ဘ = ဘယ်သူ..ဘာသာ… ပြန်ထားတဲ ့/ ဘာစာတွေလဲ…သိချင်ရင်….. ဖတ်ကြည့်

alinsettNovember 11, 20122min28829

ဘာဘာညာညာတွေရှည်ရှည်ဝေးဝေး သိပ်မပြောချင်တော့ပါဘူး ။

ဘ အက္ခရာ နဲ့ ပက်သက်ပြီး

ဘာရေးရမှန်းမသိ ဖြစ်နေတုန်းမှာ

ဘ ဘ အရွယ် မိတ်ဆွေတစ်ယောက်က

ဘာတွေမှန်း မသ်ိ လာ ပြောပါတယ်

ဘ = ဘလက်ချောကြီး. .ဆင်ပြောင် စီး… ရေးပါလား တဲ့

ဘ = ဘိုးမင်းခေါင် ဒုူးခေါင်းပြောင်တာ ရေးပါလားတဲ့

ဘ = ဘဘ ထထက

ဘ = ဘယ်သူ ကိုယ့်လောက် ချစ်သလဲ စသဖြင့်

ဘာတွေမှန်း မသိ လာပြောနေတော့…ကျွန်တော်လည်း

ဘု နဲ့ ဘောက် ပြန်ပြောမိတယ် ။

“ဘာတွေ လာပြောမေတာလဲဗျာ.. ဒီမှာ ခေါင်း ရှုုပ်ရတဲ့ အထဲ ..” လို့

ဘုကျကျပြောပြီး……

ဘောက်ဆက်ဘောက်ဆက် လှည့်ထွက်မိတယ် ။ အဲဒီမှာ သူက

ဘာရေးရမှန်း ခုထိမသိသေးရင် ဒါကို ယူလိူက် တဲ ့

ဘာ ပါလိမ့်လို့ ကြည့်မိတော့……..

ဘဘကြီး လှမ်းပေးနေတာက………..

ဘာသာပြန်ရမယ့် …( အင်္ဂလိပ်လိုရေးထားတဲ့ ့) စာပိုဒ်ကလေးတွေ။….။

===================================================

1 . I have no parents .

I make the heavens and earth my parents .

2 . I have no home .

I make awareness my home .

3 . I have no life or death .

I make the tides of breathing my life and death .

4 . I have no divine power .

I make honesty my divine power .

5 . I have no friend .

I make my mind my friend .

6 . I have no enemy .

I make carelessness my enemy ..

7 . I have no armour .

I make benevolence my armour .

8 . I have no castle .

I make immovable mind my castle .

9 . I have no sword .

I make absence of self my sword .

====================================================================

ဘာသာစကားကျွမ်းကျင်သူတွေအတွက်တော့

ဘာမှမခက်တဲ့ စာသားတွေပါ

ဘာမှမတတ်တဲ့ ကျွန်တော့်အတွက်တော့ ခက်ပါတယ်

ဘာသာပြန်ပြီးသား မဟုတ်တဲ့ မူရင်း အင်္ဂလိပ်ဘာသာ….စာအုပ်တွေကို ဖတ်ရင်

ဘာမှအတိအကျမသိပဲ ယောင်ဝါးဝါး အဓိပ္မါယ်တွေ နဲ့ကိုယ်လိုရာ တွေးပြီး ဖတ်ရတဲ့ ကျွန်တော်။

ဘာသာ ပြန် ကြည့်ပါ့မယ်…။

ဘာမှ မခက်တဲ ့ စာသားတွေပါ…။

သူငယ်တန်းအဆင့် သာသာလောပ်ပဲ ရှိတဲ့ စာသားတွေပါ။

ဘာသာစကားကျွမ်းကျင်သူတွေ အတွက်တော့…

ဘာမှ မခက်ခဲ နိုင်ပါဘူး..။

ဘာမှ မတတ်တဲ့ ကျွန်တော် အလင်းဆက်…..

ဘာသာပြန်ထားတာလေးတွေကို ဖတ်ပြီးရင်…..

ဘာတွေမှားနေလဲ…..

ဘယ်နေရာတွေ ညံ ့နေလဲ…….

ဘယ်နေရာတွေတော် နေလဲ လို့ ့……..

ဘာဘာ ညာညာ လေးတွေ…..ဝေဖန်ဆွေးနွေးပေးကြပါဦး ခင်ည ။

:kwi:
============================================================

1 . I have no parents .

I make the heavens and earth my parents .

၁ ။ ကျွန်တော့်မှာ… မိဘတွေ…ဆိုတာ မရှိပါဘူး ။

ကောင်းကင်လွှာနဲ ့မြေကမ္ဘာ ကိုပဲ…. ကျွန်တော် ့မိဘတွေ အဖြစ်…. ဖန်တီး ထားပါတယ် ။

————————————————————

2 . I have no home .

I make awareness my home .

