ခြင်တွေရှိခြင်းရဲ့ ကောင်းကျိုးလေးတွေ

Mr. MarGaNovember 11, 20121min21534

ကမ္ဘာပေါ်မှာ ခြင်မျိုးစိတ်ပေါင်း ၃၅၀ဝ ခန့် ရှိတဲ့အထဲကမှ ၁၀ဝ ခန့်ကသာ လူတွေကို အဓိက ဒုက္ခပေးတာဖြစ်ပါတယ်။ (အားလုံးသာဆို ဘယ်လိုနေမယ်မသိဘူးနော် တစ်ရာထဲမို့ တော်သေးတာပေါ့)

ခြင်တွေ ဟာ ဂေဟစနစ်မှာ အဓိကကျတဲ့ နေရာမှာရှိတဲ့ သတ္တဝါတွေ ဖြစ်ကြပါတယ်။ သူတို့တွေဟာ ပန်းတွေကို ဝတ်မှုန်ကူးပေးရုံသာမက ငါးတွေ၊ ငှက်တွေနဲ့ အခြား အင်းဆက်တွေအတွက် အစာလည်း ဖြစ်ပါသေးတယ်။

ခြင်တွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း တစ်ရာခန့်ကတည်းက ရှိခဲ့တဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ဒါ့အပြင် သူတို့တွေဟာ ကျန်တဲ့ မျိုးစိတ်ပေါင်း မြောက်များစွာနဲ့ ထွေးရောယှက်တင် ရှိနေခဲ့တဲ့အတွက် သူတို့တွေဆီကနေ အခြားသတ္တဝါတွေရဲ့ အကြောင်းကို သိရှိနိုင်ပါသေးတယ်။ (ဟိုတစ်လောကတောင် ခြင်တစ်ကောင်ရဲ့ သွေးထဲက ဒိုင်နိုဆော DNA တွေ့တယ်လို့ ကြားလိုက်သေးတယ်)

ခြင်တွေဟာ လူသားတွေအတွက်တော့ ဒုတိယ အန္တရာယ်အများဆုံး သတ္တဝါတွေ ဖြစ်ပါတယ်။ (အန္တရာယ်အများဆုံး သတ္တဝါကတော့ လူသားတွေ ကိုယ်တိုင်ပါပဲတဲ့ ခင်ဗျာ)

ဆက်ပြောရမယ်ဆိုရင် ခြင်တွေဟာ အခြား တိရိစာ္ဆန်တွေ၊ အင်းဆက်တွေထက် ပိုပြီးတော့ လူတွေကို သေစေနိုင်ပါတယ်။ ဒါကြောင့် ခြင်တွေဟာ လူဦးရေ ထူထပ်မှုကို လျှော့ချပေးနိုင်ပါတယ်။ ခြင်တွေက တစ်နှစ်ကို ရောဂါပိုးပေါင်း သန်း ၇ဝ လောက် ဖြန့်ဖြူးပေးပါတယ်။(မားကတ်တင်းသမားများ ပညာယူသင့်ပါတယ်)

ခြင်အားလုံးက လူတွေကို ကိုက်တာမဟုတ်ပါဘူး။ ခြင်မတွေကသာ လူတွေရဲ့ သွေးကိုလိုတာပါ။ ဒါကလဲ သူတို့ရဲ့ မျိုးဥ တွေကို သန္တေအောင်စေဖို့သာ ဖြစ်ပါတယ်။ သာမန်အချိန်တွေမှာတော့ ခြင်မတွေရော ခြင်ထီးတွေရောဟာ ဝတ်မှုန်ကူးခြင်းကိုသာ လုပ်ဆောင်ပါတယ်။(အချိန်ပြည့် ကိုက်မနေတာ ကျေးဇူးတင်စရာပါပဲ)

ခြင်တွေဟာ ရောဂါပိုးတွေကို သယ်ဆောင်သူတွေဖြစ်ပေမယ့် သူတို့ကိုတော့ ရောဂါပိုးတော်တော်များများ မကူးစက်နိုင်ပါဘူး။ ဒါကြောင့် သိပ္ပံပညာရှင်တွေအနေနဲ့ ခြင်တွေဆီကနေ ရောဂါကုသနိုင်တဲ့ ဆေးဝါးတွေကို ထုတ်လုပ်နိုင်ပါလိမ့်မယ်။(ဥပမာအားဖြင့် AIDS ပေါ့လေ)

