သံတွဲမြေစာရင်းဌာန လာဘ်ငွေမပါလျှင်အလုပ်မလုပ်

Nu ThanNovember 8, 20121min1084

ရခိုင်ပြည်နယ်သံတွဲမြို့တွင်၊ကျိတ္တော၊မြပြင်၊ငပလီစသောနေရာများ မှ မြေစာရင်းကိစ္စရပ် များဆောင်ရွက်ရာတွင် မြေစာရင်းဦးစီးဌာနမှ ငွေများစွာတောင်းယူနေပါသည်။မြေစာရင်းမြေပုံရေးကူးရာတွင် ငွေကျပ်ငါးသာင်းမှရှစ်သောင်းအထိပေးဆောင်ကြရပြီး၊အမည်ပြောင်း၊နာမည်ပြောင်းလျှောက်ထားရာတွင်ငွေကျပ်ရှစ်သောင်းကျော်(၁)သိန်းအထိပေးဆောင်ကြရပါသည်။အဆိုပါငွေကြေးများကို ပေါ်ပေါ် တင်တင် တောင်းယူကြကြောင်းသိရှိရပါသည်။ အဆိုပါတောင်းယူသောငွေမပေးပါက
မလုပ်ပေးကြောင်းသိရှိရပါ သည်။ အဆိုပါကိစ္စရပ်များသည်နိုင်ငံတော်သမ္မတကြီးပြောသော
Clean Goverment,GOOD Govermentဆိုသောစကားလုံးနှင့်ကွဲလွဲနေကြောင်းငွေမပေးလျှင်အ လုပ်မလုပ် ကြောင်းသိရှိရပါသည်။နိုင်ငံတော်မှအစိုးရဝန်ထမ်းလစာများကိုတိုးမြင့်ပေးထားသော်လည်းယခုကဲ့သို့ဌာနများတွင်လာဘ်ငွေပေါ်ပေါ်တင်တင်တောင်းခံနေခြင်းကိုထိထိရောက်ရောက်အရေးယူသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

4 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 8, 2012 at 9:18 pm

    ဒါဂဒေါ့ လက်ရှိမြန်မာပြည်အနေထားအရ နားလည်ပေးရမယ့်သဘောလည်းစိဘာသေးဒယ်
    ဒါမပေးရင် ဒါမလာဘူး ဆိုသလိုဘာ
    သံတွဲမြို့မှမဟုတ်ပါဘူး မြန်မာဒဗျီလုံးဘာဘဲ

  • ဘဲရှုပ်

    November 9, 2012 at 4:03 pm

    ဒီလို မပြောပါနဲ့အေ့ နာတို့က လုပ်စားနေတာ အံတိုနေဘီတွ
    မင်းက ခုမှ ဘာဖစ်တာတုန်း …ငင် ..
    အသာ အသာ နေဇမ်းဘာတွာ နာတို့ လုပ်စားပါရစေအူး ။

  • candle .

    November 10, 2012 at 3:24 pm

    ဒါမျိုးတွေ ခုချိန်ထိ ရှိနေသေးတာ ခက်ပါ့ကွယ်…

  • Guest

    November 11, 2012 at 12:12 am

    သိန်း ရာထောင်ချီတန်တဲ့ မြေကွက်တွေကို ၅သောင်း ၈သောင်း တောင်းတာ မများပါဘူးဗျာ..။ အစိုးရဋ္ဌာနတိုင်း နီးပါးမှာ အလကားရတာ ဘာမှမရှိပါ။ ရန်ကုန်မှာဆိုရင် ရပ်ကွက်ထဲက ကိစ္စတင် ဒီထက်မက ပိုပါကြောင်း။ (လူမိုက် အားပေးမဟုတ်ပါ။ တရားနဲ့ ဖြေနိုင်စေရုံမျှသာ..)

Leave a Reply