စွယ်ပေါက္ကံ

uncle gyiNovember 15, 20124min81522

စွယ်ပေါက္ကံ

 

August လတုန်းကမမျှော်လင့်ပဲမြေလတ်ကရွာလေးတရွာကိုရောက်ခဲ့ပါတယ်

ရွာအမည်ကစွယ်ပေါက္ကံရွာ မကွေးတို်င်းချောက် မြို့နယ်

သွားရတာကမန်းလေး မိတ္ထီလာ ကျောက်ပန်းတောင်းဂွေးချို အကျော် ရေနံချောင်းမရောက်မှီ

ရွာလေးပါ ကိုယ့်ကားနဲ့ကိုယ်ဆို၃နာရီ  ၃နာရီခွဲလောက်မောင်းရပါတယ်

လိုင်းကားနဲ့ဆိုရနာရီလောက်စီးရမှာဖြစ်ပါတယ်

သွားတဲ့အဓိကအကြောင်းက ကထိန်လှူဖို့ဘုန်းကြီးကျောင်းသွားကြည့်တာဖြစ်ပါတယ်

သွားကြည့်ဖြစ်တာကလည်းရွာသားတဦးကကို်ယ်တွေရဲ့တပည့်ဖြစ်နေတော့

ရွာကထိန်မလှူချင်ဖူးလားဆိုတာနဲ့သွားဖြစ်လိုက်တာပါ

ကထိန်ကိုမတည်ပေးပြီးဝန်ထမ်းတွေလုပ်သားတွေကုသိုလ်လည်းပြုပြီးဖြစ်အောင်

စုပေါင်ကထိန်လုပ်လာတာက၁ဝနှစ်ကျော်ပြီလေ

မန်းလေးကမနက်၆နာရီထွက်သွားတာရွာကို၁ဝနာရီလောက်ရောက်ပါတယ်

လမ်းတွေအကုန်ကောင်းပါတယ်ကတ္တရာလမ်းကျယ်များဖြစ်လို့ကားမောင်းကောင်းပါတယ်

ချိုင့်တွေကျင်းတွေလည်းမရှိပါဖူး

ဟိုးလွန်ခဲ့တဲ့အနှစ်၂ဝလောက်တုန်းကအဲဒီလမ်းသွားခဲ့တာကျင်းတွေချိုင့်တွေ

နဲနဲရှိပါတယ်မိုးနည်းတဲ့အရပ်မို့လမ်းတွေကသိပ်မပျက်စီးပေမဲ့ကားလမ်းတွေကကျဉ်းပါတယ်

ကား၂စီးရှောင်ရင်မလွတ်ချင်ပါဖူးတစီးကလမ်းဘေးကိုဘီးတဖက်ချပေးမှကျန်ကားကမောင်း

လို့ရတဲ့လမ်းတွေပါ ရေနံချောင်း ကျောက်ပန်းတောင်းကားမောင်းတဲ့ကားဆရာတွေ

ဟိုးအရင်ကတည်းကကားမောင်းယဉ်ကျေးမှုရှိပါတယ်

ကားကြီးဆိုပြီးအခြားနယ်ကကားများလိုလုမမောင်းပါဖုူး

လမ်းချစရာရှိရင်သူတို့ကအရင်ချပေးကြတာများပါတယ်

အခုတော့လမ်းကကား၂စီးကောင်းကောင်ရှောင်နို်င်ပြီး

ကတ္တရာလည်းကောင်းကောင်းခင်းထားတာကိုတွေ့ရပါတယ်

တိုးတက်မှုကနှေးနေတာကအမှန်

ငါတို့တိုင်းပြည်သူများနိုင်ငံတွေကိုမှီဖို့

ဒီထက်အများကြီးပိုလုပ်နိုင်မှ

တကယ်လုပ်ကြမှဖြစ်မယ်လို့တွေးမိပါတယ်

 

ရွာရောက်တော့လည်းရွာဦးဘုန်းကြီးကျောင်းမှာကျောင်းထိုင်ဘုန်းကြီးကိုအဆင်သင့်ဖူးရပါတယ်

ဆရာတော်ကလည်းလိုလေသေးမရှိဧည့်ခံပါတယ်

စကားပြောဆိုပြီိးလို့ဘုန်းကြီးကျောင်းဝိုင်းထဲလှည့်ကြည့်တော့မှ

တော်တော်ရှေးကျတဲ့ဘုန်းကြီးကျောင်းဆိုတာတွေ့လိုက်ရပါတယ်

ဘုန်ကြီးကျောင်းဝိုင်းထဲမှာစေတီတဆူနဲ့သိမ်လည်းရှိပါတယ်

ပထမဆုံးစေတီကိုလှည့်လည်ကြည့်ပြီးဖူးပါတယ်

စေတီထုံးစံကထောင့်လေးထောင့်မှာခြင်္သေ့ရုပ်ထားကြတာများပါတယ်

 

