ကြယ်ကြွေကောက်ရသူများ

koyin sithuNovember 11, 20121min23827

၁။
ကျနော် တစ်ယောက်ထဲ ရပ်နေတဲ့ သင်္ဘောဦးခန်း ထဲ ကို ….သူကြီးက စိတ်မကောင်းတဲ့မျက်နှာနဲ့ ဝင်လာပါသည်။
သူက ခပ်တိုတိုဘဲပြောသည် ….
ကုမဏီ က ဖုန်း လာတယ် …..မင်းအိမ်ကို အမြန်ဆက် သွယ်ပါ…တဲ့….
ဖုန်းခ အတွက် မပူပါနဲ့ လို့လဲ ပြောလေသည်…….အဲဒီထဲက ကျနော် က သိနေပါတယ်…
ရေဒီယိုခန်း ထဲ ဝင် …ပြီး SAT…A ကဖုန်း နံပါတ်တွေ ကို ကတုန် ကရီ နဲ့ နှိပ် လိုက်သည်..
ဖုန်း ဝင် သည်..ကျနော့် အသံ ကြားသည် နှင့် အမက ငိုသည်….အမေက ညင်သာစွာဆို သည်
အဖေဆုံးပြီ…..
ဒီလိုနဲ့ နောက် ဆိပ်ကမ်း ရောက် ရန် ၁၄ ရက် လို သေးသဖြင့် ကျနော် အိမ်မပြန် ခဲ့ ပါ ..
သို့သော် ကြယ်တွေ ကြည့် ကာ အော် ငို ခဲ့ ရသည်ကတော့ …နှစ်ပေါင်းများစွာ…ဒဏ်ရာဖြစ်ခဲ့လေသည်။

၂။
တစ်မြို့ လုံး သတင်းထူး ကြားပြီးသားဖြစ်သည်။
သို့သော် ကာယကံ ရှင် မိသားစု ကတော့ မသိပါ…..သတင်း မှာ သတင်းဆိုး
တပ်မမှူး တိုက်ပွဲတွင် ကျဆုံး ခဲ့လေသည်….အကြောင်းကြားမည့် စစ်ယဉ်တန်း ကြီး ငြိမ်သက်စွာ စီတန်း လို့တပ် တွင်း မှ သူ့နေအိမ်သို့လာနေသောမြင်ကွင်းသည် တစ်မြို့ လုံး ကို ရင်ကွဲနာကျစေသည်….
ထိုအကြောင်း ကို …တပ်မမှူး ၏သား ဖြစ်သူ သင်္ဘောသားလေး ခင်ဗျာ….လပေါင်းများစွာ ကြာလေ မှ စကားဝိုင်းတစ်ခုတွင် …ပဲခူးသားတစ်ဦးက ပြန်ပြောရာမှ …သူ့ အဖေ ဆုံးတာသိရလေသည်။

သင်္ဘောသားအလုပ်ဆိုသည်မှာ….

၃။
မောင်ရေ အမြန်လာခေါ်ပါတဲ့ …အိမ်က …သင်္ဘောသားနဲ့ သဘော မတူဘူးတဲ့ အတင်းစီစဉ်နေတယ်ဆိုတဲ့ အကြောင်းကြားစာလေးကို
ကျနော့် မိတ်ဆွေ လက် ထဲ ရောက် လာချိန် မှာ စာက ၂ လခန့် ကြာ နေလေပြီ…
နောက်တော့ လွန် ခဲ့ တဲ့ လ ကတည်းက မင်္ဂလာဆောင်လေး ကျင်းပ ခဲ့ပြီးကြောင်း သိရသော် သူဖြေ မဆည် နိုင်..
ဆေးကုရာနတ္တိ ပင်…ကျနော် အား ပြောပြနေစဉ် ….သူမည်မျှ ကျေကွဲ နေသည်ကို ကျနော် နားလည်နိုင်ပါသည်။

Ending
ကျနော် တို့ သည် မိမိ ဘဝ က ပေးသော အသိ အကြောင်းတရား အပြု မှု ကံ အကျိုး တို့ကြောင့်
ရောက်ရာနေရာတွင် ရ ရာ အလုပ် လုပ်ရင်းမျှော့် လင့် ရှင်သန်နေသူများသာဖြစ်ပါသည်….

ဒါဟာလည်း အားမာန်လား…

ပင်လယ်ကြီးထဲ မှာ …
သန်းခေါင်ယံညတွေ မှာ ကြယ်တွေ ကြွေ တာ
တစ်သီ တစ်သန်း ကြည့်ရင်း
ကြယ်ကြွေ လိုက်ကောက်သူများ ပမာ …..လမ်းပျောက်ကြရသည်က များပါသည်…

အခြောက်တိုက် ကျနော် တို့ အား အထင်မြင် သေးတတ်သူများကို
ကျနော်ကတော့ ….အဖက်လုပ်ပြီး မရှင်းချင်တော့ပါ…

ခံစားရသမျှ ကို သီချင်းတစ်ပုဒ် အဖြစ် နှလုံးသားဖြင့် ရေးမိဘူးပါသည်…..ဆို ချင် သူများဆိုနိုင်ပါသည်။

( ABBA ရဲ့ The winner take it all ကော်ပီစာသားလေး ပေးဆပ် လိုက် ပါသည်)

ကိုရင်လက်ရှိချစ်သူနှင့်အတူ.. ။ 😳

ကြယ်ကြွေကောက်ခဲ.သူ
———————–
တိမ်ပြာတွေအောက်မှာ၊အကြင်နာလက်ခြင်းယှက်ကာ
ပြောတဲ.စကားတွေရယ်၊နုတ်ဆက်အနမ်းတွေနဲ.
နေရောင်ခြည်ကလေးသဖွယ်၊အမှောင်ကိုဖယ်ခွင်းမဲ.သူ
ဘဝရဲ.အလင်းရောင်လေး..
(ခုတော့ )……….တမ်းတရင်းနဲ.ဝေး

ပင်လယ်ကြီးခြားနေတယ်၊ပြန်လာဘို.ခက်နေတယ်
ရင်ခွင်ထဲအချစ်တွေလည်း၊အရောက်မပို.နိင်သူအဖို.

ဘယ်လိုဖြေသိမ်.စရာ၊ ရှာသော်လေမတွေ.ခဲ့ပါ
အသဲမကွဲဘူးသူလဲ၊အစိတ်စိတ်ခွဲသလိုဘဲ
ရင်နာစရာအလွမ်းကို၊အချိန်တွေအကြာကြီးပေးကာ
ထားခဲ.ရက်သူလို့…စွဲချက်များသူဆို.

အနိုင်ယူပြေးအဝေးကိုကွယ်..ကြယ်တံခွန်လေးချစ်သူရယ်
ကြယ်ကြွေခိုက်အိမ်မက်..ဦး၊ ပျောက်ပြက်လေပြီ………ရူး

တစ်ကြိမ်သာချစ်ခြင်းတရားကို၊နာကြင်စွာအဆုံးသတ်ချိန်
အဆုံးမဲ.ကောင်းကင်ခရီး၊အရှုံးနဲ.လွင့်နေပြီး
လေဟာနယ်တစ်ခုမှာ၊ကာရန်မဲ.နှလုံးသားလို
သွေးပျက်သည်းခြေမဲ.၊ ဆွေးအက်ကွဲကြေခဲ.

()
ပြန်စုံနိင်ခွင့်ကို၊ထာဝစဉ်သာဆုံးရှူံးသူ
တစ်ယောက်ရဲ.အဖြစ်ကိုလေ၊ပြန်မပြောရက်တော.ပြီ…မေ
ညင်သာစွာခွင့်လွှတ်မယ်၊စုံလာချိန်လေးခဏဝယ်
အရှုံးနဲ.ပြုံးပေမဲ.၊နှလုံးသွေးရပ်စေခဲ.

အချစ်ဆုံးလေး….
(အနိုင်ယူပြေးအဝေးကိုလေကြယ်တံခွန်လေးချစ်သူ ရေ)
(ကိုယ်ဟာ…)
ကြယ်ကြွေကောက်ခဲ.သူလေး
ကြယ်ကြွေကောက်ခဲ.သူလေး

ရာစု From : Myanmar Seafarers group

27 comments

  • nozomi

    November 11, 2012 at 7:58 pm

    ကိုရင် တို့ကို အထင်သေးတဲ့ သူ ဘယ်သူတွေ ဆိုတာ မသိပေမဲ့
    အထင်ကြီး တဲ့ သူတွေထဲမှာ ကျွန်တော်ပါတယ် ဗျ
    သင်္ဘောသား ဆိုတာ လူတိုင်းလုပ်နိုင်တာ မဟုတ်ဘူး
    စိတ်ဓာတ်မာ မှ ၊ အခက်အခဲ ကို ရင်ဆိုင်ရဲ တဲ့ သတ္တိရှိမှ လုပ်နိုင်တဲ့ ဘဝ

    နောက် လေးစားဘို့ ကောင်းတာက သင်္ဘောသား အများစု ဘဝ က ဖယောင်းတိုင်လိုပဲ
    သူ များတွေ အလင်းရောင် ရဘို့ ကိုယ်က တမြေ့မြေ့ အလောင်ခံရတာ
    ကိုယ့်မိသားစုဝင် တွေ ကောင်းစားဘို့ ကိုယ်က မိသားစုနဲ့ ခွဲပြီး ကမ်း မမြင် လမ်းမမြင်နေရတာ

    ဖြစ်နိုင်ရင်တော့ လက်ရှိချစ်သူ ဆိုတာကို ဖြတ်လိုက်စေချင်တယ်….
    ပို့စ် ထဲက လက်ရှိချစ်သူနော်
    အပြင်က လက်ရှိချစ်သူ မဟုတ်ဘူး

    • ကိုရင်စည်သူ

      November 12, 2012 at 2:34 pm

      ဦးနို — ပထမဆုံးကွန့်မန့်နဲ့ အတူ လေးလေးနက်နက်အားပေးချီးမြင့်လို့ ကျေးဇူးပါခင်ဗျာ။ လက်ရှိချစ်သူတော့
      ဖြတ်ဖို့ထက် လျော့ဖို့ကြိုးစားနေရတာပါပဲဗျာ.. 😳
      မဆွိ — ဘယ်နေရာမှဆို အကောင်းနဲ့အဆို ဓမ္မနဲ့ အဓမ္မခွဲခြား မြင်တတ်ပုံထောက်ရင်တော့ မဆွိ ရဲစား က
      အူးစည်လို ရုပ်ချောသဘောကောင်းနေမှာပဲ.. ဟီးး (ဘာမှလဲမဆိုင်ဘူးနော့..) :gee:
      ဆြာပေ – ခရီးထွက်သွားတယ်လည်းကြားတရ်။ ဘောပွဲတွေ မှန်းတိုင်းအောင်နေတယ်လည်းကြားတရ်ဆိုတော့..
      ဂန်ဒါရီများထွက်ပြီး ကျင့်နေပီလားတောင် ထင်ရတယ်နော့.. 😛
      လေးပေါက် – အရင်ကတော့ သင်္ဘောသားအလုပ်က မျက်နှာပွင့်ခဲ့ပေမယ့် ခုလက်ရှိအခြေအနေတော့…
      တင်းကျပ်လာသော နိုင်ငံတကာစည်းကမ်း၊ ဘီစိတ်ကျလာသော ကုမ်ပဏီများကြောင့် မျက်နှာမပွင့်တပွင့်ဖြစ်နေရတာပေါ့ဗျာ.. 😳
      အန်တီအေး – တရားမွေ့လျော်တရားနဲ့ပျော်နေလို့။ အန်တီအတွက်တော့ ဖြစ်ပျက်ရူ့တာကတော့ ပါးပါးလေးပေါ့နော်..။ 🙂
      အူးကြောင် – စန်ဒီလေးမွှေလိုက်လို့ အဗေတာက ပုံတောင် နည်းနည်းပိန်သွားလားလို့… ဘာလာလာ ငြင်းတတ်တဲ့ ကြောင်ကြီးရဲ့
      ခေါင်းခါနေတဲ့ ပုံလေးကို ပိုသဘောကျမိသလားလို့ဗျာ.. :mrgreen:

      • အင်္ဂ ါZ

        November 12, 2012 at 2:41 pm

        နေဇရိတ် စားစရိတ်မကုန်
        သုံးစရာ ဖြုန်းစရာ မရှိ
        သပိတ်ဝင်အိတ်ဝင်ရတဲ့
        သင်္ဘောသီးကပဲ ဈေးကျရတယ်ရှိသေး…

        ကျုပ်တို့များဆို ..ဂျိမ်းစဘွန်းလိုဝတ်ပီး
        အဆင့်မြင့်မြင့်ငတ်နေတာ လူမသိတာလိုက်လို့…
        ဟွန့် …အသားလိုလို့ အရိုးတောင်းပိုစ့်ကြီး…

        ပုံ
        စားခါနီးသောက်ခါနီး
        သင်္ဘောသီး ဖြတ်ခုတ်တာ ခံရလွန်းလို့ ချဉ်နေတဲ့
        မိဂီ