နောက်ဆုံးနဲ့ အဓိကအကျဆုံး အချက်ကို ပြောရမယ်ဆိုရင်တော့ ခြင်တွေဟာ ခြင်ဆေးခွေလုပ်ငန်း၊ ပိုးသတ်ဆေးလုပ်ငန်း၊ ခြင်ပြေးပစ္စည်းကိရိယာလုပ်ငန်းနဲ့ အခြားအခြားသော ခြင်နဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေကို အလုပ်အကိုင် ရှာဖွေပေးတဲ့ သတ္တဝါတွေ ဖြစ်ပါတယ်တဲ့ခင်ဗျာ။

ခြင်တွေကြောင့် ကမာ္ဘပေါ်မှာ နှစ်စဉ် လူပေါင်းများစွာ သေဆုံးနေပါတယ်။

အခုတစ်လော ဦးမာဃရဲ့ ပတ်ဝန်းကျင်မှာလဲ ခြင်တွေပိုများလာပါတယ်။ခြင်ပိုများတော့ ခြင်ပိုအကိုက်ခံရတာပေါ့လေ။ (ခြင်လုံခန်းနဲ့ မနေနိုင်သေးတော့လဲ ခြင်တွေနဲ့ ဘယ်ဝေးနိုင်မလဲနော)

ကိုယ့်ပတ်ပတ်လည်ကနေ တဝီဝီနဲ့ နားဒုက္ခပေးလိုက် အလစ်မှာ ဝင်ကိုက်လိုက်နဲ့ ပျော်ပျော်ပါးပါးကြီး ပွဲတော်တည်နေကြတဲ့ အဲဒီကောင်တွေကို တော်တော်လေးစိတ်ကုန်လာလို့ သတ်ချင်စိတ်ကို ဖျောက်ပြီး စိတ်ထွက်ပေါက်ရလိုရငြား သူတို့ရဲ့ ကောင်းကွက်လေးတွေကို မတွေ့တွေ့အောင်ရှာပြီး ရေးထားတာပါ။

ဒီစာမူကို ခြင် တစ်နာရီအကိုက်ခံပြီး ရေးထားပါတယ်။

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

34 comments

  • Mr. MarGa

    November 11, 2012 at 10:19 am

    ဆိုးကျိုးတွေက လူသိများတော့
    ကောင်းကျိုးလေးတွေ သိစေချင်လို့ပါ

  • nozomi

    November 11, 2012 at 11:40 am

    ခြင်တွေဟာ လူဦးရေ ထူထပ်မှုကို လျှော့ချပေးနိုင်ပါတယ် လို့ ဆိုလို့ ရသလို

    ခြင်တွေကြောင့် လူဦးရေ ရော တိုးမလာနိုင်ဘူး လား ခင်ဗျ

    • Mr. MarGa

      November 11, 2012 at 12:09 pm

      ဦးမာဃတော့ မထင်ဘူးကွယ့်

      • nozomi

        November 11, 2012 at 12:45 pm

        သိကြားမင်းက နတ်ပြည်မှာ အဲကွန်းနဲ့ ဇိမ်ကျနေတော့ ဘယ်သိပါ့မလဲ
        ကျုပ်တို့ တောမှာတော့ ညနေစောင်း မှောင်ရီပျိုး ဆို ဘာမှ အလုပ်မရှိတော့ အိပ်ကျရော
        တောဆိုတော့ ခြင်ပေါတာပေါ့
        ခြင်ကိုက်တော့ တရေးကနိုး ပြန် အိပ်လို့ က မပျော် အဲအဲ အဲဒီတော့…
        ပြီးရင် ပြန်အိပ်ပျော်သွားရော
        နောက် ခြင်ကိုက်တော့ တရေးကနိုး အိပ်လို့က မပျော် အဲအဲ …

        အဲဒီလိုနဲ့ တောမှာ မြို့ထက် လူဦးရေး တိုးပွားနေကြောင်းပါ
        ဘေးအိမ်က ဦးကျော်အေးကြီး ဆို ကလေး ၁၁ ယောက်တောင် ဗျို့

        • Mr. MarGa

          November 11, 2012 at 12:55 pm

          အင်း ဟုတ်သားပဲနော်
          အဲဒါလဲ ဖြစ်နိုင်တာပေါ့
          ဒါပေမယ့် သေဆုံးမှုက ပိုများတယ်ဗျ

    • myanmarcitizen

      November 11, 2012 at 1:40 pm

      ခြစ်နိုင်ပါတယ်။ ခြင်ကိုက်တယ် ခြင်ထောင်ထဲဝင်ကြရအောင်ဆိုတာနဲ့ တင် .. ဟောတစ်ယောက် ….ဟောတစ်ယောက် 🙂

      • Mr. MarGa

        November 11, 2012 at 1:58 pm

        ဟောတစ်ယောက် ဟောတစ်ယောက်ဆိုတာ ဘာကိုပြောတာလဲဟင်
        ဦးမာဃက အသက်ကြီးတော့ သိပ်မသိလို့ပါကွယ်

  • candle .

