1

 

Typography ဆိုတာ ဘာပါလဲ ….

 

2

 

သူဟာ ဘာသာစကား တစ်ခုနဲ့ တူပါသတဲ့…

 

3

 

စာရွက်ပေါ်က စာလုံးတွေ ဆိုတာထက်လည်း ပိုသလို

 

4

 

 

စာလုံးပုံစံ ဆိုတာထက်လည်း ပိုပါသေးတယ်တဲ့

 

5

 

Typography ဆိုတာ အနုပညာ ဖန်တီးမှု နဲ့ နည်းစနစ်ပိုင်းတွေ ပါဝင်နေတဲ့ စာလုံးဒီဇိုင်း ဆင်မှုပါပဲ …

 

6

 

၁၄၄၀ မှာ Gutenberg ရဲ့ Movable Type နဲ့ စတင်ခဲ့ပါသတဲ့

 

7

 

Typography ဆိုတာ တကယ်တော့ ဆင့်ကဲဖြစ်စဉ်ပါ..

 

 

8

ဆက်လက်ပြီးတော့လည်း ဆင့်ကဲ ပြောင်းလဲနေပါသေးတယ်။

 

9

ကျနော်တို့ ၄ကြောင်းမျဉ်း ဆွဲပြီး စာရေးကြရင် အလယ်အတွင်းဘက်အကျဆုံး ၂လိုင်းကြားကို X-height ခေါ်ပါသတဲ့။

 

10

 

X-Height တိုတဲ့အခါ (ပုတဲ့အခါ) စာပိုဒ်အနေနဲ့ကြည့်ရင် ပိုပြီး လွတ်လပ် ပွင့်လင်းသယောင် မြင်ရပါသတဲ့။

 

 

11

 

စာလုံးတွေမှာ ၀လုံးပုံ အလုံပိတ် အစိတ်ပိုင်းတွေကိုတော့ counter လို့ ခေါ်ပါတယ်။

 

12

 

 

အဲ ..ဒါပေမယ့် e ရဲ့ အလုံပိတ် မျက်ဆန် ကိုတော့ eye ပါတဲ့ ဗျာ

 

13

 

 

14

စာလုံး ကိုယ်ထည်ကနေ အောက်ကို တွဲလဲ ကျနေတဲ့ အစိတ်အပိုင်းကိုတော့ descender ခေါ်ပါသတဲ့

 

 

15

 

 

 

 

16

 

ဟုတ်ပါတယ် စာလုံးကိုယ်ထည်ကနေ အပေါ်ကို တက်နေတာကျပြန်တော့ ascender ပေါ့

17

 

 

 

18

 

 

 

စလုံးတွေမှာ ပုံထဲကလို အုတ်မြစ်ပုံစံလေးတွေ ပါတတ်ပါတယ် ..အဲ့ဒါလေးတွေက serif ပေါ့

 

19

 

 

 

 

 

20

 

serif အမျိုးမျိုးလည်း ရှိပါသေးတယ်။

21

 

 

အပြားလိုက်က slab serif လို့ ခေါ်ပါတယ်။ ခပ်စောင်းစောင်းဆို old style ပေါ့ .. .အဲ… no serif ကိုတော့

sans serif လို့ ခေါ်ပါတယ်ဗျို့

 

22

 

 

စာလုံး ကိုယ်ထည် တည်တဲ့ လိုင်းကို baseline ခေါ်သဗျ..

 

23

 

 

 

 

24

 

t,h,k,l စတဲ့ စာလုံးတွေ အပေါ်က ascender ဆုံးတဲ့နေရာကို cap height လို့ ခေါ်သဗျို့ …

 

25

 

Point size ဆိုတာ ကတော့ ascender နဲ့ descender တို့ရဲ့ အစအဆုံး ကို ရေတွက်တာပါတဲ့..

 

26

(Capital Letter ရဲ့ အမြင့်ဆုံးအစိတ်အပိုင်းဟာ cap height ထက် နိမ့် ရပါတယ်.. မယုံရင် Th ကိုကြည့်ပါ-စကားချပ်)

 

27

 

28

 

29

 

အဲ့.. Typography အကြောင်း သည်မှာ ပြီးပါတယ်ခင်ဗျား …

 

အောက်ဆုံးမှာတော့ အသုံးများ Font လေး-ငါးမျိုး ကို ဆမ်ပယ် အဖြစ် ..ရေးချလိုက်ပါတယ် ဗျာ..