        • ကိုရင်စည်သူ

          November 12, 2012 at 3:07 pm

          ဟေ့လူကီး အင်္ဂါဇွိ.. ဂျိမ်းစဘွန်းလိုဝတ်ပြီး
          ဟိုချောင်းစပ်ထိုင်ဒီချောင်းစပ်ထိုင်ပီး..
          ကျုပ်ဇွိလေး မြူဆွယ်သွားတာ.. ကျေနပ်ဖူးးးး 😛
          ရှင်ကြီးတို့သာ ငတ်ချင်တဲ့နေရာတွေသာ ငတ်နေတာ
          မငတ်တဲ့နေရာတွေကျ ငတ်ဖူးနော့.. အဟွီးး :mrgreen:
          ဒီမှာက အကုန်ငတ်ဒါဗျာ..
          ဒို့လည်း အိုင်တီဂျိမ်းစဘွန်းသမားကြီးတွေ ဖြတ်ခုတ်လွန်းလို့
          ချွဉ်နေဒါ… ချွဉ်ချွဉ်နဲ့ ပျော့တဲ့မျက်နှာကြီးနဲ့ ပေးစားလိုက်မယ်.. 😀 😀

  • Khaing Zar Win

    November 11, 2012 at 8:10 pm

    သူများကို အခြောက်တိုက်အထင်သေးတတ်တဲ့ သူမျိုးတော့ ရှင်းမနေပါနဲ့တော့ ကိုရင်စည်ရယ်။ ဦးလေးတွေပြောတာ နားထောင်ဘူးလို့ သင်္ဘောသားပုံပြင်တွေလည်း အများကြီးကြားဖူးပါရဲ့။
    ဘယ်နေရာ မဆို အကောင်းနဲ့အဆိုးတွဲနေတာ မြင်တတ်ရင် ပိုကောင်းတာပါ့။
    Cheer Up! 🙂

  • မောင်ပေ

    November 11, 2012 at 9:02 pm

    ကြယ်ကြွေကောက်
    ဆည်ရေသောက်
    ဖယ်စေပျောက်
    ဝယ်ငွေရောက်
    ဘယ်တွေလျှောက်
    မယ်လေဂေါက်
    ***
    ကင်ရို ရေ အေးပါးသွားတယ်နော

  • သင်္ဘောသားအလုပ်ဆိုတာ ပင်ပန်းခက်ခဲ့တဲ့အလုပ်
    အရင်ကတော့ အလွန်မျက်နှာပွင့်ခဲ့အလုပ်
    အခုလဲပွင့်ဆဲပါဘဲနော်

  • aye.kk

    November 12, 2012 at 5:57 am

    ကြယ်ကြွေတာမြင်ရင်
    ကံမကောင်းဘူးလို ့သိထားတာ။
    ဒီတစ်ခါကြယ်တွေကြွေရင်မကြည့်ပဲနေနော်။(စတာနော်)

    အန်တီအေး

  • ဦးကြောင်ကြီး

    November 12, 2012 at 6:19 am

    ကြယ်ကြွေကောက်
    မယ်ရွှေပိတောက်
    သူငယ်လေထောက်
    အယ်မြွေဟောက်..။

  • blackchaw

    November 12, 2012 at 9:12 am

    အားပေးသွားပါတယ် ကိုရင်ရေ…။
    ရန်ကုန်မြို့နေ ရွာသူားများက အထူးတလည်သတိတရရှိနေကြတယ်ဆိုတာလေး
    လွမ်းစာပါးလိုက်ပါတယ်ဗျာ…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။
    :mrgreen:

    • ကိုရင်စည်သူ

      November 12, 2012 at 2:43 pm

      ဘဘဘလက်ရေ.. ချီးမြင့်သွားလို့ သတိရတာရော..
      ရွာမှာတုန်းက ဘဘတိုက်တဲ့ ဘလက်ကိုပါ လွမ်းသွားပါတယ်။ 😳
      စာရေးအားကျသွားလို့ လေးဘလက် အလုပ်များနေတယ်လို့
      တွေးမိပါတယ်။ နောက်ကျသားလေးဘလက်
      ဆန္ဒနဲ့ ဘဝတစ်ထပ်တည်းကျပါစေဗျာ။ ။

  • MaMa

    November 12, 2012 at 9:57 am

    သဘောင်္သားတွေရဲ့ ဘဝကို သဘောင်္သားတစ်ယောက်က ရေးဖွဲ့လို့ထင်တယ်။
    ပီပြင်တယ်။ ထိရောက်တယ်။
    မိသားစုနဲ့ ဝေး၊ အိမ်နဲ့ဝေးနေရတဲ့ သဘောင်္သီးကိုရင်လေးလည်း…….
    ကျိတ်ကျိတ်ပြီးတောင်းတဲ့ဆုတွေနဲ့ အမြန်ဆုံး ပြည့်ပါစေ။ (cr to inz@ghi)
    မိတ်ဆွေကောင်းတို့ရဲ့ ဝတ္တရားအရ ကိုမှိုပြောသလို ပြောရအုံးမယ်။
    လက်ရှိချစ်သူက အစွယ်ပါတယ်နော်။
    :buu:

  • thit min

    November 12, 2012 at 10:50 am

    အမှန်ကတော့
    ၁။ သမာအာဇီဝအလုပ်ပါ။
    **အဲဒီလိုသမာအာဇီဝမဖြစ်တာတွေအများကြီးနော် သည်လိုခေတ်မှာ။

    ၂။ (ဘယ်လောက်ဘဲ ကာကွယ်မှုတွေရှိပေမဲ့ )အသက်ဘေးနဲ့ နီးပါသေးတယ်။
    **တွေးကြောက်တတ်ရင် သန်လျှင်ရေလည်ဘုရားတောင် ကြောက်စရာနော်။

    ၃။ တနေရာရာမှာ ပိတ်လှောင်ခံထားရတာမျိုးမဟုတ်ပေမဲ့ ဒီရေပြင်ဒီသင်းဘောပေါ်မှာဘဲ
    ဘယ်ကိုမှ (သဘာဝကိုက)မသွားနိုင်ပါဘူး။
    **စိတ်ကောလူပါ ကျဉ်းကျုတ်ရတဲ့ အထဲ အလုပ်လုပ်ရသေးတာ။

    ၄။သံယောဇဉ်ရှိသူတွေနဲ့ ခွဲနေရထဲ့ အထဲ စိတ်သွားတိုင်း ကိုယ်ပါ ထ သွားလို့မရပါဘူး
    (ခု ဒီပို့စ်လေးက ဒါကိုပြောပြထားပါတယ်)
    **ဖြစ်ဘူးမှာပါ။ငယ်ငယ်ကအိမ်ကလူကြီးတွေက မထွက်ရဘူးလို့ ဆိုရင် စိတ်ဘယ်လောက်ညစ်လဲ။
    ခုဟာက ဘဝတခုလုံးနဲ့ဆိုင်တဲ့ဟာတွေကို သဘာဝအရကို မသွားနိုင်တာ။
    စိတ်ထဲ ဘယ်လောက်ခံရခက်မလဲ ဆိုတာ။

    ၅။ လူပေါင်းစုံ “အတူနေကြရတာ” ဆိုတော့ ရန်ရှောင်ရတာမျိုး အပါအဝင် “သတိ”ထားစရာတွေ
    အများကြီးပါ။
    ** အဲဒါ ရမ်းပြောတာမဟုတ်ဘူးနော်။ လက်တွေ့တွေရှိတယ်။
    စားသတိ။သွားသတိ။နေသတိ။ဆိုတာအဲဒီမှာ တကယ် ဖြစ်တာ။

    အမြင်မကျယ်တဲ့ သူတွေရဲ့ (ခုလို) သင်းဘောသား ဆိုရင်ဘဲ “အားလုံး” မကောင်းသလို ထင်မြင်
    ပြောဆိုနေပေမဲ့ ကုန်းပေါ်ကသူတွေကရော????? ဆိုတဲ့ မေးခွန်းကိုမေးကြည့်လိုက်စမ်းပါ။

    လူကောင်း လူဆိုး ဆိုတာ ကုန်းပေါ်၊ရေထဲ ဘယ်နေရာမှာမဆိုရှိနေတာမဟုတ်လား။
    ဒါနဲ့ များ။
    (သင်းဘောတော့ မဟုတ်ဘူး ၂ ည ၃ ည အိပ် စက်လှေ အခေါက်ခေါက်ခါခါ စီးဘူးတယ်။
    အဲဒီ မှာတင် သင်းဘောသားအလုပ်လုပ်တဲ့သူတွေကို လေးစားသွားတယ်)

    စိတ်ထဲ မထားပါနဲ့ ကိုရင်လေးရယ်။
    စကားဆိုတာ သူ့အဆင့်နဲ့ သူပြောတာမဟုတ်လား။
    လေတိုက်တိုင်းလွင့်တယ် ဆိုတာ သစ်ရွက်လို ခပ်ပေါ့ပေါ့ အရာဘဲဖြစ်မှာပေါ့။

    ကိုယ့်ဘဝကိုယ် အလေးအနက် ထားစမ်းပါ ကိုယ့်လူရာ။

    ~~~~~~~~~~~
    ခင်မင်စွာဖြင့်

    • ကိုရင်စည်သူ

      November 12, 2012 at 2:50 pm

      ဆရာသစ်ခင်ဗျာ.. ဒီလိုလေးလေးနက်နက်နဲ့ ခွဲခြမ်းစိတ်ဖြာပြီး
      အရှိကိုအရှိအတိုင်း အမြင်ချပြသွားလို့ ကိုရင် ပြောပြချင်တဲ့ ဘဝထက်တောင်
      ချက်ကျလက်ကျရှိလှပါတယ်။
      (ဒါကြောင့်လဲ ရွာမှာ ဆရာသစ်မင်း၊ဆရာသစ်နဲ့ ရွာကဝိပညာရှိဖြစ်နေတာ)
      ဖြစ်ချင်တဲ့ ရည်မှန်းချက်တစ်ခု ရှိနေလို့ ဘဝကို အလေးအနက်ထားပြီး
      ကိုယ့်ကိုယ်ကို လေးစားသောအားဖြင့် ဆက်လျှောက်နေပါတယ်ခင်ဗျာ။

      မိသားစုနဲ့တကွပျော်ရွှင်ချမ်းမြေ့ပါစေ.. ဆရာသစ်ခင်ဗျာ..

  • Shwe Ei

    November 12, 2012 at 11:11 am

    ကိုရင်ရေ ကြယ်ကြွေတာမြင်ရင်လေ ဆုတောင်းကြည့်ပါလား။
    ပြည့်တတ်တယ်ဆိုလို့။ ဂယ်ပြည့်သွားရင် လက်တို့အုံးနော် 😉

  • candle .

    November 12, 2012 at 11:36 am

    ကြယ်ကြွေကောက်ခဲ့ရတဲ့ ဦးစည် ..
    ထားခဲ့တဲ့ချစ်သူထက် လက်ရှိချစ်သူလေးက ပိုဒုက္ခပေးနိုင်တာလေး မမေ့နဲ ့နော်..
    နောင်တစ်ချိန်မှာ..
    ကြွေတဲ့ကြယ် မဟုတ်ဘဲ လင်းလက်နေတဲ့ကြယ်လေးကို ဆွတ်ခူးနိုင်ပါစေလို ့ ဆန္ဒပြုပါတယ်..
    ခင်မင်အားပေးလျှက်
    candle

  • kyeemite

    November 12, 2012 at 1:53 pm

    ကိုရင်စည် ရေ..သိပ်ဆွေးမနေပါနဲ့ဗျာ
    အချိန်တန်ရင် နပိန်ကန်ပါလိမ့်မယ်..နော :hee:

  • pooch

    November 12, 2012 at 3:14 pm

    ကြယ်ကြွေကောက်သူတွေဟာ တခါတရံမှာ နတ်သက်ကြွေလာတဲ့ နတ်သမီးလေးတွေနဲ့ လည်း တွေ့တတ်ပါတယ် ကရင်စည်ရယ် ။ ကိုယ်ဖြစ်ချင်တာတွေကလည်း တနေ့ တော့ ဖြစ်လာမှာပါ။ ကိုယ်ကြိုးစားနေသရွေ့ပေါ့။ အားမလျော့ပါနဲ့ ။

  • pazflor

    November 12, 2012 at 3:23 pm

    ဖတ်ပြီးသားလည်းဖြစ်ရင်ဖြစ်မှာပါ။ FB ပေါ်က ဆြာတစ်ယောက်ရေးထားတာ။ ကိုရင်အတွက်ပေါ့
    မူရင်း(http://www.facebook.com/notes/%E1%80%9C%E1%80%84%E1%80%B9%E1%80%B8%E1%80%9C%E1%80%BC%E1%80%94%E1%80%B9%E1%80%B8%E1%80%8A%E1%80%AD%E1%80%B3-at-ozzy-win/%E1%80%9E%E1%80%B1%E1%80%98%E1%80%AC%E1%81%A4%E1%80%9E%E1%80%AC%E1%80%B8%E1%80%9C%E1%80%8A%E1%80%B9%E1%80%B8-%E1%80%A1%E1%80%9E%E1%80%8A%E1%80%B9%E1%80%B8%E1%80%94%E1%80%B2%E1%82%94-%E1%80%95%E1%80%AB-%E1%81%81/490713620956997)

    သဘောင်္သားလည်း အသည်းနဲ့ ပါ…(၁)

    ဟိုတစ်နေ့က ပျင်းပျင်းရှိတာ နဲ့ မြန်မာကားတစ်ကားငှားကြည့်ဖြစ်ပါတယ်….. ကျွန်တော်က ရုပ်ရှင်အင်မတန်ကြိုက်ပါတယ်……. ရုပ်ရှင်များကြည့်ရမယ်ဆိုရင် ထမင်းမေ့ဟင်းမေ့ပါပဲ….. ဒါပေမယ့်မြန်မာကားတွေကိုတော့ အတော်ကြည့်ခဲပါတယ်…. ဘာလို့ လဲဆိုတာတော့ ပြောပြရင်တစ်နေကုန်သွားမှာမို့ မပြောတော့ပါဘူး …. ထားပါလေ… ရုပ်ရှင်ကြည့်ဖြစ်တယ်ပေါ့….