    November 11, 2012 at 12:16 pm

    ကောင်းလား ဆိုးလားတော့မသိ သားတစ်ယောက် သွေးလွန်တုတ်ကွေး ဖြစ်ပြီးကတည်းက
    ခြင်ဆို ( အထူးသဖြင့် နေ ့ဘက်မှာပေါ့) အဆိပ်ရှိ မြွေလိုဘဲ သဘောထားမိတော့တယ်….
    ဒါတောင် မြွေတွေက မေတ္တာပို ့ပေးရင် အန္တရာယ်မပေးဘဲထွက်သွားပေမဲ့ ခြင်တွေကတော့
    ခြင်ဆေး ၊ လျှပ်စစ် ဘတ်တန် ၊ ခြင်လုံဇကာ မှအဆင်ပြေတယ်….
    အင်း..မရွှေခြင်တို ့ကတော့ မေတ္တာမသိ ဘာမသိ ခက်ပါဘိကွယ်….

    • Mr. MarGa

      November 11, 2012 at 12:59 pm

      ခြင်တွေဘက်က စဉ်းစားကြည့်လေကွယ်
      သူတို့ခမျာ သားသမီးအတွက် အသက်တောင် အသေခံပြီး လုပ်ရတာ
      မိဘမေတ္တာကို ခံစားကြည့်လေ
      ခြင်တွေက စကားပြောနိုင်ရင် ပြောလိမ့်မယ်
      ဒို့ကိုယ်ကျိုး လုံးလုံးမပါ လို့
      :kwi:

  • အိမ်း …
    နင်ဒို့ နတ်ပြည်မှာ
    ခြင်တွေ ရှိဒဂိုး မောင်မာဃရဲ့ ….
    နာဒို့ ဗြဟ္မာပြည်မှာတော့ ခြင်ဆိုတာလေ
    ပြတိုက်ထဲမှာ သွားကြည့်ရလေမလားပဲ ……..

    ပုံ/
    ဗြဟ္မာမောင်မောင်

    • Mr. MarGa

      November 11, 2012 at 1:56 pm

      ဟဲ့အကောင် ခြောက်မျက်နှာ မောင်မောင်
      အခုမှ ခြင်မရှိဘူးလာမပြောနဲ့
      နင်တို့ဗြဟ္မာပြည်မှာ ခြင်တွေပေါလွန်းလို့ဆိုပြီး
      ငါတို့နတ်ပြည်ကို မောင်းထုတ်လိုက်တာလေ
      သက်သေအထောက်အထား အခိုင်အမာရှိတယ်ဟဲ့ သိလား

  • လုံမလေးမွန်မွန်

    November 11, 2012 at 2:09 pm

    အဲ့ဒါပြောတာပေါ့..ကိုရွှေခြင်ထီးတွေကတော့ ဝတ်ရည်တွေကို အေးအေးဆေးဆေးစားလို့.
    ခြင်မတွေခမျာတော့ မျိုးပွားနိုင်ရေးအတွက် အသက်ကို ဖက်နဲ့ထုပ်ပြီး လူသွေးကို စုပ်ရတာ… သဘာဝတရားကြီးများ တရားကိုမတရားဝူး… :mrgreen:

    • Mr. MarGa

      November 11, 2012 at 2:12 pm

      စားဝတ်နေရေး ငွေရှာပေး
      ကျေးဇူးကြီးပေ ဒို့ဖေဖေ ကွ

  • မိုချို

    November 11, 2012 at 2:15 pm

    ဒီမှာတော့ ဘေး ပတ်ပတ် လည် တောတွေ ရှိနေတာတောင် လူနေရပ်ကွက်တွေမှာ ခြင် မရှိပါဘူး( တောထဲတော့ သိဘူး) ။ အမှိုက်မရှိ၊ ရေစီး ရေ လာ ကောင်း၊ ပတ်ဝန်း ကျင် သန့် နေအောင် ထားတဲ့ အပြင် ခြင်ဆေး လည်း အမြဲ ဖြန်း ပေးတယ်။ ခြင် ပေါက် ဖွား နိုင် တဲ့ အနေ အထား ရှိ မရှိ အိမ်ခန်းတွေ ကို မကြာခဏ ရှောင် တခင် ဝင်စစ်တတ်တယ်။ ဘုရား ပန်း အိုး တွေ ၊ အိမ်သာ၊ရေချိုးခန်းတွေ ကို အထူး စစ်ဆေး တယ်။ ပိုးလောက်လန်းတွေ့ ရင် ၊ အမှိုက်တွေအရမ်း ပွ ရှုပ် ညစ်ပတ်နေရင် ဒဏ်ငွေ ဆောင်ရတယ်။ သွေး လွန် တုပ်ကွေးတော့ ဒီ မှာလည်း အရမ်း ဂရု စိုက်တယ်။
    ကျမ ဒီ ကို လိုက်လာတော့ ခြင်ထောင် ယူလာ ရမလား မေး လို့ အဟား ခံ ရတယ်။
    အဲဒီတော့ ခြင် ဆိုတာကိုယ့် ပတ်ဝန်း ကျင် မှာ မရှိအောင်လုပ်လို့ ရပါတယ်။ ထုံး စံ အတိုင်း ပြော ရရင် ကိုယ် တစ် ဦး တည်း လုပ်လို့တော့ မရဘူး ပေါ့။

    • Mr. MarGa

      November 11, 2012 at 2:25 pm

      မှန်ပါတယ် မမိုချိုခင်ဗျ
      ပတ်ဝန်းကျင် မပါဘဲနဲ့တော့ ဒါတွေက ဖြစ်လာမှာ မဟုတ်ပါဘူး

  • စိန်ဗိုက်ဗိုက်

    November 11, 2012 at 3:40 pm

    မကောင်းဘူး..မကောင်းဘူး..
    ဒီပို ့စ်ကို ဖတ်နေတုန်း ခြင်တစ်ကောင် နှာခေါင်းကိုလာကိုက်သွားတယ်..
    အားကီး ဆိတ်ဆိုးတယ်

  • kyeemite

    November 11, 2012 at 4:59 pm

    ကိုမာဃ ရေ…ဘာပဲပြောပြော ခြင် တစ်နာရီအကိုက်ခံပြီး ရေးထားတဲ့ပို့စ်လေးကို ကျုပ်တော့
    သဘောကျသဗျာ…

    ခြင်တွေဟာ လူသားတွေအတွက်တော့ ဒုတိယ အန္တရာယ်အများဆုံး သတ္တဝါတွေ ဖြစ်ပါတယ်။ (အန္တရာယ်အများဆုံး သတ္တဝါကတော့ လူသားတွေ ကိုယ်တိုင်ပါပဲတဲ့ ခင်ဗျာ)

    အဲဒါလေးကိုကြိုက်တာ…ခြင်ကိုက်တာထက် လူကိုက်တာ ပိုသေသနော်…

    နောက်ဆုံးနဲ့ အဓိကအကျဆုံး အချက်ကို ပြောရမယ်ဆိုရင်တော့ ခြင်တွေဟာ ခြင်ဆေးခွေလုပ်ငန်း၊ ပိုးသတ်ဆေးလုပ်ငန်း၊ ခြင်ပြေးပစ္စည်းကိရိယာလုပ်ငန်းနဲ့ အခြားအခြားသော ခြင်နဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေကို အလုပ်အကိုင် ရှာဖွေပေးတဲ့ သတ္တဝါတွေ ဖြစ်ပါတယ်တဲ့ခင်ဗျာ။

    ဒီအချက်ကလည်းသွေးထွက်အောင်မှန်ပြန်တာပဲဗျ…အားးးးးးးး…ဖျန်း…သေစမ်းကွာ…
    ကွန်မင့်ပေးနေရင်း နဖူးကိုခြင်လာကိုက်တာ…. :harr: :hee:

    • Mr. MarGa

      November 11, 2012 at 5:07 pm

      လာရောက်ဖတ်ရှုပေးလို့ ကျေးဇူးပါ ဦးကြီးမိုက်ရေ
      ကျွန်တော်လည်း ခြင်တွေကို စိတ်ကုန်လို့ ဒီပို့စ်လေးကို တင်တာပါ