၂ ။ ကျွန်တော့်မှာ..အိမ်ကလေးတောင် …. မပိုင်ဆိုင်ပါဘူး ။

သတိ တရားကိုပဲ… ကျွန်တော့် အိမ် အဖြစ်…. ဖန်တီးလို ့ နေထိုင်ပါတယ် ။

——————————————————————-

3 . I have no life or death .

I make the tides of breathing my life and death .

၃ ။ ကျွန်တော့်မှာ …ရှင်သန်ခြင်း..( ဒါမှမဟုတ် ..) သေဆုံးခြင်း ဆိုတာတွေ….မရှိပါဘူး ။

ဝင်သက် ထွက်သက် ရှု ရှိုက်နေရ တာကိုပဲ….. ရှင်သန်ခြင်း နဲ ့သေဆုံးခြင်းလိ်ု ့…. သတ်မှတ်ပါတယ် ။

——————————————————————————————-

4 . I have no divine power .

I make honesty my divine power .

၄ ။ ကျွန်တော့်မှာ….. နတ်ဒေဝါတွေ ရဲ ့…. တန်ခိုး စွမ်းအားမျိုးလည်း…. မရှိပါဘူး ။

ရိုးသားဖြောင့်မတ်မှု ကိုပဲ…. ကျွန်တော့် တန်ခိုး စွမ်းအား အဖြစ်… အသုံးပြုပါတယ်။

————————————————————————————————

5 . I have no friend .

I make my mind my friend .

၅ ။ ကျွန်တော့်မှာ…… မိတ်ဆွေရောင်းရင်း မရှိပါဘူး ။

ကျွန်တော့် စိတ် ကိုပဲ…. ကျွန်တော့် မိတ်ဆွေ သူငယ်ချင်းလို…. ပေါင်းသင်းဆက်ဆံပါတယ် ။

——————————————————————————————————–

6 . I have no enemy .

I make carelessness my enemy ..

၆ ။ ကျွန်တော့်မှာ…ရန်သူ ရယ်..လို ့…. မရှိ ပါဘူး ။

သတ်ကင်းမဲ ့စွာ…. ပြုလုပ်ခြင်း ( နမော်နမဲ ့ ဖြစ်သလို နေထိုင် ရှင်သန်ခြင်း ) ကိုပဲ…….

ကျွန်တော့် ရန်သူလို… သဘောထားပါတယ် ။

————————————————————————————————-

7 . I have no armour .

I make benevolence my armour .

ရ ။ ကျွန်တော့်မှာ… သံချပ်ကာ ဝတ်ရုံ လည်း… မရှိပါဘူး ။

ကျွန်တော်ဟာ…………………

ကောင်းမှုု ပြုလုပ်လိုခြင်း..ကိုပဲ…..

သံချပ်ကာ ဝတ်ရုံလို…. ခြုံ ထားပါတယ် ။

——————————————————————————————————-

8 . I have no castle .

I make immovable mind my castle .

၈ ။ ကျွန်တော့်မှာ………………..

ခမ်းနားကြီးကျယ်သော..ရဲတိုက်ကြီးလည်း… မရှိ ပါဘူး ။

မယိမ်းယိုင် / မလှုပ်ရှား / တည်ငြိမ် ခိုင်မာသော… စိတ်ဓါတ်ကိုပဲ….

ရဲတိုက်ကြီးသဖွယ်…. ဖန်တီး ထားတယ် ။

——————————————————————————————————————–

9 . I have no sword .

I make absence of self my sword .

၉ ။ ကျွန်တော့်မှာ……. ရှည်လျား…ထက်မြ တဲ ့ ..ဓါးလက်နက်… မရှိပါဘူး ။

ကျွန်တော် ကိုယ်တိုင် မတည်ရှိခြင်း / ကျွန်တော် ဟာ..ကျွန်တော်… မဟုတ်ခြင်း..ကိုပဲ……

ဓါးရှည်လက်နက် သဖွယ်… ကိုင်ဆောင်ပါတယ် ။

——————————————————————————————————————————————————-
===================================================================

ဘာသာပြန်ဖို ့ ယူလာပေးတဲ့………….

ဘဘကြီးကို ကျွန်တော်က…………………

ဘဘကြီး ဒီ..စာပိုဒ်တွေကို……………………

ဘယ် စာအုပ်ထဲက ကူးယူ…လာတာလဲ…………………

ဘဘကြီးရေး ထားတာလား လို ့မေးတော့………………

ဘယ်ကလာ… အလက်ဆင်းရယ်…………….

ဘဘရေးတာ မဟုတ်ပါဘူး…………….။

ဘယ်စာအုပ်ထဲက ဆိုတာလည်း မမှတ်မိတော့ပါဘူး…။

ဘယ်သူရေးတဲ့ စာအုပ်ထဲကလည်း မမှတ်မိတော့ပါဘူး…။

ဘယ်တုန်းက ဖတ်မိလို ့…………..