    ဘယ်ကားဘယ်နာမည်လည်းလည်းမမှတ်မိတော့ပါဘူးလေ…. ဒါပေမယ့်အဲဒီထဲက ဇာတ်ဝင်ခန်းလေး တစ်ခုကိုတော့ သတိထားမိလိုက်ပါတယ်….. ဒီလိုပဲ အဲဒီလိုဇာတ်ဝင်ခန်းတွေ သတိထားမိတာကြာပါပြီ…. အတော်ကလေးကြာပါပြီ… မကြာခဏဆိုသလိုပါပဲ….. ဇာတ်ဝင်ခန်းက …. မင်းသမီးကို မိဘက သဘောတူတဲ့လူနဲ့ လာမြန်းတဲ့ အခန်းပါ…. သဘောတူတဲ့ လူက သဘောင်္သား …. အဲဒီနေရာမှာ သရုပ်ဆောင်တာက … လူရွှင်တော်သရုပ်ဆောင်တစ်ယောက်ပါ…. ထမင်းစားပွဲမှာ မင်းသမီးကို ငမ်းရင်း.. ငါးပိရည်နဲ့ … ချဉ်ရည်ဟင်းမှားသောက်တဲ့ အကွက်… ဟာသ… တဲ့…. ကဲ ဘယ်မလဲဟာသ…. ကျွန်တော်စဉ်းစားကြည့်လို့ မရပါ….

    ကိုယ်က သဘောင်္သားမို့ … သဘောင်္သားများ ဘက်က နာတယ်ပဲဆိုကြပါ….. ဒါပေမယ့် … သဘောင်္သားတွေ ထဲမှာ အဲဒီလို ပေါချာချာ လုပ်တဲ့လူမျိုး …ကျွန်တော့ တစ်သက် တော့ တစ်ခါမှ မတွေ့ဖူးသေးတာပါ…..ကျွန်တော့ အဖေဟာ လည်း သဘောင်္သားပဲမို့ သူ့ သူငယ်ချင်းပေါင်းများစွာလည်း တွေ့ဖူးပါတယ်…. ဒါပေမယ့် …. အဲဒိလိုကိုမတွေ့ဖူးတာ ပါ…. ဒါရိုက်တာ ကို လည်း မေးကြည့်ချင်ပါတယ်… အဲဒီလို သဘောင်္သားမျိုး များတွေ့ခဲ့ရင် ဂုတ်ကဆွဲပြီးခေါ်လာပြစေချင်ပါတယ်. ဗျာ …….

    မြန်မာရုပ်ရှင်ကားတွေမှာ မိဘသဘောတူရင် သဘောင်္သားဖြစ်ရင်ဖြစ် မဖြစ်ရင် ဆရာဝန်ဖြစ် မဖြစ်ရင် နိုင်ငံခြားက စီးပွားရေးပညာရှင်ဖြစ်….. ဒီလိုလာပါတယ်…. ဒီအထဲမှာ ဆရာဝန်ကအသက်သာဆုံးပါပဲ … ဆရာဝန်ဆို လူရွှင်တော်မသုံးပါဘူး … ပေါချာချာ မလုပ်ပါဘူး ..နောက်ဆုံး ဆရာဝန်က မင်းသမီးကိုလက်လွှတ်အဆုံးရှုံးခံ …သဘောထားကြီးနောက်ဆုတ်ပေးလိုက်သူ ဇာတ်ရုပ်တွေသာများပါတယ်… အော်ကောင်းလေစွ….. နောက်တစ်မျိုးကတော့ … စီးပွားရေးလုပ်ငန်းရှင် နိုင်ငံခြားပြန်ပါ….. ဒါကတော့ တစ်ဝက်သက်သာ တစ်ဝက်မသက်သာပါပဲ…. သူ့နေရာကိုတော့ တစ်ခါတစ်လေ.. ခပ်ချောချာ မင်းသားငယ်များက သရုပ်ဆောင်ပြီး တစ်ခါတစ်လေတော့….. လူရွှင်တော်တွေက ပေါချာချာ သရုပ်ဆောင်တတ်ပါတယ်…..အဆိုးဆုံး ကတော့ သဘောင်္သားပါပဲ….. သဘောင်္သားဆိုကြိုက်တဲ့ ကားသွားကြည့်လူကြမ်းဖြစ်ရင်ဖြစ် … မဖြစ်ရင်လူရွှင်တော်ဖြစ်….. သရုပ်ဆောင်ထားတဲ့ပုံကလည်း ကြာကူလီဖြစ်ရင်ဖြစ်… တဏှာရူးဖြစ်ရင်ဖြစ်… မဖြစ်ရင် ငပေါဖြစ်….. ဒါမျိုးချည်းပါပဲ….

    ဒီလို ဇာတ်ဝင်ခန်းမျိုးက ခုမှတွေ့ရတာ မဟုတ်ပါဘူး … မြန်မာ ကားအတော်များများ မှာဗီလိန်ဆိုတာနဲ့ သဘောင်္သားဖြစ်….. မိဘက သဘောတူတဲ့ ငပေါဆိုတာနဲ့ သဘောင်္သားဖြစ်….. မင်းသားဆိုလို့ ရှားရှားပါးပါး .. တစ်ကားလားပဲတွေ့ဖူးပါတယ်… ဒါတောင်အဲဒီကားမှာ မင်းသားက လူရှုပ်လူပွေတဲ ့ ကဲကောင်းရော…. ကျွန်တော်မြန်မာကားအကြည့်နည်းနေလို့ များလား…. မဟုတ်ပါဘူး.. ကြည့်နေကျလူတွေသွားမေးလည်း အဲဒီအတိုင်းပါပဲတဲ့ ….ကျွန်တော်တို့ သဘောင်္သားများ တစ်နိုင်ငံလုံးမှာ သောင်းချီရှိနေတာ … မင်းသားနေရာလေးများ မပေးနိုင်ကြဘူးလားလို့ တောင်တွေးမိပါတယ်….

    ဒီတော့ သဘောသားဆိုတာ လူရှုပ်… လူပွေ… ခပ်ပေါပေါ .. ခပ်ချာချာ .. ကြောင်တောင်တောင်…. ဘိုလို မပီကလာ ပီကလာတွေလျှောက်မှုတ်နေတဲ့ လူလို့ … ရုပ်ရှင်သမိုင်းတစ်လျှောက်မှာ … အသက်သွင်းလာခဲ့ပါတယ်…. ဒီကြားထဲ … AIDS ကို သဘောင်္သားတွေ သယ်လာပါတယ်လို့ လည်း ပြောကြပြန်ပါတယ်…….ဒါဟာ ဟုတ်သလား မဟုတ်သလားတော့မသိပါဘူး .. အဲဒီလှိုင်းကတော့ အခုထိရိုက်ခတ်နေတုန်းပါပဲ….. တခါတလေ .. ဒီပေါ်မှာ ချာတိတ်မတွေ လာမိတ်ဆက်တဲ့ အခါ…. အစ်ကိုက ဘာလုပ်သလဲ ဆို… အစ်ကိုက သဘောင်္သားပါပေါ့ … ဟာ ဒါဆို လေးလုံး ရောဂါရောကင်းရဲ့လား ဆိုတာမျိုးတွေ ခုထိအမေးခံနေရတုန်းပါပဲ …… ရင်ထဲလည်း မကောင်းပါဘူး … ဒါတွေအားလုံးဟာ … အပြစ်တွေအားလုံး ရုပ်ရှင်ဆိုတာကြီးကို မဖို့ ချင်ပေမယ့် ဖို့လိုက်ရပါတော့မယ်…. ခေတ်အဆက်ဆက် သူတို့ ဒီလိုပဲ အသက်သွင်းရိုက်ခဲ့ကြသည်ကိုး…… သဘောင်္သားအကြောင်း ဘာတစ်လုံးမှ ဂဃနဏ မသိပဲ …. မင်းသားက သဘောင်္တက်သွား … သုံးနှစ်နေတော့ ကပ္ပတိန်ကြီးဖြစ်ပြီးပြန်လာ .. အော်…

    ရယ်စရာတောင်ကောင်းပါသေးတော့တယ်…..

    အဲဒီတော့ … ခေတ်အဆက်ဆက် … ဒီလို ရိုက်ခဲ့ကြတဲ့ .. .အချို့ အချို့ သော ဉာဏ်ကြီးရှင် ဒါရိုက်တာကြီးများ ကို .. ကျွန်တော် သဘောင်္သား ငပေါလေး လင်းလွန်းညိုကနေ … အထွန့်ကလေးတက်ပါရစေလို့ ခွင့်တောင်းလိုက်ပါ့မယ်….. အထွန့်တက်သမျှကိုလည်း ….နားလည်နိုင်အောင်လို့ တတ်နိုင်သမျှ သဘောင်္သားစကားလုံးတွေ ရှောင်ပြီး အပြင်လူအသုံးအနှုန်းနဲ့ ပဲဖော်ပြပါရစေ….

    ပေါချာချာ သဘောင်္သားတစ်ယောက် ဖြစ်ဖို့ ဘာတွေလိုအပ်ပါသလဲ……

    ဟုတ်ကဲ့ ….. ပေါချာချာ သဘောင်္သားတစ်ယောက်ဖြစ်ဖို့ အတွက်….. နံပါတ်တစ် … ပညာအရည်အချင်း ပြည့်ဝဖို့ လိုပါတယ်…. အခုမှ ဖွင့်တဲ့ BEST သင်တန်းတောင်မှ ပညာအရည်အချင်းကို …ဆယ်တန်းအောင်မှလက်ခံပါတယ်…. ရေကြောင်း တက္ကသိုလ်ကြီးကို တက်ဖို့ အတွက်ဆိုရင်တော့ …. မြန်မာနိုင်ငံမှာ အမြင့်ဆုံးအမှတ်တွေကို ရဖို့ လိုပါမယ်….. ဆေးအမှတ်ကိုတောင်ကျော်နေပါတယ်….. ကျွန်တော်တက်ခဲ့တဲ့ ရေကြောင်းသိပ္ပံ (ယခု ရေကြောင်းပညာကောလိပ်) ကို တက်ချင်တယ်ဆိုရင်တော့ …. ရေကြောင်းတက္ကသိုလ်လို အမှတ်အများကြိးမမြင့်ပေမယ့်လည်း….. လူအကန့်အသတ်ရှိတာမို့ … လူတွေ့စာမေးပွဲကို ခက်ခက်ခဲခဲ ဖြေဆိုကြရပြန်ပါတယ်…… ပျမ်းမျှအားဖြင့် တစ်နှစ်ကို လူ ရှစ်ရာကျော်ကနေ တစ်ထောင်ဝန်းကျင်… လျှောက်ထားကြပြီး … လူသုံးရာသာလက်ခံပါတယ်…..

    ကဲဒိလိုပညာရည်ပြည့်ဝနေရုံပဲလားဆိုတော့လည်း မဟုတ်သေးပါဘူး …. ကျန်းမာရေးမှာလည်း ဒေါင်ဒေါင်မြည်ရပါသေးတယ်….. အထက်ပါ ကျောင်းနှစ်ကျောင်းလုံးကို စတက်တော့မယ်ဆိုကတည်းက …. ဆေးတွေစစ်ပါတယ်…. HIV… အသည်းရောင် အသားဝါဘီ…. စိတ်ကျန်းမာရေး… မျက်စိ… နား….. အကုန် အကုန် စစ်ဆေးပါတယ.် ရေကြောင်းပညာကောလိပ်မှာဆို ယောက်ကျား စစ်မစစ်ပါစစ်ဆေးပါသေးတယ်… သတ်မှတ်ထားတဲ့ အသက်…. အရပ်အမြင့် .. ကိုယ်အလေးချိန်ကို မှီရပါတယ်…. ….. ဒါတွေ အားလုံးအောင်ရပါတယ်…..

    ဟုတ်ပါပြီ ဒါတွေ အောင်သွားပါပြီတဲ့ ..

