆီးရပါမယ်..။ ဥပဒေပြုသူတွေကို.. အကြံညဏ်ပေးရပါမယ်..။

      ယူအက်စ်မှာ.. တခုခုလှူတယ်ဆိုရင်.. လမ်းဘေးမှာ.. သူတောင်းစားကို.. စားစရာပေးတာကအစ.. လှူသူကတာဝန်ခံ..တာဝန်ယူရပါတယ်..။
      သူတောင်းစားက.. ဗိုက်နာတယ်..။ အံတယ်ဆိုရင်.. အစာပေးသူလှူသူက.. အစအဆုံးတာဝန်ယူ လျှော်ရပါတယ်..။
      အဲဒီလိုလျှော်တာကာမိအောင်.. အလှူလုပ်ရင်.. ပွဲလုပ်ရင်.. ရံပုံငွေရှာပွဲလုပ်ရင်.. လုပ်တဲ့ပွဲတိုင်းမှာ.. အာမခံသိန်းချီသန်းချီတန်ဖိုးကို.. ဝယ်ရပါတယ်..။
      လှူတဲ့ငွေတွေလက်ခံသူ.. ပေးသူတွေကလည်း.. . ကိုယ်ဘာလုပ်ခဲ့တယ်..။ ကိုယ့်ငွေတွေ..သူများငွေတွေ..ဘယ်လိုအသုံးပြုတယ်..။ အစိုးရဆီမှာ. စနစ်တကျ.. ငွေစာရင်းပြုစုတင်ပြရပါတယ်…။

      ယူအက်စ်ကလုပ်နိုင်ရင်.. မြန်မာပြည်က ဘာလို့မလုပ်နိုင်ရမလည်း..
      ယူအက်စ်မှာနေတာ… လူတွေပါ..။
      မြန်မာပြည်မှာလည်း.. လူတွေနေတာပါ…။
      ယဉ်ကျေးမှု.. သမိုင်းကြည့်ရင်.. မြန်မာ့သမိုင်းဟာ..ယူအက်စ်သမိုင်းထက်.. ထောင်ချီကြာပါသေးကြောင်း… :kwi:

      “ကုသိုလ်လား.. ငရဲပေးခဲ့တယ်”

      • Wow

        November 9, 2012 at 2:12 pm

        ဒါဆို စနစ်ကြောင့် ဟုတ်ဘူးပေါ့နော် ဒဂျီး :harr:

      • မိုက်ကယ်ဂျော်နီအောင်ပု

        November 9, 2012 at 2:12 pm

        ဟုတ်ပါတယ်သဂျီးမင်းခင်ဗျား
        မြန်မာနိုင်ငံက ဘုန်းတော်ကြီများကို နံနက်တိုင်
        ဆွမ်းလောင်းလှူတဲ့သူတွေကို ကျမ္မာ သန့်ရှင်းမှု့ ရှိမရှိ
        စနစ်တကျ စစ်ဆေးရပါမယ် တေါ့ရှိရင်အရေးယူရပါမယ်
        ဘာဖြစ်လို့လည်းဆိုတော့ ရဟန်းသံဃာ မယ်သီလတွေဆိုတာ
        ဗုဒ္ဗဘာသာ တည်တံ့ရေးတွက် ကဏ္ဍတစ်ခုကနေ ပါဝင်နေတဲ့အတွက်ပါ
        မသန့်တာတွေကို လှူလို့ ရဟန်းတွေစားမိရင်
        ရဟန်းတွေ ရောဂါဖြစ်ပါမယ်
        ရဟန်းတွေ ရောဂါဖြစ်ရင် ဗုဒ္ဓ ပရိယတ် ပတိပတ် တွေမလုပ်နိုင်တဲ့အတွက်
        သာကွယ်သွားနိုင်ပါတယ်ခင်ဗျား။

  • သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)

    November 9, 2012 at 3:51 pm

    စာဖတ်သူများသို ့………

    ဒီပို ့စ်ကို အခေါက်အခေါက်အခါခါ ဖတ်ကြည့်ပါတယ်…..
    ဘယ်လိုဖတ်ဖတ် လိုရင်းအနှစ်ချုပ်ကတော့ သန် ့ရှင်းရေးမနိုင်တဲ့ အလှူတခုဟာ လူတွေကို သတ်သတ် ဒုက္မ ပေးတယ်လို ့ စာရေးသူက မြင်စေကြောင်း…….

