မေမေ

ကာရံNovember 9, 20121min1376

မေမေရေ အဝေးရောက်မှသားလေးပိုပြီးတမ်းတမိတာမဟုတ်ပါဘူးမေမေ

မေမေသွန်သင်ခဲ့တဲ့ စကားလုံးတွေက သားရင်ထဲမှာ အစဉ်ကိန်းအောင်နေတာတော့ အမှန်ပါ

နံနက်တိုင်းမေမေကျွေးနေကျ ပဲပြုတ်နဲ့ထမင်းဆီဆမ်းလေးက သားအတွက်တော

ကမ္ဘာကျော်လက်ရာတွေထက်သာတာတော့ အမှန်ပါဘဲ မေမေရယ်……….

ညအိပ်ရာဝင်တိုင်းပြောတက်တဲ့ မေမေ့ရဲ့ပုံပြင်ဟောင်းလေးတွေက သားအတွက်တော့

ဘယ်တော့မှရိုးမသွားမယ့် ဇာတ်လမ်းတေးသွားလေးတွေပါဘဲမေမေ

ရေခြား မြေခြားမှာ သားဆက်ဆံနေရတဲ့ ုလူမျိုးခြားတွေရဲ့အလယ်မှာ

သားလေး မျက်နှာမငယ်ရအောင် သင်ပေးခဲ့တဲ့ မေမေ့ရဲ့ ကကြီး ခခွေး လေးတွေကတော့

သင်ရိုးဘယ်လောက်ပြောင်းပြောင်း ဟောင်းမသွားတာတော့အမှန်ပါဘဲမေမေ

ညစဉ်ရှစ်ခိုးတိုင်း မေမေ့ရဲ့မျက်နှာပုံရိပ်လေးတွေကို သားနှလုံးသားထက်မှာ

ဦးထိပ်ပန်လျှက် ရှစ်ခိုးဆုတောင်းမိတာလေးကတော့

မေမေစိတ်အစဉ် ညစ်ရမှုအရှိအောင်

သားကြံစောင်လို့ ရိုးသားတဲ့စိတ်ထားနဲ့

တိုးပွားအောင် ရှာဖွေရင်း သက်တော်ရာကျော်

နေထိုင်နိုင်ပါစေကြောင်း ယနေ့ထိတိုင်

သားဆုမွန်တောင်းရင်း…………………….

ပိတောက်မိုး

6 comments

  • အန် …
    ပိတောက်မိုး က ကျားလား ခည …
    ဟုတ်လောက်ဘူး ထင်တယ် …
    ကဗျာထဲကလို ဆိုရင် …
    အင်း .. အဲ .. 🙄 🙄
    အံစာ ဘာမှ သိဒေါ့ဘူး ..
    ကဗျာကို အားပေးသွားတယ် ခညာ….

  • ရွာသူ jujuma .

    November 10, 2012 at 11:18 am

    သားသမီးတွေအတွက် အမေ့အိမ်လောက် နွေးထွေးလုံခြုံမှု
    ပေးနိုင်တဲ့နေရာ မရှိဘူး ဆိုတာကို…..
    အမေ့ရဲ့ အဝေး ရောက်ဖူးသူတိုင်း သိကြပါတယ်လေ …. 😀

  • မိုချို

    November 10, 2012 at 11:52 am

    ကဗျာလေး ကို အားပေး သွား ပါတယ်။ အမေ သင်ပေး ခဲ့ တဲ့ အေ၊ဘီ ၊စီ ၊ဒီ ဆို ရင် ပို မှန် မလား လို့ ။ရေခြား မြေခြား လူမျိုး ခြား ဆိုလို့ လေ။

  • လုံမလေးမွန်မွန်

    November 10, 2012 at 12:32 pm

    ကဗျာလေးကို ခံစားသွားပါတယ်… အမေ့ကျေးဇူးကို သိတတ်တဲ့သား အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်…
    ဘာမဆိုင်ညာမဆိုင် သီချင်းတစ်ပိုဒ်ကို သွားသတိရတယ်…

    အမေ…ဟိုအဝေးမှာ…ထာဝရဦးညွှတ်ရင်း…အိပ်မပျော်ဘဲ..အိပ်မက်မက်နေသူ…

  • candle .

    November 10, 2012 at 2:31 pm

    ရိုးသား ကြိုးစားပြီး အမေ့တ္တောကို အမြဲဦးညွှတ်တဲ့ သားလိမ္မာမို ့အနာဂတ်လမ်းသာယာဖြောင့်ဖြူးပါစေလို ့အမေ့ကိုယ်စား ဆုတောင်းပေးလိုက်ပါတယ်..

  • padauk moe

    November 10, 2012 at 4:49 pm

    အကြင်နာလက်များနဲ့ ရင်မှာထွေးပွေ့တက်တဲ့
    အမေ့ရဲ့ မေတ္တာရိပ်အောက်မှာ တည်ရှိနေတဲ့ သူငယ်ချင်းအပေါင်းလဲ
    ရင်မှာတောင်းတဲ့ဆုတွေပြည့်စကြပါစေနော်
    အော် ပိတောက်မိုးဆိုတာ ကလောင်နာမည်ပါ နာမည်ရင်းက စိုးမိုးအောင်ပါ တော်ကြာ မဟာအံစာတုံး ခေါင်းစားနေဦးမယ် ကျေးဇူးနော်

Leave a Reply