အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၈ ) ( D – 9, 10 & 11 – LOURDES – BIARRITZ – BURGOS -MADRID )

Foreign ResidentNovember 8, 201217min17414

အဘဖေါ ရဲ့ ဥရောပသွား

ပေါ်တာ တောလား ( ၈ )

( D – 9, 10 & 11 – LOURDES –

BIARRITZ – BURGOS -MADRID )

 

စက်တင်ဘာ ၁၉ ရက်နေ့ ။

 

ဒီနေ့မနက် စောစောမှာ ၊

Lourdes မြို့ကထွက်ခဲ့ပါတယ် ။

မနေ့က မိုးရွာထားတဲ့အတွက် ၊

ဘေးနားက တောင်တန်းတွေမှာ ၊

မြူခိုးတွေ ဆိုင်းပြီး လှပနေပါတယ် ။

 

နေ့လည် ၁၁ နာရီလောက်မှာ ၊

Biarritz ဆိုတဲ့ Surfing မှာကျော်ကြားတဲ့ ပြင်သစ် ပင်လယ်ကမ်းခြေမြို့လေးကို ရောက်ပါတယ် ။

အဆောက်အဦးတွေကော ၊ ကမ်းခြေကော အရမ်း သေသပ်လှပတဲ့ နေချင်စရာ မြို့လေးပါ ။

အဲဒီမြို့မှာ ၊ လှည့်လည်ကြည့်ရှု ၊ နေ့လည်စာစားပြီး ၊

နေ့လည် ၁ နာရီလောက် ပြန်ထွက်ခဲ့ပါတယ် ။

 

Biarritz  ပြင်သစ် ပင်လယ်ကမ်းခြေမြို့လေး ရှုခင်း (1)

Biarritz ပြင်သစ် ပင်လယ်ကမ်းခြေမြို့လေး ရှုခင်း (1)

Biarritz  ပြင်သစ် ပင်လယ်ကမ်းခြေမြို့လေး ရှုခင်း (2)

Biarritz ပြင်သစ် ပင်လယ်ကမ်းခြေမြို့လေး ရှုခင်း (2)

Biarritz  ပြင်သစ် ပင်လယ်ကမ်းခြေမြို့လေး ရှုခင်း (3)

Biarritz ပြင်သစ် ပင်လယ်ကမ်းခြေမြို့လေး ရှုခင်း (3)

Biarritz  ပြင်သစ် မြို့လေး ရဲ့ ပင်လယ်ကမ်းခြေ ရှုခင်း (1)

Biarritz ပြင်သစ် မြို့လေး ရဲ့ ပင်လယ်ကမ်းခြေ ရှုခင်း (1)

Biarritz  ပြင်သစ် မြို့လေး ရဲ့ ပင်လယ်ကမ်းခြေ ရှုခင်း (2)

Biarritz ပြင်သစ် မြို့လေး ရဲ့ ပင်လယ်ကမ်းခြေ ရှုခင်း (2)

 

အဘတို့ စိမ်းစိုတဲ့ နေရာတကာမှာ လယ်ကွင်းတွေနှင့် ပြည့်နေတဲ့ ပြင်သစ်ပြည်ကနေ ထွက်ခွာပြီး ၊

ခြောက်သွေ့တဲ့ ၊ မြေဆီဩဇာနည်းပြီး ၊ ကျောက်တောင်ပေါများတဲ့ စပိန် နိုင်ငံထဲကို ဝင်လာပါပြီ ။

ဥရောပ ယူနီယံ နိုင်ငံအချင်းချင်းဖြစ်တဲ့အတွက် ၊ နယ်ခြား မရှိ ၊ လဝက မရှိပါဘူး ။

စပိန် နိုင်ငံထဲကို ရောက်လာပြီဆိုတာ လမ်းဘေး ဆိုင်းဘုတ်တွေမှာ စပိန်စာ ပြောင်းသွားလို့ သိရတာပါ ။

 

မြေမျက်နှာသွင်ပြင် ကတော့ သိသိသာသာကို ပြောင်းလဲလာပါတယ် ။

နောက် ထူးခြားတဲ့ တစ်ချက်ကတော့ လေပြင်း အမြဲတိုက်လေ့ရှိတဲ့ ဒေသ ဖြစ်လို့ ထင်တယ် ၊

လျှပ်စစ်ထုတ်တဲ့ ဧရာမ လေရဟတ်ကြီးတွေ ရာ ထောင်ချီ ( ရာ ထောင် ချီ ) တွေ့ရပါတယ် ။

 

မြေဆီဩဇာနည်းပြီး ၊ ကျောက်တောင်ပေါများတဲ့ စပိန် နိုင်ငံ ။

မြေဆီဩဇာနည်းပြီး ၊ ကျောက်တောင်ပေါများတဲ့ စပိန် နိုင်ငံ ။

လျှပ်စစ်ထုတ်တဲ့ ဧရာမ လေရဟတ်ကြီးတွေ ။

လျှပ်စစ်ထုတ်တဲ့ ဧရာမ လေရဟတ်ကြီးတွေ ။

လျှပ်စစ်ထုတ်တဲ့ ဧရာမ လေရဟတ်ကြီးတွေ ရာ ထောင်ချီ ။

လျှပ်စစ်ထုတ်တဲ့ ဧရာမ လေရဟတ်ကြီးတွေ ရာ ထောင်ချီ ။

 

