“ကြက်ချေးတန်းနဲ့ပြိုင်ဘယ်သူနိုင် ပဟေဠိအစီအစဉ်” (မန္တလေးဂေဇက်ချစ်သူအောက်တိုဘာလ(၂၀၁၂) ဇကာတင်စာရင်း)

“ကြက်ချေးတန်းနဲ့ပြိုင်ဘယ်သူနိုင် ပဟေဠိအစီအစဉ်”

(မန္တလေးဂေဇက်ချစ်သူအောက်တိုဘာလ ဇကာတင်စာရင်း)

 

အခုခေတ်မှာ ဟိုဟာနဲ့ပြိုင်ဒီဟာနဲ့ပြိုင်ကြတာက  အတော်လေးခေတ်စားပါတယ်။

ဒါကြောင့် ၂၀၁၂ (အောက်တိုဘာလ)မန်းလေးဂေဇက် ချစ်သူ ဇကာတင်စာရင်းကို လည်း ခေတ်နဲ့အညီ ပဟေဠိလေးနဲ့အဖြေညှိဘို့အတွက်

“ကြက်ချေးတန်းနဲ့ပြိုင်ဘယ်သူနိုင်”အစီအစဉ်လေးနဲ့ တင်ဆက်လိုက်ရပါကြောင်း

ရွာသူားအပေါင်းတို့ ……………………………………….

“ရို့…………ရို့………………ရို့……………ရို့”

ဟစ်ဟော့သီချင်းဖွင့်၍ ဂဏန်းစတိုင်အကဖြင့် စာဖတ်ရွေးအဖွဲ့က ဧည့်လိုက်ပါသည်။

(မှတ်ချက် ယူရေနီယံအဖွဲ့ထံတွင် သုံးရက်တိတိသွားရောက်လေ့ကျင့်ထားပါသည်။)

 

“ပန်းပဟေဠိ”

 

ပြန်တမ်းဝင် ရတနာပုံဝင်းအတွင်း

ဥယျာဉ်မှူးတွေကလဲ ပေါမှပေါ။

ပန်းခင်းတွေများမှများ။

တစ်လတစ်ခါ

အလှဆုံးပန်းတစ်ပွင့်

ဝင်ရွေးကြည့်ကြတဲ့အခါ။

 

တူညီတာ မတူညီတာအပထား

ရနံ့သင်းရာ

အဆင်းလှရာ

အရောင်စုံရာ

ပန်းကလေးများ ကိုရွေးထုတ်၊

ပန်းကုံးလေးတစ်ခုအဖြစ်ဖန်ဆင်းခဲ့ကြပါတယ်။

 

၂၀၁၂ အောက်တိုဘာ

ပန်းစိုက်လာသူ တစ်ဆယ့်ခွန်

ပန်းကောက်သူ ကတော့ ကောက်ရိုး

ပန်းပွင့် လေးတွေက နှစ်ဆယ်သုံးပွင့်

အဆင့်အဆင့်စီရရီ

ရွေးချယ်လို့သီ။

 

 

ပန်းစိုက်သူ တစ်ဆယ်ခွန်

မြောက်စား လို့ ဇကာတင်

ပဟေဠိအသွင် ဖြေကာညှိ

ဟောဒီမှာကြည့်……………………………………………………

 

(ဇကာတင် စာရေးဆရာများ၏ အမည်ကို ဖြေဆိုရန် မေးခွန်းတစ်)

 

၁။         မြေကြီး ကိုဆရာ တင် ဘူမိဆို ပညာတွေသင်ပါတဲ့ အုန်းစတူး

(ဝက်စတူးနှင့် မပါတ်သက်စေရ)

၂။         ဂျလေဘီအခြေအနေမကောင်းလို့ ဆန်ပြုတ်ကိုပြောင်းကာရောင်းပါတဲ့

ကမောက်ကမဂိုဏ်းချုပ်ကြီး။

၃။         မခရင် သူမခင် ရချင်ရင် ကိုယ်က အရင်ပေးလို့ ဆိုပါတဲ့ ကိုအဝှာ

(၎င်းအမည်ပိုင်ရှင်က အကယ်ဒမီများရှင် လူသားအားလုံးကိုလေးစားသောသူနှင့် လုံးဝ ပါတ်သက်မှု့မရှိကြောင်း တင်ပြထားပါသည်)

