လူဆိုတာ

aye.kkNovember 12, 20121min17519

လူဟာလူလို
သိဘို ့ရာဆို
မလွယ်ခက်လှ
ပြောပြအမေဆုံးမသည်။
အမေ
လူဟာလူဘဲလေမို ့
လူလိုမသိ
ရှိပါ့မလား
နည်းပါးစာဂ
ကလေးဘဝ
အမေ့ကိုပြန်
ခံပြောဘူးတာမှတ်မိသည်။
အမေကမှာ
လူဆိုတာဟာ
သိဘို ့ရာမှတ်
ဗုဒ္ဓမြတ်စွာ
ဟောဆိုညွန်ပြ
သီလပန်းကုန်း
လူ ့ကျင့်ထုံးအား
မှတ်သားလိုက်နာ
ကျင့်သုံးပါမှ
လူဟာလူလိုပီသမှာတဲ့လေ။။

19 comments

  • ဦးကြောင်ကြီး

    November 12, 2012 at 7:06 am

    လူလိုသိ
    ဆူကျိုငပိ
    ယူရိုကတိ
    မူကြိုရှိ
    အူတိုဘိ
    လူအိုကြည့်
    သူကိုယ်ညှိ
    တူချို၏…။

  • aye.kk

    November 12, 2012 at 7:11 am

    ကြောင်ကြီးရေ
    ပထမဦးဆုံးမန် ့တဲ့ကွန်မန်းကြောင့်ဝမ်းသာကျေးဇူးတင်မိပါတယ်ကွယ်။
    ———————————————————————————————————————————-
    ကိုပေါက်
    ကျေးဇူးပါ။

  • ဦးကြောင်ကြီး

    November 12, 2012 at 7:19 am

    ဝမ်းသာ
    နမ်းဖွာ
    ချမ်းသာ
    ဆန်းထွာ
    ငန်းဝါ
    မန်းပြာ
    ကမ်းရှာ
    နန်းလာ..။

    • aye.kk

      November 12, 2012 at 3:03 pm

      ကမ်းရှာတဲ့
      ကျီးငှက်လေး
      တွေ ့ရင်ပေါ်မလာတော့
      ကမ်းတွေ ့တာသိပြီတဲ့လေး။။

  • Ko Khin Kha ( သရီးကေ )

    November 12, 2012 at 10:14 am

    လူဖြစ်ရကျိုး နပ်အောင်လုပ်ဖို့
    လူမှာသာ တာဝန်ရှိ၏။
    လူဘဝက ရခဲလှဆိုလည်း
    တစ်ချို့လူများ မိုက်တွင်းနက်၏၊
    ရခဲလူဘဝ အဖိုးတန်လှအောင်
    လူကောင်းတစ်ယောက် ဖြစ်တည်ရောက်ဖို့
    လူသာ အခရာဖြစ်တော့သည်။

    မအေးရဲ့ ကဗျာလေး ခံစားဖတ်ပြီး ရေးသီမိတာပါဗျာ။

  • aye.kk

    November 12, 2012 at 3:00 pm

    ကိုခင်ခ
    ကဗျာလေးနဲ ့ချီးမြှင့်တာကျေးဇူးပါနော်။

  • Mon Kit

    November 12, 2012 at 4:38 pm

    ပညာရှိ မေမေ ဆုံးမထားတာလေး နာယူလွယ်ဘို့ ကောင်းလိုက်တာ….
    ကဗျာလေးကို နှစ်သက်မိပါတယ်……

    • aye.kk

      November 13, 2012 at 3:26 am

      Mon Kit
      နာယူလွယ်ဘို ့ကောင်းတယ်ဆိုတဲ့
      စကားလေးကနားဝင်ချိုမြလိုက်တာ။
      ကျေးဇူးတင်ဝမ်းသာမိပါကြောင်းပြောပြလိုက်ပါရစေနော်။။

  • လုံမလေးမွန်မွန်

    November 12, 2012 at 5:01 pm

    ကိုယ်ကျင့်သီလမြဲမှ လူပီသမယ်ဆိုတဲ့ အန်တီအေးအမေရဲ့ ဆုံးမစကားလေးကို မှတ်သားသွားပါတယ်ရှင့်..

    လူနဲ့ပတ်သက်ပြီး လုံမရေးထားတဲ့ကဗျာလေးကို မန့်လိုက်ပါတယ်နော်..ရွာထဲမှာ ပထမဆုံးတင်ဖြစ်တဲ့ ကဗျာလေးပါ..

