“(11-11-2012)နေ့မှာထွက်ပေါ်လာမယ့် အကြိုက်ဆုံးသူကိုခန့်မှန်းလိုက်ကြရအောင်”

 

“(11-11-2012)နေ့မှာထွက်ပေါ်လာမယ့် အကြိုက်ဆုံးသူကိုခန့်မှန်းလိုက်ကြရအောင်”

 

၂၀၁၂ အောက်တိုဘာလအတွက  မန်းဂေဇက်စာချစ်သူအကြိုက်ဆုံးဆုရသူရွေးချယ်ဘို့အတွက်

ပဏာမ ရွေးချယ်ထားတ (ဇကာတင်စာရင်း)စရင်းကတော့ အောက်ဖော်ပြပါအတိုင်းဖြစ်ပါတယ်။

 

 

စဉ် စာမူခေါင်းစဉ် စာရေးသူ လင့်

1

ဘူမိကျောင်းတော်သား ဦးကျောက်ခဲ https://myanmargazette.net/152607

2

ညဈေးသည် အောင်မိုးသူ https://myanmargazette.net/154234

3

”ညအမှောင်ယံထဲမှာ” သော်ဇင်(လွိုင်ကော်) https://myanmargazette.net/150573

4

အညာသို့တစ်ခေါက်ဆို မျက်ရည်ကတစ်ပေါက်စို သော်ဇင်(လွိုင်ကော်) https://myanmargazette.net/150995

5

ရေဆန်စီးခွင့်ပြုပါ ရွှေအိမ်စည် https://myanmargazette.net/61107

6

Change, Update & Upgrade ကြောင်ဝတုတ် https://myanmargazette.net/150923

7

ဓ = ဓါးသွားပေါ်မှာ..လမ်းလျှောက်ခြင်း… ( ဓါး…. အက်ဆေး ) အလင်းဆက် https://myanmargazette.net/151141

8

န = နည်းနည်းလေးတော့ လွဲသွားတယ် ။ အလင်းဆက် https://myanmargazette.net/151584

9

ဖ = ဖခင်တစ်ယောက် ရဲ ့ဘဝ… အလင်းဆက် https://myanmargazette.net/153657

10

ကျွန်ုပ်နှင့်ရွှေဥဥသော ငှက်အကြောင်း အံဇာတုံး https://myanmargazette.net/151809

11

မေမြို့သားနှင့် မက်မန်းသီး ရှုံးလူ https://myanmargazette.net/153390

12

ထင်းခုတ်သမား၊ ပုရစ်ကြော်နှင့် တောဝက်သား ရှုံးလူ https://myanmargazette.net/152784

13

ယဉ်ကျေးမှုဟု ဆိုရာတွင်… မွန်မွန် https://myanmargazette.net/153615

14

မောဟမျဉ်းပြိုင်နှစ်ကြောင်း၏ ရာဇဝင် မွန်မွန် https://myanmargazette.net/151328/

15

ရည်းစားစာ ကြီးမိုက် https://myanmargazette.net/154151

16

အစားမတော် တစ်လုတ် နဲ့ သေမင်း ကို ခလုတ်တိုက်ခဲ့ သူ မိုချို https://myanmargazette.net/154152

17

“ပြဒါးပျယ်နေတဲ့မှန်ထဲမှာ စလေအညာက ကိုပေါက်(မန်း) https://myanmargazette.net/153863

18

ရချင်ရင်ပေးပါ ကိုခင်ခ https://myanmargazette.net/153451

19

Onetea Twotea uncle gyi https://myanmargazette.net/151869/

20

ဆန်ပြုတ် နှင် ့ ဟိုင်းဝေးလမ်းပါ်က အတ္တဟိတ surmi https://myanmargazette.net/151171

21

ဂိုဏ်းချုပ်ကြီးsurmi နှင့် ပြစ် ဆုပ် ပြန် ကမောက်ကမ ဝါဒီဂိုဏ်း surmi https://myanmargazette.net/150292

22

ဟင်းစပ် Khaing Zar Win https://myanmargazette.net/152342

23

ကလေးလေးတွေ ပညာ တတ်ဖြစ်ဖို့တော့ htet way https://myanmargazette.net/153311

 

 

ဆိုတဲ့စာမူ ၂၃ပုဒ်ကို ကျနော်တို့ ဖတ်ရွေးသူ ကိုးယောက်က ပထမဦးစွာ ဇကာတင်အဆင့်အနေနဲ့ရွေးချယ်ခဲ့ကြပါတယ်

ဒီလရဲ့ထူးခြားချက်ကတော့ ရွေးချယ်တဲ့စာမူပုဒ်ရေ တိုးလာတာပါဘဲ။

ပြီးခဲ့သောလများက တစ်ယောက်ကို ပ-ဒု-တ သုံးပုဒ်စီသာရွေးချယ်ခဲ့ပေမယ့်

ယခုလမှာတော့ ပ-ဒု ကိုတော့ တပုဒ်စီ တတိယကိုတော့ ငါးပုဒ်ထိရွေးချယ်ခွင့်

တိုးမြင့်လို့ပေးခဲ့ပါတယ်။ ဒါကြောင့် ခါတိုင်းလထက်စာရင် အပုဒ်ရေတိုးလို့ ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။

 

