ကိုသစ်မင်းအတွက် မွေးနေ့လက်ဆောင်ပို့စ်…။

black chawNovember 9, 20121min34835

မနက်ဖြန် နိုဝင်္ဘာလ ၁ဝ ရက်နေ့ဟာ
ကျွန်တော်တို့ရဲ့ မိတ်ဆွေကြီး…၊
အစ်ကိုကြီးလို့လည်း ပြောလို့ရတဲ့
ကိုသစ်မင်း ရဲ့ မွေးနေ့ မင်္ဂလာပါခင်ဗျာ…။
ကိုသစ်မင်းအတွက် ကျွန်တော်တို့ မွေးနေ့ဆုတောင်းလေးတွေ ဝိုင်းရေးကြရအောင်လားဗျာ…။
သူ့အတွက် ကျွန်တော် မွေးနေ့ အမှတ်တရအနေနဲ့
ဓါတ်ပုံလေးတစ်ပုံတင်ချင်ပါတယ်ဗျာ…။
ဒီလိုပါ…။
ကျွန်တော်က ၁၉၉၅ ခုနှစ်မှာ စီးပွားရေးတက္ကသိုလ်က ကျောင်းပြီးခဲ့တာပါ…။
ဆိုတော့ ၂၀၀၅ ခုနှစ်မှာ စီးပွားရေးတက္ကသိုလ်ကြီးနဲ့ ခွဲခဲ့တာ ၁ဝ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့
ရွှေရှမ်းကန် စားသောက်ဆိုင်မှာ ကျောင်းသားဟောင်းတွေ တွေ့ဆုံပွဲကျင်းပခဲ့ပါတယ်…။
အဲဒီတုန်းက ကျွန်တော့်အတွေးနဲ့ ဒီဇိုင်နာ သီဟမောင်မောင် ရေးခဲ့တဲ့ ဗီနိုင်းဒီဇိုင်းလေးကို
ကိုသစ်မင်းမွေးနေ့အတွက် အမှတ်တရ ဖေါ်ပြပေးလိုက်ပါတယ်…။
စီးပွားရေးကျောင်းသူဟောင်းကြီး အမလတ်အတွက်လည်း အမှတ်တရပေါ့ဗျာ…။
မေခသားကြီး ကိုသစ်အတွက် မွေးနေ့လက်ဆောင်ပါဗျာ…။

စီးပွားရေးတက္ကသိုလ်ကြီးနဲ့ ခွဲခွာခြင်း ၁ဝ နှစ်ပြည့်
အထိမ်းအမှတ် အတွက် သီဟမောင်မောင် ရဲ့ ဒီဇိုင်းပါဗျာ…။

35 comments

  • blackchaw

    November 9, 2012 at 4:40 pm

    Happy Birthday ပါ ကိုသစ်ရေ…။
    ဘာဆုကိုမှတောင်းမပေးခဲ့တော့ပါဘူး…။
    ဆုတောင်းစရာမလိုလောက်အောင် ပြည့်စုံတဲ့ဘဝကို
    ရရှိမယ်လို့ ယုံကြည်လို့ပါဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • amatmin

    November 9, 2012 at 4:43 pm

    ရွာကို မအားတဲ့ကြားကနေ ပြန်ရောက်လာတဲ့ အတွက် အရင်ဆုံး မင်္ဂလာပါ.အကိုရေ့
    စာတွေကဆင့် ရင်းနှီးနေရပေမဲ့.. ဖတ်သမျှစာတိုင်းမှာကောင်းရာကောင်းကြောင်း
    တန်ဖိုးရှိတာတွေအများစုကို မျှဝေပေးနေတဲ့
    ဆရာ ကိုသစ်မင်းရဲ့ မွေးနေ့ရက်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်ဝပီး .
    နေ့ရက်တို်င်း စိတ်ချမ်းမြေ့ကာ(အချစ်ဆုံးသူအပါအဝင်) ချစ်သောသူတိုင်းနဲ့ နှစ်ပေါင်းများစွာ..
    ပျော်မွေ့နိုင်ပါစေလို့… 🙂

  • nozomi

    November 9, 2012 at 4:53 pm

    ရတနာလေးတွေ လိုချင်တာနဲ့ အမြန်ဆုံးရပါစေ

  • ဆြာသစ် ခင်ဗျာ ..
    နက်ဖြန်ခါမှာ ကျေရောက်မယ့် မွေးနေ့မွေးရက်မှစလို့ ..
    နောက်မယ့် ရက်များ၊ လများ၊ နှစ်များစွာ တိုင်အောင် ..
    သံသရာတစ်ခွင် ကျင်လည်နေရသမျှ ကာလပတ်လုံး
    ခြေဖဝါး မြေမထိသော ဘဝများမှာပဲ ကျင်လည်နိုင်ပါစေကြောင်း …
    ဆုမွန်ကောင်း တောင်းပေးပါရစေ ခင်ဗျာ …

