“ကြက်ချေးတန်းနဲ့ပြိုင်ဘယ်သူနိုင် ပဟေဠိအစီအစဉ်” (မန္တလေးဂေဇက်ချစ်သူအောက်တိုဘာလ(၂၀၁၂) ဇကာတင်စာရင်း)

“ကြက်ချေးတန်းနဲ့ပြိုင်ဘယ်သူနိုင် ပဟေဠိအစီအစဉ်”

(မန္တလေးဂေဇက်ချစ်သူအောက်တိုဘာလ ဇကာတင်စာရင်း)

 

အခုခေတ်မှာ ဟိုဟာနဲ့ပြိုင်ဒီဟာနဲ့ပြိုင်ကြတာက  အတော်လေးခေတ်စားပါတယ်။

ဒါကြောင့် ၂၀၁၂ (အောက်တိုဘာလ)မန်းလေးဂေဇက် ချစ်သူ ဇကာတင်စာရင်းကို လည်း ခေတ်နဲ့အညီ ပဟေဠိလေးနဲ့အဖြေညှိဘို့အတွက်

“ကြက်ချေးတန်းနဲ့ပြိုင်ဘယ်သူနိုင်”အစီအစဉ်လေးနဲ့ တင်ဆက်လိုက်ရပါကြောင်း

ရွာသူားအပေါင်းတို့ ……………………………………….

“ရို့…………ရို့………………ရို့……………ရို့”

ဟစ်ဟော့သီချင်းဖွင့်၍ ဂဏန်းစတိုင်အကဖြင့် စာဖတ်ရွေးအဖွဲ့က ဧည့်လိုက်ပါသည်။

(မှတ်ချက် ယူရေနီယံအဖွဲ့ထံတွင် သုံးရက်တိတိသွားရောက်လေ့ကျင့်ထားပါသည်။)

 

“ပန်းပဟေဠိ”

 

ပြန်တမ်းဝင် ရတနာပုံဝင်းအတွင်း

ဥယျာဉ်မှူးတွေကလဲ ပေါမှပေါ။

ပန်းခင်းတွေများမှများ။

တစ်လတစ်ခါ

အလှဆုံးပန်းတစ်ပွင့်

ဝင်ရွေးကြည့်ကြတဲ့အခါ။

 

တူညီတာ မတူညီတာအပထား

ရနံ့သင်းရာ

အဆင်းလှရာ

အရောင်စုံရာ

ပန်းကလေးများ ကိုရွေးထုတ်၊

ပန်းကုံးလေးတစ်ခုအဖြစ်ဖန်ဆင်းခဲ့ကြပါတယ်။

 

၂၀၁၂ အောက်တိုဘာ

ပန်းစိုက်လာသူ တစ်ဆယ့်ခွန်

ပန်းကောက်သူ ကတော့ ကောက်ရိုး

ပန်းပွင့် လေးတွေက နှစ်ဆယ်သုံးပွင့်

အဆင့်အဆင့်စီရရီ

ရွေးချယ်လို့သီ။

 

 

ပန်းစိုက်သူ တစ်ဆယ်ခွန်

မြောက်စား လို့ ဇကာတင်

ပဟေဠိအသွင် ဖြေကာညှိ

ဟောဒီမှာကြည့်……………………………………………………

 

(ဇကာတင် စာရေးဆရာများ၏ အမည်ကို ဖြေဆိုရန် မေးခွန်းတစ်)

 

၁။         မြေကြီး ကိုဆရာ တင် ဘူမိဆို ပညာတွေသင်ပါတဲ့ အုန်းစတူး

(ဝက်စတူးနှင့် မပါတ်သက်စေရ)

၂။         ဂျလေဘီအခြေအနေမကောင်းလို့ ဆန်ပြုတ်ကိုပြောင်းကာရောင်းပါတဲ့

ကမောက်ကမဂိုဏ်းချုပ်ကြီး။

၃။         မခရင် သူမခင် ရချင်ရင် ကိုယ်က အရင်ပေးလို့ ဆိုပါတဲ့ ကိုအဝှာ

(၎င်းအမည်ပိုင်ရှင်က အကယ်ဒမီများရှင် လူသားအားလုံးကိုလေးစားသောသူနှင့် လုံးဝ ပါတ်သက်မှု့မရှိကြောင်း တင်ပြထားပါသည်)