အဲဒီအခါမှာ စာရေးသူတစ်ယောက်ထဲကတစ်လအတွင်းမှာရေးထားတဲ့အထဲက

စာတွေကို မတူကွဲပြားစွာနှစ်သက်ခဲ့ကြတာကို သွားတွေ့ရပါတယ်။

အလင်းဆက်   သုံးပုဒ်

မွန်မွန် ဆာမိ သော်ဇင်(လွိုင်ကော်) ရှုံးလူ       နှစ်ပုဒ်စီ

အစရှိသဖြင့် မတူညီတဲ့ ပိုစ်တွေကို အသီးသီးကြိုက်ခဲ့ကြပါတယ်။

အဲဒီကနေထပ်ပြီး ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါမှာ

ရွေးသူ 7ယောက်က ကြိုက်တာ တစ်ပုဒ်

ရွေးသူ 5ယောက်က ကြိုက်တာ တစ်ပုဒ်

ရွေးသူ 4ယောက်က ကြိုက်တာ တစ်ပုဒ်

ရွေးသူ 3ယောက်က ကြိုက်တာ 3ပုဒ်

ရွေးသူ 2ယောက်က ကြိုက်တာ 4ပုဒ်

ရွေးသူ 1ယောက်ထဲဘဲ  ကြိုက်တာ 12 ပုဒ်

ဖြစ်နေတာကိုတွေ့ရတဲ့အတွက်

ညှိနိုင်းပြီး ကိုယ်ပေးချင်တဲ့လူကိုပေးတာမဟုတ်ဘူးဆိုတာ သက်သေပြလိုက်သလိုပါဘဲ။

 

စာဖတ်ရွေးအဖွဲ့ရဲ့ တပုဒ်ချင်းစီအတွက် မှတ်ချက်များကတော့အောက်ပါအတိုုင်းဖြစ်ပါတယ်။

(ဖတ်ရွေးသူတစ်ဦးချင်းစီက သီးခြားပေးတဲ့မှတ်ချက်ကို ကျနော်က ပြန်လည်ပြီး တည်းဖြတ်

ပြင်ဆင်ပြီးရေးထားတာဖြစ်ပါတယ်)

ကဲ အမြင်ခြင်းတူမတူ ဖတ်ကြည့်စေလိုပါတယ်။

 

 

 

 

 

1။                     ကျွန်ုပ်နှင့်ရွှေဥ ဥသော ငှက်အကြောင်း  (မဟာအံစာတုံး)

အရေးအသားခပ်ဆန်းဆန်း

အတွေးအခေါ်ခပ်ဆန်းဆန်းနဲ့

တင်ပြပုံစာလုံးအထားအသိုအရေးအသား         ပြောစရာမရှိအောင်ကောင်းမွန်သည့်အတွက်………………

 

 

2။       ဆန်ပြုတ် နှင့် ဟိုင်းဝေးလမ်းပေါ်က (ဆာမိ)

သွက်လက်တဲ့အရေးအသားကိုလည်းကြိုက်တယ်၊

စာရေးသူက သူ့ကိုယ်သူအတ္တနဲ့လုပ်ခဲ့ပါတယ်ဆိုပေမယ့်လူလောကမှာရှိသင့်တဲ့ပရဟိတစိတ်လဲ
ရှိသင့်တယ်လို့ ပါးပါးလေးတိုက်တွန်းထားတာကိုလည်းသဘောကျပါတယ်။

 

3။         ညဈေးသည်     ( အောင်မိုးသူ)

ချို့တဲ့သူမိန်းခလေးတစ်ယောက်ရဲ့ဘဝနဲ့ ပတ်ဝန်းကျင်ရိုက် ခတ်မှုကို သရုပ်ပါပါရေးသားထားတဲ့အတွက်

4။         ညအမှောင်ယံထဲမှာ (သော်ဇင်လွိုင်ကော်)

စဖတ်ကာစကတော့စိတ်ဝင်စရာမကောင်းသလိုလို

အရက်သောက်နေတဲ့လူပေ့ါသွမ်းတွေအကြောင်းလိုလို

နောက်တော့ ဆက်ဖတ်ရင်းကနေသိချင်စိတ်တိုးသထက်တိုးလာအောင်ဆွဲဆောင်သွား။

ဖတ်ရင်းနဲ့ သူရဲပူးတာလိုလို ဘာလိုလို။

ဒါပေမယ့်နောက်ဆုံးတော့အရက်ကြောင့်ပုံမှန်စိတ်ကနေသွေလွဲသွားတဲ့

အလှည့်အပြောင်းလေးဖြစ်သွားတာကြောင့်…………………………

5။       ထင်းခုတ်သမား ပုရစ်ကြော်နဲ့တောဝက်သား  (ရှုံးလူ)

(ဒီနေ့ ငါ့သားကြီးအတွက် အမေ တောဝက်သားဟင်းချက်ထားတယ်)

ထူးခြားဆန်းကြယ်သောအကြောင်းအရာမဟုတ်ပေမယ့် စိတ်ဝင်စားစရာလဲကောင်း

ဗဟုသုတလည်းရသောဆောင်းပါးလေးဖြစ်လို့နှစ်သက်။

အဆုံးသတ် တောဝက်သားက ပိုပြီးအရောင်တောက်ပစေသော

အလှည့်အပြောင်းလေးကြောင့် နှစ်သက်မိ။

ဗဟုသုတဖြစ်ဖွယ်ကောင်းသောအကြောင်းအရာများရဲ့အဆုံးသတ်မှာ

တောဝက်သားလေးရဲ့ အလှည့်အပြောင်းလေးကြောင့် နှစ်သက်မိ။

6။       မေမြို့သားနှင့်မက်မန်းသီး

အထူးမပါ အဆန်းမပါ ရိုးသားစွာနေရသောဘဝလေးကိုတင်ပြ

နှစ်သက်စရာ မက်မန်းသီးများကြောင့်…………………………………

7။         ကလေး လေးတွေပညာတတ်ဖြစ်ဖို့တော့ (ထက်ဝေး)