၄။         “မမ” မြို့ကသူလာ “မမ”သီးတွေရောင်းလို့ရောင်း ပုရစ်တွေကြော်လိုကြော်

တောပြုန်းအောင်ထင်းတွေခုတ် ဒါနဲ့တောင် သူက ရှုံးပါတယ်ဆိုပြီး အရိုးမပါတဲ့

တောဝက်သား ပယ်ပယ်နယ်နယ်စားပါတဲ့ ဟိုသူငယ်။

၅။         အသွားမတော်တလှမ်း အစားမတော်တလုပ် သေမင်းကိုခလုပ်တိုက်မိ

နေတာတောင် သူ့ဖာသူအေးအေးနေတဲ့ အပျိုကြီးကို ချောက်ချ ချင်သေးတဲ့ ချစ်မေမေ

၆။         အညာပြန်အိမ်အရောက် ညမှောင်မှောင်မှာ  ချောင်ခိုကာအရက်သောက် ပြီးမှ

မျက်ရည်တွေ စိုအောင်ငိုခဲ့ ရတဲ့ ကန္တာရဝတီက လာသူတစ်ယောက်။

၇။         အရင်က တော့ ညီမလေးဖတ်ဖိုု့လို့ ဆိုကာဆို အခုမှာ တမူပြောင်းပြန်ပေါ့ ကလေးလေးတွေပညာမတတ်မှာ

အတော်လေးကို ပူနေသူ  ထေးဝက်

(မှတ်ချက် ဓညင်းဝက်နှင့် ညီအကို ဆယ်ဝမ်းကွဲတော်စပ်သူ)

၈။         ဓါးသွားပေါ်လျောက်လိုလျောက် အဖေ့အကြောင်းပြောလိုပြော

နည်းနည်းလေးလွဲလိုလွဲ အက္ခရာတွေ တန်းလိုတန်း

အပျင်းမဖက် အလင်းတွေက ဆက်နေတဲ့သူကတစ်ယောက်။

(ဆက် ကို စက်လို့ အသံထွက်ရင် အသရေဖျက်မူ့နဲ့  ဥပဒေကြောင်းအရ

အရေးယူမယ်လို့ စာပို့ထားပါသည်)

၉။         လေယာဉ်ပျံမစီး ချင်ဘဲ ရေဆန်ကို မှ စီးချင်တယ် ဆိုလေသူ ပဋိက္ခရားမင်းသားရဲ့ချစ်သူ

(ကျန်စစ်သား/စိုးလွင်လွင် သမီးနဲ့ နာမယ်တူတယ်လေ)

၁၀။       အသက်ကြီးတာတောင် ဝမ်းတီး တူးတီး နဲ့ငယ်မူပြန်ပြီး လက်ဖက်ရည်ဆိုင်တကာ လှည့်ထို်င်နေတဲ့

ကိုရီးယားမင်းသား အီးကယ်ဂျန်

(သူလဲ တစ်ခါတစ်လေ လက်ဆော့တတ်တယ်)

၁၁။       မျဉ်းပြိုင်တွေ နှစ်ကြောင်းဆွဲ ပြီး မောဟ နဲ့ ယဉ်ကျေးမူ့တွေကို

ရာဇဝင်ထဲမှာ မှတ်တမ်းတွေတင်ပါတဲ့ နှင်းကေသရာချစ်တဲ့ လုံမလေး

၁၂။       အရင်ကတော့ရပ်ကွက်ထဲမှာ မုန့်ဟင်းငါးလည်ခါရောင်း

အခုတစ်ခါ ညဈေးပြောင်းဈေးရောင်းတာအတော်လေးဝါသနာပါသူကလဲ တစ်ယောက်။

၁၃။       မီးမီးကို ကြိုက်လို့ကြိုက်လို့ ဆိုဆိုပြီး  ကြီးတာတောင်မလိမ္မာ ရီးစားစာ လာလာပေး

