ခြွေမချပါနဲ့ချစ်သူရယ်

ကြွေကျလာမယ့် မျက်ရယ်စတွေအောက်မှာ

ငါကျရှုံးခဲ့တာ အကြိမ်ကြိမ်ခါခါပေါ့……….

အလွမ်းပါနဲ့တော့နော်

တမ်းတတိုင်း အပြေးလာရတာ

ငါ့ခြေတွေလည်း တိုလှရော့မယ်လေ…………..

သိပ်ချစ်တယ်လို့လဲ မဆိုပါနဲ့

လိုချင်တိုင်း လိုက်လျှောရတာလဲ

လစာတောင် နှစ်ပတ်လည်တော့မယ်ကွယ်…………

ပြစ်မထားခဲ့ပါနဲ့နော်

ချစ်ထားသလောက် ဒီမောင်လေပြန်မရရင်

အရင်းရယ် ရှံးမှာမို့ သူတစ်ပါး အတင်းမပြောရအောင်

မင်းလေး ကပ်ပြီးတော့

တိုးတိုးလေး ပြောခဲ့နော်

မင်းလေးက ငါ့အတွက်တော့ နောက်ဆုံးသော

သူပါလို့  ….မှတ်ချက် (အညာခံရခြင်း)

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..