ဘကြီးပြောပြသောရုပ်လက္ခဏာနှင့် သိကောင်းစရာများ-အပိုင်း(၃)

aye.kkNovember 9, 20121min20922

၄။ စကားပြောသည့်အခါ သွားဖုံးများ ပေါ်နေသည့်သူ

သွားဖုံးပေါ်သည်ဟုဆိုရာတွင် အားရပါးရ ရယ်မောလိုက်လျှင် သော်၎င်း ။ သာမာန်ရယ်မောမျှရုံ မျှဖြင့်ပေါ်လွင်သွားသော သွားဖုံးပေါ်မှုအား ဆိုလိုခြင်း(လုံးဝ)မဟုတ်ပါ ။ စကားပြောခါမျှဖြင့် သွားနှင့်သွားဖုံးများ ထိစပ်ပေါ်လွင်နေမှုအား ထင်ထင်ရှားရှား မြင်တွေ ့ရသည့်သူ ။
(ဝါ) သွားဖုံးများအောက်ဘက်သို ့နိမ့်ကျဆင်းလျှက် စကားပြောသည့်အခါမျိုး၌ သွားနှင့်သွားဖုံးထိစပ်ပေါ်နေမှုအားတွေ ့မြင်ရမှု ။ သတိထားလျှင် သိမြင်နိုင်သည့် အကြောင်း ဘကြီးပြောပြထားပါတယ်။
(အသေးစိတ်ရှင်းပြရပါလျှင် သွားနှင့်ထိစပ်နေသည့် သွားဖုံးနေရာသည် နှာခေါင်းအပြင်ဖက်ခြမ်းရှိ နှုတ်ခမ်းသားတို ့ဖုံးအုပ်ကာကွယ်ထားလျှက်ရှိသည့်နေရာ။ ပညတ်အားဖြင့် သွားဖုံးဟု ခေါ်ဆိုသမှုပြုသော နေရာ ။
တနည်းအားဖြင့် ဆိုရပါက ထိုသွားနှင့်သွားဖုံးတို ့ ထိစပ်လျှက်ရှိနေသော အကာကွယ်ရှိနေသည့် နေရာကား ။ စကားပြောရုံ တော်ရုံရယ်ပြကာမျှဖြင့် မမြင်မတွေ ့နိုင်ပါ ။ စကားပြောသည့်အခါ အာခံတွင်းမြင်နေရမှုအား ဆိုလိုခြင်းမဟုတ်ပါ ။ ထိုသို ့ထူးခြားလာကာ မွေးရာပါ
သဘာဝအတိုင်း ဖြစ်တည်လာသော ရုပ်လက္ခဏာ ရှိသည့်အနှီထိုမိန်းကလေး၏
စိတ်သဘောထားကို သာလျှင်ဆိုလိုချင်တဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်)