အဲဒီအခါမှာ တွေးမိတာက ၊ ဪ အဘတို့ ရွှေနိုင်ငံကြီးမှာ ၊ လျှပ်စစ် ဖေါဖေါသီသီ မရှိပဲနှင့် ၊

၁ ။ ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေကို ဘယ်လိုဆွဲဆောင်ပြီး

တိုင်းပြည် ဆင်းရဲမွဲတေမှုကို လျော့ချ  ကြမယ် ။

၂ ။ အမိနိုင်ငံကို မဟာခေါင်းဆောင်ကြီးတွေက

ဘယ်လိုများ ဖွံဖြိုးတိုးတက်အောင် လုပ်ကြမလဲ ဆိုတာပါ ။

 

သူများ နိုင်ငံကြီးတွေပြောတဲ့ ပါတ်ဝန်းကျင် သိပ်မထိတဲ့

နေအား တို့ ၊ လေအား တို့ စိတ်ကူးမယဉ်နှင့် ။

အဲဒါတွေက ဈေးကြီးတယ်ကွယ် ့ ။ အထူးသဖြင့် Capital Cost အရမ်းများတယ် ။

ရေအား ( ရေကာတာ ) ၊ Gas နှင့် ကျောက်မီးသွေး သုံးမျိုးကပဲ ဈေးပေါတာကွဲ့ ။

 

ရေကာတာတွေ ၊ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံတွေ ဆောက်တော့ ကန့်ကွက်ကြ ။

ရှိတဲ့ Gas လေးတွေကြတော့လည်း ကြိုရောင်းထားတာ ကုန်သလောက် ဖြစ်နေပြီ ။

ဆန္ဒကလည်း ဘာပြသလဲ မမေးနှင့် ၊ ပရီးမီးယားလိဂ် ပွဲစဉ် ဇယားလို ၊

မြန်မာ ဆန္ဒပြပွဲ ပွဲစဉ် ဇယားတောင် ထုတ်ရောင်းလို့ရဦးမယ် ။

ဒီလိုပုံနှင့်ကတော့ ၊ တိုင်းပြည်က တိုးတက်ဦးမယ် ။

ထားပါလေ ၊ မွဲမွဲလေးပဲ ကောင်းပါတယ် ။ သာမီးလေးတွေ ဈေးပေါတာပေါ့ ။ အာဟိ ။ အာဟိ ။

နောက်ထှာ ၊ တကယ် ။

 

ညနေ ၄ နာရီလောက်မှာ Burgos မြို့ကို ရောက်ပါတယ် ။

နာမည်ကြီး စပိန် စစ်သူကြီး El Cid ရဲ့ မွေးဖွားရာမြေပေါ့ ။

လှပတဲ့ စမ်းချောင်းလေး နှင့် လူသွားလမ်းလေးရဲ့ ဘေးမှာရှိတဲ့ ၊

UNESCO World Heritage Site တစ်ခုလည်း ဖြစ်တဲ့ ၊

အဆောက်အဦးရဲ့ လက်ရာမှာ နာမည်ကျော်တဲ့ ၊

၁၂၂၁ ခုကတည်းကဆောက်ခဲ့တဲ့ ဘုရားကျောင်း ၊

Burgos Cathedral နှင့် ရင်ပြင်ကို ဝင်ရောက်ကြည့်ရှုကြပါတယ် ။

 

လှပတဲ့ စမ်းချောင်းလေး ။

လှပတဲ့ စမ်းချောင်းလေး ။

လှပတဲ့ လူသွားလမ်းလေး ။

လှပတဲ့ လူသွားလမ်းလေး ။

Burgos Cathedral အဝင်ဝ ။

Burgos Cathedral အဝင်ဝ ။

Burgos Cathedral ။

Burgos Cathedral ။

 

ပြီးတဲ့အခါမှာတော့ အဘတို့ညအိပ်မယ့် Hotel Puerta de Burgos ကိုပြန်နားကြပါတယ် ။

 

စက်တင်ဘာ ၂ဝ ရက်နေ့ ။

 

ဒီနေ့မှာတော့ Burgos မြို့ကနေ စပိန်နိုင်ငံရဲ့မြို့တော် Madrid ကိုထွက်ခဲ့ပါတယ် ။

လမ်းမှာ အဘတို့ရဲ့ Guide က စပိန်နိုင်ငံရဲ့ လက်ရှိ အခြေအနေကို ရှင်းပြနေပါတယ် ။

စပိန်နိုင်ငံမှာ စီးပွားရေး အခြေအနေ အထူးဆိုးနေကြောင်း ၊

အစိုးရ ဝန်ကြီးဋ္ဌာန လုပ်ငန်း အားလုံးကို ၂၅ % ဘတ်ဂျက် ဖြတ်ပြစ်လိုက်ကြောင်း ၊

လက်ရှိ အလုပ်လက်မဲ့ ၂ဝ % ရှိနေပြီး ( EU ရဲ့ Standard က ၃ % ပဲရှိရမှာပါ ) ၊

လာမယ့် ဒီဇင်ဘာမှာ ၂၆.ရ % အထိ အခြေအနေ ဆိုးမယ်လို့ မှန်းနေကြောင်း ။

အဆိုးဆုံးအချက်က ၊ စီးပွားရေး အခြေအနေ စိတ်မချရတာကို သိကြတဲ့အတွက် ၊

ပြီးခဲ့တဲ့ ၃ လ အတွင်း ဘဏ်တွေမှာ အပ်နှံထားတဲ့ ငွေသားရဲ့ လေးပုံတစ်ပုံကို ပြန်ထုတ်သွားကြပြီး ၊

