“အဖြေလေးပေးလိုက်ပါတယ် ၂၀၁၂ အောက်တိုဘာ အတွက် အကြိုက်ဆုံးစာမူ”

“အဖြေလေးပေးလိုက်ပါတယ် ၂၀၁၂ အောက်တိုဘာ အတွက် အကြိုက်ဆုံးစာမူ”

 

 

 

ကျနော်တို့ ပန်းကောက်သူအဖွဲ့လေး က စာမူရွေးဘို့ ပြင်ဆင်ကြတဲ့အခါ အီးမေးလ်လိုင်းပေါ်ကတစ်ဆင့်

အကြိမ်ကြိမ်ညှိနိုင်းပြင်ဆင်ခဲ့ကြပါတယ်။

အနီးမှာနေနေ အဝေးမှာနေနေ ……ဟိုးအဝေးကြီးမှာနေနေ အားလုံးအမြဲလိုလို တိုင်ပင်ခဲ့ကြပါတယ်။.

အဲဒီအခါမှာ တစ်ယောက်ပြောတာ တစ်ယောက်သဘောတူတာလဲရှိ မတူတာလဲရှိ။

ဒါပေမယ့် အခုအချိန်မှာတော့ ကျနော်တို့ယူထားခဲ့ကြတဲ့ အလုပ်တစ်ခုကိုကောင်းစွာလုပ်နိုင်ပြီဆိုတဲ့

အနေအထားတစ်ခုကိုရောက်ခဲ့ကြဖြတ်သန်းခဲ့ကြပြီလို့ ယူဆမိပါတယ်။

ဒီလိုဆောင်ရွက်နိုင်တဲ့ အနေအထားကို လျင်မြန်စွာရောက်ခဲ့နို်င်ခြင်းရဲ့ အကြောင်းတရားကတော့

တစ်ဦးတစ်ယောက်ထဲရဲ့ အယူအဆ  အတွေးအခေါ်တစ်ခုထဲနဲ့မောင်းနှင်တာမဟုတ်ဘဲ

အများသဘော အများစဉ်းစားမူ့ အများဖြစ်ချင်တာလေးတွေကို ဦးစားပေးခဲ့လို့ဘဲဖြစ်ပါတယ်။

တူညီခြင်း မတူညီခြင်းဆိုတဲ့ “အဟ”လေးကို နည်းနိင်သမျှနည်းအောင်အချင်းချင်း ညှိနိူင်း

အပြန်အလှန်လိုက်လျောက်ခဲ့ကြလို့လဲ ဒီအနေအထားလေးကို ရောက်ခဲ့ကြတာဖြစ်ပါတယ်။

 

ပြောနိုင်တာတစ်ခုကတော့ ကျနော်တို့လက်ရှိစာအဖွဲ့ဝင်အားလုံးသည်

တော် တတ် သိ ကျွမ်းကျင် ဆိုတဲ့ စူပါလူသားများမဟုတ်ကြဘဲ

သူလို ငါလို စာရေး စာဖတ်သူ ဝါသနာပါသူများသာ ဖြစ်ကြပါတယ်။

အစားကောင်းစားရင် မိတ်ဆွေတွေကို သတိရတယ်ဆိုတဲ့စကားရပ်လေးလို

ကျနော်တို့စားမိတဲ့အစားအစာလေးကို နှစ်သက်မိတော့ မိတ်ဆွေတွေကို

“ဒါလေးတော့ စားကောင်းသဟဲ့”လို့လက်တို့လိုက်တဲ့ သဘောလို့အားလုံးက

ထပ်တူထပ်မျှ ယုံကြည်ထားကြပါတယ်။

ဒါကြောင့် အများက ကောင်းတယ်ဆိုတဲ့ပိုစ်ကောင်းလေးများ ကျနော်တို့အကြိုက်ထဲမှာ မပါဝင်ခဲ့ရင်

ကျနော်တို့ ဆိုင်စုံအောင်ဝင်မစား မိဘူးလို့ သဘောထားစေလိုပါတယ်။

 

ဂေဇက်ချစ်သူ အကြိုက်ရွေးချယ်ဘို့အတွက် ကျနော်ဖြတ်သန်းခဲ့တဲ့ အချိန်တိုတိုလေးမှာ

ကျနော်တို့ အချင်းချင်း သဘောမတူညီခဲ့တာလဲရှိ တူတာလဲရှိနဲ့လက်တွဲခဲ့ကြတာအ ချိန်ကလာတစ်ခုတော့