ဘယ်တုန်းက ကူးထားမိမှန်းကို မသိတော့တာ တဲ့

ဘဘကြီးက အသက်ကြီးပြီ ဆိုတော့ မှတ်ဉာဏ် တွေလည်း အားနည်းနေပါပြီ တဲ့

ဘယ်စာအုပ်ထဲံက စာသာလေးတွေလဲ ဆိုတာ …..သိသူများ ဖော်ထုတ်ပေးကြပါနော် ။

:kwi:

==========================================================================================

ဘာမသိ ညာမသိ အလက်ဆင်းတစ်ယောက်…….က…..ေ.တာ့….

ဘာသာပြန် အစွမ်းအစ …

ဘယ်လောက် တုံးကြောင်း…..၊ “ အ ” ကြောင်း…. ပြ လိုက်ပါပြီ ။( မရှက်မကြောက် )

===========================================================

ဘာမှ ..ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး…ဆိုပေမယ့်….တစ်ခုလောက် ထပ်ပြော ပါရစေဦး ။

ဘာမှ ..မမှတ်မိတော့တဲ ့………………………………….

ဘဘ ကြီး..လို အရွယ်ကိုရောက်ရင်…………..( ထပ်ပြောမယ်နော် )

ဘဘကြီးလို..အရွယ်ကိုရောက်ရင်….. ကျွန်တော်…သည်လည်း….

ဘဘကြီးလို……………………………………………..

ဘာ မှ မှတ်မထားနိုင်တော့တဲ ့…….. ဒုက္ခ ကို ရ မှာပါပဲ ။

ဘဘကြိီးလို..အိုမင်း ရင့်ရော် မှာ ပါပဲ.. ။ ( အခုကတော့ အသက် 25 ဆိုတော့ ချောတုန်း နုတုန်း..ပျိုတိုင်းကြိုက်ချင်သလိုလို ဖြစ်နေတဲ ့..လူပျိုချောလေး.ဖြစ်နေတုန်း )

ဘာရယ်မဟုတ်ဘူး..ကြောြ်ငာ ဝင်တာ.. ။ ကြော်ငြာ အဝင်ကောင်းတဲ ့ အလင်းဆက် ဆိုပြီး..နာမည် ကြိးနေမှတော့ ထူးတော့ဝူးလေ..။

ဘာဝ လောက ကြီး ( သဘာဝလောက ) ပျောက်ကွယ် ပျက်စီးသွားမှာ စိုးတယ်.လို့.. ပြောချင်လို ့.ရေးလိုက်တဲ ့ဧရာဝတီနှင့်ကျွန်တော်..ခရီးသွားရသစာတန်းမှာ..https://myanmargazette.net/154308/arts-humanities

ဘာမှ မဆိုင်တဲ ့ ကျွန်တော့်အလက်ဆင်း ရဲ ့ ချောမော ခန့်တည် တဲ ့ ပုံတွေကို တင်ပြ မိလို့… သီတင်းကျွတ်အမှီ ကြော်ငြာ ဝင်သွားတာ.လို့.. ထင်ကုန်ကြတယ်လေ
:kwi:

အဲ..ချော်ကုန်ပြီ… ။ ဆိုလိုရင်းကို ပြန်ဆက် ရအောင်….

——————————————————————————————

ဘဘကြိီး လို..အရွယ်ကိုရောက်ရင်…….

ဘာမှ မှတ်မထားနိုင်တော့မယ့် ဒုက္ခ

ဘဝ ဒုက္ခ / ခန္ဓာ့ … ဒုက္ခ တွေ / အိုခြင်းနာခြင်း သေခြင်း ဆိုတာတွေပေါ့ဂျာ…အဲဒါတွေ…

ဘဝမှာ… ဒီ ခန္ဓာ ကို ရခဲ့ပါပြီ..ဆိုကတည်းက…..

ဘယ်နည်းနဲ ့မှ…လည်း.ရှောင်လွဲ သွားလို ့ မရပါလား….လို ့….. သံဝေဂ ..ရ မိပါကြောင်း……

ဘယ်နည်းနဲ ့မှ…ရှောင်လွဲ သွားလိူ့ မရတဲ ့ အိုခြင်း နာခြင်း သေခြင်း တရားတွေက..အဆင်သင့်.. ရှိနေပါလား….လို ့….

ဘဘကြီးကို….. ကြည့်ပြီး… တွေးမိ်ိပါကြောင်း……….

===========================================================
တော်ပြီ…

ဒီလောက်ဆို…..

Word count: 649 ဖြစ်နေပြီ ။

ဖတ်တဲ ့ သူတွေ… မျက်စိညောင်းနေလောက်ပြီ ။

သားသားလည်း….စာရိုက် ရတာ..လက် ညောင်း နေပြီလေ..။

:kwi:

=========================================

ဘာမှ ..မဟုတ်သေးတဲ ့

အလင်းဆက်

———————–

မ = ? ????????

