အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၉ ) ( D – 12 & 13 – MADRID – BARCELONA )

Foreign ResidentNovember 12, 201217min14229

အဘဖေါ ရဲ့ ဥရောပသွား

ပေါ်တာ တောလား ( ၉ )

( D – 12 & 13 – MADRID – BARCELONA )

 

စက်တင်ဘာ ၂၂ ရက်နေ့ ။

 

ဒီနေ့မနက် ဟိုတယ်မှာ ၊

ဘူဖေးကို အေးအေးဆေးဆေး ၊

စားပြီးမှ Madrid ကနေ ၊

Barcelona ကိုထွက်ခဲ့ပါတယ် ။

နေ့လည်စာကို တော့ ၊

Auto Grill ဆိုတဲ့ ၊

ဓါတ်ဆီဆိုင်နှင့် တွဲဖွင့်တဲ့ ၊

စားသောက်ဆိုင်တွေမှာပဲ ၊

ဝင်စားခဲ့ကြတယ် ။

 

စပိန်နိုင်ငံက လမ်းခုလတ်စားသောက်ဆိုင်တွေဟာ နေအားလျှပ်စစ်ကို တော်တော်သုံးကြတယ် ။

ကြုံကြိုက်လို့ သူတို့ဆီက လမ်းခုလတ်စားသောက်ဆိုင် နှင့်

နေအားလျှပ်စစ်ပုံတွေ တင်ပေးလိုက်ပါတယ် ။

ကား Parking အမိုးတွေကလည်း နေအားလျှပ်စစ် ဆိုလာပြားတွေနှင့် ပါပဲ ။

 

စပိန် တောက်လျှောက် လေအား နှင့်  နေအား လျှပ်စစ် တွေ လက်ညှိးထိုးမလွဲ တွေ့နေရတာပါ ။

အောက်ကပုံကိုကြည့်ရင် သူတို့ဆီမှာ လေအားလျှပ်စစ် ရဟတ်ကြီး တွေ ၊

ဘယ်လောက်တောင်များထယ်ဆိုတာ မှန်းဆလို့ရနိုင်ပါတယ် ။

လမ်းသွားရင်း ကြုံလို့ ရိုက်လိုက်တဲ့ တစ်ပုံ ထဲမှာတောင် ရဟတ် ၅ဝ ကျော်ပါတယ် ။

အဲလိုမျိုးတွေက ခရီးတစ်လျှောက် နေရာအနှံ့ အများအပြားတွေ့နေရတာပါ ။

 

ဓါတ်ဆီဆိုင် ၊ လမ်းခုလတ်စားသောက်ဆိုင် နှင့် နေအားလျှပ်စစ် ။

ဓါတ်ဆီဆိုင် ၊ လမ်းခုလတ်စားသောက်ဆိုင် နှင့် နေအားလျှပ်စစ် ။

ကား Parking အမိုးတွေကလည်း နေအားလျှပ်စစ် ဆိုလာပြားတွေနှင့် ပါပဲ ။

ကား Parking အမိုးတွေကလည်း နေအားလျှပ်စစ် ဆိုလာပြားတွေနှင့် ပါပဲ ။

လေအားလျှပ်စစ် ရဟတ်ကြီး တွေ ၊ တစ်ပုံ ထဲမှာတောင် ရဟတ် ၅ဝ ကျော်ပါတယ် ။

လေအားလျှပ်စစ် ရဟတ်ကြီး တွေ ၊ တစ်ပုံ ထဲမှာတောင် ရဟတ် ၅ဝ ကျော်ပါတယ် ။

 

ညနေ ၄ နာရီလောက်မှာ အဘတို့တည်းရမယ့် Abba Sants Barcelona Hotel ကိုရောက်ပါတယ် ။

ပစ္စည်းတွေ ချပြီးတာနှင့် ချက်ချင်း ပြန်ထွက်ကြပါတယ် ။

 

ဟာသ တစ်ခုကတော့ Madrid မှာတုန်းက Haka အက ကပြခဲ့တဲ့ NZ က ကောင်လေး Liam ဟာ ၊

ဒီနေ့ Madrid မြို့ကနေ ကားထွက်လာတော့ သူ Real Madrid ဘော်လုံးကွင်းကနေဝယ်လာတဲ့ ၊

C.Ronaldo ရဲ့ No 7 ဂျာဆီ အသစ်လေးကို အပေါ်အောက် ဝတ်လာခဲ့တာပါ ။ ခလေးကိုး ။

 

အဲဒီမှာ Barcelona က Local Guide က မင်းဒီဂျာစီနှင့်ဆိုရင် ငါလိုက်မပြရဲဘူးဆိုပြီး နောက်ပါတယ် ။

တကယ်လည်း ၊ Barcelona လမ်းတစ်လျှောက် လူတွေ ဝိုင်းကြည့် ၊ တီးတိုး ပြောခံခဲ့ရပါတယ် ။

သနားပါတယ် ၊ ခလေး ခမျာ တစ်လျှောက်လုံး မျက်နှာလေး ငယ်ပြီး ပုန်းလိုက်လာရပါတယ် ။

မြို့ထဲရောက်တော့ သူ့အဖေက ချက်ချင်း Barcelona က Maxi ရဲ့ ဂျာဆီကို ဝယ်ပေးပြီး လဲလိုက်ရပါတယ် ။

 

Catedral de Barcelona ( Old Cathedral ) ကို အရင်ဝင်ရောက်ကြည့်ရှုကြပါတယ် ။

ပြီးတော့ Cathedral နှင့် ကပ်ရက်မှာရှိတဲ့

Crown of Aragon ဘုရင်ရဲ့ စံအိမ်ကို ဝင်ကြည့်ကြပါတယ် ။

အရင်က အဲဒီနေရာနားအထိ သင်္ဘောဆိုက်လို့ ရခဲ့ပြီး ၊ အမေရိက က အပြန်မှာ ၊

ကိုလမ်ဘတ် ကိုယ်တိုင် ဘုရင်ကို ဝင်ရောက်သတင်းပို့တဲ့နေရာလို့ ပြောပါတယ် ။

ပုံထဲမှာပါတဲ့ လှေခါးထစ်တွေကနေ တက်ပြီး ကိုလမ်ဘတ်က Aragon ဘုရင်ကို ဝင်တွေ့ရပါတယ် ။

 

