မြန်မာပြည်မှာ ဝန်ကြီးများ တန်ဖိုး ကျဆင်းနေကြောင်းသတင်းများရနေ၊

Zato IchiNovember 10, 20121min913

စနေနေ ့ထုတ်မြန်မာ့အလင်း သတင်းစာမှာ “ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ရဲ့ စာနယ်ဇင်းလောကသားများထံသို ့အိတ်ဖွင့်ပေးစာဆိုတာကို ပြည်တွင်းသတင်း အနေနဲ ့ဖတ်လိုက်ရပါတယ်၊

အဓိက ကတော့ လွတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန် ့ရဲ့ မေးခွန်းတွေကို ဖြေတဲ့အဖြေ တွေပေါ် ဦး အောင်ကြည်ကို ကိုယ်ရေးကိုယ်တာ ဝေဖန် တဲ့ ကိစ္စကို ပြန်လည်ဖြေရှင်းတာဖြစ်ပါတယ်၊ ကျွန် တော့် အမြင်ကတော့ မေးခွန်းတွေ က ဘာမှ အနှစ်သာရ ပါတဲ့မေးခွန်းတွေလို မထင်ပါဘူး၊

အစိုးရဝန်ကြီးတွေ စာနယ်ဇင်းတွေကို ဒီလောက်တောင် တုန်လှုပ်ခြောက်ချားနေ စရာမလိုဘူးလို ့ ထင်ပါတယ်၊ ဒီကိစ္စကို ဖြေရှင်းဖို ့ ပြန်ကြားရေးဝန်ကြီးရုံး အဖွဲ ့မှူး အနေနဲ့ စာနယ်ဇင်းတွေကို statement တစ်ခု ထုတ်ပြန်ပေးလိုက်ရင်ပြီးသွားမဲ့ ကိစ္စကို အခုလို ဝန်ကြိးကိုယ်တို်င် လက်မှတ်ထိုးတဲ့ အိတ်ဖွင့်ပေးစာ နဲ ့ရှင်းလင်းစရာမလိုအပ်ပါဘူး၊ ဝန်ကြီးက စာနယ်ဇင်း သမား တွေကို တော်တော် “ကြောက်” နေပုံ ရပါတယ်၊

မြန်မာပြည်က စာနယ်ဇင်းတွေ ကကော လေးစားထိုက်ပြီလားဆိုတာ စီစစ်ဖို ့လိုနေပါတယ်၊ ဒီနေ ့ မြန်မာပြည်မှာရှိတဲ့ စာနယ်ဇင်းလောကသားတွေအားလုံးဟာ  အရောင်စွန်းနေကြသူများသာဖြစ်ပါ တယ်၊ အထူးသဖြင့် ပြင်ပနိုင်ငံရဲ့ ထောက်ပံ့ငွေနဲ ့ရပ်တည်နေတဲ့ သတင်းဌာနတွေ က ပိုဆိုးပါတယ်၊

အဲဒီပြည်ပနိုင်ငံရဲ့ ငွေနဲ ့ရပ်တည်နေတဲ့ သတင်းဌာနက မြန်မာဝန်ထမ်းတွေ က ပိုပြီး အရောင်စွန်းနေ ကြတဲ့ အရှက်သိပ်မရှိကြပဲ ပြင်ပနိုင်ငံရဲ့ အာဘော်နဲ ့ကိုက်ညီတဲ့ သတင်းတွေကိုပဲ စားကောင်းအောင် ရေးသား ထုတ်ပြန် ကြမှာဖြစ်ပါတယ်၊

ပြည်တွင်းက စာနယ်ဇင်းတွေကလည်း တခေတ်လုံးဖတ်စရာ ငတ်ပြတ်နေတဲ့ ပြည်သူတွေရဲ့ ခံတွင်း ကို ဖြည့်တင်း ဖို ့ စီးပွားဖြစ် စာရွက်တွေရိုက်ထုတ်နေတာပဲဖြစ်ပါတယ်၊ ကနေ ့မြန်မာပြည်ထဲ က စာနယ်ဇင်းတွေရဲ့ အရည်အသွေးကို သေသေချာချာ ဘက်မလိုက်တဲ့မျက်စိနဲ ့ကြည့်လိုက်ပါ။

ပြည်တွင်းကစာနယ်ဇင်းတွေ ရေရှည်မှာတော့ ပြည်သူတွေ တဖြေးဖြေး သဲနဲ့ ဇကွဲ ခွဲခြား သိလာ တဲ့ အခါကျရင်တော့ စာနယ်ဇင်းတွေမှာ အမှိုက်တွေ ပျောက်ကုန်ပြီး အသုံးဝင်တာတွေ ကျန်မှာပါ၊ အဲဒီ အချိန်မရောက်သေးခင်ကတော့ ပြည်သူတွေ အမှိုက်တွေကို ရွှေအမှတ်နဲ ့တန်ဖိုးထားပြီး ဆက်ဖတ် နေဦးမှာပါ၊

3 comments

  • uncle gyi

    November 11, 2012 at 9:08 am

    ွှမှန်တာပြောလူမုန်းများတယ်တဲ့
    သတိထားဇာတိုရေ

  • myanmarcitizen

    November 11, 2012 at 1:05 pm

    အဲ့ဒီ အိတ်ဖွင့်ပေးစာကိုတွေ့လိုက်ပါတယ်။ သေသေချာချာတော့မဖတ်ဖြစ်လိုက်ဘူး။ အဓိကအကြောင်းက ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်ပြုအကြောင်းလဲပါတယ်ထင်တယ်။
    စာနယ်ဇင်းကိစ္စသိပ်မသိတော့ ပါဝင်မဆွေးနွေးတော့ပါဘူး။ comment ေ တွကိုစောင့်ပဲဖတ်တော့မယ်

  • သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)

    November 12, 2012 at 10:11 am

    ဝန်ကြီးက စာနယ်ဇင်းကို ကြောက်တာမဟုတ်ပါဖူး…………..
    ဘယ်သူက ဘယ်သူ ့ကို တကယ်ကြောက်လဲဆိုတာ မေးစရာမလိုတဲ့မေးခွန်းထင်ပါတယ်……
    ဒါဟာ လူကြီးတယောက်အနေနဲ ့ ရှင်းရိုးရှင်းစဉ်ဖြစ်ပါတယ်………
    တနည်းအားဖြင့်တော့ တကယ် ဝမ်းမနည်းရင်တောင် မျက်ရည်ဆေးလေးသုံးပီး ငိုပြရသလိုပေါ့…….
    ရှင်းချင်လို ့တော့မဟုတ်ဖူး…… စိတ်ရှည်နေလို ့ရှင်းတာ……….
    မရှင်းချင်ဖူးနော်….. လာထား အာမခံကြေး သိန်းလေးထောင်…. ဒါဗြဲ………..

    လေးစားလျက်
    တိမ်မည်း

Leave a Reply