စိတ်ချရတဲ့ နိုင်ငံရပ်ခြားကို ရွေ့ပြောင်းပြစ်လိုက်ကြတဲ့ အတွက် ၊

ဘဏ်တွေမှာ ငွေသား လုံးဝ ခြောက်ခန်းနေပြီး ၊ ဘာအလုပ် စီမံကိန်းမှ ဆက်မလုပ်နိုင်တော့ကြောင်း ၊

ဒီအတိုင်း ဆက်သွားရင် ဂရိ နိုင်ငံလိုပဲ ၊ ဒေဝါလီ ခံရတော့မှာဖြစ်ကြောင်း ပြောပြပါတယ် ။

 

အမှန်တော့ စပိန်နိုင်ငံမှာ အခမဲ့ အခြေခံပညာရေး ဖြစ်ပြီး ၊

တက္ကသိုလ် တက်ရင်တောင် မဖြစ်စလောက်ပဲပေးရကြောင်း ၊

ရှေ့လျှောက် ဒီအခြေအနေကို ထိန်းနိုင်ဖို့မလွယ်ကြောင်း ရှင်းပြပါတယ် ။

 

နေ့လည် ၁၁ နာရီမှာ Madrid ကိုရောက်ပြီး ၊

Madrid ရဲ့ နာမည်ကျော် Prado Museum ထဲကို ဝင်ကြည့်ခဲ့ပါတယ် ။

ဓါတ်ပုံ ရိုက်ခွင့်တော့ မပေးပါကွယ် ။

 

Local Guide မိန်းကလေးက ၊ စပိန်ရဲ့ နာမည်ကျော် အနုပညာရှင် ၃ ဦးဖြစ်တဲ့ ၊

Greco, Velazquez နှင့် Goya တို့ရဲ့ ပန်းချီ အနုပညာတွေနှင့် ၊

အပြာ ၊ အစိမ်း ၊ အနီ ဦးစားပေး သုံးစွဲပုံ မတူညီတဲ့

ပန်းချီကားတွေရဲ့ သဘောသဘာဝကို ရှင်းပြပါတယ် ။

လက်အနေအထားရဲ့ အဓိပ္ပါယ်တွေ ၊ ဥပမာ လက်ခလယ် နှင့် လက်သူကြွယ်ကို ပူးပြီး

ကျန်လက်တွေကို ကားထားတာဟာ Father, Son & Holy Spirit ကို

ကိုယ်စားပြုကြောင်း ရှင်းပြပါတယ် ။

 

သတိပြုမိတာ တစ်ခုက ၊ Local Guide မိန်းကလေး ဟာ ရှင်းပြတဲ့နေရာမှာ ၊

လက်ဟန် ခြေဟန် မျက်နှာ အမူအရာ နှင့်ပါ ဇတ်ကနေသလို

အတက်အကျနှင့် စိတ်နှစ်ရှင်းပြနေတာပါ ။

မြန်မာပြည်က Guide လေးတွေလို ပြုံးပြယုံ ယဉ်ကျေးယုံ နှင့်

မလုံလောက်ဘူးဆိုတာ ခံစားမိစေပါတယ် ။

Professional ထက်မြင့်တဲ့ Talented ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှင်းပြနေသလိုပါပဲ ။

 

အဲဒါကပြီးတော့ Plaza de España ရင်ပြင် ကိုသွားကြပါတယ် ။

အဲဒီမှာ စာရေးဆရာ Miguel de Cervantes အထိမ်းအမှတ် ရုပ်ထု နှင့် ၊

သူ့ဇာတ်ကောင် ဒွန်ကွီစုတ် Don Quixote နှင့် Sancho Panza ရုပ်ထု တို့ ရှိပါတယ် ။

 

အဲဒီကနေဆက်ပြီး ၊ စပိန် ဘုရင့်နန်းတော် The Palacio Real ကို သွားကြပါတယ် ။

အဲဒီ နန်းတော်မှာ လက်ရှိ ဘုရင် ဟွန်ကားလို့စ် King Juan Carlos မနေပါဘူး ။

Tourist Attraction အနေနှင့်ပဲ ရှိပါတော့တယ် ။

လက်ရှိ ဘုရင် ကလည်း နန်းတော် ကို မပိုင်ပါဘူး ၊ ပြည်သူကပဲ ပိုင်ပါတယ် ။

 

