စွယ်ပေါက္ကံ

 

August လတုန်းကမမျှော်လင့်ပဲမြေလတ်ကရွာလေးတရွာကိုရောက်ခဲ့ပါတယ်

ရွာအမည်ကစွယ်ပေါက္ကံရွာ မကွေးတိုင်းချောက် မြို့နယ်

သွားရတာကမန်းလေး မိတ္ထီလာ ကျောက်ပန်းတောင်းဂွေးချို အကျော် ရေနံချောင်းမေ၇ာက်မှီ

ရွာလေးပါ ကိုယ့်ကားနဲ့ကိုယ်ဆို၃နာရီ  ၃နာရီခွဲလောက်မောင်းရပါတယ်

လိုင်းကားနဲ့ဆို၇နာရီလောက်စီးရမှာဖြစ်ပါတယ်

သွားတဲ့အဓိကအကြောင်းက ကထိန်လှူဖို့ဘုန်းကြီးကျောင်းသွားကြည့်တာဖြစ်ပါတယ်

သွားကြည့်ဖြစ်တာကလည်းရွာသားတဦးကကိုယ်တွေရဲ့တပည့်ဖြစ်နေတော့

ရွာကထိန်မလှူချင်ဖူးလားဆိုတာနဲ့သွားဖြစ်လိုက်တာပါ

ကထိန်ကိုမတည်ပေးပြီးဝန်ထမ်းတွေလုပ်သားတွေကုသိုလ်လည်းပြုပြီးဖြစ်အောင်

စုပေါင်ကထိန်လုပ်လာတာက၁၀နှစ်ကျော်ပြီလေ

မန်းလေးကမနက်၆နာရီထွက်သွားတာရွာကို၁၀နာရီလောက်ရောက်ပါတယ်

လမ်းတွေအကုန်ကောင်းပါတယ်ကတ္တရာလမ်းကျယ်များဖြစ်လို့ကားမောင်းကောင်းပါတယ်

ချိုင့်တွေကျင်းတွေလည်းမရှိပါဖူး

ဟိုးလွန်ခဲ့တဲ့အနှစ်၂၀လောက်တုန်းကအဲဒီလမ်းသွားခဲ့တာကျင်းတွေချိုင့်တွေ

နဲနဲရှိပါတယ်မိုးနည်းတဲ့အရပ်မို့လမ်းတွေကသိပ်မပျက်စီးပေမဲ့ကားလမ်းတွေကကျဉ်းပါတယ်

ကား၂စီးရှောင်ရင်မလွတ်ချင်ပါဖူးတစီးကလမ်းဘေးကိုဘီးတဖက်ချပေးမှကျန်ကားကမောင်း

လို့ရတဲ့လမ်းတွေပါ ရေနံချောင်း ကျောက်ပန်းတောင်းကားမောင်းတဲ့ကားဆရာတွေ

ဟိုးအရင်ကတည်းကကားမောင်းယဉ်ကျေးမှုရှိပါတယ်

ကားကြီးဆိုပြီးအခြားနယ်ကကားများလိုလုမမောင်းပါဖုး

လမ်းချစရာရှိရင်သူတို့ကအရင်ချပေးကြတာများပါတယ်

အခုတော့လမ်းကကား၂စီးကောင်းကောင်ရှောင်နိုင်ပြီး

ကတ္တရာလည်းကောင်းကောင်းခင်းထားတာကိုတွေ့ရပါတယ်

တိုးတက်မှုကနှေးနေတာကအမှန်

ငါတို့တိုင်းပြည်သူများနိုင်ငံတွေကိုမှီဖို့

ဒီထက်အများကြီးပိုလုပ်နိုင်မှ

တကယ်လုပ်ကြမှဖြစ်မယ်လို့တွေးမိပါတယ်

 

ရွာရောက်တော့လည်းရွာဦးဘုန်းကြီးကျောင်းမှာကျောင်းထိုင်ဘုန်းကြီးကိုအဆင်သင့်ဖူးရပါတယ်