    “လူ့ခန်းဝါမှာ”
    လောကဘုံဝယ်
    မကြုံစဖူး၊ တစ်မူထူးခဲ့
    အရူးပမာ၊ ဖြစ်နေပါသည်
    ပညာကိုယ်ကျင့်၊ နှစ်ဖြာချင့်လည်း
    အဆင့်မပေး၊ သပြာကြေးသာ
    အရေးပါပေ၊ အကျင့်ထွေလည်း
    အဆွေဖွဲ့တတ်၊ ပေါင်းသင်းတတ်သည်
    လူ့ဇာတ်ဖြစ်ကြောင်းကုန်စင်တည်း…။ ။

    • aye.kk

      November 13, 2012 at 3:47 am

      လုံမလေးမွန်မွန်
      ကဗျာလေးကကောင်းလိုက်တာ။
      ကဗျာဖတ်ပြီးအန်တီရင်ထဲမှာခံစားပြောပြချင်မိတာပေါ့နော်။
      အသပြာပေးမှအရေးပါတဲ့ခေတ်မှာ။
      (လူလူချင်းမေတ္တာတရားထားရှိနိုင်မှုခေါင်းပါးနေတာတွေ ့ရတာပေါ့နော်)
      လောကမှာလူတိုင်းလူတိုင်းမေတ္တာတတရားများများထားရှိနိုင်ကြဖို ့
      အဓိကလိုအပ်လှနေကြောင်းထင်မြင်မိပါတယ်။။

  • အလင်းဆက်

    November 12, 2012 at 7:44 pm

    လူ..ဆိုတာ…
    လူပေါ့ ကွယ်…

    ဒါက နောက်တိနောက်တောက်…ပြောတာ

    ============

    ကျွန်တော်..ဖတ်ဖူး တဲ ့စာအုပ်တစ်အုပ်ထဲမှာတော့
    လူ ကို သု့းမျိုး ခွဲ ထားတယ်ဗျ ။

    (၁ ) မပြောပဲ.. သိတဲ ့လူ..

    ( ၂ ) ပြောမှ သိတဲ ့လူ..

    ( ၃ ) ပြောတာတောင်မှ မသိတဲ ့လူ…..

    တဲ ့

    ကျနော်ကတော့….. တေလာလောဆယ်..ပြောမှ သိတဲ ့လူ..စာရင်းထဲ..ပဲ..ပါအောင်ပဲ.ကြိုးစားနေရသေးတယ် ။

    ကြုံလို ့ ေ လ ဝင်ပေါသ ွားတာ…
    🙂

  • aye.kk

    November 12, 2012 at 9:16 pm

    အလင်းဆက်ရေ
    ကြုံလို ့ဝင်ပေါလည်း
    ကျေးဇူးပါကွယ်။လူအမျိုးမျိုးစိတ်အထွေထွေပါကွယ်။။

  • ရွှေ ကြည်

    November 12, 2012 at 9:27 pm

    ကောင်းလိုက်တာအန်တီအေးရယ် မှန်လိုက်တာ…။
    ရွှေကြည်တို့ငယ်တုန်းကလည်း အန်တီအေးလိုပဲတွေးမိပါတယ်..။

  • aye.kk

    November 13, 2012 at 3:18 am

    ရွှေကြည်
    ကျေးဇူးတင်ပါတယ်ကွယ်။။

  • အရီးခင်လတ်

    November 13, 2012 at 3:38 am

    အစ်မအေးရေ

    ဒီလို စာလေးတွေ အတွက်ကျေးဇူးပါနော်။
    Facebook ထဲမှာ ဖတ်ရတဲ့
    သီလ မြဲ တဲ့ သူ ဟာ ဘယ်သူမဆို မြတ်တယ် ဆိုတာလေး။
    မူရင်းက ဒီလိုပါ။