 

30

 

××××××××××××××××××××××××××××××××××××

အပိုင်း-၂

ဒီလို ပိတ်သတ်ကြီးရဲ့ .. အထက်ပါ အကြောင်းအရာကို ပုံ၃၀လောက်သုံးပြီး

ကျနော် ရေးပြခဲ့တယ်နော ..တကယ်တမ်း ဒါကို ပရယ်ဇမ်တေးရှင်း လုပ်မယ် ဆိုရင်လည်း

စလိုက် ၃၀ လောက် သုံးရလိမ့်မယ်..တကယ်တမ်း မူရင်းဖိုင် ကပုံ-၂၉ မှာပါတဲ့ ပုံ ၁မျက်နှာတည်း

လုပ်သွားတာ ဆိုတော့ ..ထူးထွေသည့် အံ့ရာ ပေါ့ဗျာ …။

ဟုတ်တယ် .. Prezentation Software အသစ်ပါဗျို့….။

ပါဝါပွိုင့်တို့လို ဆော့ဖွဲ တွေမှာ ဆိုက် ဘယ်လောက်အောက် သုံးရင်

ဖတ်မရဘူး သေးတယ် တို့ … ဘယ်လောက်ထက် ပိုကြီးကြီး မသုံးသင့်ဘူးတို့ ဆိုတဲ့

အကန့်အသတ်ရှိသဗျ…

အခု သည်ဆော့ဖွဲ ရဲ့ အိုင်ဒီယော်လောဂျီက သည်လို ရှင်းရှင်းလေးပါ။

သေးတယ် ကြီးတယ် မြင်ရတယ် မမြင်ရဘူး ဆိုတာ သင်ဘယ်လောက် နီးနီး(၀ါ) ဘယ်လောက်ဝေးဝေးက

ကြည့်သလဲ ဆိုတာအပေါ်မှာသာ မူတည်တာပါတဲ့ ….။

ဆိုတော့ .. ၁ရွက်တည်း ရေးမယ်။ Zoom In ကြည့်မယ် Zoom ပြန်အောက်မယ်..

သွားမယ့် လမ်းကြောင်းကိုပဲ အစီအစဉ်ချမယ် ဆိုတဲ့ ပုံစံမျိုးနဲ့ပါတဲ့ …

ဟုတ်ကဲ့ Prezi လို့ ခေါ်ပါတယ်။ Web Browser ပေါ်မှာ သုံးနိုင်ပါတယ်…(facebook account ရှိရင် login ၀င် တန်းသုံးယုံ)

Desktop Application လည်း အခမဲ့ ဒေါင်းလုပ်ချ သုံးနိုင်သလို iOS အတွက်လည်း Apps ဖရီး ပေးထားပါတယ်။

Desktop App နဲ့ Browser SaaS အနေနဲ့ သုံး၇င်တော့ Adobe Flash Player ထည့်ထားဖို့ လိုပါလိမ့်မယ်။

 

Prezi ကို Adobe Air နဲ့ တည်ဆောက်ထားတာဖြစ်ပြီး Adobe Flash အနေနဲ့ ရွမ်းတာ မို့လို့ပါ။

 

သူ့ရဲ့ Business model က freemium ခေါ်ပါတယ် …

ဟုတ်ကဲ့ .. အခမဲ့ သုံးတာ အပြည့်အ၀ သုံးခွင့်ပေးထားပါတယ် software ရဲ့ function တွေကို

ကန့်သတ်ထိန်းချုပ်ထားတာမရှိပါ။ သို့သော် Prezi ရဲ့ Cloud ပေါ်မှာ ဘယ်သူမဆို ရှာဖွေတွေ့ရှိနေနိုင်ပါလိမ့်မယ်..

share အလုပ်ခံရပါလိမ့်မယ်။ အခပေး အကောင့် ၀ယ်သုံးတော့မှသာ private data အဖြစ် ကိုယ်ပြလိုသူကိုပဲ

ပြနိုင်မှာ ဖြစ်ပါတယ်။ ဘစ်ဇနက် ပရယ်ဇန်တေးရှင်းတွေ ဆိုရင်တော့ဖြင့် အခပေးအကောင့် ၀ယ်သုံးမှသာ

သင့်လျှော်မှာပါ။ ပရိုအကောင့် ၀ယ်သုံးမယ်ဆိုရင်တော့ တနှစ်ကို ဒေါ်လှ ၁၅၉ ကျသင့်မှာဖြစ်ပါတယ်။

2 GB space ရမှာပါ ။ ဟုတ်ပါတယ် ..သဂျီးတို့ ဆီက လူလည်ကြီးတွေ ဖန်တီးထားတဲ့ ဘစ်ဇနက် ပါ။

သာမန် အပျော်တမ်းနဲ့ အက်ဂျူကေးရှင်းပိုင်းတွေအတွက်ကတော့ ဖရီးအကောင့်နဲ့တင် လုံလောက်မှု ရှိပါကြောင်း။

 

တော်သေးဘီ။

 

ခင်တဲ့

ဂီ

 

Ref:
http://prezi.com/ufnrer-swszq/typography/
http://en.wikipedia.org/wiki/Prezi
http://prezi.com/pricing/

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011