အဲဒီ အနား ပါတ်ဝန်းကျင်တွေမှာ လူတွေ အရမ်းရှုပ်ပြီး ခါးပိုက်နှိုက် အရမ်းပေါပါတယ် ။

ကံကောင်းတာ တစ်ခုက အဘတို့မှာ Local Guide တစ်ယောက် ထပ်ပါပြီး ၊

သူက အဘတို့အဖွဲ့မှာ မိန်းမတွေကို အလယ်ကထားပြီး

ရှေ့နောက် ယောက်ကျားတွေ ရံပြီးသွားစေပါတယ် ။

ရှေ့ဆုံးမှာ Local Guide က ဦးဆောင်ပြီး ၊

နောက်ဆုံးမှာ အဘတို့ Tour Director က ပိတ်လိုက်ပါတယ် ။

 

အဘတို့ Tour တစ်ဖွဲ့လုံးကို ခရီးစကတည်းက

Voice Box ( Wireless Ear Piece ) လေးတွေပေးထားပြီး ၊

အဲဒီကနေပဲ အဆောက်အဦး / သမိုင်းကြောင်းတွေကို ရှင်းပြတာပါ ။

 

ခါးပိုက်နှိုက်ပေါတဲ့ နေရာတွေမှာတော့ ၊

Local Guide က အဲဒီ Voice Box ( Wireless Ear Piece ) ကနေပဲ ၊

ဘယ်သူတွေဟာ ခါးပိုက်နှိုက်တွေ ဖြစ်ကြောင်း ပြောပြောသွားပါတယ် ။

 

ခါးပိုက်နှိုက်တွေ ခမျာလည်း သနားပါတယ် ၊

Local Guide က ရှေ့က အင်္ကျ ီ အပြာ နှင့်လူဟာ ခါးပိုက်နှိုက် လို့ပြောလိုက် ၊

အဘတို့ တစ်အုပ်ကြီးက ဝိုင်းဝိုင်းကြည့်လိုက်နှင့် ၊

သူတို့လည်း မယောင်မလည်နှင့် ထွက်ပြေးကြရတာပါပဲ ။

 

ဆိုးတာတစ်ခုကတော့ ၊ ခါးပိုက်နှိုက် ပေါ ၊ လူရှုပ်ပြီး ၊ အဲဒီလို အဖွဲ့နှင့်သွားရတဲ့အတွက် ၊

အဘ ဟိုနား ဒီနား နေရာကောင်းရှာပြီး ၊ ဓါတ်ပုံကောင်းကောင်းရိုက်ဖို့ အခွင့်မသာပါဘူး ။

 

အဘ မိန်းမ ကလည်း အဘကို အဖွဲ့ထဲမှာပဲ နေဖို့ ၊ လိမ်လိမ်မာမာ နေဖို့ ၊

နို့မို့ရင် ဒေဝါလီခံရတော့မယ့် စပိန်နိုင်ငံမှာ ချန်ထားပစ်မယ်လို့ ခြိမ်းခြောက်ပါတယ် ။

ကြောက်စရာကြီး ။ သားသား ကြောက်ကြောက် ။

 

အဲဒါပြီးတော့ နာမည်ကြီး Church ဖြစ်တဲ့ Sagrada Família ကိုသွားခဲ့ပါတယ် ။

အဲဒီ Sagrada Família Church ကို God’s Architect လို့နာမည်ကျော်တဲ့

Antoni Gaudí က ဒီဇိုင်းဆွဲပြီး ၁၈၈၂ ခုနှစ် ကတည်းက စဆောက်ခဲ့တာပါ ။

အခုထက်ထိ ဆောက်လုပ်ရေး လုပ်ငန်း မပြီးဆုံးသေးပဲ ဆက်ဆောက် နေတုန်းပါ ။

အဲလို ဆောက်ရင်းတန်းလန်းနှင့်ကို UNESCO World Heritage Site တစ်ခုပါပဲ ။

 

အဲဒါအပြီးမှာတော့ ၊ ဟော်တယ်ပြန်ပြီး နား ၊ ညနေစာ ထွက်စားကြပါတယ် ။

 

Catedral de Barcelona ဓါတ်ပုံကောင်းကောင်းရိုက်ဖို့ အခွင့်မသာလို့ Wiki ကယူလိုက်တယ် ။

Catedral de Barcelona ဓါတ်ပုံကောင်းကောင်းရိုက်ဖို့ အခွင့်မသာလို့ Wiki ကယူလိုက်တယ် ။

Crown of Aragon ဘုရင်ရဲ့ စံအိမ် ( ဓါတ်ပုံကောင်းကောင်းရိုက်ဖို့ အခွင့်မသာ ) ။

Crown of Aragon ဘုရင်ရဲ့ စံအိမ် ( ဓါတ်ပုံကောင်းကောင်းရိုက်ဖို့ အခွင့်မသာ ) ။

ကိုလမ်ဘတ် ကိုယ်တိုင် ဘုရင်ကို ဝင်ရောက်သတင်းပို့တဲ့နေရာ ။

ကိုလမ်ဘတ် ကိုယ်တိုင် ဘုရင်ကို ဝင်ရောက်သတင်းပို့တဲ့နေရာ ။

ဆောက်လုပ်ရေး လုပ်ငန်း မပြီးဆုံးသေးတဲ့ Sagrada Família Church ။

ဆောက်လုပ်ရေး လုပ်ငန်း မပြီးဆုံးသေးတဲ့ Sagrada Família Church ။

Sagrada Família Church ရဲ့ အနီးကပ် လက်ရာအချို့ ။

Sagrada Família Church ရဲ့ အနီးကပ် လက်ရာအချို့ ။

 