    {{{
    မိန်းမနဲ့ ယောက်ျား ဘယ်သူမြတ်သလဲ
    …………………………………………..
    မနေ့ က တရားတစ်ပုဒ်နာရတယ်…မိန်းမနဲ့ ယောက်ျား ဘယ်သူမြတ်သလဲတဲ့?
    ပရိတ်သတ်အားလုံးက ယောကျာ်း ပိုမြတ်တယ်ဆိုတော့ ဆရာတော်က အတူတူပါဘဲ…ကုသိုလ် ရှိတဲ့သူက ပိုမြတ်တယ်
    လို့ ဖြေပါတယ်..
    ယောက်ျားပင်ဖြစ်သော်လည်း အကုသိုလ်များနေရင် ကုသိုလ်နှင့် ပြည့်စုံသော မိန်းမကပိုမြတ်တယ်လို့ ဟောပါတယ်..
    ယောကျာ်းတွေက ငါတို့ ကပိုမြတ်တယ်ဆိုပြီး မိန်းမတွေကို အနိုင်မကျုင့်ပါနဲ့ ကုသိုလ်ပေတံ နဲ့သာ တိုင်းတာပါ….
    ယောက်ျားလည်း ရုပ်နဲ့ နာမ်..မိန်းမလည်း ရုပ်နဲ့ နာမ်..ကုသိုလ်သာ ကွာကြတာပါ.
    တိရစာ္ဆန် လည်း ရုပ်နဲ့ နာမ်ပေမယ့် ကုသိုလ် အားနည်းလ်ို့ လူက ပို မြတ်တာပါတဲ့…
    ဘုန်းကြီးပေမယ့် လည်း အကုသိုလ် အလုပ်နဲ့ ဆိုရင် လူတွေလောက် မမြတ်ပါ။
    ဒါကြောင့် အသွင်ထက် ၊
    ယောက်ျား မိန်းမထက်
    အကျင့် သီလ ရှိသောသူသာလျှင် အမြတ်ဆုံး အဖြစ်တိုင်းတာပါလို့
    အောင်ဘုံတောရဆရာတော်က ဟောကြားသွားတာကို
    ကုသို်လ် အလို့ ငှာ ပြန်လည် မျှဝေပါတယ်ရှင်…

    မနန်းမွန်း ( အနှိုုင်းမဲ့ စာတိုပေစများ)
    မှတဆင့် ကူးယူ ဖော်ပြ ပေးလိုက်ပါသည်
    }}}

  • aye.kk

    November 13, 2012 at 4:18 am

    အရီးခင်လတ်ရေ
    အကောင်းဆုံး best comment အဖြစ်ရွေးလိုက်ပါတယ်။
    အခုလိုပြန်လည်မျှဝေပေးတာလည်းကျေးဇူးပါ။
    အရမ်းမှန်ပါတယ်။(သီလရှိသူသည်သီလမရှိသူထက်မြတ်တာကိုပါ)
    အောက်တိုဘာလတုံးကရိပ်သာဝင်တရားအားထုတ်ဖြစ်ပါတယ်။
    ဝိပဿနာဉာဏ်(ရုပ်နဲ ့နာမ်နှစ်ပါးမရှိတာ(ငါ)ဆိုတာမရှိတဲ့အသိ)သိမြင်ခံစားမိပါတယ်။
    အနှိုင်းမဲ့ကျေးဇူးကြီးမားလှတဲ့ရှင်တော်ဗုဒ္ဓရဲ ့သဘာဝတရားဓမ္မစစ်စစ်တွေဟာ
    ကိုယ်တိုင်နည်းမှန်လမ်းမှန်နဲ ့ဘာဝနာတရားပွားများပြီး ကျင့်ကြံကြိုးစား
    အားထုတ်ကြည့်မှသာလျှင် သိမြင်လာနိုင်တာကိုသိခဲ့ရပါကြောင်းပြောပြချင်မိပါတယ်။။

    • အရီးခင်လတ်

      November 13, 2012 at 4:30 am

      ဘီစီ အတွက် ကျေးဇူးပါ အစ်မအေးရှင့်။
      တစ်ဆင့်ကူးယူ တဲ့ မူလ စာပိုင်ရှင် ကိုရော၊ အစ်မအေး ရဲ့ ဝေမျှ သတိပေးမှု လေး နဲ့ ရိပ်သာဝင်တရားအားထုတ် ခဲ့တာရော ကိုပါ သာဓု ခေါ်ပါတယ်နော်။
      အစ်မ ရွာက ပျောက်နေတာ ဒါကြောင့်ကိုး။
      အတွေ့အကြုံ လေးတွေ မျှပေးပါဦး အစ်မရေ။
      ကျွန်မ က စိတ်သာရှိတာ။
      လူက မလိုက်နိုင်တာ ခက်နေတာ။
      အစ်မတို့ လုပ်နိုင်သူတွေကို အားကျ ပြီး မုဒိတာ ပွါးရပါတယ်။

  • aye.kk

    November 13, 2012 at 4:52 am

    မလတ်
    ထပ်မံပြီးကျေးဇူးတင်ရပါတယ်။
    သာဓုခေါ်တာကိုလည်းဝမ်းမြောက်ဝမ်းသာခံစားရပါတယ်။
    သိခဲ့ရတဲ့အသိ(အတွေ ့အကြုံ)တွေအချိန်အားလျော်စွာမျှဝေပါ့မယ်။
    ဇန်န္နဝါရီလကနေမွေးလ(မတ်လ)အထိ။ရိပ်သာထပ်မံဝင်ဘို ့ဆုံးဖြတ်ထားပါတယ်။

Leave a Reply