လွင့်မျောခြင်း

ကာရံNovember 9, 20121min1044

ညစ်တဲ့စိတ်နဲ့ ငါလေ ကောင်းကင်ထက်ကိုလွှင့်မျောသွားချင်မိတယ်

အပြုံးပေးတိုင်း အရှုံးတွေပြန်ရတက်တာ သဘာဝကပေးတက်လက်ဆောင်လားလေ

မမြင်ရတဲ့ ကံတရားအောက်က ငါ့တစ်ဘဝလုံး သုညကစတင်ခဲ့တာ

ရာစုသစ်တွေ ဘယ်လောက်များရောက်နေပါလိမ့်

အိပ်လိုက်တိုင်းမက်နေကျ အရိပ်မည်းရဲ့အောက်မှာ

ငါ့ခွန်အားတွေလဲ နစ်မြုပ်ရတော့မယ်ထင်ပါတယ်

ကြင်နာတဲ့အနေ့နဲ့ ကြင်သူလဲနားလည်တက်မယ်ဆိုရင်

ငါ့ရဲ့ရင်ခွင်လေးကတော့ အေးမြမှုတွေ ဖန်ဆင်းထားတယ်ဆိုတာသိရင်လေ…………

ပိတောက်မိုး

4 comments

  • ဝေဟင်မှာ လေယာဉ် မစီးချင် …
    မြေပြင်မှာ ခြေလျင် မလျောက်ချင် ….
    ရေပြင်မှာလည်း ရေယာဉ် မစီးချင် …
    ငါ့အသွင် လေပြင်ထဲမှာပဲ လွင့်မျောလိုက်ချင် ……
    ကဗျာလေးနဲ့ ကဗျာလေးကို အားပေးသွားပါတယ် ….။

  • ရွာသူ jujuma .

    November 10, 2012 at 1:25 pm

    ရင်ထဲမှာ ဖန်ဆင်းထားတဲ့ အေးမြမှုတွေ…
    ကြင်နာသူလေးမြင်အောင် ပြနိုင်ခွင့်ရှိပါစေ.. :hee:

  • padauk moe

    November 10, 2012 at 4:44 pm

    ကျေးဇူးတင်ပါတယ်ခင်ဗျာ အားပေးသွားတဲ့သူငယ်ချင်းတွေလဲ ရေလိုအေးလို့ ပန်းလိုမွှေးပျံပါစေနော်

  • မောင်ပေ

    November 10, 2012 at 9:32 pm

    နားလည်တက်
    ငါးဆယ်မြတ်
    အားငယ်ရှက်
    ကားဝယ်ထွက်
    ဖားရှယ်မက်
    ဟားကွယ်ငတ်

Leave a Reply