စနေနေ့ ထုတ်မြန်မာ့အလင်း သတင်းစာမှာ “ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ရဲ့ စာနယ်ဇင်းလောကသားများထံသို့ အိတ်ဖွင့်ပေးစာဆိုတာကို ပြည်တွင်းသတင်း အနေနဲ့ ဖတ်လိုက်ရပါတယ်၊

အဓိက ကတော့ လွတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့် ရဲ့ မေးခွန်းတွေကို ဖြေတဲ့အဖြေ တွေပေါ် ဦး အောင်ကြည်ကို ကိုယ်ရေးကိုယ်တာ ဝေဖန် တဲ့ ကိစ္စကို ပြန်လည်ဖြေရှင်းတာဖြစ်ပါတယ်၊ ကျွန် တော့် အမြင်ကတော့ မေးခွန်းတွေ က ဘာမှ အနှစ်သာရ ပါတဲ့မေးခွန်းတွေလို မထင်ပါဘူး၊

အစိုးရ၀န်ကြီးတွေ စာနယ်ဇင်းတွေကို ဒီလောက်တောင် တုန်လှုပ်ခြောက်ချားနေ စရာမလိုဘူးလို့  ထင်ပါတယ်၊ ဒီကိစ္စကို ဖြေရှင်းဖို့  ပြန်ကြားရေးဝန်ကြီးရုံး အဖွဲ့ မှူး အနေနဲ့ စာနယ်ဇင်းတွေကို statement တစ်ခု ထုတ်ပြန်ပေးလိုက်ရင်ပြီးသွားမဲ့ ကိစ္စကို အခုလို ၀န်ကြိးကိုယ်တိုင် လက်မှတ်ထိုးတဲ့ အိတ်ဖွင့်ပေးစာ နဲ့ ရှင်းလင်းစရာမလိုအပ်ပါဘူး၊ ၀န်ကြီးက စာနယ်ဇင်း သမား တွေကို တော်တော် “ကြောက်” နေပုံ ရပါတယ်၊

မြန်မာပြည်က စာနယ်ဇင်းတွေ ကကော လေးစားထိုက်ပြီလားဆိုတာ စီစစ်ဖို့ လိုနေပါတယ်၊ ဒီနေ့  မြန်မာပြည်မှာရှိတဲ့ စာနယ်ဇင်းလောကသားတွေအားလုံးဟာ  အရောင်စွန်းနေကြသူများသာဖြစ်ပါ တယ်၊ အထူးသဖြင့် ပြင်ပနိုင်ငံရဲ့ ထောက်ပံ့ငွေနဲ့ ရပ်တည်နေတဲ့ သတင်းဌာနတွေ က ပိုဆိုးပါတယ်၊

အဲဒီပြည်ပနိုင်ငံရဲ့ ငွေနဲ့ ရပ်တည်နေတဲ့ သတင်းဌာနက မြန်မာဝန်ထမ်းတွေ က ပိုပြီး အရောင်စွန်းနေ ကြတဲ့ အရှက်သိပ်မရှိကြပဲ ပြင်ပနိုင်ငံရဲ့ အာဘော်နဲ့ ကိုက်ညီတဲ့ သတင်းတွေကိုပဲ စားကောင်းအောင် ရေးသား ထုတ်ပြန် ကြမှာဖြစ်ပါတယ်၊

ပြည်တွင်းက စာနယ်ဇင်းတွေကလည်း တခေတ်လုံးဖတ်စရာ ငတ်ပြတ်နေတဲ့ ပြည်သူတွေရဲ့ ခံတွင်း ကို ဖြည့်တင်း ဖို့  စီးပွားဖြစ် စာရွက်တွေရိုက်ထုတ်နေတာပဲဖြစ်ပါတယ်၊ ကနေ့ မြန်မာပြည်ထဲ က စာနယ်ဇင်းတွေရဲ့ အရည်အသွေးကို သေသေချာချာ ဘက်မလိုက်တဲ့မျက်စိနဲ့ ကြည့်လိုက်ပါ။

ပြည်တွင်းကစာနယ်ဇင်းတွေ ရေရှည်မှာတော့ ပြည်သူတွေ တဖြေးဖြေး သဲနဲ့ ဇကွဲ ခွဲခြား သိလာ တဲ့ အခါကျရင်တော့ စာနယ်ဇင်းတွေမှာ အမှိုက်တွေ ပျောက်ကုန်ပြီး အသုံးဝင်တာတွေ ကျန်မှာပါ၊ အဲဒီ အချိန်မရောက်သေးခင်ကတော့ ပြည်သူတွေ အမှိုက်တွေကို ရွှေအမှတ်နဲ့ တန်ဖိုးထားပြီး ဆက်ဖတ် နေဦးမှာပါ၊

About Zato Ichi

Zato Ichi has written 4 post in this Website..