ဘကြီးပြောပြသောရုပ်လက္ခဏာနှင့် သိကောင်းစရာများ-အပိုင်း(၄)

aye.kkNovember 9, 20121min1369

၅။ ဖော့ဖယောင်းကဲ့သို ့သွယ်ပြောင်းနှူးညံ့လှပလျှက် ခြေလက်အင်္ဂါအဆင်းအား ပိုင်ဆိုင်သည့်သူ

အချို ့အချို ့သောမိန်းကလေးများ လွန်စွာလှပချောမော ပြေပြစ်ကြပါတယ် ။
ကိုယ်လက်အင်္ဂါ အစိတ်အပိုင်း ဖြစ်တဲ့ ခြေလက်အင်္ဂါအဆင်းတို ့မှာ ဆင်စွယ်နှာမောင်းသဖွယ် အရင်းသွယ်တုတ်
အဖျားရှူးကာ လွန်စွာလှပ နှူးညံ့ကြပါတယ် ။
ဖော်ပြပါ အမှတ်စဉ်(၅)အဓိပါယ်က မိန်းကလေးရဲ ့ခြေလက်အင်္ဂါများဖြစ်တဲ့ လက်မောင်းရင်းက စလို ့သွယ်တုတ်ပြီး လက်ဆစ်အထိ ပြေပြစ်ပျော့ပြောင်း သွယ်လျှပြီး ရှူးသွားတာကို ဆိုချင်တာပါ ။ လက်ခုံလက်ဖမိုးများ မို ့အိဖောင်းကြွနေတာပါ ။ အမြင်မှာလွန်စွာလှပပါတယ် ။(လက်ချောင်းလေးများလည်း အရင်းတုတ်ပြီး လက်သဲခွံအဖျားထိ သွယ်လျှလှပပြီး
ပေါင်တံရင်းမှ စပြီးခြေမျက်စေ့နား ရောက်သည်အထိ ပေါင်တံရင်းကနေအောက်ကို သွယ်လျှလှပအဖျားရှူးသွားတာပါ ။ ခြေဖမိုးလေးများ မို ့ဖောင်းအိကာ ခြေချောင်းလေးများ လည်းအရင်းတုတ်ပြီး ခြေသဲခွံအဖျားအထိတိုင် ရှူးသွားတာမျိုးကို ဆိုလိုတာပါ။)
ထို ရုပ်လက္ခဏာပါ ခြေလက်အဆင်းအင်္ဂါမျိုး ပိုင်ဆိုင်လာသည့်သူ(ဝါ) မိန်းကလေးမှန်ပါက ။

စိတ်ကူးယဉ်ဆန်လေ့ရှိပြီး ။ ဘဝကိုစိတ်ကူးပုံဖော်လိုချင်သည့်ဆန္ဒ ။ အပြုအမူသဘောထားရှိသူများသာ များသောအားဖြင့် ဖြစ်ကြကြောင်း ။ ဉာဏ်လမ်းကြောင်း ကောင်းမွန်မှုမတွေ ့ရပါကပို၍ဆိုးဝါးကြောင်း ။ စိတ်အတွင်းမနော သဘောထားတို ့ နုနယ်(မရင့်ကျက်) ။ စိတ်ကူးယဉ် အတွေးနယ်ကျယ်ကာ လွန်ကဲပြီး နောက်ဆုံးတွင် ဘဝကိုအရှုံးပေးပြီး ရင်မဆိုင်နိုင်ရဲတဲ့အထိ ကြုံတွေ ့ကြရကြောင်း ။ ထိုသို ့ဖော်ပြပါ ခြေလက်အင်္ဂါ အဆင်းလှပမှုရှိလာပါက ဘဝမလှကြောင်း ဘကြီးကပြောပြ ပါတယ်။