စက်တင်ဘာ ၂၃ ရက်နေ့ ။

 

ဒီနေ့ မနက်မှာတော့ Optional Excursion တစ်ခုဖြစ်တဲ့

Mont Serrat တောင်ပေါ်က နာမည်ကြီး Black Madonna ဆင်းတုရှိတဲ့

Santa Maria de Montserrat ဘုရားကျောင်း ကိုသွားပါတယ် ။

လှပတဲ့ ကျောက်တောင်မြင့်ကြီးပေါ်မှာ တည်ရှိပြီး ၊ ခရစ်ယာန်ဘုန်းကြီးသင်တန်းကျောင်းရှိပါတယ် ။

Barcelona မြို့ တည်ရှိတဲ့ Catalonia ပြည်နယ် တစ်ခုလုံးရဲ့ အထင်ရှားဆုံး ဘုရားကျောင်း ပါ ။

 

Mont Serrat တောင်ပေါ်က Santa Maria de Montserrat ဘုရားကျောင်း ။

Santa Maria de Montserrat ဘုရားကျောင်း အတွင်းမြင်ကွင်း ။

Santa Maria de Montserrat ဘုရားကျောင်း အတွင်းမြင်ကွင်း ။

Santa Maria de Montserrat ဘုရားကျောင်း လှပတဲ့ မှန်ပြုတင်း အနုပညာ ။

Santa Maria de Montserrat ဘုရားကျောင်း လှပတဲ့ မှန်ပြုတင်း အနုပညာ ။

Santa Maria de Montserrat ဘုရားကျောင်း ရဲ့ နာမည်ကြီး Black Madonna ဆင်းတု ။

Santa Maria de Montserrat ဘုရားကျောင်း ရဲ့ နာမည်ကြီး Black Madonna ဆင်းတု ။

 

ကြုံလို့ရှင်းပြရရင် Barcelona မြို့ တည်ရှိတဲ့ Catalonia ပြည်နယ်ဟာ ၊

စပိန်နိုင်ငံမှာ စက်မှု အဖွံ့ဖြိုးဆုံး နှင့် အချမ်းသာဆုံး ဒေသ ဖြစ်ပါတယ် ။

စပိန်နိုင်ငံရဲ့ ဝင်ငွေ / အခွန် အများဆုံးကို အဲဒီဒေသက ပေးဆောင်နေရပါတယ် ။

အဲဒီဒေသသားတွေကို Catalan လို့ခေါ်ပြီး ၊ ဒေသစွဲ မျိုးချစ်စိတ် အထူးပြင်းထန်ပါတယ် ။

အဲဒီဒေသမှာ စပိန်အလံ မတွေ့ရပဲ ၊

Catalan အလံကိုပဲ အိမ်တော်တော် များများမှာ ချိတ်ဆွဲထားပါတယ် ။

Catalonia ပြည်နယ်ဟာ သီးခြား လွတ်လပ်တဲ့နိုင်ငံ ခွဲထွက်ဖို့ စပိန်နိုင်ငံကို တောင်းဆိုထားပါတယ် ။

 

Mont Serrat တောင်ပေါ်ကဆင်းပြီး ၁၂ နာရီလောက် မြို့ထဲကို ပြန်ရောက်ပါတယ် ။

မြို့ထဲမှာ ကိုယ့်စိတ်ကြိုက် လျှောက်လည်ဖို့ ကိုယ်ပိုင် အချိန် ရပါပြီ ။

 

အဘတို့တည်းတဲ့ Abba Sants Barcelona Hotel ဟာ မြို့လည်ခေါင်နားမှာတည်ရှိပြီး ၊

ဟော်တယ် အနားမှာ Plaça d’Espanya ခေါ်တဲ့ Barcelona မြို့လည်ခေါင် Square ရှိပြီး ၊

အဲဒီ ကပ်ရက်က Les Arenes bullring ဟာ အရင်က နွားရိုင်းသတ်ပွဲတွေ လုပ်ခဲ့တဲ့နေရာပါ ။

အခုတော့ အဲဒီ Les Arenes bullring ကို Shopping Centre အသွင်ပြောင်းလိုက်ပါပြီ ။

 

ပထမဆုံး လူစည်ကားရာ La Rambla လမ်းတစ်လျှောက် လျှောက်ကြည့်ပြီး ၊

လမ်းဘေးက ဆိုင်တစ်ဆိုင်မှာ နေ့လည်စာစားပါတယ် ။

လူတစ်ယောက်ကို နေ့လည်စာက ၁ဝ ယူရို + အအေး ၅ ယူရို ၊ စုစုပေါင်း ၁၅ ယူရိုကျပါတယ် ။

 

အဲဒီကပြီးတော့ နာမည်ကြီးလှတဲ့ Barcelona FC ရဲ့ Camp Nou ကို ရထားစီးသွားပါတယ် ။

Barcelona FC ရဲ့ Camp Nou ဟာ လူ တစ်သိန်းနီးပါး ဆန့်ပြီး

ဥရောပမှာ အကြီးဆုံး ဘောလုံးကွင်းပါ ။

Barcelona FC ရဲ့ Official Store ကိုလည်းဝင်ကြည့်ပါတယ် ၊ တချို့ကတော့ ဈေးဝယ်ကြတယ် ။

ညနေ ၄ နာရီ ရှိနေပြီ ဆိုတော့ ၊ ကွင်းထဲကိုတော့ ဝင်ကြည့်ဖို့ အချိန်မလောက်တော့ပါဘူး ။

ညနေ ဖလာမင်ကို အက နှင့် ဘူဖေး စားဖို့အတွက် ဟော်တယ်မှာ ချိန်းထားတယ်လေ ။

 