လို့ အတိုင်ခံထားရတဲ့  ဦးလေးကြီးက တစ်ယောက်

၁၄။       ပြောင်းလိုပြောင်း ချိန်းလိုချိန် အပေါ်မှာ ဒိတ်လိုဒိတ်တဲ

အမည်ဟောင်းကတော့ သုဓမ္မသိင်္ဂ ီနောက်မှပြန်ပြောင်းလိုက်တဲ့သူ။

၁၅။       မျက်နှာပြောင် ခြောက်ဒေါင့် နဲ့ ရွှေဥ ဥတဲ့ငှက်ပိုင်ရှင်

(လောလောဆယ်တော့ သူက ဂိုင်းနက်စ် ဘုတ်မှာ စံချိန်တင်ချင်လို့ ယောက်ျားစင်စစ်ကနေလေဥ ဥဘို့

ကြိုးစားနေတယ်လို့ သတင်းရထားပါတယ်)

၁၆။       လက်ဆော့ လွန်းတဲ့ ပြစ်မူ့ကြောင့် ပြဒါးပျက်နေတဲ့မှန်ပေါ်တင်       ပြီး စလေအညာက ပုလွေဆရာနောက်ကို

ထည့်လို့ပြည်နှင်ဒဏ်အပေးခံထားရတဲ့သူ။

၁ရ        ဆရာကောင်းတပည့်ပန်းပန်ဆိုသကဲ့သို့  ပို့စ်နှစ်ပုဒ်ရေးပြီးတာနဲ့တင် ပုံနှိပ်ဘို့ကမ်းလှမ်းခံရသူ

ခြင်္သေ့မြိုသူ

(ဇကာတင် စာရေးဆရာများအမည်များကို ဖြေဆို၍မှန်ကန်ပါကအောက်ပါမေးခွန်းများကိုဆက်လက်ဖြေဆိုနို်င်ပါသည်။)

 

 

အောက်ဖော်ပြပါ စာပိုဒ်ကို ဖတ်ရှု့ပြီးသကာလ ပန်းကောက်သူ (၉)ယောက်မှ

ကောက်ယူပေးထားတဲ့ဥယျာဉ်မှူး (၁၇)ယောက်ရဲ့ပန်း(၂၃ )ပွင့်ရဲ့အမည်ကိုဖြေဆိုပါ။

 

 

 

 

 

အမြဲတမ်းပြောင်းရမယ် ဆန်းသစ်နေရမယ်  အဆင့်မြင့်နေရမယ်လို့ ပြောပါများတော့

ကလေးလေးတွေပညာတတ်ကြီးဖြစ်ဘို့ဆိုပြီး ကြွက်တွေကို ခေါ်သွားနိုင်တဲ့ ပုလွေဆရာတို့ရဲစလေအညာကို

ပြန်ခဲ့မိတဲ့ဖခင်ကြီးတစ်ယောက်ရဲ့ဘဝ က တော့

ရွှေဥဥနေတဲ့ငှက်လို့ထင်ပြီး မွေးထားမိခဲ့တဲ့ သတ္တဝါဟာလေ

ညအမှောင်ယံထဲမှာ ရောက်ပြီဆိုတာနဲ့ “ရချင်ရင်ပေးပါ ရချင်ရင်အရင်ပေးပါ”လို့

အော်သံတွေကြားမှ နည်းနည်းလေးလွဲနေတယ် ဆိုတာကိုသိလိုက်ရတဲ့အခါ

အညာပြန်မိတဲ့တစ်ခေါက် အတွက် မျက်ရည်လေးတွေကတစ်ပေါက်ဆိုတစ်ပေါက်

စိုလောက်အောင် ကျမိခဲ့ရပါသတဲ့။

 

အညာကိုတစ်ခေါက်ပြန်ခဲ့တုန်ုးက ဟိုင်းဝေးလမ်းပေါ်မှာ  ဝမ်းတီးတူးတီးဝယ်သောက်ရင်း

ဆန်ပြုတ်ရောင်းနေတဲ့ ညဈေးသည်ကို ရီးစားစာ ပေးမိတဲ့

ဘူမိဗေဒကျောင်းသားလေးတစ်ယောက် မှာ ပြစ်ဆုပ်ပြန် ကမောက်ကမဂိုဏ်းချုပ်ကြီးရဲ ့

မောဟမျဉ်းပြိုင်ရာဇဝင်တင်မကဘဲ ယဉ်ကျေးမူ့ဟု ဆိုသည်မှာ ဘာညာကွိကွ ဆိုတဲ့ တရားတောင် အဆစ်နာလိုက်ရပါသေးသတဲ့။

 