၄။         “မမ” မြို့ကသူလာ “မမ”သီးတွေရောင်းလို့ရောင်း ပုရစ်တွေကြော်လိုကြော်

တောပြုန်းအောင်ထင်းတွေခုတ် ဒါနဲ့တောင် သူက ရှုံးပါတယ်ဆိုပြီး အရိုးမပါတဲ့

တောဝက်သား ပယ်ပယ်နယ်နယ်စားပါတဲ့ ဟိုသူငယ်။

၅။         အသွားမတော်တလှမ်း အစားမတော်တလုပ် သေမင်းကိုခလုပ်တိုက်မိ

နေတာတောင် သူ့ဖာသူအေးအေးနေတဲ့ အပျိုကြီးကို ချောက်ချ ချင်သေးတဲ့ ချစ်မေမေ

၆။         အညာပြန်အိမ်အရောက် ညမှောင်မှောင်မှာ  ချောင်ခိုကာအရက်သောက် ပြီးမှ

မျက်ရည်တွေ စိုအောင်ငိုခဲ့ ရတဲ့ ကန္တာရဝတီက လာသူတစ်ယောက်။

၇။         အရင်က တော့ ညီမလေးဖတ်ဖိုု့လို့ ဆိုကာဆို အခုမှာ တမူပြောင်းပြန်ပေါ့ ကလေးလေးတွေပညာမတတ်မှာ

အတော်လေးကို ပူနေသူ  ထေးဝက်

(မှတ်ချက် ဓညင်းဝက်နှင့် ညီအကို ဆယ်ဝမ်းကွဲတော်စပ်သူ)

၈။         ဓါးသွားပေါ်လျောက်လိုလျောက် အဖေ့အကြောင်းပြောလိုပြော

နည်းနည်းလေးလွဲလိုလွဲ အက္ခရာတွေ တန်းလိုတန်း

အပျင်းမဖက် အလင်းတွေက ဆက်နေတဲ့သူကတစ်ယောက်။

(ဆက် ကို စက်လို့ အသံထွက်ရင် အသရေဖျက်မူ့နဲ့  ဥပဒေကြောင်းအရ

အရေးယူမယ်လို့ စာပို့ထားပါသည်)

၉။         လေယာဉ်ပျံမစီး ချင်ဘဲ ရေဆန်ကို မှ စီးချင်တယ် ဆိုလေသူ ပဋိက္ခရားမင်းသားရဲ့ချစ်သူ

(ကျန်စစ်သား/စိုးလွင်လွင် သမီးနဲ့ နာမယ်တူတယ်လေ)

၁၀။       အသက်ကြီးတာတောင် ဝမ်းတီး တူးတီး နဲ့ငယ်မူပြန်ပြီး လက်ဖက်ရည်ဆိုင်တကာ လှည့်ထို်င်နေတဲ့

ကိုရီးယားမင်းသား အီးကယ်ဂျန်

(သူလဲ တစ်ခါတစ်လေ လက်ဆော့တတ်တယ်)

၁၁။       မျဉ်းပြိုင်တွေ နှစ်ကြောင်းဆွဲ ပြီး မောဟ နဲ့ ယဉ်ကျေးမူ့တွေကို

ရာဇဝင်ထဲမှာ မှတ်တမ်းတွေတင်ပါတဲ့ နှင်းကေသရာချစ်တဲ့ လုံမလေး

၁၂။       အရင်ကတော့ရပ်ကွက်ထဲမှာ မုန့်ဟင်းငါးလည်ခါရောင်း

အခုတစ်ခါ ညဈေးပြောင်းဈေးရောင်းတာအတော်လေးဝါသနာပါသူကလဲ တစ်ယောက်။

၁၃။       မီးမီးကို ကြိုက်လို့ကြိုက်လို့ ဆိုဆိုပြီး  ကြီးတာတောင်မလိမ္မာ ရီးစားစာ လာလာပေး

လို့ အတိုင်ခံထားရတဲ့  ဦးလေးကြီးက တစ်ယောက်

၁၄။       ပြောင်းလိုပြောင်း ချိန်းလိုချိန် အပေါ်မှာ ဒိတ်လိုဒိတ်တဲ

အမည်ဟောင်းကတော့ သုဓမ္မသိင်္ဂ ီနောက်မှပြန်ပြောင်းလိုက်တဲ့သူ။

၁၅။       မျက်နှာပြောင် ခြောက်ဒေါင့် နဲ့ ရွှေဥ ဥတဲ့ငှက်ပိုင်ရှင်

(လောလောဆယ်တော့ သူက ဂိုင်းနက်စ် ဘုတ်မှာ စံချိန်တင်ချင်လို့ ယောက်ျားစင်စစ်ကနေလေဥ ဥဘို့

ကြိုးစားနေတယ်လို့ သတင်းရထားပါတယ်)

၁၆။       လက်ဆော့ လွန်းတဲ့ ပြစ်မူ့ကြောင့် ပြဒါးပျက်နေတဲ့မှန်ပေါ်တင်       ပြီး စလေအညာက ပုလွေဆရာနောက်ကို

ထည့်လို့ပြည်နှင်ဒဏ်အပေးခံထားရတဲ့သူ။

၁ရ        ဆရာကောင်းတပည့်ပန်းပန်ဆိုသကဲ့သို့  ပို့စ်နှစ်ပုဒ်ရေးပြီးတာနဲ့တင် ပုံနှိပ်ဘို့ကမ်းလှမ်းခံရသူ