ဆရာတော်ကလည်းလိုလေသေးမရှိဧည့်ခံပါတယ်

စကားပြောဆိုပြီိးလို့ဘုန်းကြီးကျောင်းဝိုင်းထဲလှည့်ကြည့်တော့မှ

တော်တော်ရှေးကျတဲ့ဘုန်းကြီးကျောင်းဆိုတာတွေ့လိုက်ရပါတယ်

ဘုန်ကြီးကျောင်းဝိုင်းထဲမှာစေတီတဆူနဲ့သိမ်လည်းရှိပါတယ်

ပထမဆုံးစေတီကိုလှည့်လည်ကြည့်ပြီးဖူးပါတယ်

စေတီထုံးစံကထောင့်လေးထောင့်မှာခြင်္သေ့ရုပ်ထားကြတာများပါတယ်

 

အချို့စေတီမှာခြသေ့င်္ခေါင်းတခုကိုယ်နှစ်ကိုယ်လည်းတွေ့ဖူးပါတယ်

မန်းလေးမြေစွန်းဝန်ဘုရားရှိ ခေါင်းတစ်ခုကိုယ်နှစ်ခုခြင်္သေ့ပုံ

အဲဒီမှာမထင်တာတွေတွေ့ပါတယ်

စေတီရဲ့ထောင့်၂ထောင့်မှာပုံမှန်ခြင်္သေ့ရုပ်ထုတွေတွေ့ရပေမဲ့

ကျန်ထောင့်၂ထောင့်မှာထူးခြားတဲ့မမြင်ဖူးတဲ့ပုံနဲ့ခြင်္သေ့ ၂ ကောင်ကိုပုံစံ၂မျိုးနဲ့တွေ့လိုက်ရပါတယ်

ပထမပုံကခြင်္သေ့ရဲ့အောက်မှာလူသားကလေးတဦးထိုင်နေတဲ့ပုံဖြစ်ပြီး

 

ခြင်္သေ့အောက်လူသားကလေးထိုင်နေပုံ

နောက်တပုံကခြင်္သေ့ကြီးရဲ့ပါးစပ်မှာသားကောင်ကိုကိုက်ထားပြီးရှေ့လက်ကြားမှာခြင်္သေ့လေးကရှိနေတဲ့ပုံပါ

 

သားကောင်ကိုကိုက်ထားလျှက်ခြင်္သေ့သားငယ်ကိုပွေ့ထားပုံ

သားကောင်ကိုကိုက်ထားလျှက်ခြင်္သေ့သားငယ်ကိုပွေ့ထားပုံ

ပုံစံတွေကထူးခြားလို့ဓါတ်ပုံရိုက်ပြီးဆရာတော်ကိုပြန်လျှောက်တဲ့အခါ

ရွာရဲ့သမိုင်းကြောင်းကိုဆရာတော်ကပြန်လည်းမိန့်ပါတယ်

ရွာကမြန်မာဘုရင်လက်ထက်ကတည်းကတည်ရှိခဲ့တဲ့ရွာဖြစ်ပြီး

ရတနာပုံခေတ်လှေသင်းအတွင်းဝန်ဗိုလ်မိတ်ဆိုသူကတာဝန်နှင့်လာရောက်စဉ်

အဆိုပါရွာသူနှင့်အိမ်ထောင်ကျကြောင်း

နောက်ဘုရားကိုတည်ထားကိုးကွယ်ခဲ့ကြောင်းမိန့်ပါတယ်

ဒီနေရာမှာဖူးစာတို့ရေစက်တို့ဆိုတာကိုလက်ခံရမယ်ဆိုတာပြတာပဲလို့တွေးလိုက်ပါတယ်နောက်ပြီး

 

ဘုရားဘေးဓမ္မရုံထဲရှိမှတ်တမ်းစာတမ်း

ရတနာပုံခေတ်ကလက်ရာတွေဆိုတော့အတော်ရှေးကျပြီ

နေရာတိုင်းမြင်ဖို့မလွယ်နှစ်ပေါင်းကို၂၀၀၀န်းကျင်ရှိပြီ

ဒါကြောင့်သေချာပြန်ကြည့်အုန်းမှဆိုပြီး

ဒါနဲ့နောက်တခေါက်ကျောင်းအောက်ဆင်းပြီးကျောင်းဝိုင်းထဲလှည့်ကြည့်ပါတယ်

ကျောင်းအ၀င်မုဒ်ဦးတည်ဆောက်ထားပုံကလည်းအခြားစေတီများနဲ့ကွာခြားနေတာကိုတွေ့ရပါတယ်

မုဒ်ဦးအ၀င်ဝကိုပြုလုပ်ထားပုံကဆင်ဂေါင်းနဲ့ငှက်ကိုယ်အကောင်၂ကောင်ကမုဒ်ဦးကိုမိုးထားပြီး