အချို့စေတီမှာခြသေ့င်္ခေါင်းတခုကိုယ်နှစ်ကို်ယ်လည်းတွေ့ဖူးပါတယ်

မန်းလေးမြေစွန်းဝန်ဘုရားရှိ ခေါင်းတစ်ခုကိုယ်နှစ်ခုခြင်္သေ့ပုံ

အဲဒီမှာမထင်တာတွေတွေ့ပါတယ်

စေတီရဲ့ထောင့်၂ထောင့်မှာပုံမှန်ခြင်္သေ့ရုပ်ထုတွေတွေ့ရပေမဲ့

ကျန်ထောင့်၂ထောင့်မှာထူးခြားတဲ့မမြင်ဖူးတဲ့ပုံနဲ့ခြင်္သေ့ ၂ ကောင်က ိုပုံစံ၂မျိုးနဲ့တွေ့လိုက်ရပါတယ်

ပထမပုံကခြင်္သေ့ရဲ့အောက်မှာလူသားကလေးတဦးထိုင်နေတဲ့ပုံဖြစ်ပြီး

 

ခြင်္သေ့အောက်လူသားကလေးထိုင်နေပုံ

နောက်တပုံကခြင်္သေ့ကြီးရဲ့ပါးစပ်မှာသားကောင်ကိုကိုက်ထားပြီးရှေ့လက်ကြားမှာခြင်္သေ့လေးကရှိနေတဲ့ပုံပါ

 

သားကောင်ကိုကိုက်ထားလျှက်ခြင်္သေ့သားငယ်ကိုပွေ့ထားပုံ
သားကောင်ကိုကိုက်ထားလျှက်ခြင်္သေ့သားငယ်ကိုပွေ့ထားပုံ

ပုံစံတွေကထူူးခြားလို့ဓါတ်ပုံရိုက်ပြီးဆရာတော်ကိုပြန်လျှောက်တဲ့အခါ

ရွာရဲ့သမိုင်းကြောင်းကိုဆရာတော်ကပြန်လည်းမိန့်ပါတယ်

ရွာကမြန်မာဘုရင်လက်ထက်ကတည်းကတည်ရှိခဲ့တဲ့ရွာဖြစ်ပြီး

ရတနာပုံခေတ်လှေသင်းအတွင်းဝန်ဗိုလ်မိတ်ဆိုသူကတာဝန်နှင့်လာရောက်စဉ်

အဆိုပါရွာသူနှင့်အိမ်ထောင်ကျကြောင်း

နောက်ဘုရားကိုတည်ထားကိုးကွယ်ခဲ့ကြောင်းမိန့်ပါတယ်

ဒီနေရာမှာဖူးစာတို့ရေစက်တို့ဆိုတာကိုလက်ခံရမယ်ဆိုတာပြတာပဲလို့တွေးလိုက်ပါတယ်နောက်ပြီး

 

ဘုရားဘေးဓမ္မရုံထဲရှိမှတ်တမ်းစာတမ်း

ရတနာပုံခေတ်ကလက်ရာတွေဆိုတော့အတော်ရှေးကျပြီ

နေရာတိုင်းမြင်ဖို့မလွယ်နှစ်ပေါင်းကို၂၀၀ဝန်းကျင်ရှိပြီ

ဒါကြောင့်သေချာပြန်ကြည့်အုန်းမှဆိုပြီး

ဒါနဲ့နောက်တခေါက်ကျောင်းအောက်ဆင်းပြီးကျောင်းဝိုင်းထဲလှည့်ကြည့်ပါတယ်

ကျောင်းအဝင်မုဒ်ဦးတည်ဆောက်ထားပုံကလည်းအခြားစေတီများနဲ့ကွာခြားနေတာကိုတွေ့ရပါတယ်

မုဒ်ဦးအဝင်ဝကိုပြုလုပ်ထားပုံကဆင်ဂေါင်းနဲ့ငှက်ကိုယ်အကောင်၂ကောင်ကမုဒ်ဦးကိုမိုးထားပြီး

ဆင်ဂေါင်နှင့်ငှက်ကိုယ်အဝင်မုဒ်ဦးပုံ
စေတီနောက်ခံနဲ့အဝင်မုဒ်ကိုရိုက်ထာတာပါဗြုန်းကနဲကြည့်ရင်ဘီလူးတကောင်စောင့်နေပုံနဲ့တူ
သလို

 