  • Shwe Ei

    November 9, 2012 at 4:58 pm

    မွေးနေ့မှာ ပျော်ရွှင်ပါစေ။ ပို့စ်ကောင်းတွေ အများကြီး ရေးနို်င် တင်နို်င်ပါစေ။
    ဂဇက်ရွာသူား များအတွက်သာမက လူတိုင်း လူတိုင်း ကိုအသိပညာဖြန့်ဝေနို်င်ပါစေ။

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 9, 2012 at 5:00 pm

    ဆြာသစ်ရေ…
    ကျွန်တော်နဲ့ဆြာသစ် အရမ်းအရင်းနီးကြီးမဟုတ်ပေမယ့်… ဆြာ့စာတွေမှာမြင်နေရတဲ့ စေတနာနဲ့ လေ့လာနိုင်စွမ်းကိုလေးစားလျက်ပါ…
    ဆြာသစ်မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာတိုက် အများအကြိုးကိုလိုလားသော… အများကကြည်ညိုလေးစားပြီး အများအတွက် စွမ်းဆောင်ပေးနိုင်သူတစ်ဦးအဖြစ် ရပါစေလို့ ဆုတောင်းပေးပါတယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • uncle gyi

    November 9, 2012 at 5:00 pm

    မွေးနေ့မှာတောင်းဆုချွေတယ်
    အသက်တရာသားတရာနဲ့မယား..
    ကျမ်းမာပကတိစိတ်ချမ်းစွာ
    ပျော်ရွှင်လို့မိသားစုအကျိုး
    တိုင်းပြည်အကျိုးလုပ်ရင်
    ကိုယ့်အတွက်လည်းကို်ယ်ရှာနို်င်ပါစေရယ်လို့
    အန်ကယ်ကြီး

  • အရီးခင်လတ်

    November 9, 2012 at 5:07 pm

    Dear Ko Thit,

    Wishing you A VERY VERY HAPPY BIRTHDAY!
    May you have many more years of happiness and success ahead!

    Zodiac Signs ဆိုရင်တော့ Scorpio ပေါ့။
    – Loyal
    – Passionate
    – Resourceful
    – Observant
    – Dynamic

    အမှတ်တရ ဒီဇိုင်း လေးအတွက် ရော၊ ကိုသစ် အတွက် ဆုတောင်း Post အတွက် ရော ကျေးဇူးပါ ကဘချောရေ့။
    :hee:

  • Tin Tin

    November 9, 2012 at 5:34 pm

    Happy Birthday ပါ ဆရာသစ်ရှင့် …
    မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ စိတ်ရဲ့ချမ်းသာခြင်း၊ ကိုယ်ရဲ့ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ…

  • အင်္ဂ ါZ

    November 9, 2012 at 5:49 pm

    ဟက်ပီဘတ်ဒေးပါ ဘဘသစ်ရေ
    ကြိတ်ကြိတ်ပီးတောင်းတဲ့ဆုတွေ ပြည့်ပါဇီ နော

  • ရာဇဝင်လူဆိုး

    November 9, 2012 at 6:32 pm

    HAPPY BIRTHDAY !!!!!!!!!!!!!!!!! ကိုသစ်။
    စာဖတ်သူတွေအတွက် တွေးစရာ၊ မှတ်သားစရာ ၊ဆင်ခြင်နိုင်စရာ စာတွေနဲ့ ဒီထက်မက အကျိုးပြုနိုင်ပြီး
    ကျန်းမာပျှော်ရွှင် အေးချမ်း ပြည့်စုံတဲ့ ဘဝကို ထာဝရ ပိုင်ဆိုင်နိုင်ပါစေ…..အကို…။

  • pooch

    November 9, 2012 at 6:35 pm

    မင်္ဂလာရှိသော မွေးနေ့ ဖြစ်ပါစေ ကိုသစ် ။
    ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာပြီး အသိသညာတွေ ဖြန့်ဝေပေးနိုင်တဲ့ သူတယောက်အဖြစ်ရော ပတ်ဝန်းကျင်ကောင်းလေးတွေ ဖန်တီးနိုင်သူအဖြစ်နဲ့ရော ရောက်ရာနေရာမှာ အမြဲဆက်လက် ရပ်တည်နိုင်ပါစေ။

  • မောင်ပေ

    November 9, 2012 at 7:51 pm

    Happy birthday ပါ ကိုသစ်မင်း
    ယခုကျရောက်သောမွေးနေ ့မှ စရွေ ့ ပြီးပြည့်စုံသော စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းများစွာကို မိသားစုနဲ ့အတူ ပိုင်ဆိုင်ရပါစေ

  • စိန်ဗိုက်ဗိုက်

    November 9, 2012 at 7:57 pm

    မင်္ဂလာအပေါင်းနဲ ့ပြည့်စုံတဲ့မွေးနေ ့ဖြစ်ပါစေခင်ဗျား..
    ကျနော်မောင်ဗိုက်မှ ဘီအီးဆိုင်သို ့မထွက်ခွါမီ တရိုတသေတလေးတစားချစ်ချစ်ခင်ခင်ကြင်ကြင်နာနာယုယုယယနုနုရွရွသန် ့သန် ့ရှင်းရှင်းဖြင့် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျား..