    ပြောချင်တာက သန် ့ရှင်းကို လိုနေတာ အလှူတခုထဲတင်မကပါဖူး……
    ရပ်ကွက်ထဲက စားသောက်ဆိုင်…. ဈေးဆိုင်… အမှိုက်ပုံ… လူသုံးပစ္စည်း……

    ရှင်းရှင်းပြောရင် အခု စာဖတ်နေတဲ့သူတွေတောင် အိမ်သာတက်ပီးတိုင်း လက်ဆေးမိကြရဲ့လား…..
    မိမိကိုယ်တိုင်ရဲ့ သန် ့ရှင်းရေးကိုလည်း တချက်ပြန်စစ်ပါအုံး…..
    ကြံဖန်စဉ်းစားမိရင် ကိုယ့်ရှူနေတဲ့လေ စီးနေတဲ့ဘက်စ်ကား နေတဲ့အိမ် တိုက်ခန်း……
    စိတ်ညစ်စရာတွေချည်းပဲ…… တိုက်နဲ ့ကားနဲ ့ ဘောစိတွေတော့ မပါဖူးနော်…..

    အလှူမှာ သန် ့ရှင်းရေးလုပ်ဖို ့လိုတယ်ဆိုတာ မှန်ပါတယ်………
    ဒါပေမယ့် စဉ်းစားကြည့်ပါအုံး ကွယ်…..
    ကိုယ်ထိုင်နေတဲ့ အခန်းထဲမှာတောင် ကိုယ့်ကို သေစေနိုင်တဲ့ပစ္စည်းတွေ ဒုနဲ ့ဒေးပါ……
    Final Destination ကိုကြည့်ဖူးမှာပေါ့….. ဘာမှ မဟုတ်တဲ့ အကြောင်းရင်း ဘာမှမဟုတ်တဲ့ ပစ္စည်းလေးတွေနဲ ့ရက်ရက်စက်စက်သေသွားတာ……

    သန် ့ရှင်းရေးကို ဂရုစိုက်စရာမလိုဖူးလို ့ပြောတာမဟုတ်ပါဖူး…..
    တက်နိုင်သမျှလုပ်ပါ….. လိုအပ်တဲ့ အသိညဏ်နဲ ့ ငွေကြေးတွေ များနေသရွေ ့…..
    အလှူတိုင်းက စာရေးသူကော စာဖတ်သူတွေကိုပါ စိတ်ကျေနပ်စေမှာမဟုတ်ပါဖူး……
    အပြစ်ကတော့ ရှာတက်သောသူမှာ ရှိသည်တဲ့…….

    ဆိုလိုချင်တာက စာရေးသူရဲ့ သန် ့ရှင်းကို ဦးစားပေးတဲ့ အလှူဖြစ်စေချင်တဲ့ စေတနာကို နားလည်ကြောင်း….
    သို ့သော် မရှိတဲ့ထဲက လှူတဲ့အလှူကို တော့ ချမ်းသာပေးစေချင်ကြောင်း………..
    တခြား ဥပမာ ပုံပမာတွေ ပေးစရာ ဒုနဲ ့ဒေးရှိကြောင်း………

    လေးစားလျက်
    တိမ်မည်း

  • uncle gyi

    November 9, 2012 at 4:46 pm

    အလှူခံအလှူခံနဲ့
    လွယ်တဲ့အလုပ်မှတ်လို့
    ရွာထဲကကိုဘယ်သူမဘယ်ဝါ
    ကိုယ်တိုင်မိုက်ခဲဖူးသလား
    ကိုယ်တို်င်ပြောကြည့်မှ
    လေကြောမပြတ်အောင်ပြောရတာ
    သူလည်းလေအတတ်တခု
    လမ်းမပိတ်ဖို့စားစရာသန့်ရှင်းဖို့တော့
    အလှူခံဖက်ကအသေအချာတာဝန်ယူရမလိမ့်
    ဒါလည်းလေအသိတခုလူတိုင်းမှာရှိဖို့က
    ဒို့တိုင်းပြည်အတော်လုပ်ယူရပေလိမ့်
    ပြည်သူတွေအသိပြည့်တဲ့နေ့
    ဒို့တိုင်းပြည်အမှန်သာယာပြီပေါ့
    မြန်မကြာရောက်လိမ့်မယ်
    မျှော်လင့်နေတုန်း

Leave a Reply