ဆင်ဂေါင်နှင့်ငှက်ကိုယ်အ၀င်မုဒ်ဦးပုံ

စေတီနောက်ခံနဲ့အ၀င်မုဒ်ကိုရိုက်ထာတာပါဗြုန်းကနဲကြည့်ရင်ဘီလူးတကောင်စောင့်နေပုံနဲ့တူ
သလို

 

အလယ်မှာလူပုံစံပြုလုပ်ထားတာကိုတွေ့ရပါတယ်

မုဒ်ဦးအတွင်းဘက်ကိုလည်းပုံစံတူပြုလုပ်ထားတာကိုတွေ့ရပါတယ်

နောက်စေတီမုဒ်လေးမုဒ်မှာလှိုင်လုပ်ပြီးဘုရားဆင်းတုတော်ကိုယ်ကွယ်တာကတူပေမဲ့

လှိုင်တခုရဲ့အပေါ်မှာမျောက်၂ကောင်ပုံထည့်ပြီးပုံဖော်ထားတာကလည်းထူးခြားလှပါတယ်

ဘုရားမုဒ်လှိုင်အပေါက်ပေါ်မျောက်၂ကောင်ထည့်သွင်းထားပုံ

ဘုန်ကြီးကျောင်းထဲမှာရှေးခေတ်သုံးသေတ္တာကြီး၂လုံးနဲ့ဘီဒိုကြီးတွေလည်းတွေ့ခဲ့ရပါသေးတယ်

 

မှန်စီရွှေချကျွန်းသေတ္မာ

ရှေးလက်ရာကျွန်းဘီဒို

ကျောင်းဝိုင်ထဲမှာရေကတော့အတော်ကိုရှားတာကိုတွေ့ရပါတယ်

ရွာရဲ့ရေကန်ရယ်

ဘီအိုစီခေတ်ကသံကန်ကြီးတွေသံစည်ကြီးတွေအုတ်ကန်တွေနဲ့မိုးရွာစဉ်ရေခံထားပြီး

ဘုန်းကြီးကျောင်းထဲကအုတ်ရေကန်

အသုံးပြုရတာဖြစ်ပါတယ်

 

 

 

 

ဒီနှစ်တော့မိုးခေါင်လို့ရေအခက်အခဲရှိကြောင်းပြောပြကြပါတယ်

ရွာရဲ့ရေကန်လည်းခန်းနေပြီဖြစ်ကြောင်းပြောပြကြပါတယ်

အ၀ီစိတွင်းမတူးဖူးလားမေးကြည့်တော့တူးလို့မလွယ်ကြောင်း

ဂျပန်မှတတွင်းတူးပေးဖူးကြောင်းပေ၁၀၀၀ကျော်မှရေထွက်ကြောင်း

တွင်းအသစ်စတူးစဉ်ကတနာရီရေ၁၆စည်ထွက်ကြောင်း

ရွာ၎ရွာမှအားကိုအားထားပြုရာအ၀ီစီရေဖြစ်ကြောင်း

ဆရာတော်မှထိမ်းသိမ်းပြီးရေတင်ပေးကြောင်း

ဒီဇယ်ဖိုးကိုစုပေါင်ကျခံရကြောင်းစသဖြင့်ရှင်းပြပါတယ်

ယခုအခါရေတင်သည့်စက်ကသိပ်မကောင်းတော့သဖြင့်

တနာရီလျှင်ရေ၁၂စည်ခန့်သာထွက်တော့ကြောင်း

ရေဖိုးနှင့်ဒီဇယ်ဖိုးမကာမိတော့ကြောင်း

အခုရေတင်စက်ကိုပြန်လည်အသစ်တပ်ဆင်ရန်ကြိုးစားနေကြောင်းလည်းမိန့်ပါတယ်

ရေစုပ်စက်အသစ်ကလည်းသိန်း၂၀ကျော် ၃၀ခန့်တန်ကြောင်းပြောပြပါတယ်

 