အနှီမိန်းကလေးများ၏စိတ်ကား ဟန်ဆောင်မှုကောင်းသည့်မိန်းကလေးများဖြစ်နေခြင်း ။
စိတ်သဘောထားအမှန်အား မည်သည့်အခါမျှထုတ်ဖော်ပြသလေ့မရှိခြင်း ။
လျှာဖြားကလူတကာပေါ်တွင်၊ စိတ်ချမ်းသာလောက်အောင်၊ ပျားသကာကဲ့သို ့ချိုမြနေအောင်၊ပြောဆိုတတ်ပြီး။
စိတ်အတွင်းသဘောနှင့်အပြင်သဘောတို ့က ဆန် ့ကျင်နေခြင်း ။ မာယာမုသားစကားများဖြင့်သာပြောဆိုသုံးနှုံးလေ့ရှိခြင်း။
ဘယ်သောအခါမှာမျှ ယုံကြည်စိတ်ချရမှု မပြုနိုင်သဖြင့်။ အနှီထိုမိန်းကလေးများအား ပေါင်းသင်းခြင်းမပြုလုပ်ရန်။
ကျီးအာသီးနှင့်တူသောသူများဟု။ ဘကြီးကတင်စား ပြောဆိုပြသ ။ ဆုံးမသွန်သင်ထားဘူးပါသည် ။
ကျီးအာသီးကအပြင်ဘန်းတအားလှပြီး စား၍ကားမရ ။ စားမိလျှင်အဆိတ်သီးဖြစ်၍ ။ လူကိုဘေးဒုက္ခရောက်စေနိုင်ပြီး အသက်ပင်ဆုံးရှုံးရသည့်အထိ အန္တရာယ်ကြီးမားစွာ ကြုံတွေ ့နိုင်ရကြောင်းပြောပြပါတယ်။
အနှီထိုမိန်းကလေးများအား ယခုခေတ်၌အများအပြားတွေ ့ရှိနေရပါတယ်။
ကျမ၏ပတ်ဝန်းကျင်တွင်လည်းကောင်း ။ မိတ်ဆွေသားသ္မီးအချို ့ မိန်းကလေးများတို ့တွင်၎င်း။ တွေ ့ကြုံဆုံစည်းဆက်ဆံမှုများ မလွှဲသာ၍ပြုလုပ်ခဲ့ရမှုများရှိခဲ့ပါတယ်။ ထိုသို ့ဆက်ဆံ ပြုလုပ်ခဲ့ရမှုများအပေါ် သတိတရားထားရှိ ဆက်ဆံခဲ့ပါတယ်။ မှန်ကန်မှုရှိနေသည်ကိုလည်း အမြဲတန်းမြင်တွေ ့နေခဲ့ပါတယ်။
အနှီထိုမိန်းကလေးများကား၊ မိမိတို ့ရဲ ့ပင်ကိုယ်စိတ်ရင်းစေတနာဆိုးများအား ၊ အမြဲတန်းလျို ့ဝှက်ဖုံးကွယ်သည့် လူစားများသာဖြစ်၍ အိမ်ထောင်ရေး တို ့တွင် ၊ များသောအားဖြင့် သာယာမှုမရှိကြပဲ မမြဲတာကိုလည်း တွေ ့ရတာများပြားလှပါတယ်။
အချို ့မိန်းကလေးများ ရုပ်ရည်ချောမောကြသော်လည်း စကားပြောသည့်အခါတွင် သွားဖုံးများပေါ်နေသည်ကို မြင်ရပါလျှင် ကျီးအာသီးနှင့်တူသည့်သူဟု ဘကြီးကပြောပြထားသည်ကို ချက်ခြင်းစိတ်က သတိတမ်းရတတ်ပါတယ်။ မလွှဲမရှောင်သာ ဆက်ဆံရသည့် အခါများ၌လည်း ကျမ၏စိတ်က ကျောခြမ်းပြီးကြက်သီး ထမိပါတယ်။ လူ ့ပတ်ဝန်းကျင်၌ လူအမျိုးမျိုး စိတ်အထွေထွေ ကြုံတွေ ့ဆက်ဆံရမည်မှာကား ဓမ္မတာပေ။ သို ့သော် သိထားလျှင်ကား ထိုအနှီမိန်းကလေးတို ့နှင့် မလွဲရှောင်သာ ဆက်ဆံရပါက ဆင်ခြင်တုံတရား သတိထားရှိနိုင်ရမည် ဖြစ်ပါတယ်။ ဘကြီးပြောပြထားသဖြင့် လွန်စွာကျေးဇူး ရှိသည်ကို သိမြင်မိပါတယ်။
ထိုအနှီမိန်းကလေး များ၏စကားများကား ယုံနိုင်ဘွယ်ရာ မရှိသည်ကိုသာ များသောအားဖြင့် မြင်တွေ ့ခဲ့ရပါတယ်။
အသက်အစိတ်ခန် ့မျှ ရှိပြီဖြစ်တဲ့မိန်းကလေးတစ်ဦးအား မိတ်ဆွေတစ်ဦးက မိတ်ဆက်ပေးရင်း သိခဲ့တာပါ ။ ထိုမိန်းခလေးက ရုပ်ရည်ချောမောပါတယ် ။ စကားပြော ကြည့်တော့ သွားဖုံးများပေါ်နေတာကို တွေ ့ရလို ့စိတ်ကတော့လန် ့မိပါတယ် ။ မကြာပါဘူး မိတ်ဆွေက မိတ်ဆက်ပေးထားတော့ သူ ့ကိုယ်ကျိုးအတွက် ကျမကိုချည်းကပ်သမှု ပြုလုပ်ခဲ့ပါတယ် ။ ကိစ္စမရှိတာမို ့ ကိုယ်ကအကူအညီ ပေးခဲ့ပါတယ်။ နောက်ထပ်တဆင့် တက်လာတာက ကိုယ့်နဲ ့သိရတဲ့အပေါ်မှာ အခွင့်အရေး တခုလိုမှီတွယ်လာတာပါ ။ ကိုယ့်ရဲ ့လုပ်ဆောင်ပေးမှုအပေါ် ကျေးဇူးတရား တုံ ့ပြန်ချင်လာတော့ ညာတော့တာပါ ။ သူ ့စကားပလီပလာ ကိုယ်ကသိထားတော့ ရယ်ချင်စိတ်ကို မနည်းမြိုသိတ်ထားမိ ရတော့တာပါဘဲ။ သူကနိုင်ငံခြားမှာ အနေများတော့ ပစ္စည်းတန်ဘိုးမြင့်မားတဲ့ လက်ဆောင်ပစ္စည်း အချို ့ကို မမြင်ဘူး မကိုင်ဘူး နားလည်မယ် မထင်ဘူးလို ့ယူဆထားဟန် တူပါတယ် ။ အတုအစစ်ခွဲခြားတတ်မယ် မထင်ထားတာလည်း ပါမယ်လို ့စိတ်ကထင်မိပါတယ် ။ တစ်ခါကမိကျောင်းသားရေ အစစ်လို ့ပြောပြီး။ သားရေအစစ်ရဲ ့တန်ဘိုးနဲ ့ညီမျှတဲ့ငွေ ပေးပြီးဝယ်လာတာလို ့ပြောပြီး မိကျောင်းသားရေတံဆိတ်အတု လက်ကိုင်ပိုက်ဆံအိတ် တစ်လုံးကို လက်ဆောင်အဖြစ်ပေးပါတယ် ။ သူကိုယ်တိုင်က နိုင်ငံခြားမှာ ဈေးဆိုင်ခန်းဖွင့်ပြီး ဈေးရောင်းစားနေတာ ဆိုတော့အတုအစစ် မသိစရာ အကြောင်းရှိမယ်လို ့ ကျမအနေနဲ ့ မထင်ပါဘူး။
ကျမကို နားလည်လိမ့်မယ် မဟုတ်ဘူးလို ့ထင်ပြီးချိုသာတဲ့ မာယာတွေနဲ ့မုသားတွေ သုံးပြီး ။ လက်ဆောင်ပေးခဲ့တာပါ ။
နောက်ထပ်သူ ့ကို ကူညီမှုတွေ ထပ်မံပေးချင် လာအောင်လက်ဆောင် ပေးပြီးသိမ်းသွင်း လိုတဲ့သူ ့ရဲ ့မမှန်ကန်တဲ့ စေတနာတွေကို မြင်သိခဲ့ရလို ့ပါဘဲ။ တတ်လည်းတတ်နိုင်ပါတဲ့ မယ်မင်းကြီးမ မိန်းခလေးရေ လို ့သာ ကျမက ဆိုချင်မိတော့တာပါ ။။