ခြင်္သေ့မြိုသူ

(ဇကာတင် စာရေးဆရာများအမည်များကို ဖြေဆို၍မှန်ကန်ပါကအောက်ပါမေးခွန်းများကိုဆက်လက်ဖြေဆိုနို်င်ပါသည်။)

 

 

အောက်ဖော်ပြပါ စာပိုဒ်ကို ဖတ်ရှု့ပြီးသကာလ ပန်းကောက်သူ (၉)ယောက်မှ

ကောက်ယူပေးထားတဲ့ဥယျာဉ်မှူး (၁၇)ယောက်ရဲ့ပန်း(၂၃ )ပွင့်ရဲ့အမည်ကိုဖြေဆိုပါ။

 

 

 

 

 

အမြဲတမ်းပြောင်းရမယ် ဆန်းသစ်နေရမယ်  အဆင့်မြင့်နေရမယ်လို့ ပြောပါများတော့

ကလေးလေးတွေပညာတတ်ကြီးဖြစ်ဘို့ဆိုပြီး ကြွက်တွေကို ခေါ်သွားနိုင်တဲ့ ပုလွေဆရာတို့ရဲစလေအညာကို

ပြန်ခဲ့မိတဲ့ဖခင်ကြီးတစ်ယောက်ရဲ့ဘဝ က တော့

ရွှေဥဥနေတဲ့ငှက်လို့ထင်ပြီး မွေးထားမိခဲ့တဲ့ သတ္တဝါဟာလေ

ညအမှောင်ယံထဲမှာ ရောက်ပြီဆိုတာနဲ့ “ရချင်ရင်ပေးပါ ရချင်ရင်အရင်ပေးပါ”လို့

အော်သံတွေကြားမှ နည်းနည်းလေးလွဲနေတယ် ဆိုတာကိုသိလိုက်ရတဲ့အခါ

အညာပြန်မိတဲ့တစ်ခေါက် အတွက် မျက်ရည်လေးတွေကတစ်ပေါက်ဆိုတစ်ပေါက်

စိုလောက်အောင် ကျမိခဲ့ရပါသတဲ့။

 

အညာကိုတစ်ခေါက်ပြန်ခဲ့တုန်ုးက ဟိုင်းဝေးလမ်းပေါ်မှာ  ဝမ်းတီးတူးတီးဝယ်သောက်ရင်း

ဆန်ပြုတ်ရောင်းနေတဲ့ ညဈေးသည်ကို ရီးစားစာ ပေးမိတဲ့

ဘူမိဗေဒကျောင်းသားလေးတစ်ယောက် မှာ ပြစ်ဆုပ်ပြန် ကမောက်ကမဂိုဏ်းချုပ်ကြီးရဲ ့

မောဟမျဉ်းပြိုင်ရာဇဝင်တင်မကဘဲ ယဉ်ကျေးမူ့ဟု ဆိုသည်မှာ ဘာညာကွိကွ ဆိုတဲ့ တရားတောင် အဆစ်နာလိုက်ရပါသေးသတဲ့။

 

ရေဆန်စီးခွင့်ပြုဘို့တစ်ကိုယ်တော်  ဆန္ဒတွေဖော်ထုတ်နေပါတယ်ဆိုမှ ဗိုက်ဆာသထက်ဆာအောင်

ဟိုဟင်းကို ဟိုလိုတွဲ ဒီဟင်းကိုဒီလိုတွဲနဲ့လာလာချက်ပြနေတော့ သွား ရည်တမျှားမျှား ဖြစ်နေတဲ့အချိန်

မက်မန်းသီးတွေပေါတဲ့မေမြို့က ထင်းခုတ်သမား လာရောင်းတဲ့  ပုရစ်ကြော်နဲ့ တောဝက်သားတွေကို

ဝယ်စားမိတဲ့ အခါ အစားမတော်တစ်လုပ် ဆိုတာကို သဘောပေါက်သွားလောက်အောင်ကို

ဓါးသွားပေါ်လမ်းလျောက်ပြီး သေမင်းနဲ့စစ်ခင်းခဲ့ရပါသတဲ့။

 

အထက်ပါမေးခွန်းများကိုမှန်ကန်အောင်ဖြေဆိုနိုင်သူများအနက်မှ

ပထမဦးဆုံးဖြေဆိုသူ ခြောက်ဦးကို

သူကြီးဦးခိုင် အမြဲကိုင်နေသောနှစ်လုံးပြူးကိုတစ်ဦးလျှင် နှစ်လ

ပေးကိုင်မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

 