    သဘောင်္သားကြီးဖြစ်သွားပါလေရောလား ဆိုတော့ … မဟုတ်သေးပါဘူး …. ရေကြောင်းတက္ကသိုလ်ကြိးမှာ … ခက်ခဲလှတဲ့ ပထမနှစ်ကို အမှတ်များများ ရအောင် ကြိုးစားရပါသေးတယ်… ပထမနှစ်မှာ အမှတ်များ မှ…. NS (Nautical Science) နဲ့ ME (Marine Engineering) , EE (Electrical Engeering) အစရှိတဲ့ .. နိုင်ငံတကာသဘောင်္များပေါ်မှာ အမှုထမ်းနိုင်မယ့် လိုင်းကို ရပါတယ်…. မဟုတ်ရင်တော့ သဘောင်္သားဖြစ်ဖို့ မစဉ်းစားပါနဲ့တော့ ….. ဒီလိုပဲရေကြောင်းသိပ္ပံမှာရော ဆိုတော့ …. တစ်ပတ်ကို တစ်ကြိမ်… စာမေးပွဲများရှိပြီး term သုံးခုလုံးကို လွတ်လွတ်ကျွတ်ကျွန်အောင်ပါမှ…သဘောင်္သားလမ်းကြောင်းကိုရပါမယ်…. ဒါတောင်ဒီကြားထဲမှာ … များပြားလှတဲ့ စည်းကမ်းတွေထဲက ဖောက်ဖျက်လို့ ….. ကျောင်းနားခံရတာတွေရှိပါသေးတယ်…… ဒီလိုနဲ့ ရေကြောင်း တက္ကသိုလ်ဆို .. ငါးနှစ်… ရေကြောင်းပညာကောလိပ်ဆို နှစ်နှစ်… တက်ပြီးရင်. .. အင်ဂျင်နီယာများ က သဘောင်္ကျင်းလုပ်သက်ယူပေးရပါသေးတယ်….ယခုတော့ ကျောင်း တက်နှစ်ထဲမှာ သက်သက်ညှာညှာ ထည့်ပေါင်းပေးတယ်လို့ ကြားပါတယ်….

    ဒီလိုမှမလုပ်ချင်ဘူးဆိုရင်လည်း …. စကာင်္ပူ (Poly Technic) နေပြီး လည်း သဘောင်္သားဖြစ်လာနိုင်ပါသေးတယ်…. ဒါလည်းလွယ်လှတဲ့ ကိစ္စတော့မဟုတ်ပါဘူး … ဒီလမ်းကြောင်းနဲ့ သဘောင်္သားဖြစ်လာသူ .. မြန်မာပြည်မှာ အတော်ကလေးရှားပါသေးတယ်….

    ကဲဒါဆို ဒီဟာတွေအားလုံးအောင်ပြီကွာ သဘောင်္သားဖြစ်ပြီလား ဆိုတော့…. မဖြစ်သေးဘူးခင်ဗျ…. မွန်းမံသင်တန်းပေါင်းများစွာ…… safety အတွက် သင်တန်းများ များစွာတက်ရပါတယ်….အဲဒီ ကနေ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးပါတယ်….. နိုင်ငံတကားအသိအမှတ်ပြုလက်မှတ်များကို ရမှပဲ ….. နိုင်ငံတကာသဘောင်္များမှာ အလုပ်လုပ်လို့ ရပါမယ်…..

    ထားပါလေ… ပြီးပါပြိပေါ့ … သဘောင်္သားဖြစ်ပြီလား .. မဖြစ်သေးပါဘူးခင်ဗျာ……..သဘောင်္သားဆိုတာ သဘောင်္ပေါ်မရောက်မချင်း သဘောင်္သားမဖြစ်ပါဘူး …… သံပြားမနင်းဖူးမချင်းမဖြစ်ပါဘူး …. သဘောင်္လိုင်းတွေကို လိုက်ရှာရပါသေးတယ်….. ဒီနေရာမှာ ရိုက်ကြေးတွေ အများကြီးပေးရတာ …… ကိုယ့် မိသားစု လိုင်းမို့ အင်တာဗျူးနဲ့ ပါတာ အမျိုးမျိုးရှိပါတယ်…… အသေးစိတ်အခက်အခဲတွေရေးရင် ရှည်နေဦးမှာမို့ … သိချင်ရင်… ဒေါပုံသဘောင်္သားရုံးကိုသာလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်……

    ဒိလိုတွေ အဆင့်ဆင့်သွားပြီးသွားမှ….. အပြည်ပြည်ဆိုင်ရာ ရေကြောင်းမှာ အမှုထမ်းနိုင်မယ့် သဘောင်္သားများ စဖြစ်ပါတယ်….

    အခုပြောပြတာက လမ်းကြောင်းနည်းနေပါသေးတယ်…. အခြားလမ်းကြောင်းလေးတွေလည်းရှိပါတယ်…. အဲ… အဲဒါတွေကော လွယ်သလားမေး တစ်ခုမှ မလွယ်ပါဘူး … သိချင်ရင် ကိုယ့်အမျိုးတစ်ယောက်လောက် သဘောင်္တင်ကြည့်လိုက်ပါ သိသွားပါလိမ့်မယ်……

    ကဲဟုတ်ပြီ

    ဒီတော့ မေးစရာရှိပါတယ်… ဘာလို့ ဒီလောက်တောင်….. ပညာတွေ တတ်နေရတာလဲ … သဘောင်္သား အဲဒီလောက်ပညာတတ်ဖို့လိုသလား ဆိုတော့ …..လိုသပေါ့ဗျာလို့ ပဲဖြေရမှာပါပဲ

    အခုလက်ရှိ ကျွန်တော်စီးလာခဲ့တဲ့သဘောင်္က….. ဓါတုဗေဒ ပစ္စည်းများ တင်တဲ့ သဘောင်္ပါ….. အဲဒီသဘောင်္ရဲ့ တန်ဖိုးဟာ ဒေါ်လာ သန်းလေးဆယ်ကျော်တန်ပါတယ်….. တန်ချိန်သုံးသောင်းကျော်ရှိပါတယ်….Tanker အမျိုးအစား ဖြစ်ပါတယ်…သဘောင်္ပေါ်မှာ tank ပေါင်း ၁၆ tank ပါဝင်ပါတယ်…. အဲဒီ သဘောင်္ပေါ်ကို တစ်ခါသားတော့ cargo တစ်မျိုးတင်လာပါတယ်… အဲဒိ ကုန် (cargo)ဟာ …. မော်တော်ကား ဘော်ဒီလုပ်တဲ့ နေရာမှာ အသုံးပြုမယ့် သံသား (Metal) ထဲမှာ ရောစပ်ရမယ့် chemical ဖြစ်ပါတယ်…. သူ့ tank တစ် tank တန်ဖိုးဟာ သဘောင်္တန်ဖိုးနဲ့ တူပါတယ်…. ဆယ့်ခြောက် tank ဆိုရင်တော့ တွက်သာကြည့်ပါတော့လေ….

    ဒီလိုအရေးကြီးတဲ့ cargo တွေကို တင်ဆောင်နေတဲ့ သဘောင်္များကို မောင်းနှင်ဖို့ … ကုန်အတင်အချ လုပ်ဖို့ အတွက်….. ဘာပညာမှ မတတ်တဲ့လူတွေ လုပ်လို့ ရမယ်လို့ သင်ထင်ပါသလား ……ပေါချာချာ ရူးနှမ်းနှမ်းတွေလုပ်လို့ ရမယ်လို့ သင်ထင်ပါသလား ….ငါးပိရည် နဲ့ ချည်ရည်ဟင်းမှားသောက်တဲ့လူစားမျိုး လုပ်လိုု့ ရမယ့် အလုပ်မျိုးလို့ သင်ထင်ပါသလား…… ဒါဟာ တစ်ခုတည်းသော ဥပမာပါ… ထပ်ပေးရင် များကုန်ပါ့မယ်…

    ပေါချာချာ ..သဘောင်္သားတွေ ဘယ်လို ရာထူးတိုးသလဲ …

    အလွယ်တကူဖြေရရင်တော့ ….သဘောင်္သားတွေ….. ရာထူးတိုး အောင်စာမေးပွဲများစွာကိုခက်ခက်ခဲခဲ…. ရေးဖြေ.. ရော နှုတ်ဖြေပါ ဖြေကြရပါတယ်…. အချိန်နဲ့ ရာထူးတိုးတယ်ဆိုတာ သဘောင်္သား စစ်စစ်တွေ ရဲ့လောကမှာမရှိပါဘူး …. (သဘောင်္သား အစစ် များကိုသာ ရည်ညွှန်းပါသည်)

    ကျွန်တော်က အင်ဂျင်နီယာမို့ …ကုန်းဘတ်ပိုင်း .. (DECK) က စာမေးပွဲသဘောတရားကိုနားမလည်ပါဘူး … ဒါပေမယ့် …. စာမေးပွဲလာဖြေတဲ့ second mate တွေကို သွားကြည့်ရင်…. ဇီးကွက်သာသာ မျက်နှာများ နဲ့ ဖြစ်ပါတယ်….. စာကျက်ရလွန်းလို့ အိပ်ရေးပျက်….မျက်နှာချောင်ပြီး … ဇောချွေးခဏခဏပြန်တာ တွေ့ဖူးပါတယ်….လွယ်လွယ်ကူကူတော့ မရပါဘူးလေ…..

    Deck officer တစ်ယောက်ဖြစ်ဖို့ …. ပထမဦးဆုံး သတ်မှတ်ထားတဲ့ ပင်လယ်ပြင်လုပ်သက်ပြည့်ရပါတယ်… လုပ်သက်ပြည့်မှ စာမေးပွဲဖြေခွင့်ရပါတယ်….. စာမေးပွဲမှာ ဘာသာပေါင်းများစွာပါရှိပြီး …. ရေးဖြေ နှင့် နှုတ်ဖြေ ဆိုပြီး နှစ်မျိုးနှစ်စားဖြေကြရပါတယ်…… နှစ်ခုလုံးအောင်မှ officer ဖြစ်ပါတယ်……ဒါလူအများ သိနေတဲ့ second mate စာမေးပွဲဆိုတာပါပဲ …. ပြီးရင်… chief officer စာမေးပွဲ …. Captain တန်း စာမေးပွဲဆိုပြီး ပင်လယ်ပြင်လုပ်သက်များ ယူကာ အဆင့်ဆင့် ဖြေဆိုကြရပါတယ်……

    Engineer များမှာလည်း .. ပထမဆုံး ဆီလောင်း ဘဝကနေ… Engineer ဖြစ်လာဖို့ ….MOT second class part Aစာမေးပွဲကိုဖြေဆိုကြရပါတယ်…. ဒီစာမေးပွဲကလည်း အတော်ခက်ပါတယ်… Applied Mechanic, Heat and Heat Engine, Maths, Marine Engineering Drawing, Ship construction and Naval Architacture . E – Tech..အစ ရှိတဲ့ ဘာသာရပ်ပေါင်းများစွာကို ဖြေဆိုကြရပါတယ်.. ဒါတွေကို အောင်မှပဲ… Junior Engineer တစ်ယောက်ဖြစ်ပါတယ်…. ဒါက … Junior တစ်ယောက်ဖြစ်ဖို့ပါ…. အရာရှိတန်းဝင်မယ့် Senior Engineer တစ်ယောက်ဖြစ်ချင်ရင်တော့ …. Third Competency စာမေးပွဲကို စဖြေရပါတယ်…. ဒါကိုလည်း ပင်လယ်ပြင်လုပ်သက်ရှိမှရမှာပါ…. အဲဒီကနေမှာ Chief Engineer တစ်ယောက်ဖြစ်တဲ့အထိ…. Second class Part B., First Class Part A Part B အစရှိတာတွေကို ပင်လယ်ပြင်လုပ်သက် များ ယူပြီး အဆင့်ဆင့် ရေးဖြေရော.. နှုတ်ဖြေပါ….ဖြေဆိုကြရပါတယ်…..

    အထက်ပါစာမေးပွဲများ အားလုံး အတွက် ပြဌာန်းစာအုပ်ရယ်လို့ မရှိပါဘူး … ကျွမ်းကျင်မှုလက်မှတ်များ ဖြစ်တဲ့ အတွက်…. Open book ဆန်ဆန်…. နယ်ပယ်တစ်ခုလုံးက စာတွေအားလုံးကို လေ့လာကြရပါတယ်…. အကုန်သိမှ အကုန်ကျွမ်းကျင်တယ်လို့ လက်ခံပါတယ်….

    ဒီလိုစာမေးပွဲတွေဖြေပါမှ…. ရာထူးတက်ပါတယ်… ဒါတွေကို ပေါချာချာ .. ရူးနှမ်းနှမ်း…. ငါးပိရည်နှင့် ချည်ပေါင်ဟင်း မှားသောက်တဲ့ လူတွေဖြေလို့ ရမယ်လို့ သင်ထင်ပါသလား……အထက်က ပြောထားတာတွေ က အကျဉ်းချုံ့ထားရုံပဲရှိပါသေးတယ်…..

    ဒါဆို သဘောင်္သားတွေ မပေါတာတော့ ဟုတ်ပြီ…. မင်းတို့ မိန်းမတော့ ပွေကို ပွေတယ်ကွာ ဟုတ်သလား …

    ဒီမေးခွန်းအတွက် အလွယ်ဆုံးအဖြေကို ပေးပါမယ်…. သဘောင်္သားမှ မဟုတ်ပါဘူး မိန်းမပွေတတ်တဲ့လူက … သဘောင်္သားမဟုတ်လည်း …. ယောက်ကျားတောထဲသွားထားတောင်ရှာကြံပွေမှာပါပဲ …… သဘောင်္သားမှထူးပြီး ဒီကိစ္စမှာ ထူးချွန်ပြောင်မြောက်နေတာ မဟုတ်ပါဘူး…. လွယ်လွယ်ကူကူဆိုရင်တော့ .. အနုပညာလောက ထဲက ဇာတ်ထုပ်တွေကို ခင်းချပစ်လိုက်ရင်… သဘောင်္သားတွေ …ပွေတယ်ဆိုတာ … သနားတယ်ဖြစ်သွားပါမယ်…..