ကျမခပ်ငယ်ငယ် ဒုတိယတန်းအရွယ် အတန်းပိုင်ဆရာမကို အရမ်းချောတယ်လို ့ကျမစိတ်က ထင်မြင်မိပါတယ် ။ ဆရာမက မျက်နှာကလည်းလှလှ ။ ဆရာမရဲ ့လက်မောင်းသားများက ဆင်နှာမောင်းလို သွယ်လျှလှပပြီး လက်ဖမိုးနဲ ့လက်ချောင်းလေးတွေက မို ့မို ့ဖောင်းဖောင်း အိအိ ။ အရင်းကတုတ်ပြီး အဖျားထိချောမွတ်ပြီး ရှူးသွားပါတယ် ။ ဆရာမကိုလှလို ့ ငေးကြည့်ယူမိရသည် အထိ မကြာခဏဖြစ်ဘူးပါတယ်။ ဆရာမက ကျမရဲ ့အတန်းပိုင် ဆရာမပါ ။ မကြာခဏဆိုသလို ဆရာမက ကျောင်းတက်ရက်ပျက်ကွက်မှုတွေများလာတော့ ။ ကျမက တရက်မှာ မနေနိုင်ပါဘဲ ဆရာမအိမ်အထိ ရောက်အောင် သွားပြီးမေးမြန်း ကြည့်မိခဲ့ဘူးပါတယ် ။ ဆရာမ ယောကျင်္ားကအော်ဟစ်ပြီး ဆဲဆိုမောင်းထုတ်တာ ခံလိုက်ရလို ့ကြောက်ပြီး ဆရာမအိမ်ကို ဘယ်တော့မှမသွားတော့ပါဘူး။