ရှေ့တမျိုး ကွယ်ရာတမျိုး စကားပလီပလာ ချိုကာမာယာမုသား နှုတ်ဖျားသုံးပြီး လိမ်လည်လှည့်ဖျား ပြောဆိုတတ်သည့် (စကားပြောလျှင်သွားဖုံးများပေါ်နေသည့်)မိန်းခလေးများအချို ့အား ကိုယ်တိုင်မျက်မြင် ကြုံတွေ ့ခဲ့ရမှုများအပေါ် ဗဟုသုတ အဖြစ်ရရှိ်နိုင်ပါရန် ပြောပြချင်မိခြင်းသာ ဖြစ်ပါတယ်။။

22 comments

  • aye.kk

    November 9, 2012 at 7:12 am

    နောက်ကျပြီးမှတင်ဖြစ်တာ
    အားနာမိပါကြောင်းပြောပြပါရစေ။။

    • ကျွန်တော်လဲ စာရေးသူထက်နောက်ကျပြီးမှ မန့်ဖြစ်တာ အားနာမိကြောင်းပြောပြပါရစေလေ..

      ဆိုတော့ကာ..

      သွားဖုံး… မိန်းကလေးတွေရယ်ကြတယ်..(ယောကျာ်းလေးတစ်ယောက်အမြင်နဲ့ပေ့ါနော်.. မတူသောအတွေးနဲ့မန့်တာ) တစ်ချို့တွေ ပါးစပ်လေးကိုဖုံး ရယ်ကြတယ်.. တစ်ချို့က ပွင့်ပွင့်လင်း အားပါးတရ ဘူး.. ထွား.. ဟွား.. ဟွား လို့ရယ်ကြတယ်.. ဒီတော့မမြင်သင့်တာတွေ ပေါ်ကုန်တယ်ပေါ့.. (သွားတွေ ဘာတွေပြောပါတယ်).. တစ်ချို့ကလဲ စိတ်လိုလက်ရ အားပါးတရ ရယ်ကြတယ်… အာသီးတောင် လှမ်းမြင်ရသေးတယ်.. ဂလို ဂလို..