ဥပဒေတွေဘယ်လိုရှိရှိ မိသားစုဝမ်းဝအောင် မိဘနှစ်ပါးကလဲ မစွမ်းဆောင်နိုင်

တော့ မိမိသားသမီးများကိုကျောင်းမထားနို်င်တာတွေ့ရတော့ အနာဂါတ်အတွက်ရင်လေးမိပါတယ်။

နိုင်ငံရဲ့ အနာဂါတ်ဟာပညာရေုးမို့ ပညာရေးနဲ့ပါတ်သက်တဲ့ပို့စ်လေးလဲဖြစ်

အများအကျိုးအတွက် အဓိပ္ပါယ်ရှိပြီး ရင်ကိုထိရှစေသောပိုစ်လေးဖြစ်ခဲ့ပါတယ်။

8။       ဘူမိဗေဒကျောင်းတော်သား       (ဦးကျောက်ခဲ)

ကလောင်နာမည်ဘာကြောင့် ဦးကျောက်ခဲ ဖြစ်ရတယ်ဆိုတာကို ပဟေဠ်ိညှိ

နိုင်ခဲ့တဲ့ပိုစ်လေးပါဘဲ။

ပင်ကိုယ်ရေးဟန် ပင်ကိုယ်စတိုင်အတိုင်း မြူးမြူးသွက်သွက် ပေါ့ပေါ့ပါးပါးနဲ့

လွမ်းမောဘွယ်ရာကျောင်းတော်သားဘဝကို ပြန်တမ်းစေနိုင်ခဲ့ပါတယ်။

စာရေးကောင်းလွန်းလို့ တက္ကသို်လ်ကျောင်းက ဘဝတွေဆီပြန်ရောက်သွားပါတယ်။

ဖတ်ရင်းကို ပါးစပ်မပိတ်ရလောက်အောင်ဆွဲဆောင်တဲ့အရေးအသားကြောင့် ရယ်ရလွန်းလို့

သဘောကျမိပါတယ်။

9။       ဖ=ဖခင်တစ်ယောက်ရဲ့ဘဝ                အလင်းဆက်

မိခင် ဖြစ်သူတွေ….. သား / သမီးကို… ချစ်တဲ ့အချစ် ဟာ….. Unconditional Love တဲ ့ ။
ဖခင်တွေ..သား / သမီးကို..ချစ်တဲ ့အချစ်ကတော့….. Conditional Love တဲ ့ ။
ဒီလိုလေးအစချီထားပြီး…ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို လှလှပပဖွဲ့

သွားနိုင်တဲ့အပြင်..
ထူးထူးခြားခြား အတွေးလေးကိုတင်ပြထားပုံ အလွန်လှပပါတယ်…ဘာလဲဆိုတော့…
` မော်ဒန် အဇာတသတ်တွေ´တဲ့…သာမန်အားဖြင့် တွေးမိနိုင်ခဲတဲ့ အတွေးလေးပါပဲ….
`                      တချို ့..သားတွေက…..အဇာတသတ်လို…. ဖခင်ကို သတ်တာ မဟုတ်ပါဘူး ။ ဖခင်ရဲ ့….

ရုပ်ခန္ဓာကိုယ်             ကို..သတ်တာမဟုတ်ဘူး ။
ဖခင်ရဲ ့ပျော်ရွှင်မှုကို.သတ်တာ….
ဖခင်ရဲ ့… ယုံကြည်မှုကို သတ်တာ…
ဖခင်ရဲ ့……..မေတ္တာ တရားကို..သတ်တာ….
ဖခင်ရဲ ့စိတ်ခန္ဓာ..ကို သတ်တာ လို ့ပဲ.. ဆိုကြပါစို ့..။
ဒီပို့စ်လေးကိုသေချာဖတ်တော့…..အားလုံးထဲမှာ…
                    ခေတ်သစ် အဇာတသတ်တွေ မော်ဒန် အဇာတသတ်တွေ.
အကြောင်း အလင်းဆက် ပုံဖေါ်ထုဆစ်ထားပုံလေးကို အထူးနှစ်သက်မိပါဂျောင်းးးး

10။     န= နည်းနည်းလေးတော့လွဲသွားတယ်     အလင်းဆက်

ဆင်းရဲတဲ့ တိုင်းပြည်ရဲ့ မတွေ့ချင်ပဲတွေ့နေရတဲ့ အလွဲတွေ အကြောင်း ရေးထားတာလေးပါ။

ရေးသမျှ အားလုံး သူ့နည်းနဲ့သူ ကောင်းပေမယ့် ဒီပို့စ်လေးကတော့ တိုင်းပြည်တွက်

လိုအပ်ချက်လေးတွေကို ဓာတ်ပုံလေးတွေနဲ့ပါ မချိတင်ကဲတင်ပြထားတာကြောင့်

11.။    ဓ=ဓါးသွားပေါ်မှာလမ်းလျောက်ခြင်း                အလင်းဆက်    

လွပ်လပ်စွာဖန်တီးနိုင်ခွင့်မရှိတဲ့ အက္ခရာရဲ့ထိန်းချုပ်မှု့အောက်ကနေပြီး

အက္ခရာစဉ်လိုက်ရေးလာခဲ့ရာကနေစိတ်ဝင်စားဖွယ်ဖြစ်အောင် နှိုင်းယှဉ်ရေးဖွဲ့ဖန်တီးထားတဲ့