29 comments

  • အလင်းဆက်

    November 11, 2012 at 8:33 pm

    တ =http://myanmargazette.net/149512/arts-humanities
    ထ =http://myanmargazette.net/149925/arts-humanities
    ဒ =http://myanmargazette.net/150370/arts-humanities
    ဓ =http://myanmargazette.net/151141/arts-humanities
    န =http://myanmargazette.net/151584/arts-humanities
    ပ =http://myanmargazette.net/152640/arts-humanities
    ဖ =http://myanmargazette.net/153657/arts-humanities
    ဗ=http://myanmargazette.net/154762/arts-humanities#comments

    ===========================
    ကျွန်တော် ခံစားခဲ့တဲ ့ အက္ခရာ ထွေရာလေးပါးများကို စဉ်ဆက်မပြတ် ဖတ်ရှု ခံစားပြီး
    ဝေဖန် အကြံပြု.ကြသော..
    ကျွန်တော်ချစ်သော စာချစ်သူများကို…
    လေးစားစွာ..ခင်မင်..ကျေးဇူးတင်လျက်ပါ ။

  • မောင်ပေ

    November 11, 2012 at 8:54 pm

    ဘော်ဘော်ကြီးက
    ဘူဘူဘျီးတော့
    ဘိုးဘိုးဘောင်းဘီကျွတ်
    ဘွားဘွားမြင်တော့
    ဘုံကြီးတီးပြီး
    ဘင်ခရာတီးဝိုင်းလို
    ဘူဘူ ဘူဘူနဲ ့အီးတွေပေါက်ရော
    ဘုံ
    ဘဘဘေ

  • nozomi

    November 11, 2012 at 9:09 pm

    ကို အလင်းဆက် ရေ မြဝတီ တို့လို ရုပ်သံတွေမှာ တွေ့ရတဲ့ ကြော်ငြာတွေမှာတော့ ပရိတ်သတ် စိတ်ဝင်စားအောင် အမျိုးမျိုး ကြော်ငြာကြတယ် ဒီမှာလဲ ပစ္စည်းက ကောင်းပြီးသားပဲ ကြော်ငြာ နဲနဲလိုနေလို့ လူ သိပ် မသိသေးတာ ဖြစ်မှာပါ ဈေးလဲ သိပ်မတင်နဲ့ ပေါ့ ဗျာ ( လျှော့ဘို့လဲ ကြို ပြင် မနေနဲ့ဦး )

    သ ကျရင် သူကြီး အကြောင်း ရေးဗျာ

  • cobra

    November 11, 2012 at 9:27 pm

    ဘာတွေမှန်းလဲမသိဘူး
    လူကြေညာလည်းပါတယ်
    ဘဘကြီးလည်းပါတယ်
    အင်္ဂလိပ်စာလည်းဖတ်ရတယ်

  • surmi

    November 11, 2012 at 10:06 pm

    ဘာမှန်းမသိလို့ ဘာမှမပြောတော့ဘူးလို့ လုပ်ခဲ့ပေမဲ့
    ဘာမသိညာမသိ ဆုတောင်းပေးလိုက်မယ်……..
    “ဘာဘီရုပ်လေးနဲ့တူတဲ ့ ကောင်မလေးနဲ့ ဖူးစာဆုံပါစေလို့”

  • aye.kk

    November 12, 2012 at 4:35 am

    ဘာမှမသိ
    အဟုတ်ရှိသည့်
    ရုပ်နှင့်နာမ်၏
    မရှိပညတ်
    ကျင့်မြတ်ကြည့်မှ
    အမှန်သိတာ
    ဝိပဿနာဉာဏ်။

  • အရီးခင်လတ်

    November 12, 2012 at 5:27 am

    ဘာသာပြန် လက်ရာကောင်း လေးကို ဖတ်ကြည့် အားပေးသွားပါတယ်
    ကိုလူချော လေးရယ်။
    :kwi:

  • MaMa

    November 12, 2012 at 9:34 am

    ဘ=ဘာသာပြန် စာပေလေးကြိုက်တယ်။
    ဘာသာပြန်ဆိုရင် ရွာထဲမှာ မောင်ဘလှိုင်၊ ဝင့်ပြုံးမြင့်လို့ မှတ်ထားတာ။
    ဘာသာပြန်ဆရာအသစ် အလက်ဆင်းတိုးလာတာကိုးးးးးးးးးးး
    :hee:

  • Ko Khin Kha ( သရီးကေ )

    November 12, 2012 at 10:04 am

    ဘယ်ကစပြီး
    ဘယ်လိုပြောရမှန်းမသိအောင်
    ဘယ်လိုများ ကြံကြံဖန်ဖန် တွေးတတ်တဲ့
    ဘ တွေကို ပေါ်လောနေအောင်ရေးပစ်လိုက်သော
    ဘော်ဒါကြီး ကိုအလင်းဆက်ရေ
    ဘာပြောရမှန်းမသိအောင် ချီးကျုးလိုက်ပါတယ်ဗျာ။
    ဘယ်အချိန်ဘဲဖြစ်ဖြစ် ခင်တဲ့ ခင်ခ။