Madrid ရဲ့ နာမည်ကျော် Prado Museum ( Wiki ကပုံပါ ) ။

Madrid ရဲ့ နာမည်ကျော် Prado Museum ( Wiki ကပုံပါ ) ။

စာရေးဆရာ Miguel de Cervantes နှင့် Don Quixote နှင့် Sancho Panza ရုပ်ထု ။

စာရေးဆရာ Miguel de Cervantes နှင့် Don Quixote နှင့် Sancho Panza ရုပ်ထု ။

စပိန် ဘုရင့်နန်းတော် The Palacio Real ။

စပိန် ဘုရင့်နန်းတော် The Palacio Real ။

 

ညစာကိုတော့ နာမည်ကြီး Cafe Gijon မှာသွားစားကြပါတယ် ။

Cafe Gijon ဟာ ၁၈၈၈ ခုနှစ်က စဖွင့်တာဖြစ်ပြီး ၊

အရင်က ပညာတတ်တွေ ၊ စာရေးဆရာ နှင့် အနုပညာရှင်တွေ ကိုပဲ ဝင်ခွင့်ပေးပါတယ် ။

( intellectuals, writers and artists collectively known as Generation of ’36 )

နောက်ပိုင်းမှသာ အများပြည်သူကို ဝင်ခွင့်ပေးလာတာပါ ။

ဘယ်လောက် နာမည်ကြီးလည်းဆို Cafe Gijon နာမည်နှင့် စာပေဆုတောင် နှစ်စဉ် ချီးမြှင့်ပါတယ် ။

စားသောက်ဆိုင် နံရံတွေမှာတော့ နာမည်ကြီး အနုပညာရှင်တွေရဲ့ ၊

မူရင်းလက်ရေးနှင့် ကဗျာတွေ ၊ စာတွေ ၊ ပန်းချီတွေ ကို တွေ့ရပါတယ် ။

( http://en.wikipedia.org/wiki/Cafe_Gijon )

 

အမှတ်တရ အနေနှင့်ကတော့ ၊ ညစာစားနေစဉ်မှာ ၊

အဘတို့ ခရီးသွားအဖွဲ့ထဲက Liam ဆိုတဲ့ ချစ်စရာ New Zealand ကလေးလေးက ၊

သူ့ အင်္ကျ ီတွေ ဘာတွေပါ ချွတ်ပြစ်ပြီး မာန်အပြည့်နှင့် ၊

New Zealand National Rugby Team ( All Black ) ရဲ့ နာမည်ကျော် Haka အက ၊

( Māori War challenge Dance ) မိုရီ လူရိုင်း စစ်ပွဲခေါ်သံ အက နှင့် ဖျော်ဖြေသွားပါတယ် ။

 

NZ Rugby Team ဟာ သူတို့နိုင်ငံ Rugby ပြိုင်ပွဲတွေ မစခင်မှာ အဲဒီ Haka အက ကိုကပြီး ၊

ကိုယ့်အသင်း ကိုလည်း စိတ်အားမြှင့် ၊ တစ်ဖက်အသင်းကိုလည်း ခြိမ်းခြောက်လေ့ ရှိပါတယ် ။

အရင်တုန်းက ခေါင်းဖြတ်သတ်လိုက်မယ်ဆိုတဲ့ ပုံစံမျိုးတွေ အထိပါ ပါပါတယ် ။

နောက်ပိုင်းမှသာ ကြမ်းလွန်းလို့ ၊ အဲဒီ ခေါင်းဖြတ်သတ်လိုက်မယ်ဆိုတဲ့ ပုံစံကို ပြန်ဖြုတ်လိုက်တာပါ ။

( http://en.wikipedia.org/wiki/Haka_%28sports%29 )

 

နာမည်ကြီး Cafe Gijon အဝင်ဝ နှင့် ဆိုင်းဘုတ် ။

နာမည်ကြီး Cafe Gijon အဝင်ဝ နှင့် ဆိုင်းဘုတ် ။

နာမည်ကြီး Cafe Gijon မှာ စားသောက်စဉ် ဖျော်ဖြေနေကြပုံ ။

နာမည်ကြီး Cafe Gijon မှာ စားသောက်စဉ် ဖျော်ဖြေနေကြပုံ ။

New Zealand Rugby Team ( All Black ) ရဲ့ နာမည်ကျော် Haka အက ( Wiki ကပုံပါ ) ။

New Zealand Rugby Team ( All Black ) ရဲ့ နာမည်ကျော် Haka အက ( Wiki ကပုံပါ ) ။

Liam ရဲ့ New Zealand National Rugby Team ( All Black ) ရဲ့ နာမည်ကျော် Haka အက ။

Liam ရဲ့ New Zealand National Rugby Team ( All Black ) ရဲ့ နာမည်ကျော် Haka အက ။

 

ညစာ စားပြီးတဲ့အခါမှာ Madrid မြို့ရဲ့ ထင်ရှားလှတဲ့ ရှုခင်းတွေကို လှည့်လည်ပြပါတယ် ။

အဘတို့မှာ အရမ်းပင်ပန်းနေပြီမို့ နေရာတိုင်းမှာ ဆင်းမကြည့်နိုင်တော့ပဲ ၊

လှပ လှတဲ့ ၊ ရှားရှားပါးပါး အီဂျစ် ဘုရားကျောင်း

Temple of Debod ကျမှပဲ ဆင်းကြည့်ပါတော့တယ် ။

အီဂျစ် နိုင်ငံ Abu Simbel Temples တွေကို ထိမ်းသိမ်းတဲ့ နေရာမှာ စပိန်က ထောက်ပံ့ခဲ့ပါတယ် ။