၂၀၁၂ အောက်တိုဘာလအတွက်မန်းဂေဇက်စာချစ်သူအကြိုက် အစီအစဉ်တွင်

ဖတ်ရွှေးအဖွဲ့မှ (၉)ယောက်မှ စာရေးသူ (၁ရ)ယောက်ဦးစာမူပေါင်း(၂၃)ပုဒ်

ကိုရွေးချယ်ထားပါသည်။

အများစိတ်ဝင်စားအောင် ပဟေဠိအစီအစဉ်လေးဖြင့်ဖော်ပြထားပါသည်။

စဉ်းစာရလွယ်အောင်အထောက်အကူအဖြစ်အောက်ဖော်ပြပါလင့်များတွင်

ရှာဖွေကြည့်နို်င်ပါသည်.။

 

https://myanmargazette.net/61107
https://myanmargazette.net/154234
https://myanmargazette.net/154152
https://myanmargazette.net/154151
https://myanmargazette.net/153683
https://myanmargazette.net/153657
https://myanmargazette.net/153615
https://myanmargazette.net/153451
https://myanmargazette.net/153390
https://myanmargazette.net/153311
https://myanmargazette.net/152784
https://myanmargazette.net/152607
https://myanmargazette.net/152342
https://myanmargazette.net/151869/
https://myanmargazette.net/151809
https://myanmargazette.net/151584
https://myanmargazette.net/151328/
https://myanmargazette.net/151171
https://myanmargazette.net/151141
https://myanmargazette.net/150995
https://myanmargazette.net/150923
https://myanmargazette.net/150573
https://myanmargazette.net/150292

60 comments

  • ယခုပိုစ်နှင့်ပါတ်သက်၍အမှားအယွင်းများရှိခဲ့ပါက ကျနော်၏တာဝန်သာဖြစ်ပါကြောင်း

  • ဦးဦးပါလေရာ

    November 8, 2012 at 10:09 am

    ပထမဦးဆုံးဖြေဆိုသူ ခြောက်ဦးကို

    သူကြီးဦးခိုင် အမြဲကိုင်နေသောနှစ်လုံးပြူးကိုတစ်ဦးလျှင် နှစ်လ

    ပေးကိုင်မည်ဖြစ်ပါကြောင်း

    မကြီးမငယ်နဲ့ အားရဝမ်းသာ ဝင်ဖြေဦးမလို့ …
    အဲဒီစာလေးတွေ့ပြီးမှ အရှိန်သတ်လိုက်ရတယ်။
    သူ့နှစ်လုံးပြူးက ပစ်တုန်းက ကျည်မထွက်ဘူး
    ကိုယ့်လက်ထဲရောက်လို့ ပြောင်းထဲချောင်းကြည့်မှ ထွက်နေရင်ဒုက္ခ….

  • ကထူးဆန်း

    November 8, 2012 at 10:12 am

    သတိ ..
    ရိုးသားစွာ ဖြေဆိုပါ ။
    အောက်မှ လင့်များ အရင် ဖွင့် မကြည့်ရ ။
    ပုံ
    stupid and active
    ငှက်ကထကြီးကိုယ်စား
    (ငှက်ကထကြီးအား MPT မှ ဒါဏ်ခတ်ထား၍ ရွာထဲ ဝင်မရရှာပါ):kwi:

    • ကထူးဆန်း

      November 8, 2012 at 10:15 am

      ဟိုက် .. ငှက်ကထကြီး ဘယ်ကနေ တိုးဝင်လာလဲ မသိဘူး .. ဆောဒီးပါ ငှက်ကထကြီးရေ .. :harr:

  • Mon Kit

    November 8, 2012 at 10:15 am

    လေးပေါက်ရေ…
    စိတ်ထဲကဘဲ မေးခွန်းလေးတွေဖြေလို့ အဖြေတိတ်တိတ်လေးညှိသွားပါတယ်….
    အားလုံး အားလုံး အကောင်းဆုံးတွေချည်းပါဘဲ…
    သူကြီး နှလုံးပူး မကိုင်ရဲလို့ စိတ်ထဲမှာဘဲ ဖြေဆိုသွားပါတယ်…..
    :hee:

  • weiwei

    November 8, 2012 at 10:21 am

    တစ်လတစ်မျိုး မရိုးရအောင်ပါပဲ … စိတ်ဝင်စားစရာလဲကောင်းပါတယ် …
    အစွမ်းတွေထုတ်ပြနေလိုက်ကြတာ နောက်လ ကြေညာရမယ့်သူတွေ အထိတ်တလန့်ဖြစ်ရအောင် … :kwi:

  • မပူပါနဲ့မွန်ကစ်ရေ
    ရဲရဲကြီးသာ ဖြေချလိုက်စမ်းပါအေ့
    မှန်တဲ့သူတောင်မှ ပထမဆုံးခြောက်ယောက်ထဲကို
    ကံဆိုးမှ ……………….အဲဟုတ်ပေါင်
    ကံကောင်းမှ ပါ မှာပါအေ့။
    ဖြေသာဖြေချလိုက်တော့နော်