  • ဦးကြောင်ကြီး

    November 12, 2012 at 10:08 am

    ဘဘိန်းစား
    ရှိန်းမကား
    အစိမ်းဖလား
    ပလိန်းထွား
    သူဌိန်းကုလား
    ငါးဖိန်းဝါး
    တသိန်းတပါး
    ကရိန်းအား..။

  • မိုချို

    November 12, 2012 at 10:44 am

    ”ဘာသာပြန်ပြီးသား မဟုတ်တဲ့ မူရင်း အင်္ဂလိပ်ဘာသာ….စာအုပ်တွေကို ဖတ်ရင်

    ဘာမှအတိအကျမသိပဲ ယောင်ဝါးဝါး အဓိပ္မါယ်တွေ နဲ့ကိုယ်လိုရာ တွေးပြီး ဖတ်ရတဲ့ ကျွန်တော်။”

    အစ်မ ထက်တော့ အများကြီး သာပါတယ် အလင်းဆက် ရေ။
    အစ်မ ကတော့ အင်္ဂလိပ် စာလုံး မြင်တာနဲ့ စာအုပ်ဆိုလည်း ကိုင်မကြည့် သလို မော်နီတာ ပေါ် ဆိုရင်လည်း ကျော်ဖတ် လိုက်တယ်။
    အက္ခရာစဉ် တွေကို ဖတ် ရုံ ပဲ ဖတ် ပြီး မမန့် ဖြစ်ခဲ့ တဲ့ အတွက် ခွင့် လွှတ်ပါ။
    အရေး အသား တွေ ကြည့် ပြီး အသက်ကြီး ကြီး လို့ အရင် က ထင်ခဲ့ မိတဲ့ လူငယ် ခန့် ချော စာရေး ဆရာလေး အမြန်ဆုံး စွံ နိုင် ပါစေ လို့ ဆုတောင်း ပေး ပါတယ် နော။

  • လုံမလေးမွန်မွန်

    November 12, 2012 at 11:24 am

    ဘယ်ထဲက စာမှန်းမသိပေမယ့်
    ဘာသာပြန်တဲ့ ကောင်လေးချောချောလေးကြောင့်
    ဘဘကြီးရဲ့စာကို ဖတ်ခွင့်ရတာ
    ဘယ်လိုကျေးဇူးတင်မှန်းမသိဘူး…
    ဘာမှန်းမသိဘဲ စိတ်တွေရှုပ်လို့
    ဘုတ်အုပ်တွေရှာပြီး စာတွေဖတ်နေတာ
    ဘိုလိုရေးတာတွေပဲ ဖတ်နေမိတယ်…
    ဘာပဲဖြစ်ဖြစ် ကျေးဇူးနော်…

    ဘာဘီရုပ်နဲ့ မတူတဲ့ကောင်မလေး
    မွန်မွန်
    :mrgreen:

  • jullies cezer

    November 12, 2012 at 3:28 pm

    ဘာကွ
    ဘာထင်ကိုသာဒင်လဲ
    ဘာဖြစ်သွားမယ်ထင်လဲ
    ဘယ်တော့မှမနိုးခြင်းနဲ့အိပ်ပစ်အောင်လုပ်လိုက်ရမလား
    ဘယ်ဘက်ကြိုက်လား ညာဘက်ကြိုက်လား
    ဘာမှမကြိုက်လဲ
    ဘိန်းမုန့်စားပြီး အိပ်တော့ 😛
    ခင်တဲ့
    ဆီဇာ

  • Khaing Zar Win

    November 12, 2012 at 3:36 pm

    မောင်အလင်းဆက်
    တစ်ပုဒ်ကို မန့်ချင်တော့ ရှေ့က ပို့(စ) တွေလိုက်လိုက်ဖတ်နေရလို့ လာတာနည်းနည်း နောက်ကျသွားတယ်။ (လမ်းမှာလည်း ဟိုအိမ်၊ ဒီအိမ် ဝင်ရသေးသကိုး) :hee:
    တစ်ပုဒ်ထက် တစ်ပုဒ် ရေးအားပိုကောင်း၊ ဖတ်လို့ပိုကောင်းလာတယ်။
    နောက်ဆက်ရေးမှာတွေကိုလည်း အားပေးနေတယ်။ 🙂

    • အင်္ဂ ါZ

      November 12, 2012 at 3:41 pm

      ဟုတ်
      သူပေါသလိုပဲ ကိုဒညင်းဝက်..