ကျောင်းအုပ်ဆရာကြီး ကိုယ်တိုင်ကလည်း ဆရာမကိုအလုပ်က ထုတ်ပစ်သည်အထိ အရေးယူမယ်လို ့ခေါ်ဆူခံရတာ မြင်သိဘူးပါတယ်။ တရက်မှာ ဆရာမကို အခြားတန်းက သူငယ်ချင်းတွေနှင့် စာကိုက်သည့်အခါ အမြဲနောက်ကျတာ အားငယ်မိကြောင်း ဖွင့်ဟပြောဆိုပြပြီး ဆရာမအတန်း ခဏခဏပျက်နေတာကို မနေနိုင်ဘဲမေးမိပါတယ် ။ ဆရာမငိုနေပါတယ် ။ စာလည်းမသင်ဖြစ်ပါဘူး ။ မုန် ့စားလွှတ်ချိန်မှာ ဆရာမက ခင်ပွန်းဖြစ်သူဟာ အရက်တမြမြ ဖဲကရိုက် ကြက်တိုက်ပြီး ဆရာမကို အမြဲလိုလို သူ ့အလိုမကျတိုင်း ရိုက်ပုတ်ညှင်းဆဲ လေ့ရှိကြောင်း ပြောပြပါတယ် ။ အမြဲလိုလို ရိုက်ပုတ်ညှင်းဆဲပြီး တစ်ခါမှာမျက်စိကို ဆွဲထိုးခံရလို ့ မျက်စိမဖွင့်နိုင်ဘဲ ကျောင်းတက်ရက်တွေ ပျက်ရတဲ့အကြောင်း ပြောပြပါတယ် ။ ကျမက တရက်မှာဆရာမ ကျောင်းမလာလို ့နေများကောင်းမကောင်းသိချင်လို ့ ဆရာမအိမ်ထိ ရောက်ပြီးဆရာမရှိလား မေးကြည့်မိကြောင်းနဲ ့ ဆရာမယောက်ျား မူးပြီးအော်ဟစ် ဆဲဆိုမောင်းထုတ်တာ ခံရဘူးကြောင်း ဆရာမကို အကျိုးအကြောင်း ပြန်ပြောပြမိပါတယ် ။
နောက်ပိုင်းမှာ ဆရာမက ကျောင်းဆရာမ အလုပ်ကနေနှုတ်ထွက်ပြီး အတိဒုက္ခရောက်ခါ ပိုင်ဆိုင်တဲ့အိမ်ပါထုခွဲရောင်းချလို ့ကျမတို ့မြို ့လေးကနေ အပြီးအပိုင်ပျောက်ကွယ်သွားခဲ့ပါတယ် ။
အဲဒီအရွယ် ကလေး ဘဝက ဘကြီးကို ဆရာမအကြောင်းပြောပြမိတော့ ဘကြီးကရုပ်လက္ခဏာ အကြောင်းဆက်စပ်ပြီး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဘကြီးပြောတာနဲ ့ဆက်စပ်ပြီး နောက်ထပ်ကြုံတွေ ့ခဲ့ရတာ ပြောပြချင်မိပါတယ် ။ ကျမသူငယ်ချင်း အမပါ ။ သူမက ချောမောလှပပါတယ် ။ ခြေလက်အင်္ဂါအဆင်းက ဖော်ပြပါ အမှတ်စဉ်(၅)ပါ အတိုင်းခြေလက်အဆင်းအင်္ဂါ ပိုင်ဆိုင်ထားသူမို ့စိတ်ပူမိပါတယ် ။ ကျမစိတ်ထဲ ခင်မင်ရင်းနှီးမှု သံယောစဉ် ဖြစ်ပေါ်လို ့စိတ်ကူးယဉ်ဆန်တဲ့ ဘဝမတည်ဆောက် စေချင်ကြောင်းပြောပြမိပါတယ် ။ သူ ့ဉာဏလေခက တနင်းလာဂြိုလ်ခုံ အဆုံးထိသွားပြီး တနင်းလာဂြိုလ်ခုံ အနည်းငယ်မြင့်ပါတယ် ။ ဖြတ်လမ်းကြောင်းလေးတွေလည်း ပေါများတာတွေ ့ရပါတယ် ။
သူကသူ ့ရဲ ့အိမ်ထောင်ဘက်ကို စိတ်ကူးယဉ်ဆန်ဆန်ရွေးချယ်ခဲ့ပါတယ် ။ သူရည်မှန်းတဲ့သူဟာ
သူ ့ကိုလိမ်လည်လှည့်ဖျား သိမ်းသွင်းနေတာကို အားလုံးကသိလို ့ဝိုင်းဝန်းတားမြစ်ကြလည်း နာမခံခဲ့ပါဘူး ။ နောက်ဆုံးတော့ အသိုင်းဝိုင်းက သဘောမတူတော့ ခိုးရာလိုက်ပြေးပြီး ။ ပေါင်းသင်းခဲ့ကြပါတယ် ။ သူ ့ကိုပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းကမှန်းသိလို ့ လိမ်လည်လှည့်ဖျားပြီး . ညာယူပေါင်းသင်းခဲ့မှန်း ကလေးရတော့မှသာ သူမက သိမြင်လာပါတယ် ။ ကလေးရလာတဲ့ အချိန်မှာလည်း ကလေးနဲ ့အကြောင်းအမျိုးမျိုးပြပြီး သူမမိဘပိုင်ဆိုင်မှုတွေ ကိုတခုပြီးတခု တောင်းယူချွေယူခဲ့တော့တာပါ ။ နောက်ထပ်မယားငယ် အမြှောင်ထားပြီး အမျိုးမျိုးနှိပ်စက်တာ ခံရတော့မှ ကျမပြောပြတာ မှန်နေတဲ့အကြောင်း ခေါ်ယူပြောပြလို ့ သူမကိုယ်တိုင် ဖွင့်ဟဝန်ခံခဲ့ပါတယ် ။

ဒါက ရုပ်လက္ခဏာနဲ ့ပတ်သက်ပြီး ကျမမျက်မြင် ကိုယ်တွေ ့သိခဲ့ရတာတွေကို ဗဟုသုတအဖြစ် ပြန်လည်ပြောပြခြင်း သာလျှင်ဖြစ်ပါတယ်။။

9 comments

  • aye.kk

    November 9, 2012 at 4:56 pm

    အပိုင်း(၄)အားထပ်မံတင်ပေးလိုက်ပါတယ်။

  • Hnin Hnin

    November 9, 2012 at 5:19 pm

    ရုပ်ရည်၊ခြေ၊လက်အင်္ဂါအဆင်း လှပပေမယ့် ဘဝကတော့ မလှပတတ်ဘူးလို့ ပြောချင်
    တာပေါ့နော်…..