 Plaça d’Espanya Square နှင့် နွားရိုင်းသတ်ပွဲတွေ လုပ်ခဲ့တဲ့ Les Arenes bullring ။

Plaça d’Espanya Square နှင့် နွားရိုင်းသတ်ပွဲတွေ လုပ်ခဲ့တဲ့ Les Arenes bullring ။

La Rambla လမ်း ၊ အခုမှ Maxi အင်္ကျ ီ နှင့် ပြုံးနိုင်လာတဲ့ Liam နှင့် သူ့အစ်မ Mesha ။

La Rambla လမ်း ၊ အခုမှ Maxi အင်္ကျ ီ နှင့် ပြုံးနိုင်လာတဲ့ Liam နှင့် သူ့အစ်မ Mesha ။

အဘ ရဲ့ စပိန် နေ့လည်စာ Prawn Paella နှင့် 3 Tapas ။

အဘ ရဲ့ စပိန် နေ့လည်စာ Prawn Paella နှင့် 3 Tapas ။

Barcelona FC ရဲ့ Camp Nou ဘောလုံးကွင်းကြီး ။

Barcelona FC ရဲ့ Camp Nou ဘောလုံးကွင်းကြီး ။

Barcelona FC ရဲ့ Official Store ထဲမှာ ။

Barcelona FC ရဲ့ Official Store ထဲမှာ ။

 

ညနေ ၆ နာရီမှာ Flamenco Tablao Cordobés ဆိုတဲ့ဆိုင်ကို ထွက်လာခဲ့ပါတယ် ။

ပထမဦးဆုံး ဆိုင်မှာ စပိန် စတိုင် ညနေစာ ဘူဖေးကို စိမ်ပြေနပြေ စားကြပါတယ် ။

ဟင်းတော်တော်စုံပါတယ် ၊ စုစုပေါင်း ပွဲ အမျိုး ၅ဝ လောက် ရှိပါတယ် ။

အရက် ၊ ဘီယာ ၊ အချိုရည်ကတော့ အဝသောက်ပဲပေါ့ ။

 

အဲဒါပြီးတော့ ၊ ည ၈ နာရီလောက်မှာ ၊

Flamenco Dance / ကြမ်းကို ဖိနပ်နှင့် ပေါက်ပြီးကတဲ့ အက နှင့် ဖျော်ဖြေပါတယ် ။

အဘတို့က နေရာကောင်း ရှေ့တည့်တည့်  ဒုတိယတန်းလောက်မှာ ထိုင်ရပါတယ် ။

အဘ အမြင်တော့ စပိန် ရိုးရာ Flamenco Dance ဆိုတာ ၊

အာရေး အာရေး အော်မယ် ။ လက်ခုပ်တီး ။ ဖိနပ်က တောက်လျှောက် ဆောင့်ပြီး ကတာပါပဲ ။

အင်း ၊ အဘ နှင့် အနုပညာ နှင့်ကတော့ သိတဲ့အတိုင်း ပါပဲ ၊ နွား နှင့် ပလာတာ ပါပဲ ။

 

ဒီလောက် ကိုယ့်ရှေ့တည့်တည့် လက်တစ်ကမ်းမှာ ၊

တဒုံးဒုံး ဖနောင့်နှင့် ဆက်တိုက်ပေါက်နေရက်နှင့်ကို အဘ အိပ်ပျော်သွားပါတယ် ။

 

ပွဲပြီးခါနီးမှပဲ ဘေးလူက လက်တို့ပြီး ပွဲပြီးတော့မယ် မင်းဓါတ်ပုံ မရိုက်တော့ဘူးလား ဆိုမှ ၊

အိပ်ချင် မူးတူး နှင့် ဓါတ်ပုံ ၄ / ၅ ပုံ အမြန် ရိုက်ပြီး ဟိုတယ် ပြန်ခဲ့ပါတော့တယ် ။

( ခရီးဖေါ်တွေကတော့ အဘ ရဲ့ DSLR ကင်မရာကြီး တစ်ကိုင်ကိုင် ကိုကြည့်ပြီး ၊

တော်တော် အထင်ကြီးနေပုံ ရပါတယ် ။ ဒီကဖြင့် AF နှင့် ခလုပ် နှိပ်ရုံ တတ်တာကို ၊ ဟီ ဟိ )

 

တစ်ယောက်ကို ယူရို ၈ဝ စီ ပေးကြည့်ရတဲ့ပွဲမို့လို့လား မသိဘူး ၊ အိပ်ရတာ သိပ်ကောင်းတာပဲ ။

ဟီ ဟိ ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( FR ) ။

 

La Rambla လမ်းပေါ်က Tablao Flamenco Cordobes ဆိုတဲ့ဆိုင် ။

La Rambla လမ်းပေါ်က Tablao Flamenco Cordobes ဆိုတဲ့ဆိုင် ။

စပိန် စတိုင် ညနေစာ ဘူဖေး ( 1 ) ။

စပိန် စတိုင် ညနေစာ ဘူဖေး ( 1 ) ။

စပိန် စတိုင် ညနေစာ ဘူဖေး ( 2 ) ။

စပိန် စတိုင် ညနေစာ ဘူဖေး ( 2 ) ။

စပိန် စတိုင် ညနေစာ ဘူဖေး ( 3 ) ။

စပိန် စတိုင် ညနေစာ ဘူဖေး ( 3 ) ။

တဒုံးဒုံး ဖနောင့်နှင့် ဆက်တိုက်ပေါက်နေတဲ့ စပိန် ရိုးရာ Flamenco Dance ။

တဒုံးဒုံး ဖနောင့်နှင့် ဆက်တိုက်ပေါက်နေတဲ့ စပိန် ရိုးရာ Flamenco Dance ။

 

 

29 comments

  • အင်္ဂ ါZ

    November 12, 2012 at 7:21 am

    Barcelona FC ရဲ့ Camp Nou ဟာ လူတစ်သောင်းနီးပါးဆန့်ပြီး
    ဥရောပမှာ အကြီးဆုံး ဘောလုံးကွင်းပါ

