ဆုံဆည်းရာဆိုဒ် တတိယဆုရ ဆောင်းပါး

“ဆီမီးရောင်ဖြာသီတင်းကျွတ်ချိန်ခါ ´´

 

 

ဪ……..ဘာလု်ိလိုနဲ့ သီတင်းတောင်ကျွတ်ပါပြီကော…အချိန်ဟာဘာမှမဟုတ်သလို

 

ဟိုဘက် လှည့် ဒီဘက်လှည့်နဲ့ သီတင်းတောင်ကျွတ်ပြီ။
သီတင်းကျွတ်ပြီဆိုရင်ဖြင့် ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဓလေ့ထုံးတမ်းစဉ်လာအနေဖြင့်
တာဝတိ ံသာနတ်ပြည်မှာ လူ့ပြည်မှာနေတုန်းက အမိဖြစ်ဖူးသော သန္တုဿိတနတ်သား
အမှူးပြုသောနတ်အပေါင်းတို့ကို အဘိဓမ္မာတရား ဟောကြားတော်မူသော မြတ်ဗုဒ္ဓအား
ပူဇော်သက္ကာရပြုကြသည်။ မြတ်ဗုဒ္ဓဟာ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်
သားကို(အမိကိုကျေးဇူးဆပ်ခြင်းအကျိုးငှာ) အဘိဓမ္မာတရားဝါတွင်းသုုံးလပတ်လုံး
နေ့စဉ် နတ်ပြည်မှာ ဟောကြားတော်မူသည်။ နတ်ပြည်မှာ ဟောရခြင်းအကြောင်းကား
အဘိဓမ္မာတရား က သိမ်မွေ့နက်နဲသောကြောင့် လူပြည်မှာ ဟောလျှင်
တရားရဲ့အဓိပ္ပာယ် သိမ်မွေ့နက်နဲစွာမသိ နိုင်သောကြောင့် နတ်ပြည်မှာ
အကျယ်ဟောကြားတော်မူကာ လူ့ပြည်သို့ ဆွမ်းခံကြွချိန်သာ ကြွတော်မူသည်။
ထိုဆွမ်းခံကြွချိန်၌ နတ်ပြည်မှာ နိမ္မိတမြတ်ဗုဒ္ဓကိုယ်ပွားတစ်ဆူထားရစ်ခဲ့ကာ
လူ့ပြည်သို့ ဆွမ်းခံကြွတော်မူသည်။ နတ်ပြည်မှာဟောခဲ့သော
အဘိဓမ္မာတရားတော်ကို အရှင်သာရိပုတ္တရာ မထေရ်ကို အကျဉ်းအားဖြင့်
ပြန်လည်ဟောကြားတော်မူသည် အရှင်သာရိပုတ္တရာမှ တဆင့် သံဃာ တော်တွေကို
အကျယ်တဝင့်ပြန်လည်ဟောကြားတော်မူသည်။ ဒီလိုနဲ့ဝါတွင်းသုံးလကုန်လွန်၍
သီတင်းကျွတ်သောအခါ လူ့ပြည်သို့ သိကြားမင်းအမှူးပြုကာ
နတ်အပေါင်းဗြဟ္မာခြံရံပြီး ပြန်လည် ကြွတော်မူခိုက် လူ့ပြည်မှာနေကြကုန်သော
တပည့်သာဝကအပေါင်းတို့က ဆည်းကြို၍ ပန်း၊ရေ၊ ချမ်း၊ နံ့သာ၊
ဆီမီးတို့ဖြင့်ပူဇော်သက္ကာရပြုကြသည်။ လိုအပ်သောဆုတွေတောင်းကြ၊ အမျိုးမျိုး
သောပူဇော်သက္ကာရတွေပြုကြနှင့်များပြားသောတပည့်သာဝကအပေါင်းတွေဟာ
မြတ်ဗုဒ္ဓကို ခရီးဦး ကြို၊ ပူဇော်သက္ကာရပြုကြသည်။
ကာလရွေ့လျှော့လာသည်နှင့်အညီ ဆီမီးအမျိုးတို့ဖြင့် ပူဇော်လာရာမှ ယနေ့ခေတ်
မီးပုံး များဖြင့်လည်းကောင်း၊ ဆီမီးတို့ဖြင့်တဖုံ၊
မီးပုံးပျံဖြင့်တနည်းစသည် နည်းမျိုးစုံတို့ဖြင့် အစုလိုက် အပြုံလို်က်
အသင်းတွေ ဖွဲ့စည်းကာပူဇော်ကြသည်။ တောကျေးရွာတွေမှာလည်း ရွာတွေရဲ့ ဓလေ့
အစဉ်အလာတစ်ခုအနေဖြင့် ဆီမီးထွန်းပွဲ၊ မီးပုံးပျံလွှတ်ပွဲ စသည်
ကာလအချိန်အခါ တွေမှာ မူတည်၍ ပူဇော်သက္ကာရပြုကြသည်။ အရင်က ဘာသာရေးပူဇော်ပွဲ
သက်သက်ဖြစ်၍ အချိန်ကာလ ရွေ့လျှော့၍ ယနေ့အချိန်တွေမှာဖြင့်
တချို့သောကျေးရွာတွေမှာ ပျော်ပွဲရွှင်ပွဲအဖြစ် ဒိုးပတ်၊ ဆိုင်း စသည်ထည့်ကာ
စည်းစည်းလုံးလုံး ရွာသူရွာသားများစုပေါင်းကာ ကိုယ်စီကိုယ်စီ
ဆီမီးထွန်းပွဲ လှည့်လည်ကြသည်။

