ကြက်တူရွေး စကားပြောနည်းလေး

မမေလးNovember 8, 20121min2588

ဒီနေ့ ကြက်တူရွေး နှစ်ကောင်ဝယ်လာပါတယ် … စုံတွဲလေးတစ်တွဲပေါ့ . . .

အိမ်ရောက်တော့ အမေက ဆူပါလေရော … လှောင်ချိုင့်နဲ့ အကောင်မမွေးရဘူးတဲ့ … ဘာဖြစ်လို့လဲ မသိဘူးနော် …

တစ်ကောင်တည်းဆို အထီးကျန်နေမယ်ဆိုပြီး … ချစ်သူလေးပါခေါ်လာပေးထားတာကို … လူမယဉ်ဘူး …

ဘယ်လိုလုပ်ရမလဲ … အဲ့ဒီ အတွဲက လူမြင်ရင်ထွက်ထွက်ပြေးတယ် … စကားပြောလည်းသင်ချင်တယ် … ဘယ်လိုသင်ရမလဲ …

နောက်တစ်ခုက ရှဉ့်လေးမွေးချင်တာ . . . ရှဉ့်က မမွေးကောင်းဘူးတဲ့ ဘာလို့လဲ …

အရမ်းချစ်ဖို့ကောင်းတယ် … ဘီစကစ်လည်းစားတယ် … နေကြာစိလည်းစားတယ် … ကျွေးတာအကုန်စားတယ် …

ချစ်စရာလေးကို … မမွေးသင့်ဘူးလား … ဘာဖြစ်တတ်လဲသိချင်ပါတယ် … သိရင် ဝေမျှပါဦးနော် …

8 comments

  • Mobile

    November 8, 2012 at 12:49 am

    သူတို့ရှေ့မှာ စကားများများပြောပေးပါ။ စကားပေါတဲ့ လူတွေ ကြားထဲမှာ ထားမယ်ဆိုရင်
    ကြက်တူရွေးဟာ စကားပြော တတ်လွယ်ပါတယ်။ ဟိုအကောင် မမွေးရဘူး ဒီအကောင် မမွေးရဘူး
    ဟိုဟာမလုပ်ရဘူး ဒီဟာမလုပ်ရဘူးဆိုတာကတော့ အမှန်းကန်ဆုံးနဲ့ နည်းလမ်းအကျဆုံး ဖြစ်တဲ့
    ဗုဒ္ဓ ရဲ့ဆုံးမဩဝါဒ အတိုင်း ” ကိုယ်လုပ်တဲ့ အလုပ်က အကုသိုလ်လား၊ ကုသိုလ်လား သေချာဆန်းစစ်
    ကုသိုလ် ထဲမှာပါတယ်ဆိုရင် ကောင်းကျိုးဖြစ်နိုင်သလို၊ အကုသိုလ် ထဲမှာပါတယ်ဆိုရင်တော့
    မကောင်းကျိုး ဖြစ်စေမှာပဲ။ ကုသိုလ် ထဲလဲမပါဘူး အကုသိုလ် ထဲလဲမပါဘူးဆိုရင်တော့
    ဘာအကျိုးသက်ရောက်မှုမှ မရှိနိုင်ပါဘူး။ ကျနော် ကတော့အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင်
    အဲ့ဒီနည်းနဲ့ ဆုံးဖြတ်လိုက်တာပဲ။