  • အလင်းဆက်

    November 9, 2012 at 8:10 pm

    လေးလေးသစ်…
    ဘဝမှာ…….
    အေးချမ်းစွာာပြည့်စုံပါစေ…နော် ။

  • ရွှေ ကြည်

    November 9, 2012 at 9:42 pm

    HAPPY BIRTHDAY ပါကိုသစ်မင်းရှင့်
    သာယာပျော်ရွှင်ခြင်းနဲ့ပြည့်စုံပါစေ ကျန်းမာသော စိတ်နဲ့ခန္ဓာကိုပိုင်ဆိုင်နိုင်ပါစေလို့..။

  • အဝေးကိုသူသွား
    စာမလာသတင်းမကြား
    လများစွာကြာပြီ။
    တိုက်ဆိုင်တိုင်းသတိရ
    ရွာထဲမှာ စာမရေးတာ
    အတော်ကြာ
    ဟောအခုပေါ်လာပါပြီ
    အားလုံးကမျှော်လင့်နေတဲ့
    ကိုသစ်
    ပျိုမျစ်နုနယ်ချိန်မှအစ
    ဘဝနေဝင်ချိန်ထိ
    ပျော်ရွှင်စွာ ဘဝလမ်း ဖြတ်သန်းနိုင်စေကြောင်း
    မွေး့နေ့ဆုတောင်းလေး ပေးပို့လိုက်ပါတယ်။

  • Foreign Resident

    November 10, 2012 at 1:12 am

    Happy Birthday ပါ ကိုသစ်မင်းရေ…။
    MG မှာ မကြာခဏ တွေ့ရမယ်လို့ မျှော်လင့်ပါတယ်ဗျာ ။

  • kai

    November 10, 2012 at 2:16 am

    ကြိုက်မကြိုက်တော့မသိ..
    .. မွေးနေ့အမှတ်တရ.. ပုံလေးပေးလိုက်တယ်…။ ရွှေမိုးငွေမိုး…ရတနာမိုးများရွာစေသတည်း.. :kwi:

  • padonmar

    November 10, 2012 at 2:33 am

    ကိုသစ်
    ဒီနေ့ဖတ်လိုက်ရတဲ့ သီတဂူဆရာတော်ကြီးရဲ့ ဆုတောင်းလေး ကြိုက်လို့ ကိုသစ်အတွက် လက်ဆောင်ပေးပါရစေ။

    (၁)မေတ္တာ=ငါသည် မည်သူ့ကိုမျှ ဒုက္ခမပေးပါရစေနှင့်၊သူတပါးတို့၏ အကျိုးစီးပွားကိုသာ ဆောင်ရွက်နိုင်ရပါလို၏။
    (၂)ကရုဏာ=ငါသည်သူတပါးတို့၏ ဒုက္ခကိုပယ်ဖျောက်၊ဒုက္ခရောက်သူကို စောင့်ရှောက်နိုင်ရပါလို၏။
    (၃)မုဒိတာ=ငါသည် ငါ့ထက်သာလွန်သူကို မည်သည့်အခါမျှ မတုမပြိုင်ပါရစေနှင့်၊ဝမ်းမြောက်စွာလက်တွဲနိုင်ရပါလို၏။
    (၄)ဥပေက္ခာ=ငါသည် လောက၏ ဆိုးသောအခြေအနေ၌လည်းစိတ်မပျက်ရပါစေနှင့်၊လောက၏ကောင်းသော အခြေအနေကိုလည်း မတပ်မက်ပါရစေနှင့်၊ကောင်းဒဏ် ဆိုးဒဏ် ဤနှစ်တန်ကို ခံနိုင်သည့်သူဖြစ်ရပါလို၏။

    ကိုသစ်လည်း ဒီဆုတောင်းတွေနဲ့ တောင်းစရာမလိုပဲ ပြည့်ပါစေလို့ မွေးနေ့အမှတ်တရ လက်ဆောင်ပေးလိုက်ပါတယ်။

    မေတ္တာဖြင့်
    ပဒုမ္မာ

  • aye.kk

    November 10, 2012 at 5:57 am

    ကိုသစ်သို ့
    (မွေးနေ ့ကဗျာလက်ဆောင်)
    ချွေသာခွန်းဆက်
    မွေးနေ ့ရက်မြတ်
    တစ်နှစ်ပတ်မှ
    နောက်ထပ်နှစ်ပေါင်း
    အကြောင်းညီညာ
    သက်ရှည်ကျမ္မာ
    ချမ်းသာစွာဖြင့်
    ပညာစီးပွား
    ဒီရေလားသို ့
    တိုးပါစေကြောင်း
    ဆုမွန်တောင်း၍
    ထပ်လောင်းမေတ္တာ
    ပေးကာဝေမျှပို ့သသည်။
    ဤသူတော်ထုံး
    စိတ်ဖြူဖုံး၍
    နှလုံးပြည့်ဝ
    ရွှင်ပျကြည်စင်
    မွေးနေ ့ရှင်သည်
    ဉာဏ်မြင်မဂ်ဖိုလှမ်းနိုင်စေ။။။