ဓားသွားထက်တဲ့ အလင်းဆက်ရဲ့ကလောင်သွားက ထွက်လာသမျှ

ဒိုင်ယာလော့တွေ့အားလုံးကိုသဘောကျနှစ်သက်မိပါတယ်။

(ဓါးတစ်လက်၏ဂုဏ်သိက္ခာသည်ရည်ရွယ်ရာပစ်မှတ်ကို တိတိကျကျ ဖြတ်တောက်ခုတ်ပိုင်းနိုင်

          ခြင်းသည်သာဖြစ်၏)ဆိုပြီး စာရေးသူရဲ့အတွေးအခေါ်ကိုရဲရဲဝံ့ဝံ့တင်ပြသွားခြင်းဖြစ်ပါတယ်။

12.     အညာတစ်ခေါက်ဆို မျက်ရည်တစ်ပေါက်စို

စာအရေးအသားကောင်းသည့်အပြင်

အကြောင်းအရာအနေနဲ့ကလည်း                                                                                                       လက်တွေ့အဖြစ်အပျက်တစ်ခုကိုအခြေခံ၍ရေးဖွဲ့ထားသည့်တာတင်မကဘဲ

ရေးသားဖွဲ့နွဲ့ပုံပီပြင်လှသဖြင့်

မျက်စေ့ထဲမြင်လာပြီး စာဖတ်သူကိုယ်တိုင်ရောက်သွားသလိုလို။

အညာဒေသ၏ ပထဝီအနေအထား စီးပွားရေးအခြေအနေနှင့်

မြန်မာ့ရိုးရာဓလေ့စရိုက် မြန်မာ့ရူခင်းတို့ကိုမြင်သာအောင် ပီပြင်အောင်သရုပ်ဖော်ထားတဲ့

အတွက်နှစ်သက်မိပါတယ်။

13      .ယဉ်ကျေးမူ့ဟုဆိုရာတွင် မွန်မွန်

 

ယဉ်ကျေးမူ့မှန်သမျှထိန်းသိမ်းကြဆိုတဲ့ ရှေးရိုးစွဲတစ်ဖက်စောင်းနင်းအမြင်မျုိုးကိုဖယ်ပြီး

ပယ်သင့်တာကိုဖယ် သိမ်းသင့်တာကိုထိန်းဆိုတဲ့ ခေတ်နဲ့လိုက်လျောညီထွေစွာ

လှလှပပ မျှမျှတတ ရေးဖွဲ့ထားသည်သာမက ယခုခေတ်အခါမှာ

အိန္ဒြေ့ရှင်မြန်မာအမျုိုးသမီးများကလည်း ခေတ်နဲ့အညီ ရင်ဘောင်တန်းနေနို်င်တာကို လဲဖော်ပြ

မြန်မာအမျုးိသမီးတွေ ကိုယ့်ယဉ်ကျေးမူ့ကို ထိန်းသိမ်းစောင့်ရှောက်သင့်တယ်ဆိုတာလေးကို

ယဉ်ကျေးမူ့ရဲ့ အဓိပ္ပါယ်ကို စနစ်တကျဖော်ထုတ်ဖွင့်ဆိုထားကနှစ်သက်စရာဖြစ်တဲ့အပြင်

အများအတွက် အကျုးိရှိပါသောကြောင့်…………………………………

 

14      မောဟမျဉ်းပြိုင်နှစ်ကြောင်းရဲ့ရာဇဝင် မွန်မွန်

လောကကြီးထဲမှာ ဖြစ်တတ်တဲ့ မောဟတွေကို  စုံတကာစေ့အောင်ရေးသွားနိုင်တယ်။

ကလေးနှစ်ယောက်စလုံးရဲ့ အပြိုင်အဆိုင်ကြိုးစားမှုကြောင့် ဘဝရေယာဉ်ကြောမှ ရေပေါ်ပေါ်သူ                                    (အနိုင်ရသူတွေ)             ဖြစ်လာရာတာမို့

ဝင်း-ဝင်း ယှဉ်ပြိုင်မှုလို့ ပြောချင်ပါတယ်။

အသက်ကြီးလာတာနဲ့အမျှ စဉ်းစားဆင်ခြင်မှု အသိဉာဏ်တွေပိုလာပြီး ငြိမ်းချမ်းခင်မင်မှုတွေနဲ့

အဆုံးသတ်သွားတဲ့ Happy Ending လေးက ပိုစ့်ရဲ့ အောင်မြင်မှုအထွဋ်အထိပ်ကို ပေးလိုက်နိုင်တယ်

ထို့ကြောင့်

15      အစားမတော်တစ်လုတ်နဲ့သေမင်းကို ခလုတ်တိုက်ခဲ့သူ မို့ချို

 

အစားအစာစားသောက်တဲ့အခါသတိမမူမိပဲ စားမိတော့ ငါးရိုးလေးစူးမိရာကနေ မထင်မှတ်တဲ့                            သေခြင်းတရားကို ရင်ဆိုင်ရတဲ့အခိုက် အသက်လုပွဲဆင်နွဲနေရချိန်မှာတောင်

. မိခင်မေတ္တာ မယားတစ်ယောက်ရဲ. လင်ယောင်္ကျားအပေါ်ထားတဲ့ စိတ်ရင်း…..

