***တောမှောက်ခံရခြင်း***

maung khinminNovember 11, 20121min1455
  • တောမှောက်ခံရခြင်း:-) 🙂 🙂

    လနှစ်ချောင်းငင် များ
    နေ ့မအား ညမနား တောလိုက်ကြ
    ကားစီးလိုက် သူလိုက်
    ဖိနပ်ပေါက်ဖာရင်း လိုက်သူလိုက်
    တိရိစ္ဆာန်တွေ နောက်ကိုလေ
    ခြင်္သေ့ တွေ ဆင်တွေနောက်ကိုပေါ့ ။

    လနှစ်ချောင်းငင် များ
    အတ္တချောင်းချောင်းထွက် ကတုံးထိပ်ကွက်သူကွက်
    ပစ္စုပ္ပန်ကို ပေါင်းတင်ဖို ့
    တောလည်ကစားကြတဲ့ လောကဓံတောအုပ်
    စိတ်ရှုပ်စရာပါ   အမေ။

    ဖိုမကိစ္စရဲ့ ရလာဒ်အောက်
    အသက်ရှူမယ့် အပေါက်တွေ တိုးတိုးလာနေ
    အဲ့ဒိ အတွက် ဆင်တွေလိုတယ်
    အဲ့ဒိ အတွက် တောထဲထွက်ခဲ့တယ်
    အဲ့ဒိ မှာ မတရားမှုနဲ ့ ဆင်ဖမ်းကြ
    အဲ့ဒိမှာ မှောင်ခိုဆင် ခြင်္သေ့တွေ ရဲ့ ဈေးကွက်
    အဲ့ဒိမှာ လနှစ်ချောင်းငင် မလေးတွေရဲ့ အိပ်မက်
    အဲ့ဒိမှာ တိရိစ္ဆာန်အောက လနှစ်ချောင်းငင်
    တစ်ကယ်တော့ ကျွန်တော်တို ့တွေ
    တောမှောက်တာကို ။
    တစ်ကယ်ထင်နေခဲ့ကြ တာများလား။

  • မောင်ခင်မင်(ကျွန်းချောင်း)
  • ၁ဝး၁၁း၂၀၁၂

5 comments

  • လုံမလေးမွန်မွန်

    November 11, 2012 at 2:13 pm

    တောမှောက်တယ်တဲ့လား..
    နေပါစေ..
    ဆင်တွေခြင်္သေ့တွေနောက်
    မလိုက်ချင်တော့ပါဘူး….
    ဖြစ်နိုင်ရင်တော့
    ိဟိုခေါင်းကြီးကြီးလူကြီးနဲ့ တွေ့ချင်သား… 🙂

  • •*¨နန်းတော်ရာသူ •*¨

    November 11, 2012 at 3:51 pm

    အားပေးသွားပါတယ်ရှင်

  • မောင်ပေ

    November 11, 2012 at 9:54 pm

    တောမှောက်
    စောရောက်
    ဘောပျောက်(ယောက်ျားလျှာ)
    ကျောပေါက်
    လောဖောက်
    နှောကြောက်
    ထောမြောက်

  • jullies cezer

    November 12, 2012 at 2:45 pm

    မှန်လိုက်တာဗျာ ဆင်တွေ ခြသေ့င်္တွေတင်ဘယ်ကမလဲ ဒေါ်လှနောက်လဲ
    လိုက်သေးတယ် ……..

  • Shwe Ei

    November 12, 2012 at 4:05 pm

    မြို့ပြလို့ပြောလဲ ဘဲ အမှန်တကယ်တမ်းတော့ တောနက်ကြီးတခုလိုပါဘဲ :mrgreen:

Leave a Reply