      • ဥကြီးမိုက် …

        ဘယ်နဖူးကို ခြင်က လာကိုက်တာတုံး …
        ခြင်က အမဆိုတော့လေ … :mrgreen:
        +++++++++++++
        မောင်မာဃ …

        ဟေ့ .. ဟေ့ …
        သက်သေ အထောက်အထား ပြနိုင်တယ်ဆိုပြီး
        စွပ်လား စွဲလားတော့ မလုပ်နဲ့နော့ ..
        တရားစွဲပလိုက်မှာ ..
        ဘာမှတ်လဲ …. ငှဲ .. ငှဲ … :mrgreen:

        • Mr. MarGa

          November 13, 2012 at 8:30 pm

          စွဲလိုက်လေကွယ်
          နတ်ပြည်တစ်ပြည်လုံးက ဦးမာဃဘက်မှာရှိတယ်
          ဘယ်မှာစွဲချင်လဲ
          နတ်ပြည်မှာလား ဗြဟ္မာ့ပြည်မှာလား လူ့ပြည်မှာလား
          ကြိုက်တဲ့နေရာမှာစွဲ
          ဦးမာဃက အေးဆေးဘဲ
          :kwi:

  • သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)

    November 12, 2012 at 9:43 am

    သူတို ့ပျော်ပါးဖို ့အရေး ငါတို ့မှာ သွေးကုန်ရဒယ်ပေါ့လေ…..
    မတရားဖူး…. လွတ်တော်ကိုတင်ပြမယ် ဆန္ဒထုတ်ဖော်မယ် ဒါဗြဲ………….

    • Mr. MarGa

      November 13, 2012 at 8:38 pm

      အထက်ပါအဆိုကို လွှတ်တော်တွင်ဆန္ဒမဲခွဲ၍ ဆုံးဖြတ်ရာ
      ကန့်ကွက်သူများသဖြင့် အဆိုအတည်မဖြစ်ကြောင်း နတ်ပြည်လွှတ်တော်နာယက ဦးမာဃက ကြေညာသည်။

  • Wow

    November 12, 2012 at 1:23 pm

    ခြင်တွေက တစ်နှစ်ကို ရောဂါပိုးပေါင်း သန်း ၇ဝ လောက် ဖြန့်ဖြူးပေးပါတယ်။(မားကတ်တင်းသမားများ ပညာယူသင့်ပါတယ်)

    ဒါဆို မာကတ်တာများ ခြင်သုတေသနလုပ်သင့်ဒယ်လို့ အဆိုပြုပါ ဒယ်.. :kwi:

    • အင်္ဂ ါZ

      November 12, 2012 at 1:54 pm

      အေးဗျာ ..
      အဲ့ မာကတ္တာတွေ သေသင့်ပါတယ်ဗျာ …

      😛

  • jullies cezer

    November 12, 2012 at 2:17 pm

    နောက်ထပ်ကောင်းကျိုးတစ်ခုရှိသေးတယ် ခြင်လာကိုက်ရင် သီးခံနိုင်သလောက်
    တော့စိတ်ထားတတ်ရင် သွေးလှူလို့ရတယ်လေ ။ ပြီးတော့သွေးစုပ်ဖုတ်ကောင်ဆိုတာ
    တကယ့်တော့ခြင်မှအစစ်ဗျ ……….

  • eipu

    November 12, 2012 at 3:15 pm

    ဂျမ်ဘိုကိုသာ သုံးလိုက်ပါ။
    ခြင်သေတွေကို တွေ့ရမှာ

  • kai

    November 12, 2012 at 3:25 pm

    ခြင်ကိုက်တာကို.. သွေးလှူတန်းနေပါတယ်ဆိုပြီး.. ကြံဖန်ပဏာယူတတ်တဲ့.. စာမတတ်သူတွေလည်း..ရှိပါသေးသဗျ..
    စာမတတ်သူပပျောက်ရေး.. ဒို့အရေး..။ :kwi:

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 12, 2012 at 3:39 pm

    ပြောဂျင်နေဒါ ကွက်တိဘဲ
    ခြင်ဒွေရဲ့ သဘာဝဒေမှာ ကျုပ်ကြိုက်တာအချို့ရှိသဗျ
    ဥပမာဗျာ
    ခြင်တွေဟာ ပျံသန်းနေရင်းနဲ့ ဖိုမဆက်ဆံနိုင်ဂျဒယ် အံဖွယ်ဘဲ
    ဒါတွေကတော့ တဏှာတွေဖက်ပါတော့ ပြောတော့ပါဘူး ( နောင်များကြုံမှပြောဂျဒါပေါ့ :mrgreen: )
    ပြောခြင်တာက
    ခြင်တွေရဲ့ မျိုးပွားနှုံးဟာများပြီးသိပ် လွယ်ကူတယ်ပြောနိုင်တယ်
    ဒါ့ကြောင့်
    ခြင်တွေရဲ့သဘာဝတွေကိုလေ့လာပြီး သူတို့ရဲ့ ပေါက်ဖွားကြီးပြင်းပုံလွယ်ကူတာကို
    ခေတ်မှီနည်းပညာတွေနဲ့ဖန်တီးနိုင်မယ်ဆိုရင် ထရီလီယံ့ ထရီလီယံ စူပါဘစ်ဇနစ်ကြီးဖြစ်လာနိုင်ပါတယ်
    ဆိုလိုတာက
    ခေတ်မှီဆေးဝါးနည်းပညာ တက်ကနော်လော်ဂျီ ဘာညာကွိကွတွေနဲ့
    ခြင်တွေကို တိုက်ကြက်ဖတွေလောက်ဖြစ်အရွယ်ဖြစ်အောင် မွေးမြူနိုင်ဂျမယ်ဆိုရင်
    ကမ္ဘာ့စားနပ်ရိက္ခာအတွက် အကြီးအကျယ်အထောက်အကူပြု နိုင်ပါလိမ့်မယ်လို့
    အကြံပြုတင်ပြလိုက်ရဘာဒယ်ခင်ဗျား

  • Mr. MarGa

    November 13, 2012 at 8:55 pm

    @ wow
    မာကတ်တာတွေက အစ်မထက်သွက်တယ်ဗျ
    သုတေသန ပြုနေလောက်ပြီ
    @ အင်္ဂါဇက်
    မာကတ်တာတွေကိုတော့ မသတ်လိုက်ပါနဲ့ကွယ်
    သူတို့လည်း သူတို့အလုပ်သူတို့လုပ်တာလေ
    @ jullies cezer
    လူတွေထဲက သွေးစုပ်ဖုတ်ကောင်ရော မသိဘူးလားကွယ့်
    @ eipu
    ဦးမာဃ တွေ့တာတော့ ဂျမ်ဘိုက ခြင်ပိုလာသလိုပဲ
    @ သူကြီး
    စကားမစပ် မေးပါရစေ
    အမေရိကန်မှာ စာတတ်မြောက်မှုနှုန်းက ဘယ်လောက်လဲဟင်
    ပြီးတော့ မြန်မာနိုင်ငံကရော ဘယ်လောက်ရှိပါသလဲဗျ
    @ မိုက်ကယ်ဂျော်နီအောင်ပု
    အသက်က ကြီးနေပြီ ဒါမျိုးတွေ စိတ်ဝင်စားတုန်းပဲလား
    တင်ထားတဲ့ ပုံကိုလဲ အားနာပါဗျ

    • အင်္ဂ ါZ

      November 14, 2012 at 6:52 am

      အန်တီဝေါင်းမွှေတာ သိကြားမင်းလည်း မျက်စိလည် သွားတယ် ထင့် …
      ပြောပြပါ့မယ်ဗျို့ …
      တကယ်တော့ ကျုပ်က မာကတ္တာပါ … အဲ့ဒါကို သိတဲ့ ဒေါ်ဝေါင်းက
      ကျုပ်ကို ချွန်တွန်းလုပ်တာဗျို့ …အဲ့လာ ကျုပ်က ပြန်ရွဲ့ထားတာ…
      အဲ့ အဒေါ်ဂျီးက အဲ့လိုပဲဗျ .. ရုပ်တည်ကြီးနဲ့ ကြပ်တတ်တယ်…
      ဟိုပရပိုဒ်မှာ မှတ်လိုက် သိကြားမင်းရေ…

      ဟီဟိ

      :kwi:

      • Wow

        November 14, 2012 at 10:35 am

        သကြားမင်းကတော့ ညီးဘက်ကထောက်ခံနေဘီ….
        နတ်ပြည်အထိ မားကက်တင်းဆင်းထားတယ်ဟုတ်စ :kwi:

      • Mr. MarGa

        November 14, 2012 at 4:40 pm

        ကဲ ကဲ
        မျှမျှတတဖြစ်သွားအောင် နှစ်ယောက်လုံးကို မှတ်လိုက်ပြီ

Leave a Reply