ထိုမိခင်တစ်ဖြစ်လဲ မယားတစ်ယောက်ရဲ. မိခင်ဖြစ်သူရဲ. သမီးအပေါ်ထားတဲ့ မေတ္တာဖွဲ.တွေက

မိမိရဲ့ရင်သွေးလေးအတွက် စိတ်မအေးဖြစ်နေပုံမှာ ငိုရအခက်ရီရအခက်ဖြစ်လောက်အောင်

လှပစွာ မိဘမေတ္တာကို လှလှပပလေး ဖွဲ့နွဲ့ထားတာဖြစ်လို့ ကြိုက်ပါတယ်။

အိမ်ထောင်ရှင်မ တစ်ယောက်ရဲ့ဘဝ နဲ့ ကိုယ့်ကိုကိုယ် နောက်ဆုံးအချိန်အဖြစ်ရင်ဆိုင်ရတဲ့

အဖြစ်ကို ထင်ထင်ရှားရှား တွေ.မြင်ခံစားရအောင် ဖော်ကျုးဖွဲ့နွဲ့ထားပုံကလှလွန်းပါတယ်။

 

          16         ဂိုဏ်းချုပ်ကြီးsurmi နှင့် ပြစ် ဆုပ် ပြန် ကမောက်ကမ ဝါဒီဂိုဏ်း     ဆာမိ

                   သပ်ပုံဂိုဏ်း … ၊ အပျိုကြီးဂိုဏ်း ၊ အပျိုလေးများဂိုဏ်း ၊ စားဖိုမှုးများဂိုဏ်း ၊ ဓတ်ရှင်ဓတ်သေဂိုဏ်း ၊

နှူးဘာဂိုဏ်း ၊ ကြောင်ဂိုဏ်း ၊ အရက်သမားသမဂ္ဂ ၊ ကွန်ပျူတာဂိုဏ်း ၊ ဟက်ကာဂိုဏ်း ၊                      

ဘောလုံးဂိုဏ်း ၊ အနုပညာဂိုဏ်း (ဆုရွေးချယ်ရေးအဖွဲ ့ ) ၊လူပျိုကြီးဂိုဏ်း၊အူးဗိုက်ဝါဒီဂိုဏ်း……စသည်ဖြင် ့ …..။

                   မောင်ဆာမိလည်း ဂိုဏ်းအဖွဲ့မရှိလျင မျက်နှာငယ်မည်စိုးသောကြောင့်အစချီကာ

                   “ ပြစ် ၊ ဆုပ် ၊ ပြန် ….ကမောက် ကမ ဝါဒီဂိုဏ်း ” ပျော်စရာအတိဖြစ်အောင် ကျလိကျိနဲ့                           ကလိထားပါသောကြောင့်……………………………….

                        17 ရချင်ရင်ပေးပါ  ကိုခင်ခ

(ဆိုလိုချင်တာကတော့ မပေးဘဲရချင်လို့တော့ အမြဲမဖြစ်နိုင်ပါဘူး၊ ကိုယ့်ဘက်ကတော့

ကောင်းသည်ဘဲဖြစ်ဖြစ် ဆိုးသည်ဘဲဖြစ်ဖြစ် တစ်ခုခုပေးခြင်းရှိရမှာ ဖြစ်ပြီး ကိုယ်ပေးလိုက်တဲ့ အရာ၊

စွမ်းဆောင်မှု့ နဲ့အတူ ကိုယ်ထား ခဲ့တဲ့ စိတ်အနေအထားပေါ်မူတည်ပြီး တစ်ခုခုတော့ ရပါလိမ့်မယ်လို့    တွေးမိတွေးတာကို ရေးမိရေးတာပါ။)

လူအတော်များများ က ရတာနဲ့ပေးတာ ညီအောင်နေရင်မျှတ တယ်လို့ခံယူထားကြတဲ့အချိန်ဖြစ်ပါတယ်။

မပိုကြေး မလိုကြေးနဲ့ နေကြပါတယ်။အဲလိုနေရင်ကို တော်လှပြီဆိုတဲ့ခေတ်ထဲမှာ သူများဆီက ရဘို့             မမျော်လင့်ဘဲပေးဘို့ဘဲရည်ရွယ်တဲ့စိတ်ထားတွေလိုအပ်တယ်ဆိုတာ ဒီပိုစ်ကိုဖတ်မှ သတိမူမိပါတယ်။.

ကော်မင်းတွေကြောင့်ပိုလှသွားတဲ့ပိုစ်တစ်ပုဒ်ဖြစ်ပါတယ်။

           18 Onetea Twotea             Uncle Gyi

လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုမှသည် စားအုန်းဆီအသုံးဆင်ခြင်ဖို့ထိ တိုက်တွန်းထားတဲ့ စာရေးသူရဲ့

စေတနာကို အသိအမှတ်ပြုချင်ပါတယ်။

ကျန်းမာရေးအတွက် အသိပေး သတိပေးစာမို့ သဘောကျမိပါတယ်။

လက်ဖက်ရည်ဆိုင်ထိုင်၊ ဆေးလိပ်အရက်သောက်မယ့်ငွေတွေကို ကျန်းမာရေးအတွက်

ဆီကောင်းဆီသန့်ဝယ်သုံးဖို့ အကြံပြုချက်လေးက အင်မတန်အကျိုုးများတာမို့ ရွေးချယ်မိပါတယ်။

          19  ရေဆန်စီးခွင့်ပြုပါ             ရွှေအိမ်စည်

(မိဘကျေးဇူးဆပ်တယ်ဆိုတာမိဘကိုငွေပုံပေး၊လိုအပ်တာဝယ်ပေးယုံတင်မဟုတ်ဘဲ၊

မိဘလမ်းမှားရောက်ခဲ ့ရင်လည်း..သားသမီးတစ်ယောက်အနေနဲ ့လမ်းမှန်ပို ့ပေးရပါမယ်..။

 

ဘုရားကျောင်းကန်တရားမနာတတ်သောမိဘများရှိရင်လည်း..အမေရယ်ဒိတရားလေးနာကြည့်ပါ..