ရောက်ခဲ့ပါပြီ။

ကျနော်တို့ရဲ ပန်းကောက်သူ အဖွဲ့မှာ

အကြောင်းအမျိုးမျိုးကြောင့် လမ်းမှာကျန်လို့ လက်ပြနုတ်ဆက်ခဲ့သူလဲရှိ၊

ကမ်းကပ်စဉ်ခဏမှာ အတူလိုက်ပါလာသူလဲရှိ

တစ်လျောက်လုံး ပါဝင်သူလဲရှိ၊

ယာယီ လိုက်ပါသူလဲရှိ ပါတယ်။

ဘယ်သူဘဲဖြစ်ဖြစ် အတူဆုံစဉ်ခဏလေး မှာ ဆောင်ရွက်ခဲ့ကြတာလေးကိုတော့ အမှတ်တရဖြစ်နေမိ

တာအသေအချာဖြစ်သလို အားလုံးကို လေးစား ကျေးဇူးတင်ပါတယ်။

နောက်လာမယ့်နိုဝင်ဘာလမှာဆိုရင်

(1)   စာအရေးကျဲပေမယ့် ရေးလိုက်သမျှ စာတိုင်းက မလိုင်အပြည့်နိုဆီလို ပျစ်ပျစ်နှစ်နှစ်ရှိအောင်ရေးတတ်ပြီး

ကော်မင်းအပေးကောင်းတဲ့  အများကချစ်စနိုးခေါ်တဲ့ နန်းမတော် မယ်ပု (ခ) ပုချ်

(2)   ထူးထူးခြားခြား အရေးအသားများနဲ့ စဉ်ဆက်မပြတ်ရေးဖွဲ့နေတဲ့အပြင် သီတင်းကျွတ်အမီ ရွာထဲကို လူလုံးပြပြီးကြေညာခဲ့တဲ့ အလင်းဆက်

(3)   မကြာခဏကော်မင်းတွေနဲ့ မြင်နေရတဲ့ ဂျုလီယက်ဆီဇာတို့က ဝင်ရောက်အားဖြည့်ပြီး ဖတ်ပေးရွေးပေးမှာကိုလည်း လှိုက်လှဲစွာကြိုဆိုပါတယ်။

 

(ကြုံတုန်းလေး ပွားကြည့်ရတာ ဘာနဲ့တူသလဲလို့ပြောရရင် လမ်းဘေးက အလှုခံမဏ္ဍပ်မှာ မိုက်ခဲရသလို

အလှည့်ကျတုံး အရအမိပြောလိုက်တဲ့သဘောပါဘဲ။)

 

ပွင့်လင်းစွာပြောရရင် စာရွေးဘို့နောက်ဆုံးရက်နီးကပ်တဲ့အထိ ကျနော်တို့ ပန်းကောက်သူတွေမှာ

ရနံ့မွှေးတဲ့ပန်းကလေးတွေကို မတွေ့မိခဲ့သေးပါဘူး။

စိတ်ထဲမှာ အားမလိုအားမရ။

နောက်တော့မှ သေချာပြန်ဖတ်ကြစို့ရဲ့ဆိုပြီး

“နောက်တစ်ခါလာပြန်ချီသေး”လုပ်လို်က်ကြတဲ့အခါ အခုလိုကောင်းမွန်တဲ့စာတွေကို တွေ့ကြတာပါ။

ကျနော်တို့အမှတ်ပေးစံနစ်ကတော့

Aပထမအကြိုက်ဆုံး (3)မှတ်

Bဒုတိယအကြိုက်ဆုံး (2)မှတ်နဲ့

Cတတိယအကြိုက်ဆုံး (1)မှတ်လို့ သတ်မှတ်ပြီးပေးပါတယ်။

ပိုထူးခြားတာကတော့ ဒီလအတွက်အကြိုက်ဆုံး ရွေးတဲ့အခါ၏

ဒုတိယအကြိုက်ဆုံးက ရမှတ်တူ နှစ်ယောက်ဖြစ်နေပါတယ်။

ဒါကြောင့်ဒုတိယကို နှစ်ယောက်ပူးတွဲပေးလိုက်ပါတယ်။

တစ်ယောက်ခြင်းစီရဲ့ ရမှတ် အသေးစိတ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

 

