ဆြာအုပ် နှင့် ဂန္ဓာရီခရီးမှ ဓာတ်သေများ (၈)

ပဲခူး သွားတုန်းကပုံတွေပါ.. ပဲခူးမှာ လည်စရာတွေကတော့ အများကြီးပါပဲ.. ထင်ရှားတဲ့ (ကျွှန်တော်သိတဲ့)  နေရာတွေကတော့ ကျိုက်ပွန်လေးမျက်နှာဘုရားကြီး၊ ရွှေဆံတော်၊ ရွှေသာလျောင်း၊ မြသာလျောင်း၊ စိန်သာလျောင်း၊တရုတ်ဘုံကျောင်း၊ ကိုးသိန်းကိုးသန်း အဲနောက်တော့ ကမ္ဘောဇသာဒီ နန်းတော် စတာတွေ ဖြစ်ပါတယ်..  အဲဒီလောက်အများကြီးရှိတာကို ပြချင်လို့ လိုက်ရှာတဲ့ အခါမှ နေရာစုံကို သေသေ ချာချာ ရိုက်ထားတာ မရှိဘူးဖြစ်နေတယ်ဗျာ.. သွားတော့သွားတာပဲ. ရိုက်လဲရိုက်တာပဲ.. ဒါပေမယ့် ဒေါင့်စုံက ရိုက်ထားတာမရှိဘူး.. ဘုရားနာမည် တွေတောင် သေသေချာချာ မသိလို့ပြန်မေးရတယ်..

နောက် အခါတွေဆိုရင်တော့ သေသေချာချာ ရိုက်လာပေးပါမယ်ဗျာ..

ကျိုက်ပွန် လေးမျက်နှာဘုရားကြီး
ကျိုက်ပွန်
ကျိုက်ပွန်
ရွှေဆံတော်
ရွှေဆံတော်
မြသာလျောင်း

သူတို့လေးတွေအတွက် မုန့်ဆိုတာ..

ပျိုပျိုတို့ အကြိုက် ဂွေးသီး 😛

16 comments

  • မောင်ပေ

    November 17, 2012 at 12:17 pm

    ကျွဲသုံးကောင် အနောက်ကို ပြေးလိုက်နေတဲ့ ပုံ ရယ်
    နွားကို ခမောက်နဲ ့ရေခပ်လောင်းနေတဲ့ ပုံရယ် အရမ်းကြိုက်တယ် ဆြာအုပ်

  • ကြာပွင့်ပုံလေးရယ် ..
    ကျွဲသုံးကောင်နဲ့ ပြေးနေတဲ့ ပုံလေးရယ် ..
    လန်တယ်ဗျာ .. ကြိုက်တယ် .. ခိုက်တယ် ..

    အဲ .. ဒါပေမယ့် ..
    ဟို ကျွဲတွေနောက်က လိုက်နေတဲ့ လူရဲ့ ခြေထောက် တစ်ဖက်က
    ပျောက်နေသလားပဲဗျ ..
    အနော် ရှာကျည့်ဒါဒေါ့ တွေ့မိဘူးရယ် …

    • ဂန္ဓာရီ ဆြာအုပ်

      November 17, 2012 at 2:13 pm

      ဟုတ်ပ.. ခုမှပဲ တွေ့တော့တယ်.. ကိုကိုအံတို့ အမြင်စူးရှပုံများ..

  • Tun Tun Naing

    November 17, 2012 at 1:54 pm

    ကြိုက်တယ်ဗျာ…ကြိုက်တယ်…
    ဘယ်လိုပြောရမလဲ…
    ဖောက်ခနဲ ..ဖောက်ခနဲ…ပဲ..
    ဝတ်မှုန်ရွှေရည်လိုပဲ ဘယ်လိုပြောရမလဲ….

  • လုံမလေးမွန်မွန်

    November 17, 2012 at 3:13 pm

    ပုံတွေအကုန်လုံးကို ကြိုက်တယ်…
    အောက်ဆုံးကပုံကို ကြည့်ပြီးတော့ ရှလွတ်လို့တောင် ဖြစ်သွားတယ်…
    တစ်ဗန်းလုံးကုန်အောင်စားဖို့ ရွာသူတွေကို စုလိုက်ဦးမယ်… 🙂

  • စိန်ဗိုက်ဗိုက်

    November 17, 2012 at 3:28 pm

    ဟဲတော့..
    ဂွေးသီးတွေ များကြီးပဲ
    ပျော့်စရာကြီး..အဲ..ပျော်ဇရာကြီး..

    • myanmarcitizen

      November 17, 2012 at 4:24 pm

      ကိုဗိုက်ကဂွေးသီးကြိုက်တယ်လား

  • myanmarcitizen

    November 17, 2012 at 4:22 pm

    ခမောက်လေးနဲ့ နွားကိုရေလောင်းပေးတဲ့ပုံလေးကြိုက်တယ်။

  • pazflor

    November 17, 2012 at 7:31 pm

    ပုံတွေလှသလို မြန်မာပြည်သူတွေရဲ ့ဘဝတစ်စိတ်တစ်ပိုင်းကိုလှစ်ပြနေသလိုပါဘဲ။

    • ဂန္ဓာရီ ဆြာအုပ်

      November 19, 2012 at 12:29 pm

      ကိုပေါက် ရေ ခက်ပါဘူးဗျာ. SLR တစ်လုံးလောက်သာဝယ်လိုက် .. ဟီဟိ
      အနော်လဲ ကိုပေါက်လိုဘက်ပေါင်းစုံက အသေးစိတ် ရိုက်ပြတတ်ချင်တယ်ဗျို့..

  • blackchaw

    November 18, 2012 at 8:31 am

    ပုံလေးတွေ ကို တော်တော်သဘောကျပါတယ် ဆရာအုပ်ရေ…။
    အားကျသွားပါတယ်ဗျာ…။

  • Foreign Resident

    November 18, 2012 at 11:49 am

    ” ပျိုပျိုတို့ အကြိုက် ဂွေးသီး ” တဲ့ ။
    နာမည်ပေးပုံက တညိုးကြီးပဲ ။ 😛

  • တောတွင်းပျော်

    November 18, 2012 at 1:26 pm

    ရိုးရာဓလေ ့ ကျွဲနွားတွေပါတဲ ့ပုံ လျှပ်တစ်ပြက်ရိုက်ထားတာတွေကို
    အရမ်းသဘောကျတယ်။
    မြန်မာပြည်ကြီးတိုးတက်ပြောင်းလဲလာရင် လယ်ယာလုပ်ငန်းက ကျွှဲ၊နွားတွေရဲ ့အခန်း
    တဖြည်းဖြည်း ပျောက်ကွယ်သွားမလားပဲ။
    ဒီလိုပုံမျိုး များများ မှတ်တမ်းထားပေးပါ ဆရာအုပ်…

  • pooch

    November 18, 2012 at 3:55 pm

    အသီးတွေက ဆေးစိမ်ထားသလိုပဲ အရောင်တွေက ရင့်နေလို့ ။

    ဒါမှမဟုတ် ကာလာများ ချိန်ထားလို့လား မသိဘူး။ နွားရေသောက်တဲ့ပုံရယ် ကျွဲတွေ ပြေးနေတဲ့ ပုံရယ် ကြိုက်တယ်။

    • ဂန္ဓာရီ ဆြာအုပ်

      November 19, 2012 at 12:17 pm

      မပုရေ.. အဲဒီအရောင်ပဲဗျ.. ရွှေမော်ဓော ဘုရားပေါ်မှာ ရောင်းနေတာပါ.

Leave a Reply