  • MaMa

    November 10, 2012 at 6:23 am

    ကိုသစ်ရေ-
    ဂေဇက်မိတ်ဆွေတွေကို သံယောဇဉ်မပြတ်ပဲ သတိတရသင်ကြားပေးဖော်ရလို့ ဝမ်းသာကျေးဇူးတင်ပါတယ်။
    ကောင်းကျိုးချမ်းသာမင်္ဂလာအဖြာဖြာ ဆထက်တပိုး တိုးပါစေလို့……. :hee:

  • ကထူးဆန်း

    November 10, 2012 at 7:39 am

    ဆြာသစ်ရေ ..
    မွေးနေ့ သာ မက နေ့တိုင်းနေ့တိုင်း အချိန်တိုင်း အချိန်တိုင်းမှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။
    ဂေဇက်မှာလည်း အချိန်ရတု်ိင်းပြန်ရေးနိုင်ပါစေလို့ …. (ဒါက ကိုယ့် အတွက်) :hee:

  • မိုချို

    November 10, 2012 at 8:50 am

    ကျမ ရွာထဲ ဝင်မရေး ခင် ဖတ်သူ အဖြစ်နဲ့ ရှိနေတုန်း က ဦးနှောက် ကို အလုပ်ပေးတတ်တဲ့ ဦးသစ်ရဲ့ စာတွေ ကတဆင့် ရင်း နှီး ခဲ့ ပေမယ့် ကျမ ရွာသူ အနေနဲ့ စာတွေ ဝင်ရေး တော့ ဦး သစ်က မရေးတော့ ပြန်ဘူး။ အခုတဖန်အသိပညာ လေးတွေ ပြန် လည် ဝေငှ လာ တဲ့ အတွက် ကျေး ဇူး တင် စွာနဲ့ မိုချို က ကိုယ့် ကိုယ် ကို မိတ် ဆတ်ပါတယ်။
    ဦး သစ် ရဲ့ ဒီ မွေးနေ့ မှ သည် နောင်နှစ်ပေါင်း များ စွာ တိုင် ဆန္ဒ နဲ့ ဘဝ ထပ်တူကျ လို့ စာတွေ လည်း မပြတ် ရေး နိုင် ပါစေ။

  • kyeemite

    November 10, 2012 at 8:59 am

    Happy Birthday!!! ပါ ကိုသစ်မင်းခင်ဗျား…. :528:

  • Khaing Zar Win

    November 10, 2012 at 9:03 am

    Happy birthday to you, Ko Thit Min. All the very best to you. 🙂

  • Shwe Tike Soe

    November 10, 2012 at 9:23 am

    ဦးသစ် မွေးနေ.မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် မိသားစု နဲ. အတူတကွ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေကြောင်း ဆုမွန်းကောင်းတောင်းလိုက်ရပါတယ်ခင်ဗျား
    :hee: :hee:

  • လုံမလေးမွန်မွန်

    November 10, 2012 at 11:02 am

    ပျော်ရွှင်ဖါယ်မွေးနေ့ဖြစ်ပါစေ ဦးသစ်… နောင်နှစ်ပေါင်းများစွာတိုင် အေးချမ်းပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေ… ရွာထဲမှာလည်း ဦးသစ်ရဲ့စာတွေကို ဖတ်ချင်ပါတယ်လို့..

    ခင်တဲ့
    လုံမလေး

  • thit min

    November 10, 2012 at 2:13 pm

    အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။
    အားလုံးကို လွန်စွာကျေးဇူးတင်ပါကြောင်း ပဏာမ ပြောပါရစေ။

    ၁။ ကျနော့ရဲ့ မွေးနေ့ကို သတိတယရှိစွာ တခုတ်တရ စာတတန်ပေတတန် ရေးဖွဲ့ပေးတဲ့ကိုဘလက်ချော
    ကို အထူးဘဲကျေးဇူးတင်ရှိပါတယ်။
    မျှော်လင့်ထားတဲ့ အရာမဟုတ်လို့ အံ့လဲအံ့ဩမိပါတယ်။ပြီးတော့ ဝမ်းသာမိပါတယ်။

    ၂။ နောက် ခံစားချက်တခုကတော့ ဂေဇက်မဲန်းဘာများ အားလုံးနဲ့ ဆိုင်ပါတယ်။
    ကျနော် ဂေဇက်ကိုအရင်ကတော်တော်အချိန်ပေးနိုင်ခဲ့ပေမဲ့
    ခုကိုယ်ရေးကိုယ်တာလုပ်ငန်းဆောင်တာတွေ များလွန်းလို့ အချိန်မပေးနိုင်၊ မရေးနိုင်ဖြစ်ခဲ့ရပါတယ်။

