မေမေရေ အဝေးရောက်မှသားလေးပိုပြီးတမ်းတမိတာမဟုတ်ပါဘူးမေမေ

မေမေသွန်သင်ခဲ့တဲ့ စကားလုံးတွေက သားရင်ထဲမှာ အစဉ်ကိန်းအောင်နေတာတော့ အမှန်ပါ

နံနက်တိုင်းမေမေကျွေးနေကျ ပဲပြုတ်နဲ့ထမင်းဆီဆမ်းလေးက သားအတွက်တော

ကမ္ဘာကျော်လက်ရာတွေထက်သာတာတော့ အမှန်ပါဘဲ မေမေရယ်……….

ညအိပ်ရာဝင်တိုင်းပြောတက်တဲ့ မေမေ့ရဲ့ပုံပြင်ဟောင်းလေးတွေက သားအတွက်တော့

ဘယ်တော့မှရိုးမသွားမယ့် ဇာတ်လမ်းတေးသွားလေးတွေပါဘဲမေမေ

ရေခြား မြေခြားမှာ သားဆက်ဆံနေရတဲု့လူမျိုးခြားတွေရဲ့အလယ်မှာ

သားလေး မျက်နှာမငယ်ရအောင် သင်ပေးခဲ့တဲ့ မေမေ့ရဲ့ ကကြီး ခခွေး လေးတွေကတော့

သင်ရိုးဘယ်လောက်ပြောင်းပြောင်း ဟောင်းမသွားတာတော့အမှန်ပါဘဲမေမေ

ညစဉ်ရှစ်ခိုးတိုင်း မေမေ့ရဲ့မျက်နှာပုံရိပ်လေးတွေကို သားနှလုံးသားထက်မှာ

ဦးထိပ်ပန်လျှက် ရှစ်ခိုးဆုတောင်းမိတာလေးကတော့

မေမေစိတ်အစဉ် ညစ်ရမှုအရှိအောင်

သားကြံစောင်လို့ ရိုးသားတဲ့စိတ်ထားနဲ့

တိုးပွားအောင် ရှာဖွေရင်း သက်တော်ရာကျော်

နေထိုင်နိုင်ပါစေကြောင်း ယနေ့ထိတိုင်

သားဆုမွန်တောင်းရင်း…………………….

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..