(က)ပထမဆုရှင်ကတော့

A(1)+B(1)+C(5)=3*1+2*1+5*1= 10မှတ်

ပထမ အကြိုက်ဆုံး တစ်ယောက်(ရမှတ်သုံးမှတ်)

ဒုတိယအကြိုက်ဆုံး တစ်ယောက်( ရမှတ်လေးမှတ်)

တတိယ အကြိုက်ဆုံး ငါးယောက် ဆိုတော့ (ရမှတ်ငါးမှတ်)

စုစုပေါင်း (10)မှတ်ဖြစ်ပါတယ်။

 

 

(ခ)ဒုတိယအကြိုက်ဆုံးကတော့ (8)မှတ်တူနှစ်ယောက်ဖြစ်နေပါတယ်။

တစ်ယောက်ကတော့

A(2)+B(1)=3*2+2*1=8မှတ်

ပထမအကြိုက်ဆုံး နှစ်ယောက် ဒုတိယ အကြိုက်ဆုံး ူတစ်ယောက်ဆိုတော့ စုစုပေါင်း

(8)မှတ်ရရှိသွားပြီး

နောက်တစ်ယောက်ကတော့

A(1)+B(1)+C(3)=3*1+2*1+1*3=8မှတ်

ပထမ အကြိုက်ဆုံးက တစ်ယောက် ဒုတိယအကြိုက်ဆုံးက တစ်ယောက်နဲ့

တတိယ အကြိုက်ဆုံး သုံးယောက်ဖြစ်တဲ့အတွက် သူကလည်း (8)မှတ်ရသွားပါတယ်။

 

(ဂ)တတိအကြိုက်ဆုံးသူကတော့

A(1)+C(3)= 3*1+1*3=6 မှတ်

ပထမ အကြိုက်ဆုံး တစ်ယောက်နဲ့တတိယ အကြိုက်ဆုံး လေးယောက် စုစုပေါင်း (6)မှတ်နဲ့ ဆွတ်ခူးသွားပါတယ်။

 

တစ်နှစ်က အကယ်ဒမီဆုရှင်ကိုကြေငြာတဲ့အခါမှာ ကျနော်သဘောကျခဲ့တဲ့ကြေငြာပုံလေးကတော့

ဦးမိုးဒီကြီး ဆုရတာကို ကြေငြာ ပေးတာလေးပါ။

သူ့ရဲအထင်ရှားဆုံး အမှတ်အသားဖြစ်တဲ့

“သားသားစားချင်တာ စားလို့ရပြီ”လို့အော်လိုက်တဲ့အခါ နံမယ်မပြောပေမယ့် ဘယ်သူမှန်းအားလုံးကသိသွားကြပါတယ်။

ကျနော်ကသူများနောက်လိုက်တာဝါသနာပါတဲ့အတွက်

အဲလိုလေးကြေငြာချင်မိပါတယ်။

ကျနော်ကတော့ လက်ဆော့တဲ့ ကင်မရာခလုတ်နှိပ်သူဆိုတော့

ဓါတ်ပုံလေးနဲ့ဘဲအဖြေပေးလိုက်ပါတယ်။

 

ပထမရသူကတော့          1A1B5C

ဒုတိယရသူ ကတော့     (က)  2A1B  နဲ့

                                      (ခ)   1A1B3C    ဖြစ်ပြီး

တတိယရသူ                         1A3C             အသီးသီးဖြစ်ကြပါတယ်။

 

ကဲဓါတ်ပုံလေးတွေကြည့်ပြီးဘယ်သူပထမ ဘယ်သူဒုတိယဆိုတာကို ကြည့်လို်က်ပါတော့တော့နော်။

အားလုံးကို အုံးစားရတာ ကျေးဇူးတင်ပါတယ်။

 

1A3C = 6 ( ဟိုင်းဝေးလမ်းမကြီး ဆန်ပြုတ်သည်တော့ မတွေ့မိဘူး)

 

1A1B3C =8( ယဉ်ကျေးမူ့များစုဝေးရာနောက်ဆုံးမင်းနေပြည် မန်းလေးက မြနန်းစံကျော်ရွှေနန်းတော်ကိုလာရောက်လေ့လာနေတဲ့ ဘောင်းဘီတိုနဲ့ ခေတ်ပေါ်အမျိုးသမီး)

 