    ရှေးရှေးခေတ်ဟောင်း ဟိုး .. နိုင်တီးဂွမ်တီး က သဘောင်္သားကြီးတွေ ကိုတော့ … မသိပါဘူး …. ဘာလို့ ဆို သူတို့ လက်ထက်က .. ကျွန်တော်တို့ လောက် paper work တွေ.. inspection တွေ…. စက်ပစ္စည်းပိုင်း ဆိုင်ရာ တိုးတက်မှုတွေ နည်းသေးတာကြောင့် …. ဖြစ်ကောင်းလည်းဖြစ်နိုင်ပါတယ်…

    ဒီဘက်ခေတ်သဘောင်္သားတစ်ယောက်… ကမ်းကပ်လို့ မိန်းမပွေဖို့ ကို …. အချိန်ရမရ ကျွန်တော် အကြမ်းဖြင်းတွက်ပြပါမယ်….

    ရေထဲနေတဲ့ အချိန်ကတော့ … ဘယ်မိန်းမမှ သဘောင်္ပေါ်ပါမလာတာကြောင့်ဘာမှမဖြစ်နိုင်ပါဘူး …. ဟုတ်ပါပြီ ကမ်းကပ်ပါပြီ……. ဆိပ်ကမ်းတစ်ခုကိုရောက်တာနဲ့ အဲဒီ ဆိပ်ကမ်းက ဆိပ်ကမ်းအာဏာပိုင်များ က တက်လာပြီး ပထမဆုံး .. သဘောင်္ကို စစ်တော့ တာပါပဲ…..သဘောင်္အခြေအနေ… အန္တရယ်ကင်းရှင်းရေးအစီအစဉ်တွေ .. လုံခြုံရေး အစီအစဉ်တွေ….. စာရွက် စာတမ်းတွေ…. အကုန် အကုန်ကို စစ်တာပါပဲ…… ဒါတွေက Deck officer များနဲ့ Captain ကြီးများ ပိုသိပါလိမ့်မယ်…… တစ်ပြိုင်တည်းမှာပဲ … ကုန်တင်ကုန်ချဖို့ စစ်ဆေးရေးအဖွဲ့တွေနဲ့ ဆိပ်ကမ်းက အလုပ်သမားများစွာက ကုန်ကို အမြန်ဆုံးချပြီး အမြန်ဆုံး ထွက်သွားနိုင်အောင် လုပ်တော့ တာပါပဲ… သဘောင်္ကလည်း အချိန်ပိုနေလို့ မရပါဘူး …. ဆိပ်ကမ်းကို company က နာရီနဲ့ ပိုက်ဆံပေးထားရတာပါ…..ဘယ် Company ကမှ ပိုက်ဆံကို အလကားနေရင်း အကုန်မခံပါဘူး …. ဒီကြားထဲမှာ .. နှစ်စဉ် စစ်ဆေးနေကျ .. inspection များ Audit များ ကလည်း လာပါသေးတယ်……. အဲဒိလို အချိန်ဆိုလို့ ကတော့ သဘောင်္တစ်ဆင်းလုံး ရူးမတတ်ပါပဲ….. ဒါတောင်ရိက္ခာလာပို့ တဲ့ ဟာမပါသေးပါဘူး …..

    ကုန်ချတာကလည်း ယခုခေတ် စက်ပစ္စည်းတွေ ရဲ့ကောင်းမွန်ချက်ကြောင့် မြန်မှ မြန်ပါပဲ …..တန်ထောင်ချီတင်လာတဲ့ Tank တစ် Tank ဆို နာရီပိုင်းပါပဲ…… ကျွန်တော့ … တစ်သက်တော့ သဘောင်္တစ်ဆင်း ကမ်းမှာ အကြာဆုံးနေတာ အလွန့်အလွန်ဆုံး နှစ်ရက်ပါပဲ… ဒါ ရှာမှ ရှားပါ….

    ကျွန်တော်တို့ လို အင်ဂျင်နီယာများ အနေနဲ့ ကလည်း …. လနဲ့ ချီ ပြီးမောင်းလာတဲ့ စက်ပစ္စည်း .. အင်ဂျင်များကို …. ကြံခိုင်အောင် ရပ်ထားတဲ့ အချိန်လေးမှာ အချိန်လုပြီးလုပ်ကြရပါတယ်…. ပြင်စရာရှိတာကိုလည်း ပြင်ကြရပါတယ်…. စက်ပစ္စည်းများ က သက်တမ်း (Running Hour) နဲ့ ချိန်ပြီး … အဟောင်းဖြုတ်အသစ်လဲ … သန့်ရှင်းရေး….. စတာတွေလုပ်ရတာကြောင့် …သက်တမ်းကုန်တာနဲ့ ရောက်တဲ့ port မှာ ဖြုတ်လဲတပ်ဆင်ကြရပါတယ်…. လုပ်ပြီးရင်လည်း လုပ်သမျှ ဖြုတ်သမျှကို ဓာတ်ပုံရိုက်ပြီး ရုံးကို ပို့ ပေးရပါတယ်… လိမ်လို့ မရပါဘူး….. အဲ စက်ပစ္စည်းများ က သေးသေးကွေးကွေးလား ဆိုတော့ …. ကျွန်တော်တို့ ဖြုတ်ရတဲ့ တစ်ချို့ ဂွ ဆိုက် (အရွယ်အစား) များ ဟာ ၄၈ ၅ဝ အထိရှိပါတယ်…. အင်ဂျင်ကိုင်ဖူးသူများ မှန်းတတ်ပါလိမ့်မယ်…. မမှန်းတတ်သူများ အတွက်ကတော့ … ဖြုတ်ထားသမျှ ပစ္စည်းများ အားလုံး လက်နဲ့ မနိုင်တာ တစ်ခုမှ မရှိပါဘူး ..ကရိန်းများ နဲ့ သာမရပါတယ်… ဒီလောက်ဆို အင်ဂျင် များ ဘယ်လောက်ကြီးမယ်ဆိုတာမှန်းလို့ ရပါလိမ့်မယ်…..

    အချိန်များ တွက်ပါပြီ….. ပျမ်းမျှ တစ်ရက် အချိန့်ရတဲ့ ဆိပ်ကမ်းများ ဆိုပါစို့

    Deck officer များ ကတော့ … အောက်ကို ဆင်းဖို့ လုံးဝမစဉ်းစားပါနဲ့ Cargo Duty ရှိလို့ ပါ…အထက်မှာပြောခဲ့သလို ကုန်ပစ္စည်းများ တန်ဖိုးဟာ ဒေါ်လာသန်းချီတန်တာကြောင့် … ဘာတစ်ခုမှ အမှားအယွင်းအတိမ်းအစောင်းမခံပါဘူး…… ကုန်ချနေတဲ့ တစ်လျှောက်လုံး အလှည့်နဲ့ စောင့်ရပါတယ်….. ကိုယ်နားပြီဆိုရင်လည်း အောက်မဆင်းအားပါဘူး …. နောက်တစ်ချိန်မှာ အလုပ်လုပ်ဖို့ အားမွေးပြီးအိပ်ရတယ်…. ထမင်းကို ကသုတ်ကရက်စားကြရပါတယ်…. အထက်က ပြောခဲ့သလို inspectionများရှိလို့ ကတော့ .. တစ်ချို့ဆို ထမင်းပါငတ်ပါတယ်….. ဒီတော့ Deck officer များကတော့ အောက်ကို မဆင်းဖြစ်ကြပါဘူး …

    ကဲ အင်ဂျင်နီယာများ ကရော…. ကျွန်တော်တို့ မိန်းအင်ဂျင်ကို တစ်ခါကိုင်ရင်…. အနည်းဆုံး ခြောက်နာရီကနေ ရှစ်နာရီဝန်းကျင်ကြာပါတယ်.. ဒါဟာ အားလုံးချောချောမွေ့မွေ့ပြီးတာပေါ့လေ….. အဲဒီထဲမှာ မှ ခက်ခက်ခဲခဲလေးတွေ တွေ့ပြီဆိုလို့ ကတော့ ….. အိပ်ပါမအိပ်ရတော့ပါဘူး …… inspection များ ရှိလို့ ကတော့ … သူတို့ မစစ်ပြီးမချင်း ဘာ ဖြုတ်တပ်မှ လုပ်လို့ မရပါဘူး … အင်ဂျင်ခန်းကြီးတစ်ခုလုံးကို တောက်ပြောင်နေအောင်ထားရတာပါ…. စစ်ဆေးရေးပြီးမှ…. အချိန်ကို မှန်းပြီး တက်သုတ်ရိုက်လုပ်ကြရတာပါ….

    ကဲမိတ်ဆွေ …. ဘယ်မှာလဲ ကမ်းဆင်းချိန်…. ဘယ်မှာလဲနိုက်ကလပ်…..

    အဲ.. အားတဲ့ပို့(PORT) ဆိပ်ကမ်းတွေမရှိဘူးလား ဆိုတော့ ရှိပါတယ်….

    ကျွန်တော်ပြီးခဲ့တဲ့ တစ်ခေါက် ဆယ့်သုံးလ သဘောင်္စီးလာတာမှာ … လုံးဝ အားပြီး ကမ်းကို ဆင်းရတာ .. နှစ်ခါပါ…… တစ်နှစ်မှာ နှစ်ခါပါပဲ …. တစ်ခါဆင်း တော့ သုံးနာရီထက်ပိုမနေရပါဘူး …….

    ဒီတော့ ရှင်းသွားအောင်အလွယ်တကူတွက်လိုက်ပါမယ်…

    သဘောင်္သားတစ်ယောက်အတွက် အလုပ်ချိန်က ဆယ်နာရီပါ….. အိပ်ချိန် ရှစ်နာရီပေါင်းပါ…. ဆယ့်ရှစ်နာရီပေါ့… အဲဒါကို နှစ်ဆယ့်လေးနာရီထဲက နှုတ်ပစ်လိုက်ပါ… ခြောက်နာရီကျန်ပါမယ်…

    အဲဒီခြောက်နာရီမှာ .. ကျွန်တော်တို့ ရေချိုး အဝတ်လျှော် ထမင်းစား …. နဲ့ ကမ်းနားရောက်ရင်… သဘောင်္ပေါ်လာပြီးရောင်းတဲ့ တယ်လီဖုန်းကတ်လေးများနဲ့ … အိမ်က အိမ်သူများ ဆီ…. လွမ်းလွမ်းဆွေးဆွေး ဖုန်းဆက်ကြရတာပါပဲ….. သဘောင်္ပေါ်က ဖုန်းထက် ဒီဖုန်းတွေက သက်သာတာကိုး….. ဖုန်းက တစ်ခါပြော တစ်နာရီနဲ့ သာတွက်…. အိုး သဘောင်္သား အိမ်လွမ်းသမား ဖိုးပြောချင်များ အတွက်ကတော့ … ကျန်နေတဲ့ခြောက်နာရီတောင်မလောက်လို့ ထမင်းစားရင်းတောင်ဖုန်းပြောကြရတာပါ……

    ဒီတော့ တွက်ကြည့်လိုက်ပါ… ဘယ်မှာလဲ မိန်းမပွေချိန်…….

    ဒါကတော့ မင်းသက်သက် ကပ်သပ်ပြောတာပါကွာ…. မင်းတို့ ပျော်ပျော်ပါးပါး ရိုက်ထားတဲ့ ပုံတွေ အများ ကြီးငါတွေ့ဖူးပါတယ်ဆိုလည်း …. တစ်နှစ်လုံးမှာမှ. …ကမ်းကို သုံးလေးခေါက်ဆင်းပြီး အပျော်ဓာတ်ပုံလေး ရိုက်ခွင့်ရတာကိုတော့ အပြစ်မတင်တန်ကောင်းပါဘူးလို့ ပဲမျှော်လင့်ပါတယ်…..

    ကဲဒါဆို မင်းတို့ ကမ်းနားဆင်းတဲ့ အချိန်ကတော့ ရှိကို ရှိမှာပဲ …..လို့ မေးလာရင်တော့ …

    ဆက်ပါဦးမည်….

    လင်းလွန်းညို

    • ကိုရင်စည်သူ

      November 13, 2012 at 5:22 pm

      ကိုရင်pazflor ရေ.. ခုမှ ဖတ်ရတာပါဗျာ.. ကျေးဇူးပါဗျ..
      အမှတ်မမှားရင် ကိုရင်က MMU ကလားမသိဘူး..
      ကျောင်းပြီးပြီလားဗျို့…။ MMU က ယူနီဖောင်းနဲ့ ကျောင်းသူလေးတွေမြင်ရင်
      အူးစည်တောင် ၅နှစ်လောက်ပြန်ငယ်ချင်သွားတယ်။
      ဆြာ့ပတ်ရေ.. ခေတ်ကောင်းတုန်းလေး လုပ်ထားနော်… ဟဲဟဲ.. :kwi:

  • pazflor

    November 12, 2012 at 3:27 pm

    သဘောင်္သားလည်း အသည်းနဲ့ ပါ (၂)

    ကဲဒါဆို မင်းတို့ ကမ်းနားဆင်းတဲ့ အချိန်ကတော့ ရှိကို ရှိမှာပဲ …..လို့ မေးလာရင်တော့ …

    ဟုတ်ကဲ့ ရှိပါတယ်လို့ ဖြေရမှာပါပဲ…..