  • မိုချို

    November 8, 2012 at 10:22 am

    ” အသွားမတော်တလှမ်း အစားမတော်တလုပ် သေမင်းကိုခလုပ်တိုက်မိ

    နေတာတောင် သူ့ဖာသူအေးအေးနေတဲ့ အပျိုကြီးကို ချောက်ချ ချင်သေးတဲ့ ချစ်မေမေ”

    ကိုယ့် ဘာ ကို ရေး တုန်း ကတောင် မတွေး မိဘူး။ လေး ပေါက် ရေး ပြ တော့ မှ ဖတ်ပြီး တစ် ယောက်တည်း အူတတ်အောင် ရီ မိတယ်။
    ပဟေဠိ လေးတွေ ဆက် စဉ်း စား လိုက် အုံး မယ်။ တော်တော် များများ သိတယ်။ ၃ ပုဒ်ေ လာက် ပဲ သေချာ အောင် ပြန် ကြည့် လိုက် အုံး မယ်။

    • Shwe Tike Soe

      November 10, 2012 at 9:07 am

      ရှစ်သောင်းးးးးးးးးးးးပေးလိုက်ပါပြီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး :hee:

  • Thu Wai

    November 8, 2012 at 10:33 am

    တော်ပြီ သိနေရင်တောင် ဖြေတော့ဝူး “သကြီး ရဲ့ နှစ်လုံးပြူးကိုပေးကိုင်မယ်ဆိုတော့ ”
    ကျွန်တော်က ငယ်ငယ်ကတည်းက အဖေ ဝယ်ပေးတဲ့ သေနတ်တွေတောင် ဆော့ရင်းနဲ့ ကျိုးသွားတာ။
    သူကြီး နှစ်လုံးပြူးက ပြောင်းတို နဲ့ ကျည်အဆန်ချောင် ကြီး ကို ကျိုးသွားရင် သူကြီးကတော် စိတ်ဆိုးနေအုံးမယ်။
    :mrgreen:

  • Ma Ei

    November 8, 2012 at 10:39 am

    ဆုကြေညာတဲ့ Post တွေကိုလဲ ဆုပေးရမှာ…
    မန်းဂဇက် ရွာသူား ပီပီ တစ်ဦးချင်းစီ
    အစွမ်းပြသွားလိုက်ကြတာများ…
    အံ့မခန်းပါလားနော်…

  • Khaing Zar Win

    November 8, 2012 at 10:49 am

    ဪ။ ကိုကြီးပေါက် ဇာတ်လမ်းမဆက်နိုင်တာ ဒါကြောင့်ကိုး။
    ခုနတည်းက မန့် မို့ပဲ။ လက်တွေတုန်နေလို့။ :kwi:
    အဖြေတွေက ၃ ယောက်လောက်ကို မသေချာလို့ ဖြေတော့ဘူးနော်။
    တစ်ယောက်ကိုတော့ သေချာသိသလိုပဲ။ :mrgreen:

    • Shwe Tike Soe

      November 10, 2012 at 9:08 am

      လေးသောင်းပေးလိုက်ပါပြီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး :kwi:

  • P chogyi

    November 8, 2012 at 10:52 am

    ၁၉၉ က လားခင်ဗျာ
    ပို့စ်ဝင်ဖတ်ပြီး ချာချာလည်သွားလို့
    ပြန်မထွက်တတ်တော့ဘူး ကူညီပါဦး။

  • Hnin Hnin

    November 8, 2012 at 10:56 am

    လေးပေါက်ရေ..ဖတ်ရင်း ရယ်နေရတာ..ပါးစပ်ကိုမစေ့ရဘူး…
    အဖြေတွေက တန်းပေါ်နေတာ မှန်းရလွယ်ပါတယ်…
    ‘ထေးဝက်’ ရောက်တော့ ကွင်းထဲက စာသားဖတ်ပြီး ရယ်လိုက်ရတာ…
    ‘ထက်ဝေး’ ကို ‘ဖတ်ရွေး’ ထဲ ထည့်လိုက်ရင်တော့ အံကိုက်ပဲ… 🙂

    အကုန်ကြိုက်တဲ့ ပို့စ်တွေချည်းပါလား…
    အကြိတ်အနယ်ပဲ ဒီတစ်လတော့ …ခေါင်းတော့ ခဲအုန်းမယ်… 🙂

  • Khaing Khaing

    November 8, 2012 at 11:36 am

    လေးပေါက်ရေ … ခေါင်းစဉ်လေးကို မြင်ကတည်းက တခစ်ခစ်နဲ့ရယ်ခဲ့ရတယ် …. လေးပေါက်ပေးတဲ့ ခေါင်းစဉ်ကိုတော့ အရမ်းခိုက်သွားပီ ………

  • စိန်ဗိုက်ဗိုက်

    November 8, 2012 at 12:02 pm

    အတော်နောက်တဲ့လူရီး
    ဘာမှန်းလဲသိဘူး
    သွား
    လူဇိုး

    ဆုရတဲ့ပို ့စ်ကို ကြေငြာပါ့မယ်
    အူးဗိုက်နှင့် ပန်းကမ္ဘာထဲမှာ တဝဲလည်လည် ဆိုတဲ့ခေါင်းဆင်နဲ ့ မစ္စတာ ဗိုက်ဖြစ်ပါတယ်
    ဗျစ်ဗျစ်ဗျစ်စ်.