      @မဇာဂျီး..
      သများ အဗေတာလေး လလားဟင်င်င်င်င်င်င်င်င်

      • Khaing Zar Win

        November 12, 2012 at 3:43 pm

        ဟယ်။ မုန်းစရာကြီးတော့။ သူများ အိမ်အထိ ဒီဓာတ်ပုံကြီးကို လိုက်ပြနေတယ်။
        တွေ့တယ်။ စိတ်ကုန်လွန်းလို့ မမြင်ဟန်ဆောင်နေတာ။ ဒီ ဂိုဏ်းချုပ်နဲ့တော့ ခက်တယ်တော့။

  • ရွှေ ကြည်

    November 12, 2012 at 4:43 pm

    ဘာသာပြန်လက်ရာကောင်းပါတယ် (ခိ ခိ တကယ်တော့မိရွှေကြည်လည်းဘာမှမတတ်)
    သဘောကျစရာကောင်းတဲ့ ဘာသာပြန်စာကိုဝင်ရောက်ဖတ်ရှုသွားပါကြောင်း..။

  • thit min

    November 12, 2012 at 6:51 pm

    ရေးထားပုံလေးက ချစ်စရာကောင်း လို့ ပြုံးမိတယ်။
    ~~~~~
    ကော်မန့်လို့လဲမပြောပေ။ ပြုံးလို့သာနေ။
    ~~~~~
    ဂလိုလေးပေါ့
    I have no comment
    I make a smile my comment

    (ထပ်တူပြုခံစားတာလေ)

  • အလင်းဆက်

    November 12, 2012 at 7:15 pm

    ဦးဘေ..ရဲ ့ ကွန်မန့်ကိုဖတ်ပြီး..
    ရယ်မိတယယ် ။

    ပျော်စရာ ပိုစ့်တစ်ပုဒ် ဖြစ်ပါပြီ..
    🙂
    ==========
    nozomi ရေ…

    အကြံ လေး.ပေးတဲ ့အတွက် ရှဲ ရှဲ ့….

    သ = မှာ… ဘာရေးရမှန်း ခုထိ မစဉ်းစားရသေးဝူး…..
    :kwi:
    ================

    cobra ရေ..

    ဘာမှန်းလည်း.မသိဘူး.ဆိုပေမယ့်..ခင်မင် စွာ.ဖတ်ရှု..အားပေး..သွားလို ့..ရော
    ကွန်မန့်လေး.အတွက်ရော..
    ကျွန်တော်က ကျေးဇူး..ပါလို ့..နော် ။

    🙂
    ===============

    ဦးဦးဆာ….မိ ရေ…

    ဆုတောင်းလေး.က…
    ဘာလိုလို.လေးဆိုတော့…
    ဘယ်တော့ပြည့်မလဲ..
    ဘယ်သူလေးနဲ ့ဖြစ်လာမလဲ..လို ့..
    စောင့်ကြည့်တော့မယ် ။
    🙂
    ==================
    aye.kk ရေ
    အန်တီလို ့ခေါ်မယ်နော် ။
    တရားသဘောလေး နဲ ့..ချုပ်ထားတဲ ့ ဒီ ပို့ စ်လေးမှာ..
    တရားသဘောလေး..ထပ်ပြီးး…ဖြည့်ဆည်းပေးသွားလို ့..
    ကျေးကျေးနော် ။
    ခံစား..အားပေး.လို ့..ပြောမပြတတ်အောင်ကျေးဇူးတင်ပါတယ် ။

    ======================
    အရီးရေ.

    ကိုလူချောလေး..တဲ ့လား..

    အဟိ အဟိ ခွိ ခွိ ..( ဝမ်းသားသွားတာ.. )

    :kwi:

    —————————————-

    အန်တီ မမရေ...
    ရွာထဲက ဘာသာပြန်ဆရာကြီးတွေ..စာရင်းထဲတော့…
    သားကို မထည့်ပါနဲ ့ဦးဂျာ..
    သား…က… မဖြစ်စလောက်လေးပါ …

    အဟိ ။:)
    ++++++++++++++++++++++

    ဘယ်အချိန်ပဲ.ဖြစ်ဖြစ်…ခင်နေတတ်တဲ ့ ကိုကိုခင်ခရေ
    ဘာပဲ.ရေးရေး.. အားပေးခံစားတတ်သူကိုမို ့…
    ဘာသာပြန်ဆရာကြီး ( အန်တီမမ ကတော့ပြောတာပဲ )အလင်းဆက်က
    ဘယ်လိုကျေးဇူးတင်ချင်မှန် း မသိတော့လောက်အောင် ကျေးဇူးတင်ချင်နေပါတယ်..လို ့

    ဘယ်ဘယ်လိုပြောပြရမလဲ…. အင်း..းးး

    🙂

    ====================

    ဦးကြောင်..……….

    တစ်နေ ့တော့.
    ဦးကြောင်ကြီး ရဲ ့ အဲဒီ ကွန်မန့် ကဗျာတွေကို..စာအုပ်တစ်အုပ်အဖြစ်..ထုတ်ချင်တယ်ဗျာ ..
    ဘယ်လိုလဲ..ထုတ်ခွင့်ပေးမလား..ဟင် ။

    ရတနာထိန်ဝင်းလို..တော့ မရေးရင် ပြီးတာပါပဲ..

