ချစ်ကံ (အတွေးကဗျာ)

ကာရံNovember 10, 20121min985

ခြွေမချပါနဲ့ချစ်သူရယ်

ကြွေကျလာမယ့် မျက်ရယ်စတွေအောက်မှာ

ငါကျရှုံးခဲ့တာ အကြိမ်ကြိမ်ခါခါပေါ့……….

အလွမ်းပါနဲ့တော့နော်

တမ်းတတိုင်း အပြေးလာရတာ

ငါ့ခြေတွေလည်း တိုလှရော့မယ်လေ…………..

သိပ်ချစ်တယ်လို့လဲ မဆိုပါနဲ့

လိုချင်တိုင်း လိုက်လျှောရတာလဲ

လစာတောင် နှစ်ပတ်လည်တော့မယ်ကွယ်…………

ပြစ်မထားခဲ့ပါနဲ့နော်

ချစ်ထားသလောက် ဒီမောင်လေပြန်မရရင်

အရင်းရယ် ရှံးမှာမို့ သူတစ်ပါး အတင်းမပြောရအောင်

မင်းလေး ကပ်ပြီးတော့

တိုးတိုးလေး ပြောခဲ့နော်

မင်းလေးက ငါ့အတွက်တော့ နောက်ဆုံးသော

သူပါလို့  ….မှတ်ချက် (အညာခံရခြင်း)

ပိတောက်မိုး

5 comments

  • Mobile

    November 10, 2012 at 10:45 pm

    ပထမ အပိုဒ်ကိုတော့ ကြိုက်တယ်
    ဒုတိယ အပိုဒ်နဲ့ တတိယ အပိုဒ်က နဲနဲပျော့သလိုပဲ
    အရေးအသားကတော့ ကောင်းပါတယ်
    ကျနော် အမြင်ကိုပြောတာပါ။
    ဆက်လက်အားပေးနေပါမယ်ဗျာ။

  • padauk moe

    November 11, 2012 at 10:19 am

    ဝေဖန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

  • maung khinmin

    November 11, 2012 at 11:38 am

    ဘာပဲဖြစ်ဖြစ် ကဗျာကို ရေးဖြစ်နေဖို ့တိုက်တွန်းပါရစေ

  • လုံမလေးမွန်မွန်

    November 11, 2012 at 3:44 pm

    ကဗျာလေးကို ခံစားသွားပါတယ်…
    ဆက်ရေးဖို့လည်း အားပေးပါတယ်…
    သတ်ပုံလေးတွေတော့ သတိထားစေချင်ပါတယ်… ကဗျာအရသာ ပျက်သွားမှာစိုးလို့ပါ…

  • မောင်ပေ

    November 11, 2012 at 9:25 pm

    ချစ်ကံ
    စစ်ရန်
    ညှစ်နံ
    ပစ်အံ
    သစ်လန်
    လစ်ပြန်

Leave a Reply