သီချင်းနားထောင်ခြင်းနဲ့ သီချင်းတစ်ပုဒ်ရဲ့ ခံစားချက်

si toneNovember 10, 20121min1308

အင်း…… အခု Si Tone ရေးတဲ့ ခေါင်းစဉ်နဲ့ ပက်သက်တဲ့ အကြောင်းအရာလေးတွေ ပြောချင်ပါတယ်…..
အရင်ဦးဆုံး Si Tone ပြောချင်တာက Si Tone ရွာထဲကို မလာဖြစ်တာ တော်တော်ကြာပြီး အခုSi Tone
ရောက်လာပါပီ……..Si Tone ဒီရွာလေးကို အရမ်းသံယောဇဉ်ရှိပါတယ်……. ရွာထဲကသူငယ်ချင်းတွေကို
အရမ်းလဲ လွမ်းပါတယ်………………….
အင်း……………… Si Tone ပြောချင်းတာက ကမာ္ဘပေါ်မှာရှိတဲ့ လူဦးရေပေါင်းများစွာထဲ ၁၀၀%
မှ ၉၀% က သီးချင်းတွေနားထောင်းကြသလို သီချင်းနားထောင်ရတာလဲ သဘောကြ ကြတယ်…. အဲလိုပဲ
Si Tone လဲ သီချင်းနားထောင်ရတာ အရမ်းသဘောကြပါတယ်…. ရွာထဲက သူငယ်ချင်းတွေကော ? …..
Si Tone တို့ မြန်မာနိုင်ငံမှာ အဆိုတော်တွေ အရမ်းများလှပါတယ်….. အခုဆို တက်သစ်စတွေလဲ တော်တော်
များလှပါတယ်….. အခုဆို MRTV-4 တို့ Channal-7 တို့မှာဆို သီချင်းပြိုင်ပွဲတွေအားကြီးပဲ….အစီအစဉ်တွေလဲ
များလာပါပီ… အဲတာလဲတစ်ခုကောင်းပါတယ်………… အင်း…အခုလဲ Si Tone တို့တွေဆီ ရောက်ရှိလာတဲ့
သီချင်းတွေဆို ပြည်တွင်းတင်မကဘူး ပြည်ပနိုင်ငံကပါ အောင်မြင်လာခဲ့တယ်…. ဥပမာ- English တို့ Korea
Chinese တို့ပေါ့…. Si Tone ကတော့ သီချင်းဆို ဘာသီချင်းမဆို အကုန်နားထောင်ပါတယ်.. အဲဒီအမျိုးအစား
လေးတွေထဲမှ Si Tone က သီချင်းအေးအေးလေးတွေ Pop ဆန်ဆန်လေးတွေ Country Rock လေးတွေဆို
Si Tone အရမ်းကြိုက်ပါတယ်…… ရွာထဲက သူငယ်ချင်းတွေကော ? …….. Si Tone တခါတလေ စဉ်စားမိတယ် တချို ့အဆိုတော်တွေ ဆိုလိုက်တဲ့ သီချင်းတွေက အရမ်းကောင်းပြီး ရင်ထဲကို ထိစေတယ်..
Si Tone က သီချင်းနားထောင်ရင် ရင်ထဲကနေနားထောင်တယ် ….. Si Tone ထင်တယ် သီချင်းတစ်ပုဒ်ရဖို့
ဆိုဖို့ ဆိုတာ လွယ်တဲ့အလုပ်တော့မဟုတ်ဘူး…. အရမ်းကိုခက်ခဲလှပါတယ်…. တေးရေးဆရာက ခံစားချက်
ပါပါရေးပြီး တေးဆိုက ခံစာချက်မပါရင် အဲဒီသီချင်းက စာသားဘယ်လောက်ကောင်းကောင်း သီချင်းကပျက်
သွားတာပဲ…. တော်တော်များများက သီချင်းကို စိတ်ညစ်တဲ့အချိန်တို့ ပျင်းတဲ့အချိန်တို့ ဆိုရင်နားထောင်ကြပါ
တယ်…. အဲဒါလဲတစ်ခုကောင်းပါတယ်…
အင်း Si Tone တခါ… ဖတ်ခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်လေးရှိတယ်… အဲဒီကဗျာက သီချင်းတွေနဲ့ ပက်သက်တဲ့ ကဗျာတိုလေးပါ..
“ အသည်းထဲ ရင်ထဲထိ ခံစားရတဲ့ သီချင်းဟာ
အရင်က ဒဏ်ရာပြတိုက်တစ်ခု ဖြစ်ခဲ့လို့ပါ…” တဲ့…. အဲဒါအရမ်းမှန်လှပါတယ်…..
အင်းအခုတလော Si Tone နားထောင်ဖြစ်တဲ့ သီချင်းလေးတွေ ပြောပြချင်ပါတယ်…. ရွာထဲက သူငယ်ချင်းတွေ
ကိုလဲ Si Tone နားထောင်တဲ့ သီချင်းလေးတွေ နားထောင်သေချင်တယ်…….
နားထောင်နေတာက
1. Good time – owl city {feat; Carly Rae Jepsen}  အဲဒီသီချင်းလေးက အမြဲနားထောင်
ဖြစ်တဲ့သီချင်းလေးပါ…. စိတ်ကိုပေါ့ပါးစေတယ်လေ….