2A1B =8 (ဓါးတွေအများကြီးဆိုတော့ ဓါးသွားတွေလဲအများကြီးပေါ့ လာ အပျင်းပြေလမ်းလျောက်ကြည့်ရအောင်ဗျာ)

 

1A1B5C=10 (ဒီငါးရိုးကိုအကြောင်းပြုပြီး အပျိုကြီးတစ်ယောက် အလကားနေရင်းအိပ်ယာအောက်ရေဝင်မလိုဖြစ်သွားတာလေ ကံကောင်းလို့ပေါ့)

 

 

 

 

58 comments

  • လုံမလေးမွန်မွန်

    November 12, 2012 at 5:26 pm

    မမိုချိုကို ကွန်ဂရက်လုပ်ပြီးကတည်းက ထပ်မရေးဖြစ်တာ တောင်းပန်ပါတယ်… အခု မမိုချိုနောက်က လိုက်ချင်လို့ပါ… 🙂

    မွန်မွန်လည်း တကယ်မမျှော်လင့်ထားပါဘူး… မွန်မွန့်ရဲ့စာတွေမှာ ကွန်မန့်တွေဖတ်ရရင်ကို တော်တော်ပျော်နေပါပြီ… အခုလည်း စကာတင်ထဲပါကတည်းက တော်တော်လေးကို ဝမ်းသာမိတာပါ… အခုလို စိတ်ထဲရှိတာလေးကို ချရေးထားတာလေးတွေကို အသိအမှတ်ပြုပေးတဲ့အတွက်လည်း အားလုံးကို ကျေးဇူးတင်မိပါတယ်… စာတွေဆက်ရေးဖို့လည်း အားတက်မိပါတယ်… စာရေးတယ်ဆိုတာ မွန်မွန့်ရဲ့ ထွက်ပေါက်တစ်ခုပါပဲ… သူငယ်ချင်းတွေကို ရင်ဖွင့်မယ့်အစား စာအဖြစ်ချရေးပြီး ရွာထဲမှာ တင်လို်က်ရရင်ကို တော်တော်လေးပေါ့သွားတာပါ…

    အခုလို အသိအမှတ်ပြုပေးတဲ့ ဖတ်ရွေးအဖွဲ့က လူကြီးတွေရော၊ ရွာသူရွာသားတွေရော၊ ဂုဏ်ပြုပေးသူ အားလုံးကိုရော၊ အားပေးကြသူအပေါင်းရော… အားလုံးအားလုံးကို လှိုက်လှိုက်လှဲလှဲကို ကျေးဇူးတင်ပါတယ်လို့…

    မမိုချို၊ ကိုအလင်းဆက်၊ ဦးဆာမိ၊ ပျော်စရာပို့စ်လေးဖန်တီးပေးတဲ့ လေးပေါက် တို့ကိုလည်း ထပ်မံ ကွန်ဂရက်ကျူလေးရှင်း ပါလို့…

    ခင်တဲ့
    မွန်မွန်

  • အလင်းဆက်

    November 12, 2012 at 7:59 pm

    ဟုတ်ကဲ ့….

    တားတားတို ့ကလည်း….

    ကျေးဇူးတင်နေပါတယ်ခည ။

    စာတွေလည်း.ဆက်ရေးပါဥိ်ီးမယ် ။
    တားတားကတော့..မျက်စိနောက်စရာကောင်းလောက်အောင်..
    စာတွေ .ရော ( ကိုယ့်ပုံချောချောလှလှ လေးတွေရော ) တင်ပြနေဦးမှာပါလို ့…

    မမမိုချို
    လုံမလေးမွန်မွန်နဲ ့
    ဦးဦးဆာမိတို ့ရဲ ့အောင်မြင်မှု အတွက်လည်း…
    ထပ်တူ..ဝမ်းသာ ဂုဏ်ယူမိ်ပါတယ် ။

    ဒီ လ…ဟာ ရင်လည်း.တော်တော်လေး.. ခုန်ရတယ်
    ဝမ်းသာတာလည်း.အရမ်းပဲ….

    အားလုံး ကို..ချစ်တယ်..ဗျို ့………………

    (ကျွန်တော်..အော်တာ မကျယ်သေးလို ့…
    ဝိုင်းအော်ပေးကြနော်.. )

    အားလုူံးကို…. အလင်းဆက်… က ချစ်ပါတယ် လို ့…

    ( ကြည့် … ။ ပေါချက်… )

    :kwi:

Leave a Reply