ရေဆန်စီးခွင့်ပြုဘို့တစ်ကိုယ်တော်  ဆန္ဒတွေဖော်ထုတ်နေပါတယ်ဆိုမှ ဗိုက်ဆာသထက်ဆာအောင်

ဟိုဟင်းကို ဟိုလိုတွဲ ဒီဟင်းကိုဒီလိုတွဲနဲ့လာလာချက်ပြနေတော့ သွား ရည်တမျှားမျှား ဖြစ်နေတဲ့အချိန်

မက်မန်းသီးတွေပေါတဲ့မေမြို့က ထင်းခုတ်သမား လာရောင်းတဲ့  ပုရစ်ကြော်နဲ့ တောဝက်သားတွေကို

ဝယ်စားမိတဲ့ အခါ အစားမတော်တစ်လုပ် ဆိုတာကို သဘောပေါက်သွားလောက်အောင်ကို

ဓါးသွားပေါ်လမ်းလျောက်ပြီး သေမင်းနဲ့စစ်ခင်းခဲ့ရပါသတဲ့။

 

အထက်ပါမေးခွန်းများကိုမှန်ကန်အောင်ဖြေဆိုနိုင်သူများအနက်မှ

ပထမဦးဆုံးဖြေဆိုသူ ခြောက်ဦးကို

သူကြီးဦးခိုင် အမြဲကိုင်နေသောနှစ်လုံးပြူးကိုတစ်ဦးလျှင် နှစ်လ

ပေးကိုင်မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

 

၂၀၁၂ အောက်တိုဘာလအတွက်မန်းဂေဇက်စာချစ်သူအကြိုက် အစီအစဉ်တွင်

ဖတ်ရွှေးအဖွဲ့မှ (၉)ယောက်မှ စာရေးသူ (၁ရ)ယောက်ဦးစာမူပေါင်း(၂၃)ပုဒ်

ကိုရွေးချယ်ထားပါသည်။

အများစိတ်ဝင်စားအောင် ပဟေဠိအစီအစဉ်လေးဖြင့်ဖော်ပြထားပါသည်။

စဉ်းစာရလွယ်အောင်အထောက်အကူအဖြစ်အောက်ဖော်ပြပါလင့်များတွင်

ရှာဖွေကြည့်နို်င်ပါသည်.။

 

https://myanmargazette.net/61107
https://myanmargazette.net/154234
https://myanmargazette.net/154152
https://myanmargazette.net/154151
https://myanmargazette.net/153683
https://myanmargazette.net/153657
https://myanmargazette.net/153615
https://myanmargazette.net/153451
https://myanmargazette.net/153390
https://myanmargazette.net/153311
https://myanmargazette.net/152784
https://myanmargazette.net/152607
https://myanmargazette.net/152342
https://myanmargazette.net/151869/
https://myanmargazette.net/151809
https://myanmargazette.net/151584
https://myanmargazette.net/151328/
https://myanmargazette.net/151171
https://myanmargazette.net/151141
https://myanmargazette.net/150995
https://myanmargazette.net/150923
https://myanmargazette.net/150573
https://myanmargazette.net/150292

60 comments

  • ရွှေအိမ်စည်

    November 10, 2012 at 10:20 am

    ကျနော်ဂေဇတ်ကိုချစ်တာ..

    .ကောမက်တွေလည်းပါတယ်..

    အခုလို လေးပေါက်ပိုစ့်လို ချစ်ကျီစယ်ကြတာလည်းပါတယ်…။။

    မကြာခဏထပ်ဖတ်မိပြီး…ကျနော်တစ်ယောက်တည်းပြုံးရယ်နေပါကြောင်း…..
    အဖြေလည်းလိုက်ဖြေမိပါကြောင်း…….

    ဒီပိုစ့်လေးကြောင့်တနေ ့လုံးပျော်ရွှင်မိမယ်ထင်ပါကြောင်း…..

  • Green Rose

    November 11, 2012 at 10:53 am

    ကိုပေါက်ရေ

    မနက် ၁၁ နာရီလား… ည ၁၁ နာရီလားဟင်
    ဒီမှာ ကိုးနတ်ရှင် မျက်နှာသာမပေးတဲ့ကြားက ကြိုးစားပမ်းစား မျှော်နေရတာနော်..