 


စာရေးသူရဲ့ဇာတိရွာဖြစ်တဲ့ တံတားဦး၊ သပြေကန်ရွာလေးမှာ နှစ်စဉ်သီတင်းကျွတ်လဆန်း
(၁၄) ရက်နေ့ ညနေခင်းမှာ ဆီမီးထွန်းပွဲ ကျင်းပကြသည်။ ရွာထဲမှာ အပျိုလူပျို
ကလေးလူကြီးစသည် အားလုံး သင်းတိုင်းခေါ်သမဝါယမရွာဘုံအိမ်မှာလူစုပြီး
တံခွန်ကုက္ကား ပန်းဆီမီး၊ ဆွမ်းတော်ပွဲ (သစ်သီး၊ မုန့် စသည်) တို့ကို
ကိုယ်စီကိုင်ကာ ရွာထဲမှာ လှည့်လည်၍ ရွာရဲ့ အရှေ့ထောင့်မှာ တည်ထားသော
ကျောက်ပုံကြီးစေတီမှာ ကပ်လှူကြကာ ပျော်စရာပွဲလေးတစ်ခုပင်ဖြစ်ပေသည်။
လဆန်း(၁၅) ရက်မှာတော့ မနက်ခင်း ဆွမ်းကြီးလောင်းလှူကြသည်။ ရဟန်းသံဃာတွေ
ဆွမ်းကပ် ကြ ဆွမ်းလောင်းလာကြတဲ့ ပရိတ်တွေလည်း
ဧည့်ခံကြနှင့်ပျော်စရာဖြစ်သော ဘာသာရေးပွဲလေး ဖြစ်သည်။
အားလုံးပြီးကြလျှင်ဖြင့် တရားနာကာ ဆွမ်းလောင်းပွဲကို အောင်မြင်စွာ
ကျင်းပကြတာ နှစ်စဉ်နှစ်တိုင်း ဖြစ်ခဲ့သည်။ ထိုစာရေးသူ ဇာတိရွာကလေးလို
ရွာလေးတစ်ရွာလည်း သီတင်းကျွတ် ရဲ့ အလှတရားများကို ဖော်ကျူးနေခဲ့သည်။
ထိုရွာကလေးအမည်ကတော့ ဇီးကုန်းတိုက်နယ်၊ ထန်းကုန်းမြို့ ၊
တောင်ရွက်ကြမ်းရွာက လေးပါပဲ။ ရွာကလေးဟာ အိမ်ခြောက်ဆယ်(၇၀) ခန့်
ဖွဲ့စည်းကာ စည်းစည်းလုံးလုံး နေကြသော ရွာကလေးပင်ဖြစ်သည်။
ရွာကလေးရဲ့မြောက်ဘက်မှာတော့ မြောက်ရွက်ကြမ်းရွာလေးတစ်ရွာ ရှိသည်
သူ့ရွာနှင့်သူ ရွာရဲ့ကျက်သရေဆောင် ဘုန်းတော်ကြီးကျောင်းတွေလည်း
ကိုးကွယ်ကြ သည်။

 


