ရခိုင်ပြည်နယ်ဖြစ်စဉ်များနှင့်ပတ်သက်၍သူခိုးကလူဟစ်ပြောဆိုနေကြသောသူများသည်အသိဥာဏ်မရှိပြောဆိုနေကြခြင်းဖြစ်ပါသည်။ရခိုင်ပြည်နယ်ဘာသာရေးဖိနှိပ်မှုများ၊အစ္စလာမ်ဘာသာဝင်များအားမောင်းထုတ်ရန်ကြိုတင်စီစဉ်ဆန္နပြမှုများ၊အစ္စလာမ်ဘာသာဝင်မျာကိုမောင်းထုတ်ရန်ကြေငြာ ချက်များအစရှိသည်တို့သည်ထင်ထင်ရှားရှားရှိသောမှတ်တမ်းစာ၇ွက်များဖြစ်ကြပါသည်။အဆိုပါ ကိစ္စရပ်များလုပ်နေသောအားတရားခံများအားသိရှိပါလျှက်ပြင်ပပရောဂပါသလို့၊မရောင်ရာဆီး လူပြောကြားချက်များသည်လက်ရှိတရားခံများကိုဖုံးဖိလိုသဖြင့်ပြောကြားချက်များသာဖြစ်ပါသည်။ ရခိုင်အရေးအခင်းတွင်မည်သည့် ပြင်ပပရာဂမှမပါပါ၊လက်၇ှိပြည်တွင်ရှိရခိုင်အစွန်းရောက်တရားခံများလက်ချက်ပင်ဖြစ်ပေသည်။မောင်းထုတ်ခံအသတ်ခံရသူများသည်မိမိတို့အသက်လုပြီးထွက်
ပြေးနေရသူများကိုပင် နောက်ကွယ်ကြိုးကိုင်သူရှိသည်ဆိုသည့်ပြောကြားချက်မှလည်းလူရယ်ဖွယ်ရာပြောကြားချက်များ ပင်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဒီပဲယင်းအရေးအ
ခင်းကိစ္စအားအမေရိကန်နိုင်ငံယလ်တက္ကသိုလ်တွင်တွင်ပြောကြားသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီပဲယင်းတွင် ၀ိုင်းအရိုက်ခံအသတ်ခံရပြီးကိုယ်ကိုလာရိုက်လို့ထွက်ပြေးလာရသူကို အဖျက်သမားတွေလို့စွတ်စွဲပြီးအကျယ်ချုပ်(၆)နှစ်ကျမကိုချလို့ပါတယ် နောက်သူခိုးဝင်တော့အိမ်ရှင်ကိုအပြစ်ရှိလို့ထောင်ချလို့သလို့ ဖြစ်နေပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်သုံသပ်ချက်ကို လည်းတင်ပြလိုက်ရပါတယ်၊သူတုန်းကလည်းဘုန်ကြီးအယောင်ဆောင်တွေကဘဲတိုက်ခိုက်တာပါ
လို့ဆိုပါတယ်၊ ဗိုလ်ချုပ်လှမင်းပြောသလို့ အစ္စလာမ်တွေကိုယ်အိမ်ကိုယ်မီးရှိုတယ်ဆြို့ပီးဇတ်တိုက်
ထားသလို့ပြောနေတာ တကယ်တမ်း ကျတော့ မဟုတ်နိုင်ဘူးဆိုတာကို သိနိုင်သလိုပါဘဲ၊
စဉ်းစားနိုင်သောအသိဥာဏ်ပညာမရှိကြခြင်းကိုဖေါ်ပြေနေသည်လား၊ရခိုင်တွင်တရားခံကိုဖုံး
ဖိပြီးလူများကို အပြစ်ပုံချချင်သူများနေသည်လားဆိုသည်ကို မသိနိုင်ကြတော့ပါ။
သတင်းဌာနနှင့် ရခိုင်စုံစမ်းရေးကော်မရှင်RCIC မှဦးတင်မောင်သန်းပြောကြားထား
သည်ကိုလည်းတင်ပြလိုက်ရပါသည်