    ၃။ ဟိုတလောက ကိုဘလက်ရဲ့ ပို့စ်တခုမှာ ကျနော့စာတပုဒ်နဲ့ ပါတ်သက်လို့ မပူးချ်က ကောမန့်ရေးပါ
    တယ်။ အဲဒီ အထဲမှာ ကျနော် ရှင်းထားတာကို နားမလည်နိုင်လောက်ဘူးလို့ ယူဆမိလို့ ကျနော်
    အဲဒီ ကော်မန့်လေးကို ရှင်းပြတဲ့ (အမှန်ကဖေ့စ်ဘုတ်ရေးပြီးသားပါ)ပို့စ်တခုကို တင်ရပါတော့တယ်။
    ရေးပြီးသားအဆင်သင့်ရှိလို့ နဲနဲလိုတာဖြည့်ပြီးတင်လိုက်နိုင်တာပါ။
    အဲဒီလိုနဲ့ ဂေဇက် ကိုပြန်ရောက်လာရပါတယ်။

    ၄။ အဲဒီလို ပြန်ရောက်လာတဲ့အခါ ဂေဇက်မိသားစုများရဲ့ နွေးထွေးစွာကြိုဆိုမှုကိုခံစားရပါတယ်။
    ပြောလိုရင်းက သည်မွေးနေ့ဆုတောင်းတွေမရခင် ကတည်းက ကျနော့အပေါ်ခင်မင်ကြသူတွေရဲ့
    နွေးထွေးမှုရခဲ့လို့ဝမ်းသာနေခဲ့ပါတယ်။

    ၅။ ဒီနေ့ ဒီမွေးနေ့မှာတော့ အဲဒီထက်ပိုတဲ့ ဝမ်းသာအားရဖြစ်မှုကိုခံစားရပါပြီ။
    မွေးနေ့ဆုတောင်းရေးဘို့ အချိန်ပေး အရေးတယူရှိမှုအတွက် အားလုံးကိုအရမ်းကျေးဇူးတင်ရပါတယ်။

    ၆။ လှိုက်လှိုက်လှဲလှဲရှိလှတဲ့ မွေးနေ့ဆုတောင်းတွေအတွက် ကျနော် အားနာမိတဲ့ စိတ် တခုဖြစ်လာရပါတယ်။
    အချိန်ကိုငဲ့ကွက်ပြီး ဂေဇက်ကိုဝင်ရလို့ ကျနော် ပို့စ်တိုင်းကို မဖတ်နိုင်သလို၊ဖတ်တဲ့ဟာတိုင်းကိုလည်း
    ကော်မန့်မရေးနိုင်ပါဘူး။ ကော်မန့်တခုရေးဘို့သေသေခြာခြာစဉ်းစားပြီးရေးလေ့ရှိလို့ရယ်၊ မြန်မာစာရိုက်တာ
    မမြန်တာရယ်ကလဲ အကြောင်းတခုပါ။ ဘာဘဲဖြစ်ဖြစ် ကျနော့ပျက်ကွက်မှုပါ။

    ၇။ ကျနော့ရဲ့ အဲဒီလို လူမှုရေးပျက်ကွက်မှုအတွက် အားလုံးကိုဒီနေရာကနေ တောင်းပန်စကားဆိုပါရစေ။
    နောက်နောင်အတတ်နိုင်ဆုံး ကြိုးစားရေးရမယ်လို့ စိတ်တွေလဲ ဖြစ်လာရပြီ။

    ~~~~~~~~~~~~~~~~~~~~~

    ကို blackchaw
    မိတ်ဆွေကောင်းတို့ရဲ့ ပြုဖွယ်တွေကို မလစ်ဟင်းအောင် ပြုတတ်သောကိုဘလက်ချောကို
    ကျနော်လေးစားပါတယ်။

    ညီလေး amatmin
    အဝေးကြီးနေကြပေမဲ့ နီးစပ်တဲ့ စိတ်တွေနဲ့ ခင်မင်စွာရှိနေတဲ့ အကိုတယောက်လို့မှတ်ပေးထားပါ။

    ကိုnozomi
    မတွေ့တာကြာလို့ (ထိုင်းနိုင်ငံ) ဖူးကက်မှာ အထူးရက် တွေ ရှိနေလားလို့
    ဂယောင်ချောက်ခြားတွေးမိသေးရဲ့ဗျာ။

    ကို မဟာရာဇာ အံစာတုံး
    ယနေ့ပို့စ် ဆိုတဲ့ စာလေးတပုဒ်က ကိုအံစာ လေးတဲ့ ပရဟိတ စိတ်လေးကိုမြင်ရပါတယ်။
    လေးစားပါတယ်ဗျာ။

    မShwe Ei
    ဟုတ်ကဲ့၊ ကျနော်ကြိုးစားပြီးရေးပါ့မယ်။ အဲန်ဂျီအို တွေနဲ့ပါတ်သက်တာလေးတွေ
    ကိုယ်ပိုင်အတွေ့အကြုံလေးတွေလဲမျှပါအုန်းလို့။