2. who say – Selena Gomez အဲဒီသီချင်းလေးက ကိုယ့်ကို ကို ယုံကြည်မှ ုအပြည့်ဖြစ်စေတဲ့
သီချင်းလေးပါ…..
3. It’s not to late – Demi Lovato အဲဒီသီချင်းကတော့ ရင်ထဲမှာ တစ်ယောက်သောသူကို လွမ်း
စေတဲ့ သီချင်းလေးပါ…….
4. Circus – Britney Spears အဲဒီသီချင်းက အရမ်းမြူးစေတဲ့ သီချင်းလေးပါ
5. Means – Taylar Swift  အဲဒီသီချင်းက Country rock လေးပါ သီချင်းကောင်းတစ်ပုဒ်ပါ…
Si Tone ရဲ့  English သီချင်းတွေမှာတော့ အဲဒါတွေကို နားထောင်းစေချင်းတယ်……
မြန်မာ သီချင်းတွေမှာတော့
1. အရှုပ်တော်ပုံ – အေသင်ချိုဆွေ အဲဒီသီချင်းထဲက စာသားတွေကို ကြိုက်လို့ပါ….
2. စိတ်ကူးထဲက အိမ်ကလေး – ချစ်သုဝေ အဲဒီသီချင်းက Si Tone စိတ်ညစ်နေရင် စိတ်ထွက်ပေါက်
ပေးစေတဲ့ သီချင်းလေးပါ…..
3.ရုပ်ဆိုးမ – ဝိုင်းဆုခိုင်းသိန်း အဲဒီသီးချင်းက လူကိုမြူးစေလို့
4. မသိသလို – အိမ့်ချစ် အဲဒီသီချင်းက ရိုးရိုးလေးနဲ့ အရမ်းခံစားရတဲ့သီချင်းပါ… နောက်ဘယ်တော့မှ
မတွေ ့တော့ဘူးဆိုတဲ့ သီချင်းလေးပါ
5. I Just wanna be – သိန်းလင်းစိုး အဲဒီသီချင်းကို အရမ်းရမ်းကြိုက်လို့ပါ…….
Si Tone ကတော့ Si Tone အကြိုက်တွေ ပြောပြပီးသွားပီး….. ရွာထဲက သူငယ်ချင်းတွေလဲ Si Tone ကို
commect ပေးရင် ဘယ်သီချင်းတွေကောင်းလဲ ဘယ်သီချင်းတွေနားထောင်သင့်လဲဆိုတာ အကြံညဏ်ပေးရင်
သူငယ်ချင်း တွေကြိုက်တဲ့ သီချင်းတွေလဲ Si Tone ကိုပြောဦးနော် မျှဝေဦးနော်………………………
ကယ်………….. Si Tone လဲ သိသလောက် တက်သလောက်ပြောပြပီးသွားပီးနော်….  အားပေးကြရင်
အကဲးလဲခပ်ပေးပါ နော်……………… ချစ်တဲ့ Si Tone

8 comments

  • si tone

    November 10, 2012 at 4:49 pm

    Si Tone ပြန်လာပါပီး ရွာထဲကလူတွေအရမ်းလွမ်းပါတယ်…………………………..