    လူပွေလှုရှုပ်သဘောင်္သားများ ကမ်းဆင်းလျှင်ဘာလုပ်သလဲ….

    မေးခွန်းကိုအလွယ်ကူဆုံးဖြေပါမယ်… ကမ်းဆင်းရင်

    ကျွန်တော်တို့ ဈေးဝယ်ပါတယ်… အချိန်ကလည်း ဈေးဝယ်ချိန်ပဲရပါတယ်….

    တစ်လ တစ်လရေထဲမှာ ပဲ နေကြာတာမို့ …. ကုန်းပေါ်ရောက်ရင် ကျွန်တော်တို့ သဘောင်္သားများ အလွန်ပျော်ပါတယ်….. ဒါပေမယ့် .. ခေတ်ကာလအရ… ကျွန်တော်တို့ ကမ်းတိုင်းဆင်းခွင့်မရပါဘူး … ကျွန်တော် Chille နိုင်ငံကို အခေါက်ပေါင်းများ စွာရောက်ခဲ့ဖူးပါတယ်…. အနည်းဆုံးရှစ်ခေါက်ထက်မနည်းပါဘူး .. ဒါပေမယ့် ကမ်းကိုတော့ မနှစ်က တစ်ခါပဲဆင်းခွင့်ရပါတယ်… ဈေးဆင်းဝယ်တာပါ…..

    ခေတ်ကာလအရ.. နိုင်ငံတကာ က ချမှတ်ထားတဲ့ တင်းကြပ်လာတဲ့ လုံခြုံရေးအရရော…. အလုပ်လုပ်ကိုင်တာ လျှင်မြန်လာတာ အရရော…. သဘောင်္များ Policy ဆိပ်ကမ်းများ Policy အရပါ… ကျွန်တော်တို့ မြန်မာသဘောင်္သားများ အတွက် ကမ်းဆင်းပိုင်ခွင့်ဟာ တစ်ဖြေးဖြေးနည်းလာသလို… ကမ်းဆင်းချိန်ဟာလည်း နည်းသထက်နည်းလာပါတယ်…..

    ဒီတော့ အချိန်သိပ်နည်းတဲ့ ကမ်းဆင်းချိန်မျိုးမှာ အဓိကကတော့ စားစရာသောက်စရာများ ဝယ်ခြမ်းကြပါတယ်… သဘောင်္ပေါ်က စားဖိုမှုးမကောင်းရင် ပိုဝယ်ရပါတယ်…. စားဖိုမှုးကောင်းခဲ့ရင်တောင်… သဘောင်္သားများ ခင်မျာ လနဲ့ချီပြီး ရေခဲရီုက်အသားများ ကို စားခဲ့ရတာကြောင့် လတ်လတ်ဆတ်ဆတ်ဟင်းလျာ်များ ကို ကမ်းရောက်မှ စားခွင့်ရကြပါတယ်… အသားငါးဆိုတာကလည်း ရေခဲရီုက်ြ့ပီး ကြာကြာထားလိုက်ရင်…. ဖော့တုံးကြီးတွေ …ရာဘာတုံးကြီးတွေ စားရသလိုဘာအရသာမှမရှိတော့ ပါဘူး …. ဒါကြောင့် ကျွန်တော်တို့ ဈေးဝယ်ပါတယ်….

    ဈေးဝယ်လို့ သိပ်အချိန်ပိုပါမှ နိုင်ကလပ်ဘက်ကိုလှမ်းနိုင်ပါတယ်…. ဒါကလည်း ပိုက်ဆံဖြုန်းနိုင်မှပါ…. တော်ရုံတော့ မသွားကြတာပဲများပါတယ်…. တစ်နှစ်မှာ နိုင်ကလပ်မှာ ဘီယာ တစ်ခါလောက်သောက်ပြီးရင် ပြီးသွားတာပါပဲ …. ဈေးကလည်း ကြီးတာ မို့ တော်ရုံမသွားနိုင်ကြပါဘူး …..

    အဓိက တော့ ကမ်းရောက်ရင်ဈေးဝယ်မယ် မြန်မာပြည်ကို ဈေးသက်သက်သာသာနဲ့ဖုန်းဆက်မယ်… အင်တာနက်များ ရရင်တော့လည်း သုံးပါတယ်….

    မနှစ်က သဘောင်္ပေါ်မှာဆိုရင်…. တစ်နှစ်လုံးနေပြီး ကမ်းကို တစ်ခါမှ ဆင်းမသွားရှာတဲ့ သဘောင်္သားများကိုတောင်တွေ့ခဲ

    ့ရပါတယ်…. ပိုက်ဆံကို ရသလောက်စုပြီး အိမ်ကို ပို့ ပါတယ်… အခန်းထဲပဲအောင်းပြီး စာဖတ်အခွေကြည့်နဲ့ တစ်နှစ်တာလုံး ကို ကုန်ဆုံးခဲ့ရှာတာပါ……

    ဒီတော့ ကျွန်တော်တို့ ကမ်းဆင်းရင် အများဆုံးလုပ်တဲ့အလုပ်ကို ပြောပြီးပါပြီ …

    ဒါဆိုမင်းအတင်းကပ်သပ်ပြောလို့ …. မရှုပ်ပွေဘူးဆိုတာ တော့ဟုတ်ပြီ မင်းတို့ သဘောင်္သားတွေ အရက်အသေသောက်ပြီးတော့ ပျော်နေတာ တော့ ဟုတ်တယ်မဟုတ်လား … သဘောင်္သားတွေက အရက်သမားများတယ်လေ…..

    တစ်ချိန်လုံးမူးနေတာမဟုတ်လားလို့ မေးလာခဲ့ရင်….

    ကျွန်တော့မှာဖြေစရာ အဆင်သင့်ပါပဲ … မဟုတ်ပါဘူး…..

    သဘောင်္တိုင်းမှာ သူ့ alcohol policy drug policy ရှိကြပါတယ်… ဟိုးအရင်ကလို အရက်မူးပြီးအလုပ်လုပ်တဲ့ခေတ

    ်က ကုန်သွားပါပြီ…..

    ကျွန်တော်တို့ ကုမ္မဏီမှာတော့ … သဘောင်္သား တစ်ယောက်ကို alcohol test လုပ်လိုက်လို့ … 0.04 % ထက်ကျော်လွန်နေတယ်ဆို .. ကိုယ့်စားရိတ်နဲ့ ကိုယ်ချက်ချင်းပြန်ခိုင်းလိုက်လို့ ရပါတယ်…

    0.04 % ဆိုတာ ဘီယာ နှစ်ဘူး ပါ…. ဒီတော့ သဘောင်္သားတစ်ယောက်ဟာ သိပ်သောက်ချင်ရင်တောင် ဘီယာ နှစ်ဘူးထက်ပိုသောက်လို့ မရပါဘူး …. နောက်တစ်ချက်ကတော့… ဘီယာကို သဘောင်္ပေါ်မှာလိုသလောက်လည်း ထုတ်မပေးပါဘူး … အခု တင်းကျပ်လာတဲ့ alcohol policy အရ တစ်လမှ ဘီယာ တစ်ကေ့ပဲထုတ်ပေးပါတော့တယ်…. တစ်ကေ့မှာ သုံးဆယ့် ခြောက်လုံးသာ ပါပါတယ်.. .တစ်နေ့ကို ဘီယာ တစ်ဘူးပဲပေးသောက်ပါတော့တယ်… ဒီတော့ ကျွန်တော်တို့ မူးနိုင်သလား မမူးနိုင်သလား စဉ်းစားကြည့်ပါတော့ …

    မင်းတို့ ခိုးသောက်မယ်ဆိုရင်ကော…

    ဟုတ်ကဲ့ ခိုးသောက်မယ်ဆိုရင်လည်း ရပါတယ်…. ခိုးလည်းသောက်ခဲ့ဖူးပါတယ်….

    ဒါပေမယ့်… အဲဒီလို အရက်ကို သောက်ဖို့ အချိန်လိုပါတယ်… နေရာလိုပါတယ်… အဖော်လိုပါတယ်…. အဲဒီ အထဲမှာတော့ အချိန်က အရေးအကြီးဆုူံးပါပဲ…..

    သဘောင်္သားတွေရဲ့ အလုပ်ချိန်ကို အပေါ်မှာလည်း တွက်ပြခဲ့ပါတယ်…. အလုပ်ချိန်ဟာ Day man တစ်ဆက်တည်း လုပ်တဲ့လူတွေရှိသလို watch man တွေလည်းရှိပါတယ်…. Watch နဲ့ အလုပ်လုပ်ရသူက ပိုများပါတယ်… ဒီတော့ …. ဥပမာတစ်ခုပြပါမယ်..

    4 ~ 8 သမားတစ်ယောက်ဆိုပါစို့ … အဲဒီလို ပြောလိုက်တာနဲ့ အဲဒီ လူရဲ့ အလုပ်ချိန်ဟာ .. နံနက်လေးနာရီက နေ.. နံနက်ရှစ်နာရီ တစ်ကြိမ်…. ညနေလေးနာရီကနေ ညရှစ်နာရီတစ်ကြိမ်.. တစ်နေ့ကို နှစ်ကြိမ်.. ရှစ်နာရီအလုပ်ရှိပါတယ်… ဒီကြားထဲမှာ overtime နှစ်နာရီ အဖြစ် မနက်ရှစ်နာရီကနေ ..ဆယ်နာရီအထိလုပ်ပေးရပါတယ်… အလုပ်များတဲ့ အခါတွေဆို …. နေ့လယ် ၁၂နာရီ တစ်နာရီအထိ မနားကြရပါဘူး ….. အဲဒီလိုမနားကြရလို့ ညနေ လေးနာရီကိုလျှော့ပေးမလား ဆိုတော့လည်း .. မလျှော့ပေးပါဘူး … ညနေလေးနာရီမှာ အလုပ်ချိန်အတိုင်းပြန်ဝင်ကြရတာပါပဲ…. ဒါကြောင့် .. သဘောင်္သားတစ်ယောက်ရဲ့အလုပ်ချိန်ဟာ ပျမ်းမျှအားဖြင့် ၁ဝနုာရီ အနည်းဆုံးရှိပါတယ်… အဲဒါကလည်း ဆက်တိုက်မဟုတ်ပြန်တော့ … အိပ်ချိန်ကိုလည်း တစ်ဆက်တည်း ဆက်တိုက်အိပ်လို့ မရပြန်ပါဘူး … အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ကြရတာမို့ …. တစ်နေ့ကို ရှစ်နာရီလောက်တော့ အိပ်မှလုံလောက်ပါတယ်..

    ဒါကြောင့် တစ်နေ့မှာ လေးနာရီဆီခွဲခွဲပြီး အိပ်ကြရပါတယ်…. မနက်အလုပ်တစ်ခါဝင် .. ပြန်ထွက်လာတာနဲ့ ရေမိုးချိုး ပြီး အိပ်ဖို့ ပြင်ရပါတယ်…. အဲဒီ အိပ်ချိန်မှာ လည်း အိပ်ပျော်အောင်အိပ်ရပါတယ်…. မအိပ်လို့ ရှိရင် .. နောက်တစ်ချိန်ကို အလုပ်မလုပ်နိုင်တော့ ပါဘူး ….အလုပ်ကို အစားဝင်ပေးမယ့်လူလည်း မရှိပါဘူး .. ခွင့်လည်း တင်လို့ မရပါဘူး …. ကိုယ့် ရာထူးမှာ ကိုယ်တစ်ယောက်တည်းချည်းပါပဲ… နေကောင်းကောင်းမကောင်းကောင်း အလုပ်လုပ်ကြရပါတယ်….. ဒီတော့ အရက်သောက်ဖို့ မူးဖို့ ရုးဖို့ အချိန်ဆိုတာ …. အင်မတန် အချောင်ခို … အပြင်းထူတဲ့ သဘောင်္သားတွေမှာမှ ပဲရှိပါတယ်…. အဲ.. အဲဒီလို အချောင်ခို အပျင်းထူတဲ့လူကို လည်း သဘောင်္ပေါ်မထားပါဘူး … ကန်ချတာ ပါပဲ …. ဘာလို့ ဆို .. သူ့ အလုပ်ကို သူများ က ဝင်လုပ်နေရရင်….. အလုုပ်နှစ်ခုကို လူတစ်ယောက်တည်းက လုပ်နေရတာမို့ သတ်မှတ်ထားသလောက် အလုပ်မတွင်ပါဘူး .. တစ်ယောက်ဆိုတစ်ယောက်ခုကပ်လိ

    ုက်တာ နဲ့ သိပ်သိသာပါတယ်… ဒါကြောင့် သဘောင်္ပေါ်မှ ာအဲဒီလို

    အလုပ်မလုပ်ဘူးဆိုတာနဲ့ ပြန်ပို့ တာပါပဲ… ဘယ်သူမှ အပင်ပန်းခံသည်းခံပြီးခေါ်မထားပါဘူး ……

    ဒီတော့ ကျွန်တော်ပြောသွားတဲ့ထဲမှာ

    အရက်အေးအေးဆေးဆေး သောက်ချိန် ဘယ်မှာရှာတွေ့ပါသလဲ …

    ဟုတ်ပါတယ်… ကျွန်တော်တို့ မှာ အရက်ကို ထိုင်သောက်ချိန်ကို ရှားပါတယ်…. သောက်လည်း တစ်နာရီလောက် သောက်ပြီးတာ နဲ့ အိပ်ကြတာ ပါပဲ….. မဟုတ်ရင်အလုပ်မလုပ်နိုင်တဲ့အခါ…. အတော်ဒုက္ခရောက်တာ မို့ ပါ… ကမ်းဆင်းတာလည်း ဒီလိုပါပဲ … ကမ်းဆင်းရင်လည်း ကိုယ့်အိပ်ချိန်ထဲက … ဖဲ့ဆင်းရတာ ပါ…. ဒီတော့ … ကမ်းဆင်းပြီး အလုပ်တမ်းဝင်ရမှာမို့ .. ဘယ်သူမှ အလကားနေရင်းမဆင်းဖြစ်ပါဘူး .. ဆင်းဖြစ်ရင်တောင် အားကုန်မယ့် အလုပ်ကို မလုပ်ဖြစ်ကြပါဘူး ခင်ဗျာ…..