    ညီငယ် ဇမ္ဗူ့လောကပါလကြောင်ဝတုတ်
    ဖြစ်ရလေ ညီလေးရယ်။ “အရမ်းအရင်းနီးကြီးမဟုတ်ပေမယ့်တော့လဲ ” အင်း ဟုတ်သေးပါဘူး။
    အကို့ စိတ်ထဲကတော့ တော်တော်လေး ကိုရင်းနှီးပြီးသားပါ။ အီးမေဂျာနဲ့ကျောင်းပြီး
    အတွေးအခေါ်ကလဲကောင်းပြီး ပြိုင်ကားလေးမောင်းပြီး
    တခုခု ဆိုရင်မောင်းတီး(မနေနိုင်ဘဲ ထပြီး ရှင်းတတ်တာ) တတ်တဲ့ ညီလေးကို
    ကိုယ့်စိတ်ထဲမှာရင်းနှီးပြီးသားပါ။

    uncle gyi
    မင်းနဲ့တူတူ သောက်တုန်းက မင်းအန်တာငါ ကယ်ထားလို့ ငါ့ကိုအန်ကယ်လို့ခေါ်ရမယ်ဆိုတဲ့
    လူရွှင်တော်တွေစကား ကြားယောင်မိတယ်။ ဟုတ်ကဲ့ အပျော်ပါနော်။ လေးစားလျှက်ပါ။

    အရီးခင်လတ်
    ဒီလိုရှိတယ်အစ်မလတ်ရဲ့။ ကိုဘလက်က တော်တော် တူးဆွတာ ဝါသနာပါတယ်ဗျ။
    ကျနော်တို့မေ့ထားတာတွေကို ပြန်ဖော်တယ်ဗျ။ ပြန်တော့ တွေးမိသွားတာဘဲ။
    ခြံစည်းရိုးမခတ်ထားသော အီကို ကျောင်းတော်ကြီးရယ်။
    ဖြူဖြူကျော်သိန်းရဲ့ အမေ အကောင့်(=စာရင်းကိုင်) သင် အရမ်းကောင်းတဲ့
    ဆရာမ ဒေါ်တင်တင်ကြည်ရယ်
    အစရှိသဖြင့် ။

    ညီငယ်အင်္ဂ ါZ
    အင်းလေ အဘ ဆိုတော့လဲ အဘ ပေါ့ကွယ်။

    ကိုရာဇဝင်လူဆိုး
    များသောအားဖြင့်ကတော့ ကျနော် က ကျနော့အမှားတွေ ကို ပုံစံပြုပြီး စာရေးတာများတယ်။
    ဒီလိုပြင်ကြည့်ရင်ရတယ် ဆိုတာ၊မျိုးပေါ့ဗျာ။ အမှန်တော့ ပြုပြင်နေဆဲပါဘဲခင်ဗျာ။ကြိုးစားပါ့မယ်လို့။

    မ pooch
    ဖေ့စ်ဘုတ်ပေါ်မှာ ရေးတဲ့စာအထိ အားပေးမှုရှိခဲ့လို့ အထူးကိုကျေးဇူးတင်ရပါတယ်။
    ဒီကိုပြန်စိတ်ရောက်အောင်လုပ်ပေးတဲ့ သူတွေထဲကလဲ တယောက်အနေနဲ့ ကျေးဇူးတင်ရှိပါ၏။

    ညီငယ် မောင်ပေ
    ညီလေးရေ လုပ်ငန်းတွေအဆင်ပြေပါစေနော်။

    ကိုစိန်ဗိုက်ဗိုက် လေး
    သိပ်မသောက်နဲ့လို့တော့ပြောချင်တယ်။
    ပိုက်နဲ့ သွင်းချင်ရင်တော့ သွင်းပေါ့။။
    ကိုစိန်ဗိုက်တို့ခေတ်ဘဲ နော့ (စီအာ တူ သူကြီး)

    ကို အလင်းဆက်
    စာရေးအရှိန်လေးကောင်းနေတာတွေ့လို့ ဝမ်းသာနေတာ။ ဒီထက်ပိုအောင်မြင်ပါစေနော်။

    မ ရွှေ ကြည်
    ဆုတောင်းပေးသူလဲ ထပ်တူရပါစေ ခင်ဗျာ။

    ကိုကြီး ကိုပေါက်(မန္တလေး)
    စွယ်စုံကိုပေါက်က ကဗျာလေးနဲ့ အသာရေးလာတော့ ဘယာဘေးတွေ ကွာမှာ အသေအခြာပါဘဲ။

    ကို Foreign Resident ရေ
    ဟုတ်ကဲ့ ကြိုးစားပါ့မယ်။ ခေါင်းစဉ်တခုခု အောက်မှာ မဆွေးနွေးရတာတောင်ကြာပေါ့နော်။

