ကြားဖူးတာလေးပါ …

ဘုန်းကြီးတစ်ပါးကို နေ့တိုင်း ကန်စွန်းရွက်ကြော်ကပ်ကပ်နေတဲ့ ဘုန်းကြီးတကည့် ဒကာတစ်ယောက်ရှိတယ်တဲ့ …

တစ်နေ့ ၀က်သားဟင်းလာလှူတဲ့ ဒကာတစ်ယောက်ရောက်လာရောတဲ့ …

ဘုန်းကြီးကလည်း ကန်စွန်းရွက် စားတာငြီးငွေ့လာတော့ လှူသူရှိတုန်း ၀က်သားစားချင်တယ်တဲ့…

အဲ့ဒါကို ဘုန်းကြီးတပည့်ကလည်းသိတယ်တဲ့ … အဲ့ဒါနဲ့ … ကန်စွန်းရွက်ကြော်ကပ်တဲ့ ဒကာရယ် …

ဝက်သားချက်ကပ်တဲ့ ဒကာရယ် … နှစ်ယောက်ပြိုင်ပြီး ဘုန်းကြီး တစ်ဖက်တစ်ချက်ကဆွဲတယ်တဲ့ …

ကန်စွန်းရွက်အလှူရှင်က လက်လုပ်လက်သားဆိုတော့ အားရှိတာပေါ့ … ၀က်သားချက်

လှူသူလေးကတော့ သူဌေးသားဆိုတော့ အားသိပ်မရှိဘူးပေါ့ …

ဒါပေမယ့် ဘုန်းကြီးက ၀က်သားစားချင်တော့ ၀က်သားချက်အလှူရှင်ဘက်ကို လိုက်လိုက်သွားတယ်တဲ့ …

အဲ့ဒါနဲ့ အမြဲတမ်းဆွမ်းကပ်နေကြ ကန်းစွန်းရွက်အလှူရှင်က နောက်ဆုံးကျတော့ သိသွားပြီး

ဘုန်းကြီးကို နောက်နေ့က စလို့ ကန်စွန်းရွက်ကြော်ပြီးမကပ်တော့ဘူးတဲ့  … ဘုန်းကြီးလည်း

အဲ့နေ့ကစပြီး နောင်တတွေရလို့ပေါ့ … ဟိုက ၀က်သားချက်ကို တစ်ရက်ပဲကပ်တာလေ …

ပြောချင်တာကတော့ … နေ့တစ်ဒူဝ လုပ်နေကြအရာက ပိုကောင်းပါတယ် …

အချစ်ဆိုလည်းအဲ့တိုင်းပဲ … ချစ်ရဲ့သားနဲ့ ငြီးငွေ့ပြီး အသစ်ရှာချင်သူတွေအတွက် သာဓကကောင်းလေးပေါ့ … ကိုယ့်အပေါ်ကောင်းသူကို လျစ်လျူမရှုပါနဲ့ … တစ်နေ့နောင်တရမှာအသေအချာပါပဲ …

သူငယ်ချင်းဆိုလည်း ဒီလိုပါပဲ … ကိုယ့်အပေါ် နှစ်ပေါင်းများစွာ အနစ်နာခံတူတူပေါင်းလာခဲ့တာတွေမေ့ပြီး … အပေါ်ယံသာပေါင်းတတ်တဲ့ သာပေါင်းညာစားတွေနောက် သိသိကြီးနဲ့ လိုက်မသွားမိကြဖို့ ပြောချင်တာပါ … ဒါပေမယ့် ..့ ဘုန်းကြီးပြောသလို … ပျက်ချိန်တန်ရင် မကောင်းတာကို အကောင်းထင်တယ်ဆိုတာမျိုးပေါ့ … အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့် … ဆရာကြီးလုပ်တာမဟုတ်ရပါ … စဉ်းစားမိလို့ပါ …

About မမလေး

has written 129 post in this Website..