    🙂

    ဦးကြောင် က..ကျွန်တော့် ရဲ ့ပိုစ့်တိုင်းကို…ကျွန်တော်….. ဟိုး….. ရွာသားအသစ်ကလေး..အချိန်ကတည်းက.ရေးသမျှ ကို..မပြတ်တမ်း ဖတ်ရှု..ခံစား..ပြိး
    ကွန် မန် ့ တစ်ခါမှ မပြတ် ခဲ့တဲ ့သူပါ ။
    ချစ်တယ်..ဦးကြောင်…..

    ====================
    မမမိုချိုရေ….
    အသက်ကြီး ကြီး လို့ အရင် က ထင်ခဲ့ မိတဲ့ လူငယ် ခန့် ချော စာရေး ဆရာလေး အမြန်ဆုံး စွံ နိုင် ပါစေ လို့ ဆုတောင်း ပေး ပါတယ်…ဆိုလို ့….

    သားကလည်း.. ထပ်တူ ထပ်မျှ ပြန်ဆုတောင်းလိုက်ချင်တယ် ။

    မမလည်း..အမြန်ဆုံး…..

    ဟိဟိ ။

    🙂

    ခင်လို ့စတာနော် ။ ချိတ်ချိုးနဲ ့ဂျ ။
    🙂

    ==================

    လုံမလေးမွန်မွန်..ရေ...

    ဘာသာပြန်တဲ ့ကောင်လေး က ချောတယ်…ဆိုတော့..အဟိ ..အဟစ်…
    ဝမ်းတာ လိုက်ထှာ….
    မွန်မွန်က အမှန်တရားကို မြင်တတ်တာပဲ.. ။
    အဟိ ။

    အော်… မွန်မွန်က.. ဘာဘီ ရုပ်နဲ ့မတူဘူးကိုး….

    တူ များတူလို ့ကတော့ကွာ…..

    ကဆာမိ ဆုတောင်းကြီးပြည့်တော့မလို ့…:)
    =================

    jullies cezer ရယ်…

    ဖြည်းဖြည်း လုပ်ပါ…။ ဘာ ဒင်ကို ..သာ မထင်ဝ ံ့ပါဘူး ..။

    ဘိန်း မုန် ့မကြိုက်လို ့..
    ဘယ်ညာ လူး လိမ့်ပြီး..
    ဘီဘီစီ နားထောင်ရင်း..အိပ်တော့မယ် ။

    အဟိ ။
    🙂

    ===========================

  • အလင်းဆက်

    November 12, 2012 at 7:28 pm

    Khaing Zar Win ရေ…

    အသက်က သားထက်ကြီးမလား.ပဲ. ။ ဘယ်လိုခေါ် ရမယ် မတိတေးဝူး ။

    ဘာပဲဖြစ်ဖြစ်… မမ လို ့ခေါ်မယ်ဗျာ…။

    ———–
    ဆက်လက် အားပေးနေမယ်..ရှို လို ့…
    ကျေးကျေးဘာ….နော် ။

    🙂
    ====================
    အင်္ဂ ါZ ရေ….

    လှ ချက်ကတော့…
    ပြော ကို ………. မပြောချင်ဘူး …

    ( လုူကိုများ..ဒညင်းဝက် လေး..ဘာလေးနဲ ့
    ဒီလောက် မင်းမော်ကွန်းနဲ ့တူတဲ ့ဟာကို…. 🙂 )

    နေပါဦး..နောက်ထပ် ပုံ လှလှလေးတွေ… ထပ် တင်ပြ ဦးမယ် ။
    ဒါမှ…ဒညင်းဝက် နဲ ့တူ..မတူ ကွဲ ပြားသွားမှာလေ…
    (အမှန်က ကြော်ငြာ ထပ် ဝင်ချင်နေထှာ. ပါ . )
    🙂

    =========================

    မမရွှေကြည်...ရေ…

    ဘာသာပြန်လေးကို..ဖတ်ရှု သွားလို ့ရော.
    အက္ခရာတွေ နောက် အဆက်မပြတ် လို က်ပါ ခံစားခဲ့လို ့ရော…
    ကျေးဇူး..အကြီးကြီး ..တင်ပါဒယ် ။ ( မှတ်ချက် ကျေးဇူး အကြီးကြီးဆိုတာက မမရွှေကြည့် စကား.ထင်ပါ့ )

    :kwi:

    ====================

    လေးလေး..သစ်…

    ကွန့်မန့်လေးက..
    ချစ်စရာ တကယ်ကောင်းတယ်ဗျ ။

    ချစ်စရာကောင်းတဲ ့ပိုစ့်လေး.ဖြစ်ဖို ့… အားဖြည့်ပေးသော…
    လေးလေးသစ်..ကို အထူးကျေဇူး ပါ..လို ့
    🙂

    ========================

    လေးလေးပေါက်….