    • Shwe Tike Soe

      November 10, 2012 at 9:13 am

      နှစ်သောင်းပေးလိုက်ပါပြီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • jullies cezer

    November 8, 2012 at 12:10 pm

    လေးပေါက်ကလဲ ၆ ယောက်ထဲတော့ပါချင်သား နှစ်လုံးပြူးမလိုချင်လို့
    မဖြေတော့ဘူး လေးပေါက်ရယ် 🙂

  • blackchaw

    November 8, 2012 at 12:32 pm

    ထုံးစံအတိုင်း
    လက်မလေးတစ်ချောင်း ထောင်ရင်း…
    လက်ခုတ်လည်းတီးရင်း…
    အားပေးသွားပါတယ်ဗျာ…။
    လေးစားခင်မင်စွာနဲ့
    ဘလက်ချော

  • kai

    November 8, 2012 at 1:11 pm

    လောလောဆယ်…
    ၂လုံးပြူး..အဖြေမှန်တဲ့..ရွာသူသားတွေ… ခဏပေးကိုင်ပြီး.. ကျုပ်က… ၃လုံးပြုးသေနတ်ပြောင်းကိုင်ရကောင်းမလားလို့..

  • MaMa

    November 8, 2012 at 1:24 pm

    အဖြေမှန်တဲ့သူကို သဂျီးရဲ့ ၂လုုံးပြူး ခဏပေးကိုင်မယ်ဆိုတော့……
    ရှင်ဘုရင်တွေလက်ထက်မှာတော့ သံလျှက်ပေးကိုင်ရင် ခေတ္တဘုရင်ဖြစ်တာပဲ။
    အဲဒီတော့ သဂျီးရေ-
    အကြွေးတွေ ဆပ်စရာမလိုဘူးဆိုရင် ကုလားထိုင်ခဏငှားပါ။ :kwi:

  • myanmarcitizen

    November 8, 2012 at 1:33 pm

    မသကာ ဘီအီးတစ်လုံး ဆိုဟုတ်သေး။ နှလုံးပြူး ပေးကိုင်မယ်ဆိုတော့ …. တော်ပီ 🙂

  • kyeemite

    November 8, 2012 at 2:04 pm

    သဂျီးမင်းရဲ့ “၂လုံးပြူး” တော့ ကိုင်ရဲပေါင်ဗျာ..
    ကြံကြံစီစီ…တောက်တီးတောက်တဲ့
    မသကာ.. Brand Ambassador နန်းခင်ဇေယျာ လေးရဲ့…..ဆိုတော်သေး…ဟေးဟေးဟေး
    ပြောရင်းနဲ့..ဟိုပျို့လေးသွားသတိရပြန်ပီ..ဟိ
    :harr:

    • အင်္ဂ ါZ

      November 8, 2012 at 2:15 pm

      အောင်မျလေး ..
      အဲ့ပျို့ထဲက ဒေါင်းဥခန့်မျှ
      ဆိုလို့ .သဂျီးက ကြက်ဥ သုံးဆ ဆိုလို့
      ရှာကြည့်ပြီး သူ့တောင် ပြလိုက်သေးတယ်..ခုလေးတင်..
      ၃ဆ မရှိပါဝူးဗျာ ..၂ဆလောက်ပါ…

      နန်းလေးက အဲ့လောက်တော့ မကပါဝူး ဟီဟိ..
      မိချောင်းဥလောက်တော့ အသာလေး… အဟေးဟေး…

    • Shwe Tike Soe

      November 10, 2012 at 9:15 am

      ခြောက်သောင်းပေးလိုက်ပါပြီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး :hee: :hee:

  • uncle gyi

    November 8, 2012 at 4:40 pm

    ပဟေဠိဖြေတာထက်
    ပဟေဠိဖတ်ပြီး
    ပဟေဠိရေးသူရဲ့ဟာသရွှေဉာဏ်ကို
    မှတ်တမ်းပြုလိုက်ပါတယ်ဗျာ
    မှတ်တမ်းလေးဖော်ပြပေးလို့မဖတ်ရသေးတာလေးတွေ
    ပြန်ဖတ်ဖို့အဆင်ပြေသွားလို့ကျေးကျေးပါဗျာ