အဖေရယ်ဒိတရားလေးနာကြည့်ပါ…နဲ ့ဘာသာတရားနဲ ့လည်းကျေးဇူးဆပ်နိုင်ပါတယ်..

ဒါကြောင့် သူငယ်ချင်းရေ…မိဘကျေးဇူးဆပ်နိုင်ဘို ့ရေဆန်ပြန်စီးနိုင်ဘို ့အတွက်)

ဆိုတဲ့စာပိုဒ်ကလေးကို ဖတ်မိတဲ့အခါမှာ

ထူးဆန်းသောအတွေးနှင့် လှပစွာရေးထားသော ပိုစ်လေးဖြစ်နေတာရယ်

အပြစ်တင်သောသဘောမပါဘဲ ဖြောင့်ဖျသော သဘောပါသောအတွေးကြောင့် နှစ်သက်မိပါသည်။

 

         

          20 ဟင်းစပ်               Khaing Zar Win

လူသစ်ပေမယ့် သွက်လက်တဲ့ အရေးက ကွန်မန့် ၅၈ ခုတောင် ရအောင် ဆွဲဆောင်နိုင်ပါတယ်။

သာမာန်ဟင်းချက်နည်း မဟုတ်ပဲ လူကို မီးဖိုချောင်ထဲရောက်အောင် ဆွဲခေါ်သွားနိုင်တဲ့ အရေးမျိုးမို့လို့

တီချာကြီး တပည့်ပီသပါပေတယ်လို့ ချီးမွမ်းရင်း ဖတ်သူအပေါင်းကို သွားရည်တများများ             ဖြစ်လာအောင်ဆွဲဆောင်နို်င်သူဖြစ်သောကြောင့်

 

          21 Change, Update & Upgrade       ကြောင်ဝတုတ်

နှစ်ပေါင်းများစွာ ကြက်တူရွေးလိုစာအံသင် အပြောင်းအလဲဆိုလက်မခံချင်သော

ခေါက်ရိုးကျိုးနေသော မြန်မာလူ့ဘောင်စနစ်အား စနစ်တကျ မီးမောင်းထိုးပြထားသောကြောင့်

          22 ရီးစားစာ     ကြီးမိုက်

အရီးလတ်စာကို အပြီးဖတ်ပြီး ငယ်မူတွေပြန်

နာမယ်ရလာပုံကို ဟဒယရွှင်ရွှင်ရေးထားတာကြောင့်

ပြီးခဲ့တဲ့လက ဆုရပြီးသာဖြစ်နေတာတောင်မှ…………………………….

 

          23  ပြဒါးပျယ်နေသော မှန်ထဲမှာ……………………ကိုပေါက်(မန္တလေး)

လူဟောင်းလက်ဟောင်း အတွေးပါးပါးလေးတွေကို စဉ်ဆက်မပြတ်ဖြန့်ဝေနေရာက

လမ်းသလားကောင်းတော့ လက်ဆော့ တာကိုပျော်မွေ့လို့

ဓါတ်ပုံတောထဲမှာနေပြီစာရေးတာကိုမေ့ထားသူတစ်ဦးရဲ့မရေးတာကြာတဲ့လက်ရာဖြစ်ပြီး

မြန်မာလူထုရဲ့ ပခုံးပေါ်က မဆင်းသေးတဲ့  နတ်ဆိုးတွေအကြောင်း

အတွေးပါးပါးလေး ကို        ကြိုက်ပါတယ်။

 

အဲတော့  ကျနော်တို့ရဲ့ မန်းလေးဂေဇက်အတွက် အင်မတန်ကိုထူးခြားသော

နေ့ရက်တစ်ရက် သေချာပေါက်ဖြစ်လာမယ့်

(11-11-2012)နေ့မှာ

2012ခုနှစ်အောက်တိုဘာလအတွက်

မန်းဂေဇက်ချစ်သူ အကြိုက် စာမူ ကို  အပြီးသတ်  အဖြေထုတ်ပေးမှာဖြစ်ပါကြောင်း မောင်းခတ်လိုက်ရပါသည်။

ကဲ ကျနော်တို့ရဲ့ရင်ခုန်သံတွေနဲ့ ရွာသူားတွေ့ရဲ့ရင်ခုန်သံ  ဘယ်လောက်များထပ်တူကျ

သလဲဆိုတာကိုစောင့်မျော်ရင်း ခန့်မှန်းလိုက်ကြရအောင်နော်………………………………

 

 

 

20 comments

  • Khaing Zar Win

    November 9, 2012 at 9:21 am

    ကိုကြီးပေါက်ရဲ့ ခုပို့(စ) ကို ကြိုက်တယ်။
    ရေးထားတာ ရှင်းသွားတာပဲ။ Research လုပ်ထားတဲ့ စာတမ်းမျိုးအတိုင်းပဲ။
    ဘာပဲဖြစ်ဖြစ် ဒီ ၃ ရက်လောက်ကတော့ ရင်ခုန်သံတွေ မြန်နေဦးမှာပါလေ။ 🙂

  • စိန်ဗိုက်ဗိုက်

    November 9, 2012 at 9:36 am

    ရဟူး…ရဟူး….
    ခုပဲပြော..
    ဆိတ်မရှေဘူး.
    :harr:

  • Mon Kit

    November 9, 2012 at 9:50 am

    အားလုံးဘဲ ရစေချင်ပါတယ်….
    ဖြစ်နိုင်ရင်ပေါ့လေ….. :hee:

  • ရာဇဝင်လူဆိုး

    November 9, 2012 at 9:55 am

    တစ်လထက် တစ်လ ဂေဇက်မှာ စာမူကောင်းတွေ ပိုထွက်လာတဲ့ အတွက် ဝမ်းသာစရာပဲဗျို့။ ဆိုဒ်ရဲ့အရည်အသွေးလဲ အရင်ကထက် ပိုတက်လာ တယ်လို့ ခံစားမိတယ်။ စကာတင် စာရင်းပါသူတွေ ဆုရသူတွေ ဖြစ်ကြစေလိုကြောင်း အခုကတည်းက လက်ခုပ်တီးအားပေးရင်း…. :mrgreen:

  • jullies cezer

    November 9, 2012 at 10:51 am

    ဘယ်သူရရ အားပေးနေတယ်ပါတယ် စကာတင်ပါတဲ့သူတွေအားလုံးက
    အရေးအသားကောင်းကြပါတယ် တစ်ယောက်တစ်မျိုးစီ ………

  • ကလီယိုပါထရာရဲ့ချစ်ချစ်ရယ်
    သံယောဇဉ်တွေမဆက်ဘဲ အလင်းတွေဆက်နေတဲ့သူရယ်
    မန္တလေးက နန်းမတော်မယ်ပု တို့ သုံးယောက်က နောက်
    လာမယ့် နိုဝင်ဘာလအတွက် ဖတ်ရွေးအဖွဲ့ အတွက် စာတွေကူဖတ်ရမှာဆိုတော့
    အိပ်ရေးတွေပျက်မှာအသေအချာ။
    အဲတော့………………………………………………….

  • MaMa

    November 9, 2012 at 3:55 pm

    အကယ်ဒမီတစ်ကြို ထွက်ပြီပေ့ါ။ :hee:

  • မိုချို

    November 9, 2012 at 4:06 pm

    လေးပေါက် ရေ
    စာမူ တစ်ပုဒ် ချင်း စီ ကို ရှင်း ထား လိုက် တာ အကွက် ကို စေ့နေ တာပဲ။ တကယ့် ကို ပရို( ခရက်ဒစ်တူ – ဂဇတ်) ပီ သပါ တယ်။ အဲဒါကြောင့် မိုချို ကတော့ ဆု ရ တာ၊ မရ တာ ထက်၊ စကာတင်ထဲ ဝင်တာ ၊ မဝင် တာ ထက် တကယ့် ကို ဆရာ့ ဆရာကြီး တွေ ရေးနေတဲ့ ဒီဆိုဒ် ထဲ ဝင်ရေး ခွင့် ရနေတာ၊ ကိုယ့် စာတွေ ကို ဖတ်တဲ့ သူတွေ ရှိနေ တာ ပဲ ကျေနပ် လှ ပြီ။

  • မမရေ
    (11-11-12) နံနက်11နာရီတိတိမှာ အဖြေထွက်ပါမယ်။
    ထူးခြားတဲ့နေ့လေးနဲ့ တိုက်ပြီးထွက်တာအေ့။
    မိုချိုရေ
    တကယ်တော့ မွေးရပ်မတူ လူချင်းမသိ ဒါပေမယ့် တူညီသော စာပေချစ်စိတ်ကလေးတွေကြောင့်
    လေလှိုင်းများကနေတစ်ဆင့် ဝါသနာတူ မောင်နှမတွေစုမိတာပေါ့။
    အဲတော့ အပြင်မှာ ဘယ်လိုဘဝတွေနဲ့ နေနေ ဒီရွာထဲမှာတော့ ဘိုထီးသီချင်းလိုပါဘဲ
    “ဘယ်သူမဆို အားလုံးတန်းတူနေ………………ညီအကိုလိုကြင်နာစိတ်နဲ့မသွေ ရင်းနှီးချစ်ခင်နေ……..
    ဆိုသလိုပါဘဲ အားလုံးတန်းတူပါခင်ဗျာ.

  • cobra

    November 9, 2012 at 5:46 pm

    ကိုကမရေးနိုင်တော့ ရေးနိုင်တဲ့သူတွေဘယ်သူပဲရရပါ
    ကျေနပ်တယ် အားပေးတယ်…။

  • Mr. MarGa

    November 9, 2012 at 7:49 pm

    ဦးမာဃ ကတော့ ဘယ်သူရရ လက်ခုပ်တီးပေးဖို့ အသင့်ပါဗျာ

  • အလင်းဆက်

    November 9, 2012 at 8:26 pm

    တစ် နံပါတ်တွေ..များတဲ ့ နေ ့အချိန်မှာ.. တစ်…ရ မယ့်… စာရေးသူ…
    ဘယ်သူများ… ဖြစ်မလဲ…
    ရင်ခုန်လိုက်တာ ရှင်…

    အဲလေ..
    ရင်ခုန်လိုက်တာဗျာ…

    လေးပေါက်ရေ

    အခုလို.. စာရင်းလေး..ကို ရှင်းလင်း မြင်သာစွာ…တင်ပြပေးလို ့..
    ကျေးဇူးလည်း.တင်မိပါကြောင်း….