  • •*¨နန်းတော်ရာသူ •*¨

    November 11, 2012 at 9:09 pm

    ကျွန်မဂေဇတ်ကို အကောင့်မျိုးစုံနဲ့ဝင်ကြည့်ဖူးပါတယ်။ဒီတစ်ခါပဲအဆင်ပြေပြေဝင်လို့ရဖူးတယ်။
    ဂေဇက်ကို ဝင်ဝင်ဖတ်တာ ၂၀၁ဝ ခုနှစ်တည်းကပါ။
    အခုလို ဝင်ရောက်ပါဝင်ခွင့်ရပြန်တော့လည်း comment ပေးရာမှာမရောက်ဘူးဖြစ်ဖြစ်နေပြန်တယ်
    အဟင့်…လိုင်းကြောင့်နေမှာပါ။
    ဒီတစ်ခါလည်း အုံဖွ ရောက်စေသတည်းးးးးးးးးးးးးးးး

  • မိုချို

    November 12, 2012 at 4:41 pm

    ဒီ ကွန်မန့် တွေ က လေးပေါက်ရဲ့ result ထုတ်တဲ့ ပိုစ့် မှာ ရေး ပြီး သားတွေ ပါ။ ဒီပိုစ့် က စတစ် ကီ မို့ လို့ ပြန် တင်လို်က်ပါတယ်။

    ဇကာတင်တွေ အားလုံး သူ့ နည်း သူ့ ဟန်နဲ့ ကောင်း ကြတော့ ကိုယ့် ကိုယ် ကို ရ မယ် လို့ မထင်ထား ဘူး။ မမျှော်လင့် ပဲ အောက်တို ဘာ လ အတွက် အကြိုက် ဆုံး ဆု ကို ရခဲ့ တဲ့ အတွက် အရမ်း ဝမ်းသာမိပါတယ်။
    အကယ်ဒမီ ပွဲ တွေ အတိုင်း မိုချို ကလည်း ကျေး ဇူးတင်စကား ပြော ချင် ပါတယ်။
    မိုချိုတို့ လို လက်သင် တွေ ရေးချင်စိတ် ရှိ လာ အောင် အမျိုးမျိုး အားပေး ရင်း ဆု ပေး ပွဲ လေး ဖြစ်လာအောင် အကြံပေး ၊ အချိန်ပေး ၊ အကောင်ထည် ဖေါ် ပေးခဲ့ တဲ့ ရွာ ရဲ့လူကြီး သူမ များ။
    တတ်လာသမျှ ပိုစ့်တွေ ကို ကိုယ့်ရဲ့ တန်ဖိုး ရှိတဲ့ အချိန်တွေ ပေး ပြီး ဖက်ရှု အမှတ်ပေး ကြတဲ့ အကဲ ဖြတ် အဖွဲ့ (ပန်းကောက်သူ အဖွဲ့) ဝင်များ။
    မိုချို ့ ရဲ့ ပိုစ့် တွေ ကို ဖတ်ရှု အားပေး၊ ကြတဲ့ ရွာသူား များအား လုံးနဲ့ မန်ဘာ မဝင်သော် လည်း မန်းဂေဇတ် ထဲ ဝင်ဖတ်ကြတဲ့ စာဖတ်သူများ အားလုံး ။
    မိုချို တို့ ရေးချင်တာ ရေးလို့ ရအောင် ဆာဗာစိုက် ပြီး ရွာတည် ပေးထားတဲ့ သဂျီး နဲ့ ကျေး ဇူး တင် ထိုက်သူ အား လုံး ကို ကျေး ဇူး တင် ပါတယ် လို့ ။

    ဟီဟိ ….မင်း သမီးတွေ နဲ့ များ တူ မလား လို့ ပြော ကြည့် တာ။

    ဆုကြေညာ ဖို့ အတွက် ပဲ သီးသန့် ရိုက် ရတဲ့ မိုချို့ ရဲ့ ငါး အတွက် လေးပေါက် တော်တော် လုံ့ လ စိုက် ရမယ် ဆို တာ ဓါတ်ပုံ ကြည့် တာနဲ့ သိတယ်ရ လို့ ထပ်ဆင့် ကျေး ဇူး ပါလို့ ။