    သုံညတလုံး ကျန်ခဲ့သလားလို့ အဘရယ်…
    လူ တစ်သိန်းနီးပါးလို့ ဖတ်ဖူးပါတယ်…

    တကယ်တော့…
    ကာတာလန် ဒေသကို အလွန်ပဲ …ရောက်ဖူးလိုပါကြောင်းနဲ့…
    သိရတဲ့ ဗဟုသုတတွေအတွက် ကျေးကျေးပါလို့ …

    ခင်တဲ့
    ဂီ

    • Foreign Resident

      November 12, 2012 at 7:57 am

      ဟဲ့ ၊ ပလုတ်တုတ် ။
      Sorry ပါကွယ် ၊ အဘ အကြည့်မှားသွားလို့ပါ ။
      ဟုတ်ပါတယ် ။ ” လူ တစ်သိန်းနီးပါး ” က အမှန်ပါ ။
      ပြန်ပြင်လိုက်ပါ့မယ် ။

      ကျေးကျေးပါ ၊ အင်္ဂါဇတ် ။
      ( အဲလို ခေါ်စေချင်လို့ကို ဒီလိုမှည့်ထားတာ မဟုတ်လား 😛 )

  • Khaing Zar Win

    November 12, 2012 at 8:10 am

    ဘဖောရဲ့ တောလားတွေ ဖတ်ဖြစ်နေတာကြာပါပြီဗျာ။
    ခုမှပဲ ဝင်မန့်ဖြစ်ပါတယ်။
    ကိုယ်တိုင်သွားရသလိုဖြစ်အောင်ကို မြင်ရတဲ့ ဓာတ်ပုံတွေ၊ အချက်အလက်တွေအတွက်လည်း ကျေးဇူးတင်ပါတယ်။
    အမှန်တော့ ကြားဖူးတာလေးမေးချင်တာရှိလို့။ :mrgreen:
    စပိန်ကိုကို တွေက ချောဆို?? ဟုတ်လား ဘဖော။

    :kwi:

    • Foreign Resident

      November 12, 2012 at 8:47 am

      ” ဘဖောရဲ့ တောလားတွေ ဖတ်ဖြစ်နေတာကြာပါပြီဗျာ။
      ခုမှပဲ ဝင်မန့်ဖြစ်ပါတယ်။
      အမှန်တော့ ကြားဖူးတာလေးမေးချင်တာရှိလို့။
      စပိန်ကိုကို တွေက ချောဆို?? ဟုတ်လား ဘဖော ”

      ဟဲ ဟဲ ၊ အခုမှပဲ သူ စိတ်ဝင်စားတဲ့နေရာ ရောက်လာပုံ မှတ်တယ် ။

      စပိန်ကိုကို တွေက ချော မချော ဆိုတာကတော့ ၊
      တစ်ယောက် နှင့် တစ်ယောက် အမြင် အကြိုက် မတူကြတော့ ၊
      အဘ ဘယ်လိုဖြေရမှန်း မသိဘူးကွယ့် ။

      အကြမ်းဖျင်းအားဖြင့် ၊
      ဟို ပင်လယ် ဓါးပြ လုပ်တဲ့ Johnny Depp ဆိုလား ၊
      အဲဒီ ကောင်လေးကို ချောတယ်လို့ ထင်ရင်တော့ ၊
      စပိန်ကိုကို တွေကိုလည်း ချောတယ်လို့ ထင်မှာပါပဲ ။

      နောက်ဆုံး ဓါတ်ပုံ ( စပိန် ရိုးရာ Flamenco Dance ) ထဲက ၊
      ကနေတဲ့ မင်းသား ပုံမျိုးတွေပေါ့ကွယ် ။

      ဘယ်လိုလဲ သမီး ။ Heart ထိသွားပြီလား ။ 😛

      • Khaing Zar Win

        November 12, 2012 at 8:52 am

        ဘဖောတို့ဖြေလိုက်မှ ကွက်တိပါပဲ။
        Johnny Depp က အကြိုက်ဆုံးမင်းသားပါ။ အာ့ဆို ပိုက်ပိုက်လေး စုထားဦးမှပါပဲဗျာ။ အဟိ။ :kwi:

        • အင်္ဂ ါZ

          November 12, 2012 at 9:01 am

          အွန်….ဂျော်နီဒက်ပ်က ဂျာမန်နဲ့
          အမေဒစ်ကင်နေးတစ်ဗ် လူရိုင်းဆိုလား အဲ့လာ
          ကပြားလို့ မှတ်ဖူးတာပဲ … ဟစ်စပန်းနရတ်
          အနွယ်ဝင်ဆိုတာ .. အမွေးထူထူ အသံဆူဆူတွေ
          များပါဒလယ်ကွယ် … အထီးတွေပေါတာပါ
          အင်းနရစ်ခ် အာဂါလာဆိုင်းယာ့စ် ဆိုတဲ့ ဂျီဗုံးလေးတွေလို..
          အန်တိုနီယို ဘန်းဒရပ်စ် လို ရုပ်ကြမ်းရီးတွေလို ပဲ ပေါပါသကွဲ့ကွယ်…
          ဥရောပတောင်ပိုင်းလို့ပြောရင် …
          အမ ဆို စပန်းနရက် အထီးဆို အီတာလျှံကွယ့် …

          စကားမစပ် အဘ ရယ်…
          အီတာလီယာ မရောက်တေးဝူးလား …..