  • aanyar thar

    November 9, 2012 at 6:13 pm

    တစ်..နှစ်..သုံး အထိ့တော့ မပြောပြတတ်ဘူး ဒါပေ့မယ့် ခု့နံပါတ်လေး ကိုတော့ ..့ဉာဏလေခ လောက်တင် ဆုံးဖြတ်လို့မရဘူး ထင်တယ်ဗျာ (ကျနော့်အထင်ပါ).ဟာဒယလေခ မှာ လမ်းကြောင်းဟာ တစ်ဆက်တည်းထင်းပြီး ပေါ်လွှင်နေတာမျိုး.ပါနေရမယ်.ခု့ (ကျုပ်အစ်မလား ကျုပ်နှမလား အသက်မသိ့လို့ပါ) ပြောသလို ရုပ်လက္ခဏာမိန်းကလေး ဟာ အဲ့လိုပဲ သေချာ ပါ့မလား လေ့လာချင်သပါ့ဆို ခု့ပြောတဲ့ အချက်အလက် တွေနဲ့ ကိုက်ညီသူကတော့ လက်ရှိ့ ရုပ်ရှင်သရုပ်ဆောင် လှ့အဉ္ဇလီတင့် ခေါ် ချောချောပါ (ပြောချင်တာက ဖော်ပြပါ ရုပ်လက္ခဏာနဲ့ ကိုက်ညီတဲ့ မိန်းကလေးရဲ့ အိမ်ထောင်ဖက် ရွေးချယ်မှု့ အမှားပဲဆိုလိုချင် သလိုဖြစ်နေလို့ပါ သူ့ရဲ့အိမ်ထောင်ဖက်ဟာ သူနဲ့မရခင်မှာလည်း ခု့လိုလား သူနဲ့ရပြီးမှ့လား ဘာလဲ ညာလဲပေါ့ သူ့အမှားလား သူ့အိမ်ထောင်ဖက်ရဲ့ မညားခင်နဲ့ ညားပြီး မှားယွင်းမှု့လား.ပြောရရင် တစ်ချို့မိန်းကလေးတွေ ချစ်သူဘဝမှာကို သောက်စားပေတေပြီး ဆိုးသွမ်းနေတဲ့ကောင်ကို ငါ့နဲ့ လက်ထပ်ပြီးရင် ပြု့ပြင်လို့ရပါ့မယ် ဆိုတဲ့မိန်းကလေးပေါ့ အဲ့လိုဆို မှန်ပါ့ဗျာ ခု့ဟာက ဘာလဲ.

    • aye.kk

      November 10, 2012 at 4:01 am

      annyar thar ရေ။
      အန်တီဆိုလိုတဲ့အဓိပါယ်က
      အမှတ်စဉ်(၅)မှာဖော်ပြတဲ့ရုပ်လက္ခဏာမျိုးရှိသူပေါ့နော်။
      ကိုယ်လက်အဆင်းအင်္ဂါတို ့ဟာဆင်နှာမောင်းလိုအရင်းသွယ်တုတ်အဖျားရှူးနေခဲ့ပြီး
      သူ ့ရဲ ့မွေးရာပါစိတ်နေသဘောထားလမ်းကြောင်း(ဝါ)ဉာဏလေခလမ်းကြောင်းလည်းခေါ်ဆိုတဲ့
      လက္ခဏာအရေးအကြောင်းပေါ့နော်။တနင်းလာဂြိုလ်ခုံကစိတ်ကူးစိတ်သန်းနဲ ့သက်ဆိုင်နေပြီး။
      ထိုတနင်းလာ ဂြိုလ်ခုံကလည်းသာမာန်ပြည့်ဖြိုးနေသည်ထက်အနည်းငယ်ပို၍မြင့်နေရင်။
      ဉာဏလေခလမ်းကြောင်းကလည်းအလွန်အမင်းရှည်လျားပြီး
      တနင်းလာဂြိုလ်ခုံအောက်ခြေရင်းဆီအထိထိုးစိုက်ဆင်းနေခဲ့ရင်
      အဖျက်လမ်းကြောင်းလေးတွေကိုလည်းဂြိုလ်ခုံပေါ်မှာတွေ ့မြင်နေရယင်ပေါ့နော်။
      ဘဝကိုအရှုံးပေးပြီးဒုက္ခတွေနဲ ့အဆုံးသတ်သွားနိုင်ကြောင်း။ ဘကြီးပြောပြထားလို ့မှတ်သားခဲ့ဘူးပါတယ်။
      ကိုယ်ကလည်းကိုယ့်ပတ်ဝန်းမှာတွေ ့မြင်ခဲ့တာဟုတ်မှန်နေလို ့ဗဟုသုတအဖြစ်
      ရေးလိုက်ခြင်းသာလျှင်ဖြစ်ပါကြောင်းပြောပြလိုက်ပါရစေ။။