    သူကြီးkai
    ကြိုက်ပါတယ်။ ဒါပေမဲ့ ဗိုက် က အမွှာလားမသိဘူးနော်။ဖောင်းတင်းနေတာဘဲ။

    အစ်မ ပဒုမ္မာ
    အရမ်းကောင်းပါတယ်အစ်မရယ်။
    တကယ်တမ်းလုပ်နိုင်ဘို့ကြိုးစားရမှာပါ။
    အမှန်တော့ ကိုယ်ကမရည်ရွယ်ဘဲ သူများကို ဒုက္ခ ပေးမိနေတတ်တဲ့
    အင်နိုးဆဲန့်ဗီလိန် ကိုတော့ အချိန်ပိုင်း ဖြစ်နေဆဲမို့ ကြိုးစားရအုန်းမှာ အစ်မရေ။
    သတိပေးလက်ဆောင်လေးကို သိမ်းထား
    လိုက်နာပါ့မယ်လို့။

    အစ်မ အေးကေကေ
    ကဗျာဆုတောင်း ကဉာဏ်မြင်မဂ်ဖိုအထိ ဆိုတော့ အဆုံးစွန်အကောင်းဆုံးမို့
    အထူးလက်ဆောင်လေးပါ။
    တန်ဖိုးထားပါတယ် အစ်မရေ။

    MaMa
    မမရယ် သံယောဇဉ်မပြတ်တာ ဖြတ်လို့မရလို့ပါ။
    ဘယ်သူ ဖြေနိုင်ပါ့မလဲ။ ဂေဇက်ရဲ့ ညို့ချက်။
    နော်။

    ကိုကထူးဆန်း
    ဟုတ်ကဲ့ပါခင်ဗျာ။ ရေးနိုင်အောင်ကြိုးစားပါ့မယ်။ ရေးချင်စိတ်ကတော့ရှိတာအမှန်ပါ။

    မ မိုချို
    စာရေးကောင်းတဲ့သူဆိုတော့ အချိန်တိုတွင်း ထင်ရှားလာလို့ ကောင်းကောင်းကြီး
    သိရှိမှတ်မိနေပါတယ်။
    စာကောင်းလေးတွေရေးရင်း မိသားစုဘဝလေးလဲ ပျော်ရွှင်ပြည့်စုံပါစေဗျာ။

    ကိုkyeemite
    ကိုကြီးမိုက်(သို့) ကိုကြီးခန့်လို့ ခေါ်မယ်ဗျာ။ မတွေ့ဘူးပေမဲ့ ခန့်မယ်လို့ထင်လို့။သင့်ခရူ့ပါဗျ။

    မ Khaing Zar Win
    မိတ်ဆွေသစ်လို့ဆိုနိုင်ပေမဲ့ ဂေဇက်ရဲ့ မိသားစုပါဘဲ။
    မခိုင်ဇာရဲ့ စားစရာဆိုင်လေးတွေ ရဲ့ စာရင်း ကူးထားတယ်။အဲဒီအတွက် အခုမှဝန်ခံရတော့တယ်။
    အဲဒီအတွက် ကျေးဇူးပါ။ အစားဆိုတာလူနဲ့ တည့်တယ်မဟုတ်ပါလား။

    တိုက်တိုက်လေး (Shwe Tike Soe)
    ကောင်းပါပြီဗျာ။ တိုက်တိုက်လေးတို့လဲ ထပ်တူဖြစ်ပါစေ။

    လုံမလေးမွန်မွန်
    မွန်မွန်ဆိုတာ ဟိုးအစောကြီးက မြို့ညာဏ်စမ်းတွေကိုလာဖြေတဲ့
    မွန်မွန်ကိုနာမည်ပြောင်းထားတာလို့ထင်တယ်။
    ဒါမှမဟုတ် လုံမလေး ထမင်းဆိုင်ပိုင်ရှင်လား။
    ဦးလေးကိုမေးပြီး ညာဏ်စမ်းလာဖြေတဲ့ မွန်မွန်လို့ဘဲ စိတ်ထဲထင်နေတယ်။
    ဘယ်သူဘဲ ဖြစ်ဖြစ် ကျေးဇူးပါ။

    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    မွေးနေ့ဆုတောင်းပေးကြသော မိတ်ဆွေများနှင့်တကွ ဂေဇက် မိသားစုအားလုံး၊
    စာဖတ်သူအားလုံးအားကျေးဇူးအထူးတင်ရှိပါတယ်။
    အားလုံးလဲ ကိုယ်ရောစိတ်ပါ ကျန်းမာလန်းဖြာစွာနဲ့ လိုရာပြည့်ဝကြပါစေလို့ ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    အားလုံးကိုလေးစားခင်မင်စွာဖြင့်
    မောင်သစ်မင်း(^^)