          ပုံ
          ပီနီလိုပီ ခရုဇ်ကြီး အသက်ကြီးသွားလို့ စိတ်နာနေသူ…

  • Khaing Zar Win

    November 12, 2012 at 9:09 am

    ကို အင်္ဂါ Z ၊
    ရှင်လွန်ပြီနော်။ ကျုပ် ကြိုက်တဲ့ အဆိုတော်ရော မင်းသားတွေရောကို ဂျီပုံးလေး၊ ရုပ်ကြမ်းလေးနဲ့ ပြောပါနဲ့လေ။
    ရှင်ပြောသလို ဆိုရင်တော့ အဘရဲ့ အီတာလျံ ခရီးလေး စောင့်ကြည့်ရသေးတာပါ့။
    ဒါနဲ့စကားမစပ် ရှင့် ပင်နီလိုပီလို ရုပ်မျိုးက အင်ဒီးရမ်း မင်းသမီးထဲ ပေါမှပေါပဲ။ :harr:

    • အင်္ဂ ါZ

      November 12, 2012 at 10:02 am

      စတိတ်စင်ပေါ် ယောက်ျားချင်း အာပွား ရှလူးပြတဲ့ အဆိုတော်ကို
      ဂျီဗုံးမပြောရင် ဘယ်ကောင့် ဂျီဗုံး ပြောရမတုန်းဗျာ …
      ခက်လှချည်တကား… ဗုံးသာဗုံးတာ…တွဲတော့…
      ငဂီ့ ရဲဇားဦး ကော်နီကူဗာလေးနဲ့ ..ဟင့် …
      (အဲ့လို မှန်တာအပြောကောင်းလို့ ဂျေပီလေး မိုးဇိ နဲ့ ရတနာပုံမယ်မယ်ပုချ်တို့နဲ့လည်း
      နောင်ဂျိန် ပလေးပီးဘီ)
      ထားပါလေ …ဒင်းအကြောင်း..
      ခက်သကွယ် …ညည်းတို့ အာပျိုရီးတွေများ..
      (ဒါတောင် ဝှမ်လိဟုမ် – ရိမ်း နဲ့ ဂျက်စတင်ဘီဘာ မပါသေး…)
      အဲ့ကောင်တေက ရင်ဘတ်ထဲကမလာဘဲ မြူးဇိ လုပ်တဲ့ကောင်တေ …သေသင့်တယ်.ဟီဟိ…အီကား စကားချပ်

      :harr:

      ဟိုလူရီး ရုပ်ကြမ်းတာကတော့… ကမာ္ဘသိပါဗျာ …ဘယ့်နှယ့် ခုများ ဖောသွပ်သွပ်ကြီး…
      စကားမစပ်ဗျ…. အဲ့သည့် အန်တိုနီယို ဘန်းဓရပ်စ် ရော …
      အင်းနရစ်ခ် ရော (ဟစ်စပ္ပန်းနရတ် လိုဖတ်ရင် အင်ဒရီခေး)
      ဂျောနီဒပ် ရော ပါတဲ့ ရုပ်ရှင် ရှိခဲ့ဖူးသဗျ…
      Once Upon A Time In Mexico
      လို့ ခေါ်တယ်..
      ရှာကြည့်ကျိ….
      (အွန် ကျိ လို့ ..ရေးမိသွားပြန်ဘီ…)

      စိတ်ထိခိယက်တွားဘီကွယ်..
      တော်သေးဘီ။။။

      • Khaing Zar Win

        November 12, 2012 at 10:09 am

        အို။ အဲ့ဒါက အဲ့တစ်ပုဒ်ထဲပါဟဲ့။
        ရုပ်ရှင်က ကြည့်ပြီးပေါ့။ ကြည့်ပြီးမှ ပဲ ကိုယ်ဘယ်သူ့ကို အကြိုက်ဆုံးသေချာသွားတယ်။
        ကျုပ်လည်း သူများ ပို့(စ) မှာလည်း ရန်ဖြစ်ချင်ပါဘူးလေ။ တော်သေးဘီ။ 🙂

        • အင်္ဂ ါZ

          November 12, 2012 at 10:21 am

          ညင်းညင်း … နောက်ဆုံးတော့ ဝန်ခံပီ…
          တခါဒဲဘာ …ဒဲ့…
          တခါဇယာလားကွယ်… ယောက်ျားအစစ်ဆို …

          ပီအက်စ်။ အဲ့လာရီးကျိပြီး …ဆမ်းဘားဒီးစ် မီး ကို တီးဖို့ဝေးဇွညီးတောင် မညီးတော့တာ
          ၃နှစ်တောင် ရှိပါပေါ့လားးးး…. အာာာာဟိ

      • Khaing Zar Win

        November 12, 2012 at 11:25 am

        ဪ။ ဒီကိုရင်ဂီနဲ့တော့။ ခက်ပြီ။
        ရန်မဖြစ်ချင်ပါဘူးဆို။
        ဘာပဲဖြစ်ဖြစ်အေ……။ ကျုပ် အဲ့ဒီ ရုပ်ဆင် လေးတွေကြိုက်တယ်။ ဟွန်း။ ကျန်တာသူ့ ပါစင်နယ်။ သိချင်ဘူး။ :mrgreen:

        ခွင့်လွှတ်ပါ ဘဖော။ ဒီ တစ်ခေါက် မန့်ပြီးရင် တကယ် တကယ် တကယ် ကြီးကို ရန်လာမဖြစ်တော့ပါဘူးလို့။
        ဘဖော တောလား လေးတွေကို လည်း စောင့်မျှော်နေပါ့မယ်။ 🙂

      • pooch

        November 12, 2012 at 2:04 pm

        ပိုစ့်တပုဒ်လုံး စိတ်ချမ်းသာစွာနဲ့ ကျက်သရေရှိရှိ ပုံတွေ ကြည့် စာတွေ ဖတ်ပြီး လာတာ ဒီစာနားရောက်မှပဲ ကျက်သရေ တုံးတော့တယ်။