    မေးချင်တာလေးက..
    လေးလေးပေါက် ရဲ ့ခန့်မန်းပေါ့နော် ။
    ဘယ်တုူ ဖစ်မရဲ…လို ့…

    🙂

    • ဒီမေးခွန်းနဲ့ပါတ်သက်လို့ ဖြေကြားရမယ်ဆိုရင်
      ဖလပ်……………ဖလပ် ………………ဖလပ်
      (စာရွက်လှန်သံ)
      အားလုံးပွင့်လင်းမြင်သာအောင် ကျနော်တင်ပြခဲ့ပြီးဖြစ်ပါတယ်
      အဲတော့ အားလုံးသိအောင်ပြောရမယ်ဆိုရင်
      ဖလပ်……………ဖလပ် ………………ဖလပ်
      (စာရွက်လှန်သံ)
      ဖလပ်……………ဖလပ် ………………ဖလပ်
      (စာရွက်လှန်သံ)
      အင်းးးးးးးးးးးးးးးးးးးဒီတော့ကာ
      ဘယ်လိုပြောရမလဲနော်
      ဖလပ်……………ဖလပ် ………………ဖလပ်
      (စာရွက်လှန်သံ)
      ဖလပ်……………ဖလပ် ………………ဖလပ်
      (စာရွက်လှန်သံ)
      ဖလပ်……………ဖလပ် ………………ဖလပ်
      (စာရွက်လှန်သံ)
      နံပါတ်တစ်ရတဲ့သူကိုပြောရမယ်ဆိုရင ်
      ကျနော်တို့ စာရွေးအဖွဲ့ရဲ့မှတ်ချက်များကိုအခြေပြုပြီးပြောရမယ်ဆိုရင်တော့
      ဖလပ်……………ဖလပ် ………………ဖလပ်
      (စာရွက်လှန်သံ)
      ဖလပ်……………ဖလပ် ………………ဖလပ်
      (စာရွက်လှန်သံ)
      ဖလပ်……………ဖလပ် ………………ဖလပ်
      (စာရွက်လှန်သံ)
      နံပါတ်တစ်ရသောသူကတော့
      ဖလပ်……………ဖလပ် ………………ဖလပ်
      (စာရွက်လှန်သံ)
      ဖလပ်……………ဖလပ် ………………ဖလပ်
      (စာရွက်လှန်သံ)
      ဖလပ်……………ဖလပ် ………………ဖလပ်
      (စာရွက်လှန်သံ)
      အမှတ်အများဆုံးရတဲ့သူဆိုတာကို တိတိကျကျကြီးပြောလိုက်ပါမယ်
      အားလုံးကိုကျေးကျေးပါ

  • ဖေပေါက်ဂျီး ..
    ခညားနဲ့ ကျုပ်နဲ့ အငြိုးတော်ဒယ် ..
    ဒီဒေါ့ဂါ အုံးစားခံနေနဲ့ ..
    ကျုပ်ပဲ ပေးလိုက်ဒေါ့ …..
    ကျုပ်ဘဲ အနစ်နာခံလိုက်ပါ့မယ် …… :mrgreen:

  • nozomi

    November 10, 2012 at 12:52 am

    အကယ်ဒမီ ကြေငြာသလို လုပ်ပေးပါလား ဗျာ
    ကိုပေါက်ကြီး က ဒီလအတွက် ရွေးချယ်ခံရသူက……………….ဆိုတဲ့ အချိန်
    မီးစလိုက်ကြီးတွေ နဲ့ ထိုး လိုက်ရှာ
    အဲဒီအချိန် ဘယ်သူပါ လို့ လဲ ကြေငြာလိုက်ရော
    ရွာသူား အားလုံးက အားရဝမ်းသာနဲ့ အာဝါး ဝိုင်းပေးကြမယ်လေ
    မကောင်းဘူးလား

    ကိုကြီးမိုက် တို့ ကိုထက်ဝေးတို့လို ယောကျင်္ားရင့်မာကြီးတွေ ရခဲ့ရင် ဟိုဘက် လှည့်နေမယ် ဗျာ
    မမိုချိုတို့လို ကလေးအမေတွေ ရရင်တော့ လက်ခုပ်ဝိုင်းတီးပေးမယ်
    အဲ….အဲ..

    • မိုချို

      November 10, 2012 at 9:00 am

      ဘာလို့ ရပ်သွားတာလဲ၊ ဆက်ပြော လေ။ လုံမလေး တို့ လို အပျို လေးတွေ ရသွား ရင် ဘယ်လို အားပေး မယ် ဆိုတဲ့ အကြောင်း လေး….။

  • ဦးမိုးဒီကြီးအကယ်ဒမီရတဲ့နှစ်က ကြေညာပေးတဲ့သူက
    သားသား စားချင်တာ စားလို့ရပြီလို့လဲ အော်လိုက်ရော အားလုံးက နာမယ်တောင်ပြောစရာမလိုဘဲသိသွားတယ်
    ကျနော်လဲ နာမယ်မပြောဘဲနဲ့ ဘယ်သူဆိုတာ သိအောင်
    ဓါတ်ပုံလေးနဲ့ဘဲအဖြေပေးရင်ကောင်းမလားလို့ တွေးနေမိပါ၏။

  • kyeemite

    November 10, 2012 at 10:32 am

    ကိုပေါက်ရေ…အချိန်တော်တော်ပေးပီး သွက်လက်မြူးကြွနေတာ
    မြင်ရတော့ တော်တော်ဝမ်းသာမိပါရဲ့…
    ကိုပေါက် လူငယ်လေးတစ်ယောက်လို ရွာထဲပြေးလွှားနေတာမြင်ရသလိုပဲဗျို့….
    :hee:

  • Fall Guy

    November 10, 2012 at 5:08 pm

    ရွာထဲကိုဝင်လို့မရဖြစ်နေတာ ဘာကြောင့်လဲမသိဘူး..။အခုမှလို့ဝင်ရတယ်..။ဆုရမယ့်သုူတွေအတွက်အားပေးရအောင်
    စာတွေပြန်ဖတ်လိုက်ဦးမယ်ဗျို့….။

Leave a Reply