“ရခိုင်ပြည်နယ်အရေးမှာ အစိုးရမှာ ကူညီစောင့်ရှောက်ပေးဖို့ လုံလောက်တဲ့ အင်အားမရှိဘူး။ အင်အားနည်းနေတယ်လို့ မဆိုနိုင်ပါဘူး။ လုံခြုံရေးအဖွဲ့တွေက လုံခြုံရေး တာဝန်တွေကို ပြည့်ပြည့်၀၀ ထမ်းဆောင်ခွင့်မရလို့ အခြေအနေတွေကို မအုပ်မိ မထိန်းမိတာလို့ပဲ ကျွန်တော်ကတော့ မြင်တယ်။ သမ္မတကြီးက စိတ်ကောင်းစေတနာကောင်းနဲ့ ဆောင်ရွက်ပေးနေတာတွေကို သိပါတယ်။ ဒါပေမယ့် လက်တွေ့မြေပြင်မှာ အကျိုးသက်ရောက်မှုမရှိဘူး။ အောက်ခြေမှာ တာဝန်ခံပြီး အကောင်အထည်ဖော်နေတဲ့ လူတွေက မှန်မှန်ကန်ကန်နဲ့ တရားဥပဒေ စိုးမိုးရေးကို ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ် ၀န်ထမ်းကျင့်ဝတ်သိက္ခာနဲ့ အလုပ်မလုပ်ကြဘူး။ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့လူတွေအားလုံးက အကြမ်းဖက်သမားတွေ မဟုတ်ကြပါဘူး။ ပြည်နယ်အစိုးရက အကြမ်းဖက်တဲ့လူတွေကို မထိန်းဘူး။ ၀န်ကြီးချုပ် ဦးလှမောင်တင်နဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း အပါအ၀င် ပြည်နယ်အစိုးရအဖွဲ့ကပါ အကြမ်းဖက် လူတစ်စုကို မလွန်ဆန်နိုင်တဲ့သဘော၊ အကြမ်းဖက် ကွန်ရက် အောက်ကို ရောက်ရှိနေတဲ့ သဘောရှိတယ်။ မထိန်းနိုင်ဘူးဆိုရင် နိုင်ငံတကာမှာ ကိစ္စတစ်ခုကို တာဝန်မယူနိုင်တဲ့ ပုဂ္ဂိုလ် အစိုးရများဟာ ကိုယ့်အသိစိတ်နဲ့ကိုယ် နှုတ်ထွက်ကြပါတယ်။ သူတို့လည်း ကိုယ့်အသိစိတ်နဲ့ကိုယ် နှုတ်ထွက်သင့်ပါတယ်။ အခု (၅)လ ကျော်ကြာတဲ့အထိ ဒီဒေသမှာ တရားဥပဒေစိုးမိုးရေးကို ဘာကြောင့်မလုပ်နိုင်တာလဲ။

တကယ် ဒီကိစ္စမှာ ကျူးလွန်တဲ့သူတွေကို ထိထိရောက်ရောက် ဥပဒေနဲ့အညီ အရေးယူလိုက်ရင် ဒီပြဿနာတွေ ပြေလည်သွားမယ်။ ဥပဒေနဲ့အညီ အရေးမယူဘဲ ပစ်ထားတဲ့အခါကျတော့ တိုင်းပြည်လည်း သိက္ခကျလှပါဘိ။ ရအောင်ထိန်းပါပဲလို့ ပြောချင်ပါတယ်။

ဒီကိစ္စကို ဖြေရှင်းဖို့အတွက် တရားဥပဒေစိုးမိုးရေးကို လုံးဝတာဝန်ယူနိုင်မှုမရှိတဲ့ လက်ရှိပြည်နယ်အစိုးရထွက်၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး ပြည်နယ်အစိုးရသစ်ပြန်ဖွဲ့ပါ။ ဒါမှမဟုတ်ရင် ပြည်ထောင်စုအစိုးရကပဲ တိုက်ရိုက်အုပ်ချုပ်ပါလို့ အကြံပြုတိုက်တွန်းပါတယ်။”

About areno areno

areno areno has written 6 post in this Website..