အဲဒီနောက် အဆွမ် ရေကာတာကြီး Great Dam of Aswan ဆောက်တဲ့အခါ ၊

ရေကာတာ နှင့် မလွတ်တဲ့ Temple of Debod ကို ၊

အီဂျစ် အစိုးရက စပိန် အစိုးရကို ကျေးဇူးဆပ်တဲ့အနေနှင့်

၁၉၆၈ ခုနှစ် မှာ လက်ဆောင်ပေးလိုက်တာပါ ။

( http://en.wikipedia.org/wiki/Temple_of_Debod )

 

Madrid မြို့ထဲက အီဂျစ် ဘုရားကျောင်း Temple of Debod ။

Madrid မြို့ထဲက အီဂျစ် ဘုရားကျောင်း Temple of Debod ။

 

စက်တင်ဘာ ၂၁ ရက်နေ့ ။

 

ဒီနေ့က တကယ်က 42 Euro စီ ထပ်ပေးရမယ့် Toledo Optional Excursion သွားမယ့်နေ့ပါ ။

ဒါပေမယ့် ၊ အဘတို့မှာ အရမ်း ပင်ပန်းနေကြလို့ နားနားနေနေ နေချင်တာရယ် ၊

Real Madrid F C ရဲ့ Santiago Bernabéu Stadium ကိုလည်းသွားချင်နေတာနှင့် ၊

Toledo Excursion ကို မလိုက်ဖို့ စာရင်းပေးလိုက်ပါတယ် ။

 

Toledo ဟာ Madrid မတိုင်ခင်က စပိန်ရဲ့ သမိုင်းဝင် ရှေးဟောင်း မြိုတော်ဖြစ်ပြီး ၊

ရှေးဟောင်း အဆောက်အဦးပေါင်း မြောက်များစွာ ရှိတဲ့ သွားသင့်တဲ့ ဒေသပါ ။

အဘတို့ အဲဒီလို မသွားပဲ အနားယူဖို့ ဆုံးဖြတ်တာဟာ မှားကြောင်း နောက်မှ သိရပါတယ် ။

နောက်ဘယ်တော့မှ အဲလို သမိုင်းဝင် ရှေးဟောင်း နေရာတွေကို

လက်လွှတ်မခံဖို့ ဆုံးဖြတ်လိုက်ပါတယ် ။

 

အဲဒီနေ့က ၊ အဘတို့တည်းတဲ့ Holiday Inn Madrid Hotel မှာ ၊

ဘူဖေး ဘရိတ်ဖတ်စ်ကို စိတ်အေးလက်အေးစားပြီး ၊

နံနက် ၁ဝ နာရီလောက်မှ အေးအေးဆေးဆေး Real Madrid F C ရဲ့ ၊

Santiago Bernabéu Stadium ကို ထွက်လာခဲ့ပါတယ် ။

 

Bernabéu Stadium မှာ ဓါတ်ပုံလေး ဘာလေးရိုက်ပြီး ၊

အဘ မဟေသီက Madrid Shopping Centre တွေမှာ Window Shopping လျှောက်လုပ်ပါတယ် ။

နေ့လည်စာကို Star Buck Coffee Shop မှာ အေးအေးဆေးဆေး မုန့်နှင့် ကော်ဖီ သောက်ပြီး ၊

Holiday Inn Hotel ကိုပြန်လာပြီး နေ့ဝက်လုံးလုံး အိပ်စက် အနားယူလိုက်ပါတော့တယ် ။

 

တော်သေးပြီ ။

 

အဘ ဖေါ ( FR ) ။

 

Real Madrid F C ရဲ့ Santiago Bernabéu Stadium ။

Real Madrid F C ရဲ့ Santiago Bernabéu Stadium ။

 

14 comments

  • ဦးဦးပါလေရာ

    November 8, 2012 at 10:32 am

    ခရီးပန်းတယ်လဲပြောသေး ဓါတ်ပုံထဲမှာ နဲနဲဝလာသလိုပဲ… 😛

    ရှု့ခင်းပုံတွေလဲ ကောင်းတယ်။ ဒါ့ထက် ဘယ်နေရာကြည့်ကြည့် အမှိုက်မရှိပဲ ပြောင်စင်သန့်ရှင်းနေတာပဲ…။
    ကျုပ်တို့နိုင်ငံသားတွေ တခြားနေရာတွေကိုထားလို့ လူလိုနေတတ်တာချင်းတူအောင်ကို တော်တော်လုပ်ရဦးမယ်.. 🙁

    အပိုင်း ရ ကိုသွားဖတ်ဦးမယ်….