အလယ်မှာလူပုံစံပြုလုပ်ထားတာကိုတွေ့ရပါတယ်

မုဒ်ဦးအတွင်းဘက်ကိုလည်းပုံစံတူပြုလုပ်ထားတာကိုတွေ့ရပါတယ်

နောက်စေတီမုဒ်လေးမုဒ်မှာလှိုင်လုပ်ပြီးဘုရားဆင်းတုတော်ကိုယ်ကွယ်တာကတူပေမဲ့

လှိုင်တခုရဲ့အပေါ်မှာမျောက်၂ကောင်ပုံထည့်ပြီးပုံဖော်ထားတာကလည်းထူးခြားလှပါတယ်

ဘုရားမုဒ်လှိုင်အပေါက်ပေါ်မျောက်၂ကောင်ထည့်သွင်းထားပုံ

ဘုန်ကြီးကျောင်းထဲမှာရှေးခေတ်သုံးသေတ္တာကြီး၂လုံးနဲ့ဘီဒိုကြီးတွေလည်းတွေ့ခဲ့ရပါသေးတယ်

 

မှန်စီရွှေချကျွန်းသေတ္မာ
ရှေးလက်ရာကျွန်းဘီဒို

ကျောင်းဝိုင်ထဲမှာရေကတော့အတော်ကိုရှားတာကိုတွေ့ရပါတယ်

ရွာရဲ့ရေကန်ရယ်

ဘီအိုစီခေတ်ကသံကန်ကြီးတွေသံစည်ကြီးတွေအုတ်ကန်တွေနဲ့မိုုးရွာစဉ်ရေခံထားပြီး

ဘုန်းကြီးကျောင်းထဲကအုတ်ရေကန်

အသုံးပြုရတာဖြစ်ပါတယ်

 

 

 

 

ဒီနှစ်ေတော့မိုးခေါင်လို့ရေအခက်အခဲရှိကြောင်းပြောပြကြပါတယ်

ရွာရဲ့ရေကန်လည်းခန်းနေပြီဖြစ်ကြောင်းပြောပြကြပါတယ်

အဝီစိတွင်းမတူးဖူးလားမေးကြည့်တော့တူးလို့မလွယ်ကြောင်း

ဂျပန်မှတတွင်းတူးပေးဖူးကြောင်းပေ၁၀၀ဝကျော်မှရေထွက်ကြောင်း

တွင်းအသစ်စတူးစဉ်ကတနာရီရေ၁၆စည်ထွက်ကြောင်း

ရွာ၄ရွာမှအားကိုအားထားပြုရာအဝီစီရေဖြစ်ကြောင်း

ဆရာတော်မှထိမ်းသိမ်းပြီးရေတင်ပေးကြောင်း

ဒီဇယ်ဖိုးကိုစုပေါင်ကျခံရကြောင်းစသဖြင့်ရှင်းပြပါတယ်

ယခုအခါရေတင်သည့်စက်ကသိပ်မကောင်းတော့သဖြင့်

တနာရီလျှင်ရေ၁၂စည်ခန့်သာထွက်တော့ကြောင်း

ရေဖိုးနှင့်ဒီဇယ်ဖိုးမကာမိတော့ကြောင်း

အခုရေတင်စက်ကိုပြန်လည်အသစ်တပ်ဆင်ရန်ကြိုးစားနေကြောင်းလည်းမိန့်ပါတယ်

ရေစုပ်စက်အသစ်ကလည်းသိန်း၂ဝကျော် ၃ဝခန့်တန်ကြောင်းပြောပြပါတယ်

 

ရွာရဲ့စီးပွါးရေးကိုမေးကြည့်ရာမိုးရေကိုအဓိကအားကိုး၍

စိုက်ပျိုးရေးကိုလုပ်ရကြောင်း

တောင်သူအလုပ်မှာရွာရဲ့အဓိကစီးပွါးရေးဖြစ်ကြောင်း

စပါးတမျိုးမှလွဲ၍ကျန်အသီးအနှံများစိုက်ပျိုးကြကြောင်း

မိုးကိုအားကိုး၍စိုက်ရသဖြင့်မိုးကောင်းလျင်သီးနှံကောင်း၍

မိုးမကောင်းသောနှစ်များတွင်သီးနှံအရညံ့ဖျင်းကြောင်းပြောပြကြပါတယ်

 

ဆရာတော်မှထမင်းဖြင့်ဧည့်ခံသဖြင့်၂ပုဂံ၃ပုဂံစီ ကိုအားနာစွာစားပြီးနေ့၁၁နာရီခွဲခန့်တွင်မန်းလေးသို့ပြန်လည်ထွက်ခွါခဲ့ကြပါတယ်

 