  • ကိုရင်စည်သူ

    November 10, 2012 at 3:48 pm

    လေးဘလက်ကြီးရဲ့ ရောင်းရင်းတွေရဲ့ မွေးနေ့ကို အမြဲမပြတ်သတိတရ
    ရွာထဲမှာ ဖော်ပြပေးတတ်တဲ့ ခင်မင်မှုစိတ်ကို လေးစားမိပါတယ်ဗျာ…။
    ဆရာသစ်ရေ.. Happy Birthday!! May your birthday be filled with sunshine and
    smiles, laughter, love, and cheer.
    Long time no see ဗျာ..။ ဟိုတစ်နေ့က ဆရာရေးတဲ့
    ABC ပို့စ်ကို ဝမ်းသာအားရဖတ်လိုက်ရတယ်။ ဆရာသစ်စာဖတ်ပြီး ထုံးစံအတိုင်းဖတ်ပြီး ဟိုတွေးဒီတွေးနဲ့
    နှစ်ရက်လောက်ပီးမှ ကွန့်မန့်ပေးမယ်လဲလုပ်ကော ဝယ်ထားတဲ့ ကမ်းနားရောက်ရင် မိတဲ့
    ဘရော့ခ်ဘန်းလေးက လိုင်းမမိတော့ဘူးဗျာ။ ရင်ထဲမှာတော့ ကွန့်မန့်မပေးလိုက်ရလို့
    မိတ်ဆွေတာဝန်မကျေသလိုခံစားနေရတယ်ဗျာ…
    ခင်မင်လေးစားတဲ့
    ကိုရင်စည်သူ

  • koyinmaung

    November 10, 2012 at 4:53 pm

    ကိုသစ်မင်းရေ…
    ရွာထဲမှာပျောက်ချက်သားကောင်းနေလို့
    အထူးသတိရနေတာပါ…
    ကိုသစ်မင်းရဲ့ပို့စ်တင်တာပြန်တွေ့ရလို့အထူးဝမ်းသာမိပါတယ်..
    ဖတ်ယုံတင်ဖတ်သွားပေမဲ့မမန်းခဲ့ပါဘူး…
    ခုလိုကိုသစ်မင်းရဲ့မွေးနေ့မှနောင်မွေးနေ့ပေါင်းများစွာ
    ပျော်ရွင်ချမ်းမြေ့ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ…..
    ကိုသစ်မင်းရဲ့မွေးနေ့ကိုသတိတရပို့စ်အဖြစ်တင်ပေးတဲ့အတွက်
    ကိုဘလက်ကြီးကိုလဲကျေးဇူးတင်ပါတယ်…….
    ကိုသစ်မင်းရေ..စကားအတင်းစပ် သဂျီးမန်းထားတဲ့ထဲ့က
    ကိုယ်ဝန်အရင့်မာကြီးနဲ့ပန်းလေးတပွင့်တင်ထားတာတွေ့ရလို့..
    ဘာကိုရည်ရွယ်ထားပါလိပ့်……

  • Thanlwinoo

    November 10, 2012 at 5:18 pm

    ပျော်ရွှင်ဖွယ်ရာ မွေးနေ့မင်္ဂလာဖြစ်ပါစေကြောင်း ဆုမွန်တောင်းပါတယ်.. ကိုသစ်ခင်ဗျား..

    မွေးနေ့ကဒ်ကြည့်ပြီး ဂနမာ၊ နှင်းဆီ၊ သရဖီ၊ ကံ့ကော်၊ ထီးကိုးလက်ကိုတော့ လွမ်းမိပါတယ်…။

    ရန်ကုန်တက္ကသိုလ်ရဲ့ University Atmosphere ကို ပြန်လည်ရှင်သန်စေချင်ပါတယ်..။

  • padonmar

    November 10, 2012 at 11:34 pm

    Today is wonderful day.
    We are the only generation who have seen
    01/02/03
    02/03/04
    03/04/05
    04/05/06
    05/06/07
    06/07/08
    07/08/09
    08/09/10
    09/10/11
    & Let’s celebrate 10/11/12 shortly.(from Facebook-Daily Dose of Troll )
    And let’s meet again on 11/12/13.

  • surmi

    November 10, 2012 at 11:54 pm

    ဆရာသစ်ရေ ….
    ဝင်မရလို့ နောက်ကျခဲ ့ပြန်ပြီ ။
    မွေးနေ ့မှသည် သက်ဆုံးတိုင်ပျော်ရွှင်စွာနှင် ့ ဆန္ဒနဲ့ ဘဝ တစ်ထပ်တည်းကျပါစေလို့ ….
    တစ်ချိန်က ရေးခဲ့တာလေးတွေပြန်အမှတ်ရမိပါတယ်ဗျာ ….။
    အမြဲတန်းမဟုတ်တောင် မကြာခဏ လာခဲ ့စေချင်ပါတယ် ….။

    လေးစားလျက်
    မောင်ဆာမိ

  • ဦးကြောင်ကြီး

    November 12, 2012 at 6:53 am

    မွေးနေ့မှာ
    ထွေးပွေ့ပါ
    ကျွေးမွေ့ဆရာ
    နွေးစေ့မှာ
    တွေးဓလေ့ဖြာ
    ပြေးခွေ့သာ
    ဘေးမတွေ့ငါ
    ဝေးတမြေ့ရွာ..။

Leave a Reply