    နောက်ဆုံး တစ်ချက်ကတော့ သဘောင်္သားများ နဲ့ HIV ပါပဲ…..

    ဒီအချက်ကို တော့အလွယ်တကူဖြေရရင် သဘောင်္သားများ ဟာ သာမန်လူများ ထက်ပိုပြီး … ကျန်းမာအောင်နေကြရပါတယ်….. ဆေးကိုလည်း တစ်နှစ်ကို နှစ်ခါလောက်အနည်းဆုံး စစ်ကြရပါတယ်…. ဒီတော့ …. သဘောင်္သားHIV ရှိတယ်ဆိုတာ အတော်ကလေး မလွယ်တဲ့ ကိစ္စပါပဲ……. ရှိနေခဲ့ရင်တောင် ချက်ချင်းသိနိုင်ပါတယ်……. ရန်ကုန်မှာ ဆေးစစ်ဆေးမှု အများ ဆုံးလုပ်နေတာ ဟာ သဘောင်္သားတွေပါ…. နိုင်ငံခြားထွက်တဲ့လူတွေတောင် အထွက်တစ်ခါပဲစစ်ပြီး ပြီးသွားတာပါ…. ကျွန်တော်တို့ ကတော့ သွားလိုက်ပြန်လိုက်မို့ .. .အမြဲစစ်ဆေးနေရပါတယ်…. ဒါကြောင့် သဘောင်္သားနဲ့ HIV တွဲတွေ့ဖို့ မလွယ်ပါဘူး …. HIV ရှိနေရင်လည်း သဘောင်္သားမဖြစ်နိုင်တော့ ပါဘူး ခင်ဗျာ ….

    အထက်မှာ ပြောသွားတာတွေကို ကြည့် ရင် သဘောင်္သားတွေဟာ သူတော်ကောင်းတွေ …. ဘာမဟုတ်တာမှ လုပ်ချိန်မရှိသူတွေလို့ အတင်းလုပ်ပြောတယ်လို့ ထင်ကြမှာပါပဲ…… ထင်နိုင်ပါတယ်ခင်ဗျာ…. ထင်နိုင်ပါတယ်….

    ကျွန်တော်တို့ သဘောင်္သားတွေ…. ဒုက္ခကို .. သဘောင်္သားအချင်းချင်း ပဲနားလည်ပါတယ်…. အခုပြောနေတာတွေကို လည်း

    စိတ်ဝင်တစားဖတ်သူတွေ ရှိချင်မှလည်း ရှိပါလိမ့်မယ်….. ဘာလို့ လဲဆိုတော့ .. သဘောင်္သားအလုပ်ဆိုတာ .. သာမန်ကုန်းပေါ်မှာ နေရသူတွေလုပ်နဲ့ အလုပ်နဲ့ .. အတော်ကလေး ကွာဟလို့ ပါပဲ …

    ကမာ္ဘမှာ လေထဲမှာ အလုပ်လုပ်သူများ ကို သာမန်ကုန်းပေါ်မှာ အလုပ်လုပ်သူများ ထက်လစာ သုံးဆပိုပေးပါတယ်…. ဒါဟာ အသက်အန္တရယ်သိပ်နီးလို့ ပါ….. ဒုတိယလိုက်တာ ကတော့ ကျွန်တော်တို့ သဘောင်္သား … ရေထဲမှာ အလုပ်လုပ်ကြသူများပါပဲ …. လစာ နှစ်ဆ ပိုပေးပါတယ်.. ဒါကြောင့်ကျွန်တော်တို့ လုပ်ခဟာ သာမန်ထက်များနေတာ ပါ….. ဥပမာ .. ကုန်းပေါ်က စက်ပြင်တစ်ယောက်ထက် ရေထဲက စက်ပြင်တစ်ယောက်က လစာပိုပါတယ်…. ဘာလို့ လဲဆိုတော့ အသက်ဘေး သိပ်များ လို့ ပါ.. …

    ဒါပေမယ့် မြန်မာသဘောင်္သားများ ကတော့ အားလုံးထဲမှာ အနိုမ်ခံပါပဲ .. .နိုင်ငံပေါင်းစုံက သဘောင်္သားတွေအားလုူံးထဲမှာ အနည်းဆုံးလစာကို နဲ့ …အသက်ကို ရင်းပြီး သဘောင်္လိုက်ကြရပါတယ်…. သာမာန် ဖိလစ်ပိုင် သဘောင်္သားတစ်ယောက်နဲ့ မြန်မာ သဘောင်္သားတစ်ယောက်ဟာ …. ရာထူးချင်းတူနေခဲ့ရင်တောင် .. လစာ တစ်ထောင် ကျော်ကွာပါတယ်… အချိုု့ လိုင်းတွေမှာ ဒိထက်ဆိုးပါတယ်….. ဒါပေမယ့် ITF ကိုတင်ထားတဲ့ ကျွန်တော်တို့ လစာတွေကို တော့ … အမှန်အတိုင်းမဟုတ်ပဲ …. ပိုပြထားပါတယ်…. ဒါဟာ အစိုးရက သဘောင်္သားများ ဘက်မှာ မရပ်တည်လို့ ပါပဲ … ကျွန်တော်တို့ သဘောင်္သားများလည်း ဒီအလုပ်ပဲလုပ်ပြီး လစာ တန်းတူလိုချင်ပါတယ်…. ဒါပေမယ့် မရကြပါဘူး …. မြန်မာ သဘောင်္သားတွေ ဟာ မညံ့ပါဘူး ဆိုတာထက်ကို အတော်လွန်နေပါတယ်….. ဉာဏ်သိပ်ပြေးတယ်…. အလုပ်လာဘ်မြင်တယ်…. အိုးချီးမွမ်းရရင်ကုန်တောင်မကုန်နိုင်ပါဘူး …. နောက်ဆုံး ကုန်ကုန်ပြောရရင်.. ကျွန်တော်တို့ သဘောင်္သားတွေ စားသောက်ရတဲ့ အနေအထား .. နေထိုင်ရတဲ့ အနေအထားဟာ .. တစ်ခြား နိုင်ငံသား သဘောင်္သားတွေ နေရတာနဲ့ တောင်မတူပါဘူး …… မြန်မာ သဘောင်္သားတစ်ယောက်အတွက်ကို ကျွန်တော်တို့ လိုင်းမှာ … တစ်ရက် ခြောက်ကျပ်ပြားရှစ်ဆယ်.. (USD) ပဲ အစားအစာအတွက်ပေးပါတယ်… တခြား company များ လိုင်းများမှာတော့ ဖိလစ်ပိုင်များ အတွက်ကိုတော့ .. တစ်ဆယ်ကျော်ပေးရပါတယ်… ဒါဟာ ဖိလစ်ပိုင်အစိုးရက သူ့ နိုင်ငံသားသဘောင်္သားများ ဘက်က နေ ရပ်တည်ပေးလို့ ပါပဲ…..

    ဆိုမာလီယာ ကို ဖြတ်တဲ့ အခါ…ကျွန်တော်တို့ မြန်မာသဘောင်္သားများ ရင် တစ်ထိတ်ထိတ်နဲ့ ဖြတ်ကြရပါတယ်… ဘယ်တော့ ဖမ်းမလဲဟဲ .. ဘယ်တော့ တက်လာမလဲဟဲ့ ဆိုပြီး ကင်းတွေချ… ပြီးဖြတ်ကြရပါတယ်…. ဖိလစ်ပိုင်များ အတွက်ကတော့ … သူတို့ သဘောင်္သားများ ကို လူလဲပေးရပါတယ်…. ဆိုမာလီယာ ကို ကိုယ်နိုင်ငံသားတွေ ဒုက္ခရောက်မှာဆိုးလို့ ပေးမဖြတ်ပါဘူး ….

    ဒီတော့ အခုလက်ရှိဆောင်းပါးကို တိုတိုပဲ အဆုံးသတ်လိုက်ပါမယ်…အထက်မှာပြောသွားတာတွေ အပြင် ..

    ပင်လယ်ပြင်က သေမလောက်ကြီးတဲ့ မုန်တိုင်းတွေ … ကြောင့် မျက်ရည်သွင်သွင်ကျရတာ….. ဓားမြရန်ကြောက်လို့ …. ရင်တထိတ်ထိတ်နဲ့ အသက်ကို ကျွတ်ကျွတ်အိပ်နဲ့ ထုပ်ထားရတာ…..

    ကမ်းကို ဆင်းရင်တောင် ဓားမြတိုက်… လုယက်… သတ်ဖြတ်… ခံရတာ … ဒါတောင်မြန်မာသဘောင်္သားမို့ ဘယ်ရဲက မှ အဖတ်လုပ်ပြီး အရေးမယူတာ ….

    သဘောင်္ပေါ်မှာ မြန်မာ တစ်ယောက်တည်းမို့ …. နိုင်ငံခြားသားတွေ ဝိုင်းအနိုင်ကျင့်လို့ လူငယ်မြန်မာ သဘောင်္သားလေးတွေ သေဆုံးသွားတာ….

    နောက်ဆုူံး စိတ်ဖိစီးမှုဒဏ်……လူများများ နဲ့ မတွေ့ရတဲ့ ဒဏ်….. ကုန်းမြေကို လချီမနင်းရတဲ့ ဒဏ်… မိသားစုကနေ… ပိုက်ဆံတပူပူ တဆာဆာလုပ်….. ရှာသမျှ ဖြုန်း …. အမေတွေ အမတွေ.. က ဖဲရိုက်လို့ ကုန်.. မိန်းမ က ချဲထီထိုးလို့ ကုန်….. နှစ်နဲ့ ချီ ဖင်ကြားချွေးယိုအောင်လုပ်ြ့

    ပီး ကိုယ် ပို့လိုက်သမျှ .. ဘာမှ မဖတ်မတင်ပဲ ….

    မိန်းမက နောက်ယောက်ကျားနောက်ကို ပိုက်ဆံထုပ်ပါပိုက်ပြိးလိုက်ပြေးသွားတာ…. ပြန်လာရင်လက်ထက်ဖို့ …. ပိုက်ဆံတွေပို့ အိမ်တွေဆောက်….. ပြီးကာမှ အဲဒီ အိမ်ပေါ် ကို .. တခြားယောက်ကျားတစ်ယောက်နဲ့ ယူပြီး တက်နေသွားတာ .. ကိုယ့်မှာ လက်ဗလာနဲ့ ကျန်ခဲ့တာ ….အလုပ်ဝန်မတရားပိတဲ့ ဒဏ်တွေကြောင့်… စိတ်ဖောက်ပြန်သွား တာ…. ရူးသွားတာ…

    အချို့ဆို ရူးပြီး သဘောင်္ပေါ်က ခုန်ချသွားတာ ….

    ဒါကို တစ်ချို့က ရေကြောင်ကြောင်တယ်လို့ လည်း နိုမ်ခေါ်ပါသေးတယ်..

    မှန်ပါတယ်လေ… ရေထဲနေတဲ့လူ ရေကြောင်ကြောင်ပေမပေါ့ ….