လမ်းတွင်နာမည်ကျော်ဂွေးချိုကန်ကြီးကိုလည်းအမှတ်တရဓါတ်ပုံရိုက်ခဲ့ပါသေးတယ်

တချိန်ကရေအပြည့်ရှိခဲ့သောနွေမှာရေမခမ်းသော

တနယ်လုံးအားထားရာကန်ကြီးသည်ရေခန်းခြောက်ပြီးကောနေတာကို

စိတ်မကောင်းစွာတွေ့ခဲ့ရပါတယ်

ကိုကျော်ဟိန်းတို့ခေတ်ကကြာဖူးကြာစွယ်တွေနဲ့ရုပ်ရှင်ရိုက်ကွင်းကောင်းကောင်းတွေလည်း

ဘယ်ရောက်ကုန်ပြီမသိ

 

 

အရေးတကြီးထိမ်သိမ်းရန်လိုအပ်နေသောကန်အတွင်းပိုင်းပုံ

တချိန်ထဲနားထဲပြန်ကြားမိသည်ကမိုးလေဝသပညာရှင်ဆရာကြီးဦးထွန်းလွင်ပြောကြားချက်ကိုပါ

ပုပ္ပါးတောင်တကြောသည်မြန်မာပြည်အလယ်ပိုင်း၏ရာသီဥတုခံတပ်ဖြစ်ကြောင်း

ထိုနေရာတဝိုက်တွင်တောတောင်ပြုန်းပြီးရာသီဥတုဖောက်ပြန်လျှင်

မြန်မာပြည်အလယ်ပိုင်းသည်သဲကန္တာရအဖြစ်သို့ပြောင်းသွားနိုင်ကြောင်း

ယခု အခါတွင်ဂျာနယ်များမှလည်းပုပ္ပါးတောင်တဝိုက်တွင်တောပြုန်းမှုများစွာဖြစ်ပေါ်နေကြောင်းသတိပေး

ချက်များကိုဖတ်မိထားသဖြင့်ဦးထွန်းလွင်ဟောပြောချက်များကိုသဘာဝနှင့်ပတ်ဝန်းကျင်က

ထောက်ခံနေကြောင်းတွေ့ခဲ့ရပါတယ်

မန်းလေးကိုညနေ၃နာရီခန့်ပြန်လည်ရောက်ရှိပါတယ်

 

မန်းလေးရောက်ပြီးနောက်ပိုင်းတွင်စကို်င်းနက်မှရခိုင်ဘုရားများ

အကြောင်ရိုက်ကူူးထားသောသတင်းကားပြပါတယ်အဲဒီကားထဲမှာခြင်္သေ့ကသားကောင်ကိုကိုက်

ထားပုံပါလာပါတယ်

ကျွန်တော်တွေးမိတာရွာဘုရားတည်တဲ့ဒကာဗိုလ်မိတ်သည်ရခု်ိင်နဲ့တနည်းနည်းပက်သက်မှုရှိ

နိုင်ကြောင်းဒါကြောင့်ရခိုင်မှာတွေ့ရသောလက်ရာမျိုးကိုဘုရာတွင်ထည့်သွင်း

တည်ဆောက်ထာတာဖြစ်မည်ဟုခန့်မှန်လိုက်ပါတယ်

နောက်အလျှင်းသင့်လျှင်အခြားခရီးသွားအတွေးများကိုဆက်ရေးသွားပါမယ်

 

 

 

 

 

22 comments

  • မောင်ပေ

    November 15, 2012 at 11:44 am

    ဘုရားပေါ်မှာ ညောင်ပင်ငယ်တွေ ပေါက်နေတာကို တွေ ့ရတယ်
    အဲဒါကို ရွာသားတွေ မရှင်းပဲထားရင်တော့ ကြာရင်မလွယ်ဘူး

  • ခိုင်ဇာ

    November 15, 2012 at 12:20 pm

    အန်ကယ်ကြီး၊ ခြင်္သေခေါင်းတစ်ခု၊ ကိုယ်နှစ်ခုက မနုသီဟ လို့ခေါ်တဲ့ဟာလားမသိဘူး။ :mrgreen:

    • Inz@ghi

      November 15, 2012 at 12:28 pm

      ဟလား…ဟီဟိ…
      ငါးကိုယ် ခြင်္သေ့ခေါင်းနဲ့ ပါးစပ်က သေးပန်းတဲ့ အရုပ်ရှိတဲ့အရပ်ကိုတော့
      သီဟပူရ ခေါ်သလားလို့ ….ခစ်ခစ်…
      http://yatanavasatemple.ning.com/profiles/blogs/3860373:BlogPost:39852?xg_source=activity

      အားပေးသွားပါတယ် အန်ကယ်ကြီးရေ့

      :harr:

      • ခိုင်ဇာ

        November 15, 2012 at 12:33 pm

        ညည်း အင်္ဂါသားက ဒီလိုကြီးလားအေ့။
        ဘာပဲဖြစ်ဖြစ် နာ အင်္ဂါသမီးက လူမှန်နေရာမှန်ကျွန်းကို ရောက်တယ်ဟဲ့။ :kwi:

    • ရွာစားကျော်

      November 15, 2012 at 1:04 pm

      ဟုတ်တယ်ဗျ.. ကျနော်တို့ငယ်ငယ်က မနုဿီဟ ဖင်နှစ်ခွလို့ ပြောတာ ကြားဖူးပါတယ်..
      လူမနဲ့ ခြင်္သေ့ကမွေးပြီး ဘုရင်ဖြစ်လာတဲ့ တစ်ယောက်က ခေါင်းကိုက် ဝေဒနာစွဲတဲ့အခါ ဖခင်ကိုပြစ်မှားဖူးတဲ့ ကံကြောင့်လို့ ဟောသတဲ့.. (သူက ဖခင် ခြင်္သေ့ကြီးကို သတ်ပြီး ထွက်ပြေးခဲ့တာတဲ့) အဲဒါနဲ့ ဘုရင်လုပ်တဲ့သူက တိရိစာ္ဆန်ကို ကန်တော့ဖို့ရာမဖြစ်တော့ တည်ထားတဲ့ ဘုရားမှာ အဲလို ခြင်္သေ့ရုပ်ထုလုပ်ပြီး ကန်တော့မှ ရောဂါပျောက်ရော ဆိုပါတယ်..။
      ဘုရင်ခေတ်ကတည်းက တည်ထားခဲ့တာဆိုတော့ ကျန်တဲ့ ထူးထူးဆန်းဆန်းရုပ်ထုတွေကလည်း အဲလို သဘော၊ လောကီ အစီအရင်တွေ နေမှာပေါ့ဗျာ..
      သမိုင်းလက်ရာတစ်ခုအနေနဲ့ မှတ်မှတ်သားသား ထိန်းသိမ်းထားနိုင်ရင် ကောင်းမယ်နော်။

      • ခိုင်ဇာ

        November 15, 2012 at 1:12 pm

        ဟုတ်။ အဲဒီ ပုံပြင်ခေါ်မလား၊ ရာဇဝင်ခေါ်မလား၊ ဒဏ္ဋာရီ ခေါ်မလား ကြားဖူးပါတယ်။
        သမိုင်းလက်ရာမို့ထိမ်းသိမ်းရမှာ ကတော့ ဖြင့် တစ်နိုင်ငံလုံး နေရာ အနှံ့အပြားပါပဲလေ။ 🙁

  • kyeemite

    November 15, 2012 at 1:29 pm

    အင်း…ခြင်္သေ့ကြီးဖက်ထားတဲ့ ခြသေ့င်္လေးက တစ်ခုခုကိုကြောက်လန့်ပီး
    စိုးရိမ်တကြီး လှည့်ကြည့်နေပုံလေးအသက်ဝင်သဗျာ…
    ရေနံချောင်းမှာ အစိုးရအလုပ်နဲ့ လေးနှစ်ကျော်နေခဲ့ဖူးတယ်…
    အဲတုံးကတော့ ဂွေးချိုကန်ကြီးက ရေအမြဲရှိနေတတ်တယ်…
    ရေထဲက ထန်းပင်တွေနဲ့ အလွန်ကြည့်ကောင်းခဲ့တဲ့ ရှု့ခင်းလေးပေါ့…
    အဲနောက်မှာ..တောင်တန်းလေးတွေလည်းရှိတယ်..ဒါပေမဲ့ သစ်ကြီးဝါးကြီးတော့ပေါက်မနေပါဘူး..
    ခြုံပုတ်တွေပဲရှိခဲ့တာ….လွမ်းတယ်..အန်ကယ်ဂျီးရေ့…

  • MaMa

    November 15, 2012 at 2:26 pm

    ရှေးဟောင်းလက်ရာမို့လား မသိဘူး။
    ရုပ်ထုပုံတွေက ထူးထူးခြားခြားတွေချည်းပဲနော်။

  • ဂွေးချိုုကန် အကြိမ်ပေါင်းများစွာဖြတ်သွားပြီး ဘယ်တော့မှ ဓါတ်ပုံမရိုက်ခဲ့ရတဲ့နေရာပါဘဲ။
    အန်ကယ်ဂျီးဒီတစ်ခါ အဲဒီဘက်သွားရင် ရောက်အောင်ဝင်မယ်ဗျာ