    ဆုပေး ပွဲ ကို ကိုယ် တိုင ်လာချင်ပါတယ်။ ရွာသူားတွေနဲ့ အပြင်မှာလည်း တွေ့ ဆုံ ရင်းနှီးခွင့် ရချင်ပါတယ်။ ဒါပေမယ့် တရုတ်နှစ်ကူး (သို့) အဲဒီ ရက်တွေ နောက်ပိုင်း မှ ပြန်လာဖို့ စီစဉ် ထားတာ မို့ လို့ ဒီတခါလည်း ရွာသူားတွေ နဲ့ လွဲ ရ အုံး မယ် ထင်ပါတယ်။ ကိုယ်စားလာယူ လို့ ရတယ် ဆိုရင် တစ်ယောက်ယောက် မိုချို့ ကိုယ်စား လာယူ ပါလိမ့် မယ်။

    အန်တီ ပဒုမ္မာ…..
    အန်တီရဲ့ အပိုဆု ကို ရယူ နိုင်တဲ့ သူတွေ ထဲ ကိုယ် လည်းပါလိမ့် မယ် လို့ မမျှော်လင့် ရဲခဲ့ ပါဘူး။ ဒါပေမယ့် အပိုကြီး ရဲ့ အပိုဆု ကို ဖတ်ပြီးတဲ့ အချိန် မှာ စာပေ မြတ် နိုးတဲ့ သူ တစ်ယောက်က လူချင်း တောင် မဆုံ ဖူးသေးတဲ့ ဝါသနာရှင် တွေ ကို အားပေး ချီးမြှောက် ချင်တဲ့ စေတနာ ကို တွေ့ ရလို့ စာရေး ဖို့ အားတွေ တတ်လာ တာ အမှန်ပါ။
    မိုချို ငယ်ငယ် တုန်း က အဖေ အမေ တို့ ဖတ်တဲ့ စာအုပ်တွေ လိုက်ဖတ် ရင်း က စာဖတ်ခြင်း ကို စွဲလမ်း ခဲ့ ရတယ်။ အရွယ်ရောက် လာပြန် တော့ ကိုယ် ကြိုက်တာတွေ ရွေးဝယ် ဖတ်ဖြစ်ရုံ မကဘူး အမေ ဖတ်တာတွေလည်း လိုက်ဖတ်ဖြစ် သေး တာပဲ။ ခုထိ လည်း အမေ က သူဖတ် တဲ့ စာအုပ်တွေ ထဲက ကောင်းနိုး ရာရာလေးတွေ လှမ်းပို့ ပေးနေတုန်း ပါ ။ ဒါကြောင့် မိုချို့ အတွက် အန်တီ ပေး မယ့် အမှတ် တရ ဆု ကို မိုချို ကလည်း အမှတ် တရ အနေနဲ့ အမေ ကြိုက် တာ ရွေး ပေး ဖို့ ပြောထားတယ်။ အမေကြိုက်တာ ကို ကိုယ့် ပိုက် ဆံ နဲ့ ဝယ်ပေးချင်ရင် အချိန် မရွေး ဝယ် ပေးလို့ ရပေမယ့် ကိုယ့် ကို စာပေနဲ့ ပတ်သတ် ပြီး ချီးမြှင့် တဲ့ ဆု ကိုတော့ အရမ်း တန်ဖိုး ထား မိတဲ့ အတွက် အမေ့ ကို ရွေးခွင့် ပေးတာ အန်တီ ပဒုမ္မာ နားလည် ခွင့် ပြု ပေး ပါ နော်။ အမေ ဖုန်း ဆက် ပြော လာ ပြီး ရင် အကြောင်း ပြန်ပါ့ မယ်။
    အားပေးချီး မြှောက် ကြတဲ့ ရွာသူား အပေါင်း ကိုလည်း ဝမ်းမြောက်ဝမ်း သာ ကျေးဇူး တင် ပါကြောင်း ထပ်လောင်း ပြောလိုက် ပါရစေ။
    စာရေးပျင်းတဲ့ မိုချို့ ကို ပြန် လည် တတ်ကြွ စေခဲ့ တဲ့ ထဲမှာ အရီးလတ်ရဲ့ ဆုပေး ပွဲ ကြေညာ ခဲ့ တဲ့ ဂေဇတ် ဆာဗေး ပိုစ့် လည်း အပါ အဝင် ဖြစ်ကြောင်း ထပ် ပြောချင်ပါသေးတယ်။
    Reply
    0

    Leave a Comment

Leave a Reply