      အဲလိုဆိုတော့ သွားဖုံးပေါ်ရင် အထက်ပါ အချက်တွေနဲ့ ပြည့်စုံရမယ်ပေါ့နော်… ဆိုင်တော့ ဆိုင်ဘူးထင်တယ်… ဂလိုဆို ခေါစုခင် (မှားလို့) ချောစုခင်ဆို အဲလိုမိန်းမလား??? ဟုတ်သေးဘူးနော်… သူက ဒိုးပြားသေမှ နောက်ယောက်ကျားယူတာ… ထားဘာဒေါ့..

      သွားကို ရှေ့ထုတ်ပြီး အဖီမိုးထားတဲ့ မိန်းကလေးများ သတိထားပါကုန်.. အထက်ပါပုဒ်မဖြင့် ယောကျာ်းမရပဲ ဖြစ်ကုန်မယ်…

      (အပျော်အပျက်သာဖြစ်ပါကြောင်း)

  • aye.kk

    November 9, 2012 at 7:37 am

    ရှင်းလင်းချက်လေးမပါသွားတာ
    အားနာမိပါတယ်။ ထပ်မံဖြည့်စွက်ရေးသားထားလိုက်ပါပြီ။

  • Hnin Hnin

    November 9, 2012 at 8:29 am

    တီကေရေးတာတွေ စောင့်နေတာ ဖတ်ဖို့ 🙂
    ကိုရှုံးရေးတာဖတ်ပြီး ရယ်နေရတာ…သူပြောတော့လည်း ဟုတ်တုတ်တုတ်…
    အခုထက်ထိတော့ တီကေရေးတဲ့မိန်းကလေးမျိုးထဲ မပါသေးပါဘူး…
    နောက်လည်း ပါမှာ မဟုတ်ပါဘူး… :kwi:

  • aye.kk

    November 9, 2012 at 8:48 am

    ့နှင်းနှင်းရေ…
    ဖတ်ရှူသွားတာဝမ်းသာမိပါတယ်။
    ငယ်စဉ်တောင်ကျေး ကလေးဘဝအရွယ်ထဲက မိတ်ဆွေဘကြီးက
    သင်ပေးခဲ့တဲ့ ရုပ်လက္ခဏာ အကြောင်းတွေပေါ့နော် ။
    အခုချိန်အထိ အန်တီအတွက်က အသုံးဝင်နေဆဲပါကွယ်။

  • စိန်ဗိုက်ဗိုက်

    November 9, 2012 at 10:36 am

    အရှေ ့ပိုင်းတွေလဲ ဖတ်ခဲ့တယ်
    နောင်အပိုင်းတွေလဲ ဖတ်ချင်သေးတယ်ခင်ဗျ..
    အတော်များများ မှန်လို ့ပါ

    • aye.kk

      November 9, 2012 at 1:24 pm

      စိန်ဗိုက်ဗိုက်ရေ
      အားပေးတာအားသစ်ဖြစ်ရပါတယ်။
      အန်တီရေးတဲ့postကိုဝင်ရောက်ဖတ်ရှူသွားတာသိရလို ့ဝမ်းသာမိပါတယ်။

  • jullies cezer

    November 9, 2012 at 11:58 am

    နောက်ထပ် post များကိုလည်း စောင့်မျှော်နေပါတယ် ……..

    • aye.kk

      November 9, 2012 at 1:38 pm

      jullies cezer
      အားပေးတာ ဝမ်းသာမိတယ်။
      နောက်ထပ်postရေးပါဦးမယ်။။

  • Ma Ei

    November 9, 2012 at 1:12 pm

    အမအေးရေ…
    အဲ့လို မိန်းကလေးတစ်ဦးနဲ့ ဆုံခဲ့ဘူးတာကြောင့်
    မှန်ကန်ကြောင်း ထောက်ခံပါတယ်…
    သူမကရှေ့တင်တော့ နှုတ်အတော်ချိုပါတယ်…
    မျက်ကွယ်မတော့ မကောင်းပြောတာ ပြန်ကြားခဲ့ရပါတယ်…
    နောက်ထပ် အကြောင်းရာလေးတွေလဲ စောင့်ဖတ်ပါဦးမယ်နော်…

  • aye.kk

    November 9, 2012 at 1:42 pm

    Ma Ei
    ထောက်ခံအားပေးတာကျေးဇူးဘဲကွယ်။
    နောက်ထပ်အကြောင်းအရာလေးတွေထပ်မံရေးပါမည့်အကြောင်းပြောလိုက်ပါရစေ။။

  • candle .