ရွာရဲ့စီးပွါးရေးကိုမေးကြည့်ရာမိုးရေကိုအဓိကအားကိုး၍

စိုက်ပျိုးရေးကိုလုပ်ရကြောင်း

တောင်သူအလုပ်မှာရွာရဲ့အဓိကစီးပွါးရေးဖြစ်ကြောင်း

စပါးတမျိုးမှလွဲ၍ကျန်အသီးအနှံများစိုက်ပျိုးကြကြောင်း

မိုးကိုအားကိုး၍စိုက်ရသဖြင့်မိုးကောင်းလျင်သီးနှံကောင်း၍

မိုးမကောင်းသောနှစ်များတွင်သီးနှံအရညံ့ဖျင်းကြောင်းပြောပြကြပါတယ်

 

ဆရာတော်မှထမင်းဖြင့်ဧည့်ခံသဖြင့်၂ပုဂံ၃ပုဂံစီ ကိုအားနာစွာစားပြီးနေ့၁၁နာရီခွဲခန့်တွင်မန်းလေးသို့ပြန်လည်ထွက်ခွါခဲ့ကြပါတယ်

 

လမ်းတွင်နာမည်ကျော်ဂွေးချိုကန်ကြီးကိုလည်းအမှတ်တရဓါတ်ပုံရိုက်ခဲ့ပါသေးတယ်

တချိန်ကရေအပြည့်ရှိခဲ့သောနွေမှာရေမခမ်းသော

တနယ်လုံးအားထားရာကန်ကြီးသည်ရေခန်းခြောက်ပြီးကောနေတာကို

စိတ်မကောင်းစွာတွေ့ခဲ့ရပါတယ်

ကိုကျော်ဟိန်းတို့ခေတ်ကကြာဖူးကြာစွယ်တွေနဲ့ရုပ်ရှင်ရိုက်ကွင်းကောင်းကောင်းတွေလည်း

ဘယ်ရောက်ကုန်ပြီမသိ

 

 

အရေးတကြီးထိမ်သိမ်းရန်လိုအပ်နေသောကန်အတွင်းပိုင်းပုံ

တချိန်ထဲနားထဲပြန်ကြားမိသည်ကမိုးလေ၀သပညာရှင်ဆရာကြီးဦးထွန်းလွင်ပြောကြားချက်ကိုပါ

ပုပ္ပါးတောင်တကြောသည်မြန်မာပြည်အလယ်ပိုင်း၏ရာသီဥတုခံတပ်ဖြစ်ကြောင်း

ထိုနေရာတ၀ိုက်တွင်တောတောင်ပြုန်းပြီးရာသီဥတုဖောက်ပြန်လျှင်

မြန်မာပြည်အလယ်ပိုင်းသည်သဲကန္တာရအဖြစ်သို့ပြောင်းသွားနိုင်ကြောင်း

ယခု အခါတွင်ဂျာနယ်များမှလည်းပုပ္ပါးတောင်တ၀ိုက်တွင်တောပြုန်းမှုများစွာဖြစ်ပေါ်နေကြောင်းသတိပေး

ချက်များကိုဖတ်မိထားသဖြင့်ဦးထွန်းလွင်ဟောပြောချက်များကိုသဘာဝနှင့်ပတ်ဝန်းကျင်က

ထောက်ခံနေကြောင်းတွေ့ခဲ့ရပါတယ်

မန်းလေးကိုညနေ၃နာရီခန့်ပြန်လည်ရောက်ရှိပါတယ်

 

မန်းလေးရောက်ပြီးနောက်ပိုင်းတွင်စကိုင်းနက်မှရခိုင်ဘုရားများ

အကြောင်ရိုက်ကူးထားသောသတင်းကားပြပါတယ်အဲဒီကားထဲမှာခြင်္သေ့ကသားကောင်ကိုကိုက်

ထားပုံပါလာပါတယ်

ကျွန်တော်တွေးမိတာရွာဘုရားတည်တဲ့ဒကာဗိုလ်မိတ်သည်ရခိုင်နဲ့တနည်းနည်းပက်သက်မှုရှိ

နိုင်ကြောင်းဒါကြောင့်ရခိုင်မှာတွေ့ရသောလက်ရာမျိုးကိုဘုရာတွင်ထည့်သွင်း

တည်ဆောက်ထာတာဖြစ်မည်ဟုခန့်မှန်လိုက်ပါတယ်

နောက်အလျှင်းသင့်လျှင်အခြားခရီးသွားအတွေးများကိုဆက်ရေးသွားပါမယ်

 

 

 

 

 

About uncle gyi

uncle gyi has written 17 post in this Website..