    ဒီတော့ ဒီလို ဒုက္ခ သုက္ခ တွေကိုပါပြာ ရင်…. သဘောင်္သားကို ပေါချာချာ ရူးနှမ်းနှမ်း…. ငမ်းကြောဆွဲ…… ငါးပိရည်နဲ့ ချဉ်ပေါင်ဟင်း မှားသောက်တယ်လို့ ရိုက်ခဲ့တဲ့ ဒါရိုက်တာရော .. လူရွှင်တော်ပါ…. သောကမျက်ရည်ဘူးသီးလုံးလောက်ကျသွားနိုင်ပါတယ်……

    ကဲ .. နောက်ဆုံးအနေနဲ့ .. ပြောချင်တာ ကတော့ …. ဖြစ်နိုင်ရင် သဘောင်္သားများ ကို အဲဒီလို မျိုး မြင်အောင်ဇာတ်ရုပ်မသွင်းစေချင်ပါဘူး …… လူဆိုတာ ကောင်းတဲ့လူရှိသလို ဆိုးတဲ့လူရှိမှာပါပဲ .. သဘောင်္သားမှာလည်း ကောင်းသူရှိသလို ဆိုးတဲ့လူရှိတာပါပဲ …… ဒါပေမယ့် အားလုံး ရဲ့ အမြင်မှာ … သဘောင်္သားဆိုတာ အလကားပါကွာ … ကုန်းပတ်တိုက်နေတာ ပါ (ဒီစကားကို နာမည်ကြီး မင်းသမီးတစ်ယောက်က ရုပ်ရှင်တစ်ခုထဲမှာပြောသွားတာပါ)ဆိုတဲ့ ပေါချာချာ စကားလုံး လိုမျိုးပြောနေတာတွေ…. AIDS နဲ့ သဘောင်္သား ခွဲမရဘူးဆိုတာတွေ …. သဘောင်္သားတိုင်း … ဟာ ငပေါတွေ… ဘာမှ နကန်းတစ်လုံးမသိတဲ့လူတွေ … လို့ ပြောနေကြတဲ့ လူတွေ အတွက်… သဘောင်္သားဖြစဖို့ …ဘယ်လောက်ခက်ခဲသလဲ …သဘောင်္သားဖြစ်လာရင်တောင် ရပ်တည်ဖို့ ဘယ်လောက်ခက်ခဲသလဲ … ဘယ်လောက်ရုန်းကန်ရသလဲဆိုတာလေး သိစေချင်တာ ပါ…… ဒါတွေဟာ အကင်းပဲရှိပါသေးတယ်…..

    တစ်ချို့လည်း ပြောပါတယ်… ဒါဆိုလည်း လိုက်မနေပါနဲ့ တော့ လား … ပိုက်ဆံရတာကျထည့်မပြောဘူးလိ

    ု့ ပြောလာတတတ်ပါတယ်…

    မိတ်ဆွေ …. ပိုက်ဆံဆိုတာ လူသားတိုင်းသည်းခြေကြိုက်ပါ

    …… သဘောင်္သားများ လည်း ပိုက်ဆံကို ကြိုက်ပါတယ်….. ဒါပေမယ့် ….. ကျွန်တော်တို့ ဘာလို့ ပိုက်ဆံပိုရနေပါသလဲ … အပေါ်မှာပြောခဲ့ပြီးပါပြီ…. အသက်နဲ့ ရင်းထားတာကြောင့်ပါ….. အသက်အန္တရာယ်နဲ့ သိပ်နည်းစပ်တာ မို့ ပိုက်ဆံကို ပိုပေးထားတာ ပါ….

    ကျွန်တော်တို့လည်း ဘယ်လုပ်ချင်ပါ့မလဲလေ…. ကိုယ့်ပညာအရည်အချင်းနဲ့ ဆိုရင်…. ပြည်တွင်းမှာသာ စိးပွားရေးကောင်းနေရင်.. သဘောင်္လိုက်နေစရာမရှိဘူးပေါ့

    ….. ခေတ်ကာလကြောင့်ပါ……

    နိုင်ငံရဲ့ စီးပွားရေးမကောင်းလို့ ပါ…

    ကျွန်တော်တို့လည်း ကိုယ့်အရည်အချင်းနဲ့ ကိုယ်… ထိုက်သင့်တဲ့လစာတော့လိုချင်ကြတာ ပါပဲ ….. ဘယ်သူက သားကွဲ မယားကွဲ…. မိဘကွဲ .. မိသားစုနဲ့ ခွဲပြီး …. ရေလယ်ကောင်မှာသွားနေချင်ပါ့မလဲဗျာ …. မှန်ပါတယ်.. ငွေကြောင့်ပါပဲ

    ကဲကဲ ရေးရင်းနဲ့ ရှည်လျားနေပါပြီ….

    ကျွန်တော် ငပေါလေး လင်းလွန်းညို ကနေ.. အချို့ အချို့ သော မြန်မာ ဒါရိုက်တာ ကြီးများ နဲ့ …. သဘောင်္သားများ အလကားဆိုသူတွေကို …. နောက်ဆုံးရဲ့ မှ နောက်ဆုံး စကားလေး တစ်ခွန်းပြောပါရစေ…..

    သဘောင်္သားများ ဟာလည်း လူထဲက လူပါပဲ….. ဒါပေမယ့် ထုူးခြားပါလိမ့်မယ်…. ဘာလို့ ဆိုတော့ .. ရေထဲမှာ နေရတာ များတော့ …. တစ်ခါတစ်ခါ ပတ်ဝန်းကျင်နဲ့ မဆီလျှော်တတ်ပါဘူး …. ဒါပေမယ့် … ငါးပိရည်နဲ့ ချဉ်ပေါင်ဟင်းမှားသောက်သလောက်လည်း မဟုတ်ပါဘူးလေ.. ဗျာ …နော်… ဒီတော့ …

    နည်းနည်းပါးပါးလေ့လာပါဦး …..ခုခေတ်ကာလသဘောင်္သားတွေ … ဘယ်လောက်တော်နေ .. ထက်နေ .. တောက်ပြောင်နေသလဲဆိုတာ …. စိတ်ထင်ရာတွေ ရမ်းပြော .. ရမ်းရိုက်တာ တွေ လျှော့သင့်ပါပြီ….. သဘောင်္သားများလည်း နှလုံးသားနဲ့ ပါဗျာ…. ခံစားတတ်ပါတယ်…..

    ရုပ်ရှုှင်ဒါရိုက်တာ ဆိုပြီး .. ပေါချာ ချာ ဇာတ်ရုပ်ကြီးနဲ့

    တစ်ခါလောက်ရိုက်ကြည့်စမ်းပါ

    …. နှာဘူးဒါရိုက်တာ .. ငမ်းကြောဆွဲဒါရိုက်တာ

    အဲဒါမှ မဟုတ်. .. နှာဘူး စစ်သား ငမ်းကြောဆွဲစစ်သား .. ဒါမျိုးလေးလည်း ရိုက်ပါဥိး …. မရိုက်ရဲဘူးမဟုတ်လား …… ဒီလိုမျိုးပေါ့ ….

    ယုံပါ… မြန်မာကားကြည့်သူတွေထဲမှာ သဘောင်္သားများ လည်း ပါပါတယ်……. ဝမ်းလည်း နည်းတတ်ပါတယ်… ကိုယ့် ကို အသရေဖျက်နေမှန်းလည်း သိပါတယ်….. ဒါပေမယ့် …. ပြောပြစရာလူကလည်း မရှိ…. မီဒီယာဆိုတာတွေကလည်း .. မရင်းနှီး …. တစ်ခါတစ်ခါဆို အချို့ အချို့ သော မီဒီယာသမားများ ကပါနားမလည်ပါးမလည်နဲ ..မြန်မာ သဘောင်္သားများ အသုူံးမကျသယောင်ယောင်… ရေးသေးတာ … ဟို လိုင်းအေးဂျင့်တွေ သွေးထိုး ရေးခိုင်းတိုင်းလေ……..ဒီကြောင့် …. ရင်ဖွင့်စရာလူမရှိ ….. နားလည်ပေးမယ့်လူကလည်း မရှိမို့ … အားလုံး ရေငုံ နှုတ်ပိတ်နေကြရတာပါ….. ဟုတ်လို့ ငြိမ်နေတယ်တော့ မထင်ပါနဲ့ လေ…..

    ကျေးဇူး ပြုပြီးလည်း ယုံစေချင်ပါတယ် ..………သဘောင်္သားလည်း အသည်းနဲ့ ပါ.ပဲ…. ကျွန်တော်တို့ တကယ်ခံစားတတ်ပါတယ်…….ဗျာ

    By: လင်းလွန်းညို

  • kai

    November 12, 2012 at 4:00 pm

    ကိုလံဘတ်ဆိုတဲ့.. သဘောင်္သားကြီးတယောက်ကြောင့်ပဲ.. အမေရိကားနိုင်ငံကြီးဖြစ်လာတာတဲ့..
    မြန်မာပြည်မှာတော့.. ရှေးသပ်မဝေးတဲ့ခေတ်ကာလက.. ကားဆင်းရဲပါတယ်..။
    ကမ္ဘာစစ်လက်ကျန်တွေ.. ဒီလိုပဲ..ကြံဖန်ကားလုပ်စီးကြရတယ်ပေါ့…

    အဲ..
    သဘောင်္သားတွေကျေးဇူးနဲ့.. သဘောင်္သားကားတွေ.. စီးခဲ့ရသဗျာ..
    မြန်မာ့ဆိုရှယ်လစ်ဆိုပြီး.. မြန်မာ့နည်းမြန်မာ့ဟန်နဲ့.. တိုင်းပြည်ကိုချီတက်ကြတုံးကပေါ့လေ..။
    မဆလခေတ်တဲ့..

    • ကိုရင်စည်သူ

      November 13, 2012 at 5:29 pm

      စေ့စေ့ကြည့်ရင် သဂျီးတို့ နယူးယေ့ာခ်ကလား..
      လေဘာတီရုပ်ကြီးတောင် သင်္ဘောသားလက်ချက်မကင်းလောက်ဘူး။
      ဟုတ်တယ်ဟုတ်ရား.. ဦးဦးသဂျီးခင်ညာ… 🙄

  • ပန်းစံပါယ်

    November 12, 2012 at 4:22 pm

    ကိုရင်စည်သူရေ…သင်္ဘောသားတွေရဲ့ ဘဝကို ထဲထဲဝင်ဝင်သိနေလို့ ထပ်တူနီးပါးခံစားဖူးနေလို့ နားလည်မိပါတယ်။

    ကိုPazflorရေ.. ရေးတဲ့အချက်တွေက မှန်ပါတယ်။ ပိုစ့်တစ်ပုဒ်အနေနဲ့တောင် ရေးသင့်တယ်လို့ထင်ပါတယ်။
    ရေးမယ်ဆိုရင် နောက်ထပ်ရေးစရာ အချက်အလက်တစ်ချို့ကျန်ဦးမယ်ယူဆမိပါတယ်။ အဲဒါတွေကို ဒီဝန်းကျင်မှာ ကျင်လည်နေတဲ့သူမဟုတ်ရင် သိရှိနားလည် သဘောပေါက်ဖို့ အလှမ်းဝေးမယ်ထင်ပါတယ်။ တစ်ချို့ ဒီအဝန်းအဝိုင်းကလူတွေသော်မှ ဒါတွေကို ဒီလိုသိရှိနားလည်သဘောပေါက်မှု မရှိတဲ့သူရှိမယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ချို့ ကြားနေရတဲ့အချက်တွေကိုကြည့်ရတာလေ။ အများအားဖြင့်တော့ မြန်မာပြည်မှာ တစ်ခြားအလုပ်ထက်စာရင် ငွေအများကြီးရတယ်ဆိုတဲ့အချက်တစ်ချက်တည်းကိုပဲ သိကြတာ များတယ်ထင်ပါတယ်။ ဘာတွေကို ဘယ်လိုလုပ်ရတယ်ဆိုတာကို တစ်ခြားအလုပ်တွေလို လွယ်လွယ်နဲ့ အများမြင်နိုင်တဲ့အလုပ်မဟုတ်တာကြောင့် မမြင်ဖူးတဲ့အလုပ်မျိုးမို့လည်း တစ်ကြောင်းပါမယ်ထင်ပါတယ်။ သေချာပြန်လုပ်ပြီး ပိုစ့်အနေနဲ့ရေးပါလား။ အသေးစိတ်မသိသေးတဲ့သူများအတွက်ရော ရေကျောင်းတက်မယ့် ကျောင်းသားတွေအတွက်ပါ ဗဟုသုတဖြစ်တာပေါ့။

  • အလင်းဆက်

    November 12, 2012 at 7:54 pm

    ကိုရင်ရေ..
    သေသေချာချာ…. ဖတ်ဖိ ု့အခိ်ျန် နည်းသ ွားတာကြောင့်..
    ပြန် ဖတ်ဖို ့..သိမ်းသွားပါကြောင်း…

    ခင်မင်စွာ…

  • min min san

    November 12, 2012 at 10:51 pm

    ko yin
    so long waiting for your post,,,,,,,,,,,,,,even long still awating to read and feel,,,,,,,,,,,,,,,,,,,please takecare,,,,,,,,,do not smoke too much!!!

  • အရီးခင်လတ်

    November 13, 2012 at 4:50 am

    မောင်စည်ရေ

    အရီး မှာ အစ်ကိုမောင် တွေဘဲ ရှိတယ်။
    အားလုံးက ပင်လယ်ထဲ မှာ အလုပ်လုပ် တဲ့ မင်းလိုသူ တွေပါဘဲ။
    အရီး လဲ ပင်လယ်ပျော်သူ တွေ ရဲ့ ခံစားချက် ကို အနီးကပ် ကိုယ်တိုင် ခံစားဘူးပါရဲ့။
    ဒါကြောင့် မင်းရဲ့ ခံစားချက် ကို သဘောပေါက်ပါရဲ့။

    ဒါပေမဲ့ တစ်ချက်က
    အရီးတို့ခေတ်တုန်းကတော့ သဘောင်္သား ဆိုတာ ရုပ်ရှင်ထဲမှာသာ လူကြမ်း အဖြစ် ထားထားတာ။
    အပြင်မှာတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တွေပါတော်။
    အခုတော့ တကယ်ဘဲ မင်းက နှင်းဆီခိုင် မဟုတ်တော့ဘူးလား။
    မယုံပါဘူးကွယ်။
    :harr:

Leave a Reply