  • jullies cezer

    November 8, 2012 at 11:34 am

    ကြက်တူရွေးကိုစကားအမြန်တတ်ချင်ရင် ငရုတ်သီးစိမ်းကျွေးရတယ်လို့
    ကြားဖူးပါတယ် ………

  • Wow

    November 8, 2012 at 11:42 am

    လှောင်ချိုင့်ထဲရှိတဲ့နှစ်ကောင်က လူမြင်ရင် ဘယ်နားထွက်ပြေးတာလဲ :kwi:
    အစာကျွေးရင်းနဲ့ တဖြည်းဖြည်းလူယဉ်လာမှာပါ…
    ရှဉ့်လေးတွေက ဘယ်ကဝယ်တာလဲ…
    ဟိုဟာ မလုပ်သင့်ဘူး ဒီဟာ မလုပ်သင့်ဘူးဆိုတာနဲ့ပတ်သက်လို့ကတော့ Don’t care ပါ…
    ဘယ်သူ့ကိုမှ ဒုက္ခပေးတာ မဟုတ်၊ မကောင်းမှုမဟုတ်ရင် လုပ်ချင်တာလုပ်ပါတယ်…
    ဗုဒ္ဒဟူးနေ့ခေါင်းမလျှော်ကောင်း လဘ်တိတ်တတ်တယ်… ကြုံရင် လျှော်လိုက်တာပါပဲ…
    သောကြာနေ့ဆံပင်မညပ်ရဘူး… ကြုံရင် ညပ်လိုက်တာပဲ…

  • Khaing Khaing

    November 8, 2012 at 1:19 pm

    ကြက်တူရွေးလေးနှစ်ကောင်အိမ်မှာမွေးချင်တာနဲ့ ပတ်သက်လို့ ဟိုတစ်လောက အဒေါ်တစ်ယောက်က သူ့သမီးလေးကို ဆုံးမတာ မှတ်သားခဲ့ဖူးပါတယ် …. သူ့သမီးလေးက မွေးချင်တော့ သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးတယ်တဲ့ သူက အဲဒီသူငယ်ချင်းဆီဖုန်းဆက်ပြောလိုက်တယ် မမွေးဖြစ်ဘူးသမီး ပြန်ယူလိုက်ပါဆိုပြီးတော့ ….

    အဒေါ်က ရှင်းပြတယ် သူ့သမီးလေးကို ကြက်တူရွေးလေးတွေကို ရောင်းတဲ့သူက အတောင်ညှပ်ထားတယ် ချိုးထားတယ်တဲ့ ပြီးတော့လှောင်အိမ်မှာထားရင် သူ့ကို ဟိုလူက ဟိုဟာကျွေးဒီလူက ဒီဟာကျွေးနဲ့ သူ့ခမျာလူ မြင်ရင်လန့်လန့်နေရတယ် …. သူများဘဝကို အတောင်ချိုးထားရင် ကိုယ့်ဘဝလည်း လွတ်လွတ်လပ်လပ် မဖြစ်တော့ဘူးတဲ့ … တိရိစာ္ဆာန်တွေကို အိမ်မှာမမွေးတာအကောင်းဆုံးပဲတဲ့ … ကိုယ်မလုပ်ပေမယ့် သူ့ဘဝလေး မလွတ်မလပ်နေရတာကို ကြည့်ရတာ သနားစရာကောင်းပါတယ် …….

  • myanmarcitizen

    November 8, 2012 at 1:24 pm

    ကြက်တူရွေးတို့ သာလိကာ တို့က စကားပြောတပ်တာမြန်ပါတယ်။ သူနဲ့စကားများများပြောပေး။ လူတွေကြားမှာထားရင်ပိုမြန်မယ်ထင်တယ်။

  • ရွာသူ jujuma .

    November 8, 2012 at 2:54 pm

    စကားမတတ်သော ကြက်တူရွေးများသည် များသောအားဖြင့်နားလေးနေသောကြောင့် ဖြစ်ပါတယ်တဲ့ ..
    နားမလေးသောကြက်တူရွေးများကတော့ စကားသင်ပေးလျှင်မြန်မြန်တတ်ကြပါတယ်…
    လူတွေ နဲ့ နီးနီ ထားပေးလျှင် ပိုပြီးမြန်မြန်တတ်ပါတယ် …
    ငရုပ်သီးစိမ်းကျွေးတာကတော့ ကြက်တူရွေးက ကြိုက်တာတစ်ကြောင်း…
    လျှာပါးလာတော့ စကားမြန်မြန်တတ် တာကတစ်ကြောင်း လို့ သိရပါတယ်….

  • ကြက်တူရွှေးမမွေးနဲ့ ကြက်တူရွေးချစ်တာ မကောင်းဘူး
    ရှင့်မွေး ရှင့်ချစ်တာကောင်းတယ် မမလေးရဲ့

  • ရွာသူ jujuma .

    November 8, 2012 at 10:24 pm

    ရှင့်တော့မချစ်နဲ့နော် မမလေး မှားမယ် မှားမယ် … :kwi:

Leave a Reply