        ဘယ်လိုဖြစ်နေတာလဲ ဘယ်လိုတွေ ဖြစ်နေတာလဲ 👿

        နေရင်းထိုင်ရင်း သူများတကာကို မနာလို တိုရှည်စိတ်တွေ များနေတာ။
        စင်ပေါ်မှာတခါလောက် အာပွားပေးတာများ ပြောမပီး ဘူး ။ ဘာဖြစ်လဲ ဘာဖြစ်လဲ သူ့ဘာသာသူပေးတာ ညည်းအပူ တပြားသားမှ မပါဘူး။ :mrgreen:

        Rain ဆိုတဲ့ လူက သီချင်းတခါဆိုရင် ရှုးရှဲနဲ့ ဘာတွေ အော်မှန်းမသိဘူး။ ဘီဘာဆိုတာ ဂျိုနဲ့လား ကလေးကလား သီချင်းတွေ စိတ်မဝင်စားဘူး။ 😆

        ဝမ်လိဟုံတော့ မထိနဲ့ ။ bruno mars လည်း ထိမယ် မကြံနဲ့ ။ 👿

        somebody’s me က ဘယ်တီးမတော့မလဲ
        ဖားတုလို့ ခရုခုန်တော့ အိုင်ပျက်ရုံပဲ ရှိမှာပေါ့ ဟီး 😆

        ဂျောနီဒပ်ဆိုတဲ့ သူကမှ သွပ်ချာပါဒလိုက်သလို ဖြစ်နေတဲ့ ရုပ်ကြီး :mrgreen:

        အဘရေ စိတ်မရှိပါနဲ့ နော်။

        • အင်္ဂ ါZ

          November 12, 2012 at 2:22 pm

          မှန်တာပြော အေကေဘီ ဖိုတီအိတ် နဲ့ ညားရပါဇီရဲ့
          ရော့ရော့…
          http://news.softpedia.com/news/Enrique-Loves-The-Gay-Life-58725.shtml
          တစ်ရှူးလေးတော့ဆောင်ထား …ထွက်လာသမျှ မျက်ရည်အတွက်…
          ဟို ဂျေပီလေး လာရင်လည်း လက်တို့လိုက်…

          ကန်တော့ပါ အဘရေ ..
          အမိုက်အမဲလေးဒွေကို ဆုံးမနေလို့ပါ…

          :harr:

    • Foreign Resident

      November 13, 2012 at 6:02 am

      နန်းတော်ရာသူ ရေ ။
      အားပေးတဲ့အတွက် ကျေးကျေးပါ ။

  • blackchaw

    November 12, 2012 at 9:16 am

    အဘရေ…
    ရင်းရင်းနှီးနှီးမရှိတဲ့ ဒေသစိမ်းက
    ဓါတ်ပုံတွေကို…
    တကယ့်အားကျစိတ်နဲ့
    ဝင်ကြည့်သွားပါတယ်ခင်ဗျာ…
    စာတွေတော့ အကြွေးပေါ့…။
    လေးစားခင်မင်တဲ့…
    ဘလက်ချော…။
    :mrgreen:

  • မိုချို

    November 12, 2012 at 9:38 am

    ကြမ်း ပြင် ကို ဖနောက် နဲ့ ပေါက် က နေတဲ့ မင်းသားရော၊ ဂီတာ တီးတဲ့ အစွန် ကလူရော တယ် ချော ပါလား လို့ ပြော မလို့ ရှိသေး ဆက်ဖတ် လိုက်တော့ ခိုင်ဇာ့ အမေးနဲ့ အဘ ရဲ့ အဖြေ ကို တွေ့ တော့ တာပဲ။
    ဒီကွန်မန့် ကို အိမ်ကလူကြီး မမြင်ပါစေနဲ့။

    • Foreign Resident

      November 13, 2012 at 6:01 am

      မထင်ထားဘူး ။
      ဒီ ဓါတ်ပုံကို မိန်းကလေးတွေ ဒီလောက် သဘောကျမယ်လို့ ။

  • bigchef

    November 12, 2012 at 9:49 am

    စပိန်တွေက လက်ဘနွန် တွေနဲ့ တူသလိုပဲ.

    • Foreign Resident

      November 13, 2012 at 5:59 am

      ” စပိန်တွေက လက်ဘနွန် တွေနဲ့ တူသလိုပဲ ”

      ဟုတ်ပါတယ် ။ နဲနဲ ဆင်ပါတယ် ။

  • အရီးခင်လတ်

    November 12, 2012 at 5:42 pm

    ဖတ်ရတာ မပျင်းရအောင်ရေးနိုင်တာဘဲ ကိုအဘ ဖောရေ။
    တော်သေးတယ် မဟေသီ က ထားမပစ် ခဲ့တာ။

    ဆူဆူညံညံ ကခုန်နေတဲ့ ကြားမှာတောင် စက်တော်ခေါ်နေနိုင်တဲ့ ရှင့် ကို ဘူသူကမှ မှတ်တမ်းမတင်ခဲ့ဘူးလား။
    ကျွန်မ သာဆို အဲဒီ ပုံ ကို ရိုက်လိုက်မှာ။ 😆

    ဒါထက် Johnny Depp ကို ကောင်လေးခေါ်နေတာတော့ ဟုတ်ဘူး။
    သူလဲ အဖိုးကြီးဖြစ်နေပေါ့။
    ကျွန်မတို့ ထက်တောင် အသက်ကြီးသေး။
    အတော် အိုနေရှာပြီ။
    မနေ့ ကလဲ မီးပူတိုက်ရင်း တီဗီ ကလာတဲ့ You’ve got mail ဆိုတာ ကို အခါ ၂ဝမြောက်လောက် မက ကြည့်သေးတယ်။
    ၁၉၉၈ က Tom Hanks နဲ့ Meg Ryan ကိုပြန်မြင်ရတာ။
    သူတို့ ကို အလွန်ကြိုက် တာ။
    အခုတော့ သူတို့လဲ ဂျော်နီ လိုဘဲ အိုရှာပြီ။
    (ကိုယ်မပါ)
    😉