  • Ma Ei

    November 8, 2012 at 11:25 am

    …Biarritz ပြင်သစ် မြို့လေး ရဲ့ ပင်လယ်ကမ်းခြေ ရှုခင်း
    …မြေဆီဩဇာနည်းပြီး ၊ ကျောက်တောင်ပေါများတဲ့ စပိန် နိုင်ငံ ။
    …လှပတဲ့ လူသွားလမ်းလေး ။
    လှလိုက်တာ…
    ပုံပြင်ထဲက နေရာလေးတွေပါ…
    :byae:

  • Hnin Hnin

    November 8, 2012 at 11:25 am

    Biarritz ပြင်သစ် မြို့လေး ရဲ့ ပင်လယ်ကမ်းခြေရှုခင်းတွေကတော့ တစ်ကယ်လှတယ်..
    ခိုင်ခိုင်ခံခံ့နဲ့ကို ကမ်းခြေကို အနားသတ်ထားတာပဲ..ဒါပေမယ့် အရမ်းကပ်နေလို့
    ဆူနာမီဘေးနဲ့ နီးနေသလိုပဲ…

    အာ့ဆို…ဘချစ်ချစ်က window shopping ဆိုတော့ သွားရေမကျရတော့ဘူးပေါ့နော်.. 🙁

    • Foreign Resident

      November 10, 2012 at 1:58 am

      Ma Ei နှင့် Hnin Hnin ရေ ။

      အီဂျစ် ဘုရားကျောင်း Temple of Debod ပုံလေး ကရော မလှဘူးလားကွယ် ။
      အဘ မျက်စိထဲမှာတော့ အခုပုံတွေထဲမှာ အဲဒီ Temple of Debod ပုံက အလှဆုံး ။

      ” ဘချစ်ချစ်က window shopping ဆိုတော့ သွားရေမကျရတော့ဘူးပေါ့နော် ”

      သွားရေ ကျရအောင် ဝယ်ခဲ့တဲ့ အိတ်တွေပုံ တင်ပေးလိုက်ရမလား ။
      ဟီ ဟိ ၊ နောက်ထှာ ။

  • မိုချို

    November 8, 2012 at 11:56 am

    အဘရေ

    ကျမတို့ ဆီ မှာ ရေကာတာတွေ ဆောက်ပြီး လျှပ်စစ် ထုတ် လို့ ကန့် ကွက် ရတာ က ကိုယ့် ပြည်သူအတွက် မဟုတ် ပဲ တရုတ်ကြီး အတွက် ဖြစ်နေ လို့ ကန့် ကွက် ရတာ အဘလည်း သိသားနဲ့ ။ ကိုယ့် နိုင်ငံ ၊ ကိုယ့် ပြည်သူ အတွက် ဆိုရင်တော့ လက်မခံ နိုင် စရာ မရှိ ပါဘူး။ ဒါပေမယ့် လုပ်ခဲ့ သမျှှ တွေ ကလည်း ထိထိ ရောက် ရောက် အရာ မထင်တော့ ပြည်သူတွေ က လက်ငင်း ကြုံ ရမဲ့ အခက် အခဲ တွေ(ရွာတွေ ဆုံး ၊ မြေတွေ ဆုံး ) ရင် မဆိုင် ချင် ကြတော့ဘူး။

    ဆည်တွေ ၊ ကျောက်မီးသွေး သုံး စက် ရုံ တွေ ရဲ့ နောက်ဆက်တွဲ ဖြစ် လာ မဲ့ အကျိုး ဆက်တွေ အတွက် ပါ ထိထိ ရောက်ရောက် ကြိုတင် စီမံ ပေး ထား ရင် တော့ အား လုံး မဖြစ် မနေ လက် ခံ ရ ပါ မယ်။
    ကျောက်မီးသွေး သုံး စက် ရုံ ရဲ့ စွန့် ပစ် ပြာတွေ ဟာ တော် တော် ဒုက္ခ ပေး ပါတယ်။ ပစ်ချ လိုက် တဲ့ မြေပေါ် ကို ဘိလပ်မြေ ကိုင် လိုက် သလို ပါပဲ၊ အဲဒိ မြေ ကြီး ကို ဘာမှ သုံးလို့ မရ တော့ ပါဘူး။ ရှူ မိနေတဲ့ လူ တွေ အတွက်တော့ ပြော မနေ ပါနဲ့ တော့။ စက်ရုံ လည် ပတ်နေ သမျှ အဲဒီ ပြာတွေ ထွက် လာ နေ မှာ ပါ။ ဒီတော့ အဲဒါတွေ ကို သဘာဝ ပတ်ဝန်း ကျင် နဲ့ လူတွေ ကို မထိခိုက်စေပဲ ဘယ် လို စွန့် ပစ် မယ် ဆိုတာတွေ ကို ပညာ ရှင် တွေ နဲ့ သေချာ တိုင်ပင် ပြီး ဆောင်ရွက် နိုင်တယ် ဆိုရင် တော့ ကြို ဆို ရမှာ ပါ။
    ကျမတို့ နိုင်ငံ ကတော့ နောက် ဆို ဆန္ဒ အပြဆုံး တိုင်း ပြည် ဖြစ်တော့ မယ် ထင်တယ်။

    သန့် ရှင်း လှ ပနေတဲ့ သူများ နိုင်ငံ က ပုံလေး တွေ ကြည့် ရ လို့ ကျေး ဇူး တင်ပါတယ်။

  • blackchaw

    November 8, 2012 at 1:32 pm

    ဝိုး
    သန့်ပြီးတောက်ပြောင်နေတာပဲနော့…။
    ကော်ဖီဆိုင်အဝင်ဝက ချာတိတ်က တစ်ယောက်တည်းလားဗျ…။
    သူ့ကြင်ယာတော်နဲ့ တွဲရိုက်ထားတာလေးများ ပါဘူးလား…။
    အားပေးသွားပါတယ် အဘဖေါရေ…။
    လေးစားခင်မင်တဲ့
    ဘလက်ချော

  • လန်းတယ်ဗျာ ..
    ရီးယဲလ်ရဲ့ ကွင်းကြီးက ..
    ဒါနဲ့ စကားမစပ် ..
    မော်ရင်ဟိုတို့၊ ရော်နယ်လ်ဒို တို့နဲ့ရော တွေ့ခဲ့သေးလားဂျ ..