ထိုတောင်ရွက်ကြမ်းရွာကလေးသိုု့ စာရေးသူမထင်မှတ်ဘဲ သူငယ်ချင်းနှင့်
လိုက်သွားကာ ရောက်ခဲ့သည်။ နေချင်စရာရှိလှသော ထိုရွာကလေးမှာ
စီးပွားရေးအဖြစ် ဆန်စပါးစိုက်ပျိုး သက် မွေးခြင်းကို ပြုလုပ်ကြသည်။
ထိုရွာကလေးရဲ့ဘုန်းတော်ကြီးကျောင်း နာမည်မှာ သာသနာ့ဂုဏ်ရည်
ကျောင်းတိုက်လို့ ခေါ်ဆိုကြသည်။ သာသနာ့ဂုဏ်ရည်ကျောင်းတိုက်မှာ
သီတင်းသုံးသော ဆရာတော်ကလည်း သာသနာ့ဂုဏ်ကို တကယ်ဆောင်သောဓမ္မကထိကတပါး ပင်
ဘွဲ့တော်မှာ ဘဒ္ဒန္တ သာသန၊ မြို့နယ်သံဃာ့နာယကလည်းဖြစ် မဟာစည်နယ်လှည့်ဓမ္မကထိ
ကလည်းဖြစ်သောကြောင့် သာသနာ့ဂုဏ်ကို တကယ်ဆောင်နိုင်သော ဆရာတော်တစ်ပါးပင်
သို့ပေမယ့် ဝမ်းနည်းကြေကွဲစရာ တစ်ခုက မကြာသေးမှီက ဝင်ရောက်အစားယူခဲ့သည်။
ထိုအရာ ကား အခြားမဟုတ်ပေ ဆရာတော်ဘုရားဟာ သာသနာတော်ရဲ့ဂုဏ်ကို ကျေပွန်စွာ
ထမ်းဆောင် ရင်း ဘဝရဲ့နိဂုံး အချိန်ပိုင်းသို့ မကြာသေးမှီက
ရောက်သွားခဲ့လေပြီ။ စာရေးသူရောက်သွားတော့ ဆရာတော်ဘုရားရဲ့ တပည့်များက
အလှည့်ကျ ယာယီအနေဖြင့် ကျောင်းတော်ကြီးကို စောင့်ရှောက်ကြသည်။
ဆရာသမားကောင်ကို ဆည်းကပ်သော တပည့်သည် လိမ္မာရေးခြားရှိသည်မည်၏။ ဆရာ
သမားကောင်း၏ စကားများကို တသွေမတိမ်းလိုက်နာကာ ရပ်ရွာရဲ့အကျိုး၊
သာသနာရဲ့အကျိုး၊ ကျောင်းတော်ရဲ့အကျိုးကို ထမ်းဆောင်နေကြသော။
တပည့်သံဃာတော်တွေကလည်း မြို့မှာ ပညာသင်ကြားသော သံဃာလည်းဖြစ်၊
ပညာကလည်းတော် အတွေ့အကြုံကလည်းရှိကြသော သံဃာတော်လေးတွေလည်းဖြစ်သည်။
ဆရာတော်ရှိစဉ်အခါကလို သာသနာ့ဂုဏ်ရည်ကျောင်း တိုက်ကြီးမှာ
သာသနာဂုဏ်ကိုဖော်ကျူးနေခဲ့ကြသည်။ ယခုလို သီတင်းကျွတ်ရာသီမှာ
ဆီမီးထွန်းပွဲ ကျင်းပကြသည်။ လဆန်း(၁၃)ရက်နေ့ညနေခင်းမှာ ရွာထဲကနေ
ဆီမီးတိုင်ကိုယ်စီကိုယ်စီ ကိုင် ကာ ညီညာသောတန်းဖြင့်
ကျောင်းတော်ကြီးပတ်ကာ လှည့်လည်ကြသည်။ ကျောင်းဝန်းထဲမှာ လည်း ညနေကတည်းက
ဝါးတိုင်စိုက် ကြိုးတန်းကာ ရောင်စုံဆီမီးပုံးလေးတွေ ချိပ်ဆွဲထားကာ
ထွန်းကြသည်။ လူငယ်တွေကလည်း မီးရှူးပန်းတွေ၊ ဗျောက်တွေဖောက်ကြ
မီးပုံးပျံတွေလွှတ်ကြ နှင့် တောင်ရွက်ကြမ်းရွာကလေးရဲ့ ဘုရားပွဲဟာ
စည်ကားသိုက်မြိုက်သည်။ အိုးစည်၊ ဒိုးပတ်၊ ဦး ရွှေရိုးအက ကလည်း
ရိုးရာအတီးအကဖြင့် မြတ်ဗုဒ္ဓကို တနည်းပူဇော်ကြသည်။ ကျောင်းတော်ကြီး ကို
သုံးခါပတ်ပြီးလျှင်ဖြင့် ဆရာတော်ဘုရားများထံမှ သီလယူကြကာ မိမိတို့
နေအိမ်ဆီသို့ ပြန်ကြ သည်။ ကုုသိုလ်လည်းရ ဝမ်းလည်းဝ အစား
ကုသိုလ်လည်းရပျော်ရွှင်ရလို့ ပြောင်းလိုက်ချင်ပါဘိ။
လူရွယ်လူငယ်လူလတ်အားလုံး တက်တက်ကြွကြွနှင့် မိဘဘိုးဘွားဆရာသမားတို့ရဲ့
ရိုးရာဓလေ့ အမွေအနှစ်ကို ထိမ်းသိမ်း၍ ဘာသာရေးပွဲကို
စည်ကားသိုက်မြိုက်စွာကျင်းပကြသည်။
(၁၄)ရက်နေ့မနက်မှာတော့ ပင့်သံဃာ(၆၀)ကျော်တို့ကို
ဆွမ်းတော်ကြီးလောင်းလှူကြ သည်။ စေတနာသဒ္ဓါတရားကတော့ ထက်သန်လှကာ
ကျောင်းတော်ကြီးကို ဗဟိုပြု၍ ပတ်ပတ် လည်လည်လှူရံပစ္စည်းတို့ဖြင့်
ရပ်ကာစောင့်နေကြသည်။ ကြွလာသောဆရာတော်သံဃာတော်တို့ ကို လောင်းလှူကြတာလည်း
ကြည်ညိုသဒ္ဓါတရား အလွန်ကောင်းလှပေသည်။ ဆွမ်းလောင်းပွဲပြီ ၍ ဆရာတော်မှ
ရေစက်ချအမျှအတမ်းပေးဝေကာ သီတင်းကျွတ်ဘုရားပွဲကလေး ပျော်ပျော်ရွှင်ရွှင်
စည်စည်ကားကားကျင်းပနိုင်ခဲ့သည်။ ယခုလိုရွာကလေးတို့လို
မြန်မာပြည်နေရာအနှံ့အပြားမှာ ရှိနေကြမှာလည်း မလွဲဧကန်ပင်၊
သို့ပင်လျှင်ဖြင့် ဘာသာရေးပွဲမှ ပျော်ရွှင်ပွဲသက်သက်အဖြစ်
ပြောင်းလဲသွားကြသော ရွာလေးတွေမှာလည်း မနည်းလှပေ။ ထိုရွာကလေးတွေအတွက်
ဝမ်းနည်း လှပေ၏။ ဘာသာရေးပွဲမှ ပျော်ပွဲရွှင်ပွဲအဖြစ်
အသွင်မကူးပြောင်းစေရန် ဘာသာရေးခေါင်းဆောင် များ အထူးကြပ်မတ်ပေးရန်
အထူးလိုအပ်လှသည်။
ပြုပြင်ပြောင်းလဲပေးရန်လည်း စာရေးသူ ဒီဆောင်းပါးဖြင့် မေတ္တာရပ်ခံပါသည်။
ဒီလိုသီတင်းကျွတ်ရာသီလေးမှာ မိမိတို့ရဲ့အလေးထားရာဖြစ်သော မြတ်ဗုဒ္ဓကို
ဆီမီးစသည်တို့ဖြင့် ပူဇော်သက္ကာရ ပြုခြင်းဖြင့်
မိဘဘိုးဘွားရှေးရိုးရာအမွေအနှစ်တို့ကို ထိမ်းသိမ်းနိုင်ကြပါစေလို့ ဆန္ဒပြု
ရေးသားလိုက်ရပါတယ်။