  • ကိုစီတုန်း
    ကျနော်ကတော့ ဟေ့မိချိုသဲ ငါ့နောက်ကလိုက်ခဲ့ ဘယ်သူ့နောက်မှလျောက်မလိုက်နဲ့ ဆိုတဲ့သီချင်းရယ်
    မေ့လိုက်ပါ အရင်ကဇာတ်လမ်းလေးရယ် မှားတာရှိရင်တောင်းပန်ပါတယ်ကို ခိုက်နေတာဗျာ

  • Khaing Zar Win

    November 10, 2012 at 7:05 pm

    1) What makes you beautiful by one direction
    2) call me maybe by Carly Rae Jepsen
    3) we are never ever getting back together by Taylor Swift
    4) wine Su Khine thein new album
    5) Sandi Myint Lwin “shock” album
    I am listening above songs in these days. Thank you for your sharing. 🙂

  • အင်္ဂ ါZ

    November 10, 2012 at 7:16 pm

    ကျနော် ဘဘဦးသုခရဲ့ ဂုဏ် သီချင်းကို တအားကြွေနေတယ်ဗျာ
    နောက်တာ. အတည်

    :harr:

  • ကျုပ်လည်း သီချင်း ခပ်အေးအေးလေးတွေကို ကြိုက်တယ် ..
    နမူနာ တစ်ခု ပြောရရင် …

    “စုံနံ့သာမြိုင် အလွမ်း” တို့ …
    “အချစ်ဦးသို့ ရွှေနားတော်သွင်း” တို့ …..

    စတဲ့ သီချင်း ခပ်အေးအေးလေးတွေပေါ့ ….. :mrgreen: :mrgreen:

  • မောင်ပေ

    November 10, 2012 at 9:24 pm

    ရန်းတယ်မပု
    ကန် ့ကူရံခြောက်
    ဘေးလေဆပ် ဘေးလေဆပ်
    (ငယ်တုန်းက ဘုတ်အုပ်များထဲတွင် ဖတ်ခဲ့ဖူးသော ကုလားသီချင်းစာသား)

  • လုံမလေးမွန်မွန်

    November 11, 2012 at 2:20 pm

    အမှန်အတိုင်းပြောရင် ဒီရက်ပိုင်းနားထောင်နေတဲ့သီချင်းက မေတ္တာပို့သီချင်းပါ…
    “အဟံ အဝေရောဟောမိ…အဗျာပဇ္ဇောဟောမိ… … …” အဲ့သီချင်းလေးလေ…

    si tone ရေ..နောက်တာ မဟုတ်ဘူးနော်..အတည်… ဒီရက်ပိုင်း စိတ်တွေတအားရှုပ်လို့ အဲ့ဒီသီချင်းလေးကို အမြဲဖွင့်ပြီး မေတ္တာပို့နေမိတာ…

    ဟိုရက်ပိုင်းကတော့ ဝိုင်းစုခိုင်သိန်း နဲ့ စန္ဒီမြင့်လွင် အခွေသစ်တွေကို နားထောင်နေပါတယ်… 🙂

  • ဦးကြောင်ကြီး

    November 12, 2012 at 7:15 am

    ရနောင်မောင်မောင်တုတ်ရဲ့ ပုလွေကြီးကြီးမှုတ်ဆိုတာ နားထောင်ကြည့်စမ်း စီတုံးဂလေး….။ ရေရေလည်လည် ခိုက်သွားစေရမယ်။ ဦးကြောင်ကြီးနဲ့ အထင်မမှားနဲ့နော်၊ ဦးကြောင်က မြောက်ကိုရီးယားက ညူကလီးယား ထိပ်ဖူးတပ်ဒုံးပျံဂျီး… :harr:

Leave a Reply