  • cobra

    November 8, 2012 at 6:13 pm

    ဘာတွေမေးမှန်းလဲတိဘူး။
    တစ်ခုမှလည်းဖြေနိုင်ဘူး။

  • ပန်းကောက်သူတွေရဲ့ အနုပညာကို တကယ်လေးစားမိပါတယ်…
    လုံမဆို လတစ်လရဲ့ ပထမပတ်ရောက်ပြီဆိုရင် ဘယ်သူကတော့ ဘယ်လိုတင်ဆက်ပုံမျိုးနဲ့ အကောင်းဆုံးပို့စ်ကို ကြေညာမလဲဆိုတာ မျှော်နေမိတာပါ…
    ဒီလတော့ လေးပေါက်က အတန်းပိုင်ဆရာပေ့ါနော်… :mrgreen:
    အဖြေလေးတွေကတော့ သိတာလည်းရှိ၊ စဉ်းစားနေရတာလည်း ရှိပေါ့….

    jackpot မေးခွန်းအဖြေကိုပဲ စောင့်နေပါမယ်လို့…. :kwi:

    • Mr. MarGa

      November 9, 2012 at 7:44 pm

      ိဆယ့်တစ်မီးငြိမ်းချင်လို့လားဟင် လေးပေါက်

  • ကျုပ် အကုန်သိဒယ်လို့ ထားတော့ …
    ပေး … သဂျီး ..
    ခညား နှစ်လုံးပူးဂျီး … :mrgreen:

    ကျုပ်ဒါ နှစ်လုံးပူးရရင် ဘာကို အရင်ဆုံး လုပ်မလဲ ဆိုဒေါ့ ..
    နှာဘူးပြောင်ရယ်၊ ဘီအီးမောင်ရယ်၊ မလုံးမလုံးရယ် ..
    အဲ့သုံးယောက်ကို အရင်ဆုံး ပစ်မယ် …..
    လာလေရော့ .. ဒိုင်း .. ဖွတ် … :mrgreen:

  • ရွှေ ကြည်

    November 8, 2012 at 10:05 pm

    ကြက်ချေးတန်းနဲ့ပြိုင်တာဘယ်သူမှနိုင်ဘူးမို့လား လေးပေါက် :mrgreen:
    အားလုံးရစေသတည်း ဇကာတင်ထားသမျှအားလုံးဂွတ်နေတယ် ကဲကွယ် မိရွှေကြည်ကတော့
    မျိုးချစ်မို့လို့ ကျုပ်ယောင်းမကြီးရစေသတည်း :harr:

  • အရီးခင်လတ်

    November 9, 2012 at 3:53 am

    ကိုပေါက်ကြီးရေ ကိုပေါက်ကြီးရဲ့
    လက်စောင်းထက်လှချီလား။
    ခေတ်စကား ယူသုံးရရင် ရေလည်လန်းတယ်ဗျို့။
    အကြော်စုံမှ တကဲ့ အကြော်စုံပါ ခင်ဗျား။

    ကဲ ပိတ်သတ်ကြီးများ အဖြေ ရပြီလား။
    မြန်မြန်လေး။
    မဟုတ်ရင် “မအုန်းရင်” တစ်ယောက် မူးလဲနေရတာ အတော်ကြာပြီ။ 😆

    • Mon Kit

      November 9, 2012 at 10:52 am

      ဟီ ဟိ :hee:
      မအုန်းရင် တစ်ယောက် မူးလဲနေတာ ထူပေးမဲ့သူ ရှိတေးဝူးထင်တယ်…
      လေးပေါက်ရေ… စောင့်မျှော်နေဒယ်…….

  • Shwe Tike Soe

    November 9, 2012 at 11:11 am

    တား တိဒယ် ဖြေလိုက်ရမလားဟင်………. ဖြေချင်လွန်းလို.ပါ တဂျီး နှစ်လုံး…………..
    ကိုင်ချင်လို…….အဟီးးးးးးးးးးးးးးးးး

    စာကျန်။ ။ တဂျီး နှစ်လုံး အစား တဂျီးနှစ်လုံး ပြူးဟု ပြင်ဆင်ဖတ်ရှုပါရန်……(ခရက်ဒစ် တူ ကြေးမှုံ)

    :kwi: :kwi: :hee:

  • မအုန်းရင် လဲနေတာ ကို ဘယ်လိုထူရင်ကောင်းမလဲလို့ သူကြီးအိမ်မှာအစည်းအဝေးလုပ်နေလို့
    ကြာနေတာပါဗျာ