    November 9, 2012 at 6:57 pm

    အမရေ..candle ့ ဦးလေးအရင်းခေါက်ခေါက်က ယူထားတဲ့ အမျိုးသမီး ( အဒေါ် ) က အဲ့လိုသဖုံးမျိုးနဲ ့ပါ ကာရိုက်တာ ကလည်း အမပြောသလို 95% ကကွက်တိ တစ်မျိုးလုံးကသူ ့ဆိုခပ်လန် ့လန် ့….

  • pooch

    November 9, 2012 at 7:06 pm

    အန်တီအေး မတွေ့တာကြာပြီ။ နေကောင်းရဲ့လား။ နောက်ဆက်ရန်တွေ မျှော်နေပါတယ်။

    • aye.kk

      November 10, 2012 at 6:06 am

      pooch,
      အားပေးနေတာဝမ်းသာမိတယ်။
      ကျမ္မာရေးကနည်းနည်းပြန်ကောင်းလာပါပြီ။
      ဆက်ရန်တွေထပ်ရေးဦးမယ့်အကြောင်းပြောပြလိုက်ပါရစေ။။

  • အင်း …
    ရှောင်မှ ဖစ်မယ် …
    အိုက်အထက်က အမျိုးအစားကို …
    မရှောင်ရင် ကိုယ့်ကို ချစ်ချင်ယောင်ဆောင်ပြီး
    အသည်းဒွေ ခွဲသွားမှာ ကြောက်ရို့ ….. :mrgreen:

    • aye.kk

      November 10, 2012 at 6:09 am

      မဟာရာဇာအံစာတုံးရေ
      ကျေးကျေးပါနော်။
      သိထားရင်မမှားနိုင်ဘူးလို ့အန်တီပြောပြပါရစေကွယ်။

  • လုံမလေးမွန်မွန်

    November 10, 2012 at 12:50 pm

    အန်တီရေ…မျှော်နေတာပါ… (၄) ကို အရင်ဖတ်မိပြီး (၃) ကို အခုမှ ဖတ်လိုက်တာပါ… (၄) ကိုဖတ်တုန်းကလည်း ကိုယ့်လက်ကို ပြန်ကြည့်ရသေးတယ်… :mrgreen:
    အခု (၃) ကိုဖတ်တော့ လန့်သွားတယ်.. နောက်မှ စကားပြောရုံနဲ့ သွားဖုံးပေါ်တာဆိုတော့မှပဲ တော်ပါသေးရဲ့ လို့…. 🙂

    တကယ်ကို ဗဟုသုတရလို့ စောင့်ဖတ်နေပါတယ်လို့…

    တူမ
    လုံမလေး

    • aye.kk

      November 10, 2012 at 5:06 pm

      လုံမလေး
      ကျေးဇူးပါနော်တူမလေး။
      အန်တီရေးတဲ့postတွေစောင့်မျှော်ဖတ်ရှူနေတာသိရလို ့
      အားလည်းနာ။ဝမ်းလည်းသာရတာပေါ့နော်။
      ကြားထဲမှာပြတ်ရက်တွေများနေတာကိုအားနာမိပါတယ်။
      အားပေးနေတာသိရလို ့ဝမ်းသာမိတာအမှန်ပါလို ့ပြောပြလိုက်ပါရစေ။။

  • ရွာသူ jujuma .

    November 10, 2012 at 1:07 pm

    မှန်တယ် ဗျ …
    သာမန် မိန်းကလေးတစ်ယောက်ဆိုရင် သွားဖုံးပေါ်အောင် တော်တော်ကိုလုပ်ပြီး ရယ်ရမှာ..
    အနှီ မိန်းကလေးတွေကတော့ …

  • aye.kk

    November 10, 2012 at 5:17 pm

    ရွာသူရေ
    မှန်တယ်ဆိုတော့ဝမ်းသာမိပါတယ်။
    ရုပ်လက္ခဏာပညာသဘောတရားတွေကို
    လပေါင်းနှစ်ပေါင်းများစွာလေ့လာနေခဲ့တာ။
    အန်တီရဲ ့ဝါသနာတခုဖြစ်တယ်ဆိုတာပြောပြချင်မိပါတယ်ကွယ်။

  • aye.kk

    November 11, 2012 at 5:31 am

    ကိုပေါက်
    ကျေးဇူးပါ။
    အားပေးထောက်ခံတာသိရလို ့
    ဆက်ရေးဘို ့အားအင်ဖြစ်ရပါကြောင်းပြောပြလိုက်ပါရစေ။။

Leave a Reply