  • အရီးခင်လတ်

    November 9, 2012 at 8:40 pm

    မအေး ရေ
    စာလေးတွေ မဖတ်ရတာ ကြာပြီ။
    အလုပ်များ နေတယ်ထင်ပါ့နော်။
    ဗဟုသုတလေးတွေ ကို ဖတ်သွားပါတယ်။
    ကျေးဇူးပါ။

    • aye.kk

      November 10, 2012 at 4:17 am

      ကိုပေ
      အားပေးဖတ်ရှူသွားတာဝမ်းသာမိကြောင်းပြောလိုက်ပါရစေ။
      (ကဗျာလက်ဆောင်)
      ရှေးထုံးဈေးသုံး
      မလွယ်ပြုံးပ
      ဗဟုသုတ
      အသိမျှကို
      ကိုယ်ကချပြချင်စိတ်ပါ။။
      ————————————————————————————————————အရီးခင်လတ်
      အားပေးပေးတာအရမ်းဝမ်းသာမိပါတယ်။
      မအားတာရယ်ကျမ္မာရေးကြောင့်ရယ်မရေးဖြစ်တာပါ။
      အခုတလောကျမ္မာရေးနည်းနည်းပြန်ကောင်းလာတာရယ်။
      အလုပ်ကနေနားဘို ့အတွက်ပြင်ဆင်နေတဲ့အချိန်လေးမှာ
      အားလပ်တုံးဝင်ရေးလိုက်တာပါ။စာတွေရေးချင်တဲ့စိတ်ကအချိန်ပြည့်ပါ။
      ဂဇက်ကိုမဖတ်ရ။မဝင်ရရင်။စိတ်ကမပျော်သလိုပါဘဲ။ (face book ကလည်းပုံလောက်သာ)

  • ဗဟုသုတနှင့် ပြည့်စုံခြင်းသည်
    မင်္ဂလာတစ်ပါး မည်ပါပေ၏ …..။
    ယင်းသို့ ဗဟုသုတနှင့်လည်း ပြည့်စုံသော
    မင်္ဂလာအား ထပ်မံ အရောင်တောက်စေသော အပြုအမှုမည်သည်ကား
    မိမိ သိရှိထားသော ဗဟုသုတ အား အများသူငါအား
    ပြန်လည် မျှဝေခြင်းသည်သာ ဖြစ်ပေတော့သတည်း …………..။

    ဖတ်ရှု မှတ်သား သွားပါတယ် အမအေး ခင်ဗျာ …..။

  • aye.kk

    November 10, 2012 at 4:29 am

    မဟာရာဇာအံစာတုံးရေ
    ကျေးဇူးပါ။အန်တီ(Best Comment)ရွေးလိုက်ပါတယ်။
    သိသမျှဗဟုသုတတွေကို။အဆင်ပြေအချိန်ရရင်မျှဝေသွားပါ့မည်
    ဖြစ်ပါကြောင်း။ပြောပြလိုက်ပါရစေ။

    ွှ

Leave a Reply