  • surmi

    November 9, 2012 at 1:22 pm

    အစ်ကိုရေ
    နောက်ကျနေမိပြီဗျို ့ ။ ကျနော် ့အဖြစ်ကရွာထဲဝင်လို့ မရတာပါ ၊
    အရင်က cdma 800 ဖုန်းလေးနဲ့ ရွာထဲချောင်းနေရတာ ….ခုတော့ ဘယ်လိုမှကို ဝင်လို့မရလို့
    ဒုက္ခကြီးကြီး ရောက်နေတယ်လေ ။ အားတဲ့အချိန်ကလည်း ည (၁၁)နာရီလောက်မှဆိုတော့
    အင်တာနက်ဆိုင်တွေလည်း မဖွင် ့ကြတော့ဘူး ။ ဒီလိုဆိုရင်တော့ အတော်လေးခက်ဦးမယ် ။
    အရင်ကတော့ ရွာကို ဟက်ထားတာလို့ထင်မိတာ ..။နောက်မှ ကျနော်တို့ဖုန်းတွေနဲ့ဝင်မရမှန်း
    သိတော့တာဗျို ့ ။ တစ်ပတ်လောက် ရွာထဲမရောက်တော့ အတော်လေးတော့ လွမ်းမိသား …။
    ခုလည်း …ဘယ်လောက်အထိ ရွာနဲ ့ဝေးရမယ်မှန်းမသိဘူး ။ ရွာသူားတွေကို တောင်ကြိုတင်ပြီး
    လက်ပြထားရမလိုဖြစ်နေပြီ ….။
    ဖုန်းနဲ့ ဘယ်လိုမှဝင်မရရင်တော့ တစ်ခုခုတော့စဉ်းစာရလိမ့်မယ်ထင်တယ် ။ ဖုန်းနဲ့ဝင်လို့ရတုန်းက
    လမ်းဘေးသစ်ပင်အောက်ကလည်းရွာထဲချောင်းလို့ရတယ် ….လက်ဘက်ရည်ဆိုင်ကလည်း ချောင်းလို့
    ရတယ် …။ ကျနော်က ရုံးခန်းအတည်တကျနဲ့ မဟုတ်တော့ ..နေခင်းနေ့လည် ရွာထဲမလာနိုင်ပြန်ဘူး။

    တစ်လတစ်လ ကြေငြာပုံလေးတွေ မရိုးနိုင်အောင်ပါပဲဗျာ …. ။ ဒီလိုနေ့လေးတွမှာ ပျော်စရာ …ရင်ခုန်
    စရာ…လေးတွေနဲ့တကယ်ကြည်နူးစရာပါပဲ ….။ ရွေးထားတာတွေက အားလုံး မိုက်တယ်ဗျို ့ …။
    အထူးသဖြင် ့ အစ်ကိုရေးထားတာလေးများ …လန်းမှလန်း ….။

  • မိုး မင်းသား

    November 9, 2012 at 6:27 pm

    သားသားလည်းဖြေမယ်နော်……..

    ဘာလို ့လည်းဆိုတော ့….သားသားက…သူကြီးရဲ ့နှစ်လုံးကိုကိုင်ချင်လို ့ဗျ….

    အဲလေ…မဟုတ်ပါဘူးနှစ်လုံးပြူးကိုပြောတာပါခင်ညာ……

  • အလင်းဆက်

    November 9, 2012 at 8:42 pm

    ူကြီးဦးခိုင် အမြဲကိုင်နေသောနှစ်လုံးပြူးကိုတစ်ဦးလျှင် နှစ်လ
    ပေးကိုင်မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်…..

    ဆိုတော့…. နှစ်လတောင် ဆိုတော့….

    စိတ်ဝင်စားတွားပြီ ။

  • ရွှေအိမ်စည်

    November 10, 2012 at 10:03 am

    အဖြေအားလုံးကို အမှန်အကန် ဖြေဆိုသွားတဲ ့…
    အကူညီယူမလားမယူဘူးလားကိုခါးခါးသီးသီးငြင်းပယ်သော
    ယုံလားမယုံဘူးလားကို မကြားချင်ဟန်ပြုနေသော
    မန်းဂဇတ်မှ…ရွှေအိမ်စည်က ဆုငွေကျပ် ၄၀၀၀၀ဝ တိတိကိုရယူပြီး

    သူကြီးဆုချသောနှစ်လုံးပြူးအား…ကျောင်းဆရာကိုပေါက်အား အနာဂါတ်ကျောင်းဆရာပီသစေရန်ပြန်လည်ပေးအပ်ခဲ ့ပါသည်။

  • etone

    November 10, 2012 at 10:06 am

    လေးလေးရေ … သမီးတော့ …ပဟေဌိတွေအကုန်လုံးနီးပါး မှန်အောင်မဖြေနိုင်ပါဘူး …အလုပ်နည်းနည်းများနေတာနဲ့ … ရွာနဲ့ မျက်ခြေပြတ်သွားလို့ … ခုမှပဲ လင့်တွေကနေ .. လိုက်ဖတ်နေရပါတယ် … ။ ပြီးမှပဲ .. ဒီလအတွက် .. အဒူလဲလို့ ခန့်မှန်းတော့မယ် ။ 🙄

Leave a Reply