  • kai

    November 9, 2012 at 2:19 am

    ရေကာတာတွေ ၊ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံတွေ ဆောက်တော့ ကန့်ကွက်ကြ ။
    ရှိတဲ့ Gas လေးတွေကြတော့လည်း ကြိုရောင်းထားတာ ကုန်သလောက် ဖြစ်နေပြီ ။
    ဆန္ဒကလည်း ဘာပြသလဲ မမေးနှင့် ၊ ပရီးမီးယားလိဂ် ပွဲစဉ် ဇယားလို ၊
    မြန်မာ ဆန္ဒပြပွဲ ပွဲစဉ် ဇယားတောင် ထုတ်ရောင်းလို့ရဦးမယ် ။
    ဒီလိုပုံနှင့်ကတော့ ၊ တိုင်းပြည်က တိုးတက်ဦးမယ် ။

    ဒီမိုကရေစီအပျိုမကို… (အမျိုး၊ဘာသာ၊သာသနာရေးလုပ်နေပါတယ်ဆိုသူ)အစွန်းရောက်တွေက.. မုဒိမ်းဝိုင်းကျင့်နေကြတာလို့.. မြင်လာမိကြောင်း…။

  • ဦးဦးပါလေရာ

    November 9, 2012 at 9:45 am

    ပြောတော့ပြောရဲပါဘူး…
    သူများပြောတာတွေ့လို့ နဲနဲလောက်သံယောင်လိုက်ရရင်
    တိုင်းပြည်ရဲ့တိုးတက်မှု့ကို အဓိက ဆောင်ကျဉ်းပေးမယ့်ဟာ နှစ်မျိုးပဲရှိတယ်
    ဥပဒေစိုးမိုးမှု့ ……… နဲ့
    စွမ်းအင်………
    အဲဒီနှစ်မျိုးလုံး ကျုပ်တို့မှာမရှိဘူး…
    ပိုဆိုးတာက….
    လူများစုက (တကယ်)မလိုချင်သေးဘူး…..
    ဒါကြောင့် ရအောင်မလုပ်ဘူး…..

    အဲဒါရဲ့အဓိပ္ပါယ်က အာကလံပါကလံတွေ မစားရအညှော်ခံဘယ်လောက်ပြောပြော
    ကျုပ်တို့နောက်မျိုးဆက် လူတန်းစေ့ဘို့ အဝေးကြီးမှ အဝေးကြီး…..

  • pooch

    November 9, 2012 at 6:22 pm

    “သူများ နိုင်ငံကြီးတွေပြောတဲ့ ပါတ်ဝန်းကျင် သိပ်မထိတဲ့

    နေအား တို့ ၊ လေအား တို့ စိတ်ကူးမယဉ်နှင့် ။

    အဲဒါတွေက ဈေးကြီးတယ်ကွယ် ့ ။ အထူးသဖြင့် Capital Cost အရမ်းများတယ် ။”

    ဒါက ဒီလို ရှိပါတယ် အဘဖော ။ ဒီစကားလေး ကြားဖူးမယ် ထင်ရဲ့။

    “Laughter is timeless,
    imagination has no age,
    dreams are forever. ”

    လပေါ်ရောက်ဖို့ လူတွေ အရင် စိတ်ကူးယဉ်ရပါတယ်။ ပြီးမှ တီထွင် ဖန်တီးပြီး အရောက်သွားရတာပါ။

    ဘာဖြစ်လို့ စိတ်ကူးယဉ်ခွင့်ကို ပိတ်ပင်ရတာလဲ ။ ဒီနေ့ခေတ်ရဲ့ အောင်မြင်မှုတော်တော်များများက စိတ်ကူးယဉ်မှုတွေက နေ စခဲ့တာပါ။

    ကျမတို့ တိုင်းပြည်က ဆင်းရဲနေလို့ စိတ်ကူးယဉ်ခွင့်မရှိတော့ဘူးလား။ တသက်လုံး ဒီအတိုင်း သွားမယ် လို့ ဘယ်သူက မြင်နိုင် ပြောနိုင်လို့လဲ?????