 

 

စာဖတ်ပရိတ်သတ်ကိုအစဉ်လေးစားလျှက်

ဇွဲမာန်(အင်းဝ)

2 comments

  • မိုချို

    November 12, 2012 at 9:47 am

    ကျေး လတ် တောရွာ ဒေသ တွေ မှာ ပျော်စရာပွဲလမ်း သဘင် ၊ လည် ပတ်စရာနေရာ ရှား ပါး တဲ့ အတွက် အခါကြီး ၊ရက်ကြီး ဘာသာရေး ပွဲ တွေ မှာ လွှတ်ပျော်တတ်ကြတယ်။ ဒါ့ကြောင့် မကြာမီ ကျရောက် လာအုံး မယ့် တန်ဆောင်တိုင် ပွဲ တော် မှာ လည်း အပျော် ကနေ အပျက် ကို ကူး မသွားအောင် ထိန်းသိမ်း နိုင်ကြပါစေကြောင်း စာရေးသူ ကိုဇွဲမာန် နှင့် ထပ်တူ ဆန္ဒပြု လိုက်ပါတယ်။

  • Khaing Zar Win

    November 12, 2012 at 3:39 pm

    အင်း။ ခုနောက်ပိုင်း ကလေးလေးတွေဆို သီတင်းကျွတ်ဘယ်ကစတာကို သိပါ့မလားပဲ။ မီးထွန်းပွဲလောက်ပဲမှတ်နေကြမှာနော်။ 🙂

Leave a Reply