  • Shwe Ei

    November 15, 2012 at 4:40 pm

    ဦးနိုရဲ့ ကျေးဇူးတင်ချင်လို့ပါ မှာ ပန်းခြံကို ဖျက်ပီး တိုက်ဆောက်မယ်ကြားတယ်။
    အန်ကယ်ဂျီးရဲ့ အလှူပို့စ်မှာ ပုပ

    • Shwe Ei

      November 15, 2012 at 4:48 pm

      ဦးနိုရဲ့ ကျေးဇူးတင်ချင်လို့ပါ ပို့စ်မှာ လူတွေအနားယူအပန်းဖြေရမဲ့နေရာ(ပန်းခြံ)ကိုဖျက်ပီး တိုက်ဆောက်မယ်ကြားတယ်။
      အန်ကယ်ဂျီးရဲ့ အလှူပို့စ်မှာ ပုပ္ပါးတောင် တဝိုက် တောပြုန်းနေဘီပြောတယ်။
      အဲလို တွေကြားရရင် အနဲအကျဉ်း လုပ်ခဲ့ဘူးတဲ့ Disaster Risk Reduction ဆီကိုပြန်ပြန်သွားချင်တာ။
      ကို့စိတ်ကို မသေချာသေးလို့နေရတာဗျာ။ ဘာဘဲ ဖြစ်ဖြစ် ဝါသနာပါရာလေး လုပ်နေရရင် နဲနဲလေးပိုပြီးတော့များ စိတ်ချမ်းသာမလားလို့။ 🙂

  • uncle gyi

    November 15, 2012 at 4:44 pm

    ကိုပေပထမဆုံးဝင်မန်းလာလို့ကျေးကျေးပါ
    ဟုတ်တယ်ကိုပေရေကျွန်တော်တို့ဆီကအဆောက်အဦးတွေကိုထိမ်းသိမ်းတာအားနည်းတာအမှန်
    အထူးသဖြင့်ညောင်ပင်ကိုမရှင်းကြတာများတယ်အချို့ကညောင်ပင်ဆိုမရှင်းချင်ကြတာလည်းပါတယ်
    ဒါကိုဘုန်းကြီးတွေကလည်းဟုတ်ဟုတ်ဟတ်ဟတ်မရှင်ကြဖူးဒါရှင်းလို့ဘာမှမဖြစ်ကုသိုလ်တောင်
    ရတယ်ဘာညာဟောပြောတာတွေများလာရင်ဒီကိစ္စရှင်းသွားမယ်နဲ့တူတယ်

    ခေါင်းတခုဖင်နှစ်ခုကမနုသီဟပါ
    အခုပုံထဲကမနုသီဟကမန်းလေးတပ္ပဝတီရပ်ကွက်မှာရှိပါတယ်
    ကုန်းဘောင်ခေတ်ကမြေစွန်းဝန်ကတည်ထားကိုးကွယ်ခဲ့တာပါ
    မြေစွန်းဝန်ဘုရားလို့အမည်တွင်ပါတယ်

    ဇာတို့ကတော့လုပ်ချလိုက်ပြန်ပြီ
    အားပေးမှုကိုအစဉ်ခံယူလျှက်ရှိကြောင်းပါဗျာ

    ရွာစားရေရှေးလက်ရာတွေကထိမ်းသိမ်းသင့်တာအမှန်ပေါ့ဗျာ
    ကျွန်တော်ရောက်တော့ရှေးကျောင်းကြီးကဖျက်ပြီးသွားပြီ
    မရှိတော့ဖူးနှမျောလိုက်တာဗျာ

    ဟုတ်ပကိုကျီးရေခြင်္သေ့လေးကစိုးရိမ်တကြီးလှည့်ကြည့်နေပုံကအပြီအပြင်ပါ
    ဒါကြောင့်လည်းကျွန်တော်ကရေခမ်းနေတာကိုဟိုင်းလိုက်လုပ်လိုက်တာပါ

    ဟုတ်ပါတယ်မမရေကျွန်တော်လည်းအတော်စုံအောင်ရောက်ဖူးပါတယ်
    အဲဒီအရုပ်မျိုးတည်ထားကိုယ်ကွယ်တာမတွေ့ဖူးသေးလို့
    ကိုယ့်ရွာသားတွေတွေ့ဖူးသူလည်းဝင်ရှင်းလို့ရအောင်
    မတွေ့ဖူးသူလည်းမြင်ဖူးရအောင်တင်ပေးလိုက်တာပါ