    ဘယ်အရာမဆို မဖြစ်သေးတာပဲ ရှိတယ် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ နောက်ကျတာနဲ့ စောတာပဲကွာမယ်။ လူအားလုံးဟာ စိတ်ကူးယဉ်ခွင့်ရှိတယ် ။ အိမ်မက်မက်ခွင့်ရှိတယ်။ :mrgreen:

    နောက်သမီးလေးတွေ ဈေးပေါတာက တိုင်းပြည်ဆင်းရဲမှ ချမ်းသာမှ မဟုတ်ဖူး။
    တဏှာရူးနေတဲ့ ရမက်ဆီတက်နေတဲ့ အဘနှာဘူးသီးတွေရယ် ဖြတ်လမ်းအလွယ်လိုုက်တတ်တဲ့ သူတွေ ရယ် ရှိနေသမျှ ဈေးပေါနေအုန်းမှာ။

    မယုံရင် ပက်ပုန်းသွားကြည့် ( အော် မေ့လို့ ဒီနေရာတွေ အဘတို့လို လူတွေအတွက် ပြောနေစရာတောင် မလိုပါဘူး ) ဟီး…… နောက်တာ အတည် 😆

    • Foreign Resident

      November 10, 2012 at 1:46 am

      Pooch ရေ ။

      အဘ ဆိုလိုရင်း စိတ်ကူးမယဉ်နှင့် ဆိုတာက ၊
      ဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲ တိုင်းပြည်တစ်ခု အနေနှင့် ၊
      ဖြစ်နိုင်ခဲတာ ( နေအား တို့ ၊ လေအား တို့ ) ကနေ မစပဲ ၊
      ဖြစ်နိုင်တာ ( ရေအား ( ရေကာတာ ) ၊ Gas နှင့် ကျောက်မီးသွေး ) ကနေပဲ စဖို့ ၊
      ဆိုလိုတာပါ ။

      စိတ်တော့ ပူစရာ မရှိပါဘူးလေ ၊
      နေအား တို့ ၊ လေအား တို့ ကို ကိုယ်က သေလုအောင် လုပ်ချင်ရင်တောင်မှ ၊
      ဘယ် ရင်းနှီးမြုပ်နှံသူ လုပ်ငန်းရှင် ကမှလည်း လာလုပ်ပေးမှာ မဟုတ်ပါဘူး ။

      ” နောက်သမီးလေးတွေ ဈေးပေါတာက ”

      မှန်တာပြောရရင်တော့ ၊ တဏှာ ရူးတာကတော့ ၊
      ယောက်ျား မိန်းမ ၊ လူကြီး လူငယ် မရွေး ရူးကြတာပါပဲကွယ် ။

      ၁ ။ လုပ်ပိုင်ခွင့် / ဖြုန်းနိုင်အား ဘယ်လောက်ရှိတယ် ၊
      ၂ ။ ပါတ်ဝန်းကျင် နှင့် ဥပဒေ က ဘယ်လို သဘောထားတယ် ၊
      ၃ ။ ယဉ်ကျေးမှု ဆိုတာအပေါ် ခံယူချက် ဘယ်လိုထားတယ် ၊
      စတာတွေပေါ် မူတည်ပြီး အမြင်ကွာနေတာပါကွယ် ။
      အခုတောင် Amsterdam က Sex Museum ကို မိန်းမ နှင့် အတူ သွားကြည့်ခဲ့သေးတယ် ။

      အဘ ဆိုရင် ၊ ငယ်နုစဉ်ကဆို ဝက်ဝက်ကွဲပေါ့ ။
      ရန်ကုန်က အဘ VDO တွေ မြင်ဘူးတဲ့ ရွာသားကြီး တစ်ချို့ က ၊
      မောင်စေတန် ဟာ အဘ မြေးလောက် အဆင့်ပဲ ရှိတာ ဝန်ခံကြတာပဲ ။

      အခုမှ ၊ မိန်းမ ရ ၊ အသက် ရသွားလို့ ထိမ်းသွားတာ ။
      ပြောရင်းတောင် ငယ် ဘဝ ကို လွမ်းလာပြီ ။
      တစ်ချီတစ်မေါင်းလောက် ပြန်ကဲလိုက်ရရင် ကောင်းမလား မသိ ။ 😛

      • ပျောက်ဆုံးသွားတဲ့ နိဗ္ဗာန်ဘုံလေးကို
        တမ်းတ နေပါတဲ့ ..
        အိုဘယ့် … အဘဖော ….. :mrgreen:
        ပြန်ကဲချင်ရင် ကဲပစ်လိုက်ဂျာ …
        ဘာမှ တွေးနေနဲ့ …
        နောက်ကိစ္စ နောက်ရှင်ပေါ့ .. ဟုတ်ဘူးလား ..
        အဟိ ….

  • အရီးခင်လတ်

    November 9, 2012 at 8:47 pm

    ပုံလေးတွေက Post Card လေး တွေလိုဘဲ လှမှလှ ပါဘဲ။
    ကင်မလာ အကောင်းစား ဘဲ ဖြစ်မှာပါ။ 😉
    ပုံလေးတွေ နဲ့မို့ ကိုယ်တိုင် ခရီး သွားရသလို မှတ်ပြီး ဖတ်နေ အားပေးနေပါတယ် ကိုအဘဖော ရေ။

    • Foreign Resident

      November 10, 2012 at 1:50 am

      အရီးရယ် ။
      ကင်မလာက အကောင်းစား မဟုတ်ပါဘူး ။ အစုတ် Nikon D-5100 ပါ ။
      ကင်မလာ အသစ် Full Frame လဲချင်လာပြီနော် ၊ အောင့်ထားရတယ် ။

Leave a Reply