    ဘာတွေမှန် းမသိတာကို.ဘယ်လိုတွေးမှန်း လည်းမတိဝူး.လား ။

    လေးလေးပေါက် တားတားတို ့ကို..ဆုကြေငြာတာမှာ..
    နည်းနည်း..ဦးနှောက်ခြောက်အောင် လုပ်ထားတာနဲ ့ဆို….
    ကျေပြီ….
    🙂 :kwi:
    ဘ = ပြီး ရင်
    ဘာ..လာမယ် ရှိ ု တာကိုတော့…
    ဘာ…မလျှော့လေနဲ ့လာတော့မကွဲ ့…. နောက်တစ်ခု ပေါ့နော်
    မျှော်….. ဟော်…ဟော်……

    ====================================
    အားလုံးကို… ချစ်ခင်လေးစား..တန်ဖိုးထားလျက်….

    အလင်းဆက်

  • မိုး မင်းသား

    November 13, 2012 at 6:39 pm

    ဘာဘူလေးဘောလုံးကိုဘရပ်ရှ်နဲ ့တိုက်တော ့……

    ဘာဘူလေးကဘာပြောတယ်မှတ်လဲ……..

    ဘောလုံးကိုဘရပ်ရှ်နဲ ့တိုက်မှတော ့…..ဘောလုံးတွေပွန်းကုန်တော ့မှာပေါ ့တဲ ့…..

    ဘာဘူလေးသနားပါတယ်………..

    ဘာဘာ…..ဘာမှမသိဘူး(မင်းသိင်္ခ)
    ဘာပြောရမှန်းတောင်မသိတော ့ဘူးဆရာလေး…အလင်းဆက်ရေ

  • ဘာဘူဂျီး တစ်ယောက်
    ဗိုလ်တထောင် သွားဒါ
    ဘာဖြစ်လဲ မသိဘူး
    အဘား .. အဘား နဲ့ အော်ပီး ပြေးလိုက်တာ
    ဘယ်ဆီဘယ်ဝယ် ရောက်သွားမှန်း မသိတော့
    အိုက်ဒါ ….
    ဘလင်းဆက်ရဲ့ လက်ချက်ပဲ ဖြစ်မှာပဲ … :mrgreen:

  • Mr. MarGa

    November 14, 2012 at 8:05 pm

    ဘာတွေ ဘယ်လို မန့်ရမှန်းမသိတာကြောင့်
    ဘာမှ မမန့်ဘဲ သွားချင်ပေမယ့်
    ဘယ်လိုမှ မနေနိုင်လို့
    ဘာဘာ ဘာမှတိဝူး လို့ပဲ ပြောလိုက်ပါတယ်နော်

  • nature

    November 15, 2012 at 12:00 am

    ရေးတာကောင်းလွန်းလို့ဘယ်လိုမန့်ရမှန်းမသိတော့ကြံဖန်မန့်လိုက်မယ် ။ လာလေရော့…။
    ရိုးသားခြင်းဆိုတာ ယုံကြည်စိတ်ချမှုကို ရရှိစေတဲ့ ရေးကြီးတဲ့ စာရိတ္တတမျိုးဖြစ်ပါတယ်။ ရိုးဂုဏ်ရှိတဲ့သူ တယောက်ဟာ အထက်လူကြီးတွေရဲ့ယုံကြည်စိတ်ချမှုကို ခံရလို့ တက်လမ်းရှိသူများလည်းဖြစ်မယ်ထင်ပါတယ်။ ရိုးဂုဏ်ဆိုတာ ဆက်လက်ထိမ်းသိမ်းဖို့လိုပါတယ်။ တခါ နှစ်ခါလောက်ပဲရိုးတာ ဆိုရင်တော့ အယုံသွင်းတဲ့လိမ်လည်မှုမျိုးဖြစ်ပါတယ်။

    ရိုးဂုဏ်ရှိတဲ့လူတယောက် ဟာ သူများပစ္စည်းမခိုးတဲ့အတွက် လိမ်မပြောတဲ့ အတွက် မုသာဝါဒနဲ့ အဒေနာဒါနာကို စောင့်ထိမ်းရာရောက်ပါတယ်

  • အလင်းဆက်

    November 16, 2012 at 8:48 pm

    nature ….နဲ ့…
    Mr. MarGa….
    ရေ….

    ဖတ်ရှု..ခံစားပေးလို ့…
    ကျေူးကျေးးးတင်ဒယ်နော်။

    နောက်လဲ..လာ ဖတ်..ဒါပဲ…။
    🙂

    • Mr. MarGa

      November 22, 2012 at 7:46 pm

      အမိန့်တော်မြတ် အတိုင်းပါ
      ဒီလ တင်သမျှကတော့ မဖတ်မဖြစ် ဖတ်ရတော့မှာလေကွယ်

Leave a Reply