    ဒီလိုပါပဲကိုပေါက်ရေရိုက်မယ်ဆိုပြီးရာထားနောက်မရိုက်ဖြစ်တဲ့နေရာတွေ
    မထင်ပဲရိုက်လို်က်ရတဲ့နေရာတွေကန်ကြီးကိုတော့အတော်လွမ်းစရာကောင်းပါတယ်
    အဲဒီနယ်သူနယ်သားတွေအားကိုးရတဲ့ကန်ကြီးအခုမှမိုးကုန်မယ်မရှိသေးဖူး
    ဒီအခြေအနေဆိုတော့ဗျာနွေဆိုစဉ်းစားသာကြည့်တော့

  • uncle gyi

    November 15, 2012 at 4:50 pm

    ခိုင်ဇာရေဖင်နှစ်ခွအကြောင်းရေးလိုက်တာ
    အမည်ရေးလိုက်တယ်အောက်မေ့တာ
    ပြန်ကြည့်မှအမည်မပါပဲဒုံးတိကြီးဖြစ်နေတယ်
    ခွင့်လွှတ်နော်
    မှတ်ချက် ဟေမာနေဝင်းမဟုတ်ပါ

  • blackchaw

    November 15, 2012 at 5:31 pm

    အန်ကယ်ကြီးရေ…
    ထူးဆန်းတဲ့ ရှေးဟောင်း အရုပ်တွေနဲ့
    ဘုရားကို ဖူးသွားပါတယ်ဗျာ…။
    ခရီးသွားအတွေးလေးတွေ ဆက်ရေးဖို့ တောင်းဆိုခဲ့ပါကြောင်း…။
    လေးစားခင်မင်တဲ့…
    ဘလက်ချော…။

  • uncle gyi

    November 15, 2012 at 9:57 pm

    ကိုဘလက်ရေဝင်ရောက်အားပေးမှုကိုကျေးဇူးပါ
    အဆင်သင့်တဲ့အချိန်လေးတွေဆက်ရေးပါ့မယ်

  • myanmar oscar

    November 15, 2012 at 11:28 pm

    ဟဲဟဲ…နော်နော်လဲဝင်ပြောမယ်နော်…..
    ထူးဆန်းလား၊ မထူးဆန်းလားတော့မသိဘူး မြင်တာလေးပြောကြည့်ဦးမယ်၊
    ခြင်္သေ့ကို ထောင်ချထားတာမြင်ဘူးကြလား(သံဇကာနဲ့ကာထားတာ )
    မန်းမှာ လေးကောင်ရှိတယ်၊မန်းသားတွေရှာကြည့်ကြပါဦး
    ပန်းပေးရင်တော့ ပုံရိုက်ပြမယ်။
    အဲနောက်ပြီး ခြင်္သေ့ ခြောက်ကောင်ထဲရှိတဲ့ မန်းကတန်ခိုးကြီးဘုရားလဲရှိသေးတယ်နော်
    ရှာကြဖွေကြပါ၊
    ရွာသူ/ရွာသားတွေပျော်အောင်လို့ ပဟေဠိလေးလိုထားခဲ့ပါ့မယ်။
    လာမယ်ကြာမယ်နော်………

  • myanmar oscar

    November 15, 2012 at 11:33 pm

    အော်မေ့သွားလို့ အငမ်းမရကိုပြောချင်တာတွေပြောပြီး
    ပို့စ်ပိုင်ရှင်ကိုကျေးဇူးမတင်မိလို့၊လူဆိုတာအဲ့ဒါပဲ ကျေးဇူးမသိတက်ကြဘူး၊
    ကျေး..ဇူး..တင်..ပါ..တယ်..uncle gyi

  • Ko Khin Kha ( သရီးကေ )

    November 16, 2012 at 12:13 am

    ပုံတွေကိုအသေချာလေးရိုက်ပြီး စာနဲ့လည်းအပီအပြင်ရေးလို့
    ဖတ်လို့လည်းကောင်းသလို ပုံတွေကလည်းတွေးစရာ ငေးစရာတွေပါလားနော်။

  • အရီးခင်လတ်

    November 16, 2012 at 4:49 am

    အန်ကယ်ကြီးရှင့်
    (ခေါ်ရတာ ဟန်ကျလိုက်တာ)
    ဒီလို ခရီးသွား ဒေသန္တရ ဗဟုသုတလေးတွေကို ဓာတ်ပုံ တွေ နဲ့ ဖြန့်ပေးတာ တကယ်ဘဲ ကျေးဇူးတင်ပါတယ်။
    ကိုယ်တိုင်ရောက်လိုက်သလို ခံစားရပါတယ်။
    ၁၉၈ဝ ပါတ်ဝန်းကျင် ရွှေစက်တော် သွားတော့ ရေနံချောင်း၊ ချောက် ဖက် တွေရောက်ခဲ့တယ်။
    အဲဒီတစ်ခေါက်ပါဘဲ။
    အဖေက နယ်အနှံ့ သွားရပေမဲ့ ကျွန်မ ကတော့ မြန်မာပြည်မှာ ရောက်ဖူးတဲ့ မြို့ ဆိုတာ အတော်ရှားတယ်။
    ခရီးသွားရတာ မကြိုက်လို့ တော်ရုံ ခရီးမသွားဘူး။
    ဒီတော့ သူများ တွေ ခရီးသွားတာ ရေးတာတွေကိုကြိုက်တယ်။
    စွယ်ပေါက္ကံ က ရွာသာဆိုတယ်။
    ရွာဦးဘုရား စေတီ က ရှေးလက်ရာနဲ့ အတော် ထယ်ဝါသားနော်။
    မြန်မာပြည် မှာ ရေရှားတာကတော့ မဆန်းတော့ဘူး ပြောရတော့မယ်။
    ဘယ် ဒေသ မဆိုထင်ပါရဲ့။
    ကျွန်မ အဖွား မြို့လေးမှာလဲ ရေက မြစ်ထဲ ကယူရတာ။ ရွှံ့ရောင်ထနေတယ်။
    သူတို့ကတော့ မြစ်ရှိလို့ တော်သေးတယ်ခေါ်မယ်။
    ဘယ်သူ့မှာတာဝန်ရှိလဲ ဆိုတာကတော့ ….
    သူတို့ နဲ့ ပြည်သူတွေ ဒုက္ခဟာ ဘာမှမဆိုင်။
    အားလုံးက ကိုယ့်အားကိုယ်ကိုးဘဲ။
    မပြောတော့ပါဘူးရှင်။

    ဒါထက် နောက်တစ်ခါ တောရွာအစားအစာလေးများပါတင်ပါဦး။
    ရိုက်လာခဲ့ရင်ပေါ့။
    ရှင့်ကြည့်ရတာလဲ အစာကို ကုန်းလွေးနေတာနဲ့ ရိုက်ဖို့ မေ့သွားမှာပါ။ 😆

  • ဘုရားတည်စဉ်က သူ့အထာနဲ့သူတည်သွားပုံပဲနော်။
    ထူးထူးဆန်းဆန်းပုံလေးတွေ။
    ုမြင်ခွင့်ရတာကျေးကျေးပါရှင်

  • ဦးဦးပါလေရာ

    November 17, 2012 at 12:59 am

    တပုဒ်ဆို ဆိုသလောက် အနှစ်ပါတဲ့ ပိုစ့်ပါပဲ…
    ဗဟုသုတလဲရ တွေးစရာတွေလဲရသွားပါတယ်ဗျာ..

  • uncle gyi

    November 18, 2012 at 5:47 pm

    အားပေးသူများအားလုံးကိုပထမဦးဆုံးတောင်းပန်ပရစေ
    ၁၆ရက်နေ့ကခရီးတခုထွက်လိုက်ရလို့ရွာနဲ့အဆက်ပြတ်ပြီး
    ဝင်ရောက်အားပေးသူများကိုအကြောင်းမပြန်နိုင်ခဲ့ပါဖူး

    ကိုအော်စကာရေ
    ခင်ဗျာကမြင်တာလေးပြောမယ်ဆိုလို့
    အန်ကယ်ကလည်းတွေးမိတာလေးပြောမယ်နော်
    ခြင်္သေ့ကြီးတွေကိုသံဇကာခတ်ထားတာ
    ယတယာများချေထားသလားလို့
    ဘာယတယာလည်းစဉ်းစားကြည့်ပေါ့နော်

    ဟုတ်ကဲ့ကိုခရေကျေးဇူးပါနော်

    အရီးရေဝင်ရောက်အားပေးလို့ကျေးဇူးပါနော်
    အရီးဗိုက်ထဲဗေဒင်စာအုပ်များထည့်ထားသလားလို့
    အစားကုန်းလွေးနေတာကိုယ့်ပုံကိုယ်ဆိုတော့ရိုက်လို့မလွယ်တာနဲ့မရိုက်လိုက်ကြောင်းပါ
    ရွာအစာတွေကများမှများနောက်ကြုံရင်
    ရွာအစာအကြောင်းသီးသန့်တင်ပေးပေါ့မယ်

    ဟုတ်ကဲ့နန်းတော်သူရေ
    တည်ထားတာကအတော်ကောင်းပါတယ်
    ရှေးလက်ရာလေးတွေကျန်သေးလို့တော်ပါသေးတယ်

    ဦးဦးရေချီးမွမ်းလိုက်လို့လေထဲမြှောက်သွားတာမနဲပြန်ကျအောင်လုပ်နေရတယ်
    ကျေးဇူးပါဗျာ

Leave a Reply