    • Foreign Resident

      November 13, 2012 at 5:57 am

      ” ဆူဆူညံညံ ကခုန်နေတဲ့ ကြားမှာတောင် စက်တော်ခေါ်နေနိုင်တဲ့ ”

      အကျင့်ပါ အရီလတ် ရေ ။
      အရက်လဲ နဲနဲ မြည်း / သောက်ထားလို့ ။
      သင်္ဘော အင်ဂျင်နီယာတွေဆို သေနတ်ပစ်သလောက်ကျယ်တဲ့ ၊
      Main Engine ဘေးနားမှာတောင် အိပ်ပျော်တတ်ပါတယ် ။
      သူတို့ဆို အသံငြိမ်ရင်ကို မအိပ်တတ်တော့ဘူး ။

      အခုမှ ပြန်ကြည့်မိတယ် ၊ Johnny Depp ကြီးက ၅ဝ တောင် ရှိပြီပဲ ။
      အသက် ၅ဝ အထိ သမီးလေးတွေကို ဆွဲဆောင်နိုင်တုန်းပဲနော် ။
      သိပ်တော်တဲ့သူ ။ အားကျထှာ ။

  • ဦးဦးပါလေရာ

    November 12, 2012 at 6:19 pm

    ကိုဖေါရင်းရဲ့ နေ့လည်စာကိုတော့ သိပ်မလွမ်းပေမယ့်
    ညစာဘူဖေးကိုတော့ သွားရေကျသွားတယ်။

    စပိန်ဆိုတော့ နွားရိုင်းသတ်ပွဲလေးများ ပါမလားလို့…..

  • Foreign Resident

    November 13, 2012 at 6:18 am

    Khaing Zar Win ရေ ။
    တကယ်လို့ စပိန်များရောက်ခဲ့လို့ ၊
    အဲဒီ Flamenco Dance ( or ကိုကို ) ကို သွားကြည့်ချင်ရင်တော့ ၊

    လိပ်စာက
    Tablao Flamenco Cordobes.
    La Rambla, 35, 08002 Barcelona, Spain
    +34 933 17 57 11 ‎

    Web Page က
    —http://www.tablaocordobes.com—

    ဒါပေမယ့် ၊ တစ်ခုပြောချင်တာကတော့ ၊
    အဘ အခုရောက်ခဲ့တဲ့ ဥရောပ ၁၁ နိုင်ငံထဲမှာ ။
    စပိန်နိုင်ငံဟာ အလှဆုံး မဟုတ်တာကတော့ သေချာပါတယ်ကွယ် ။
    ကိုကိုတွေ ချောလို့ သွားချင်တာ ဆိုရင်တော့လည်း ၊ သဘော ၊ သဘော ။ :p

  • Hnin Hnin

    November 13, 2012 at 5:11 pm

    ဘ..စပိန်စတိုင် ဘူဖေး ဘယ်လောက်ကျလဲ ရေးဖို့ကျန်သွားတယ်…
    ဟင်းအမျိုး (၅၀) ..ရှလွတ်..ရှလွတ်…
    စပိန်စာက အနှစ်ပျစ်ပျစ်တွေနဲ့ရော ဝါတာတာတွေများတယ်နော်..
    ဘယ်လိုအရသာမျိုးများ ရှိပါလိမ့်….

    ဒါဆို အဲ့ကိုလူချောကို ရှိုးရတာ ဘေးနားကလူ ကျေးဇူးကြောင့်ပေါ့နော်.. 🙂
    ကနေတဲ့လူကတော့ ကောင်းကောင်းအိပ်နေတဲ့ဘကို သိပ်ချစ်သွားမှာပဲ…ဟီ ဟိ..

    နှင်းနှင်းကတော့ ကျောက်တောင်ကြီးတွေ အုပ်မိုးပြီး ဝါးမျိုတော့မလိုဖြစ်နေတဲ့
    ဘုရားကျောင်းကို သဘောအကျဆုံးပဲ…

    • Foreign Resident

      November 14, 2012 at 7:09 am

      Hnin Hnin ရေ ။
      Sorry ၊ အဘ ပြည့်စုံအောင် မပြောလိုက်မိလို့ပါ ။
      ဟော်တယ် နှင့်ဆိုင် Transport ခ + ဘူဖေး + Flamenco Dance
      အားလုံး ၃ ခုပေါင်း ယူရို ၈ဝ ( ၈၈၀၀ဝ ကျပ် ) လောက်ကျပါတယ် ။

  • ဦးဖောရေ
    အရင်က ဒီလိုနိုင်ငံခြားအတွေ့အကြုံကို ရွှေအမြုတေမှာ မေတ္တာဦးရေးတာကိုဘဲစောင့်ဖတ်ရတယ်။
    ဒါပေမယ့် ဓါတ်ပုံတွေက တော့ အခုလောက်မစုံဘူး။
    ကျနော်သာ အဲလိုနေရာများရောက်များရောက်ရင် ညအိပ်ပြီး လက်ဆော့ချင်စိတ်ပေါက်မှာအသေအချာပါဘဲ။

    • Foreign Resident

      November 16, 2012 at 12:01 pm

      ကိုပေါက် ရေ ။
      အဘ တကယ် သတိရပါတယ် ။
      ကိုပေါက်သာ ပါလာခဲ့ရင် အရမ်းရိုက်မှာပဲလို့ ။

  • Novy

    November 14, 2012 at 12:00 pm

    “အဘ အမြင်တော့ စပိန် ရိုးရာ Flamenco Dance ဆိုတာ ၊
    အာရေး အာရေး အော်မယ် ။ လက်ခုပ်တီး ။ ဖိနပ်က တောက်လျှောက် ဆောင့်ပြီး ကတာပါပဲ ။”

    အဘဖေါ ဒီလောက်မြူးကြွတဲ့အကကို အဘမို့အိပ်ရက်တယ်
    ဒီလိုအကမျိုးတွေကို ရုပ်ရှင်တွေထဲမှာသာကြည့်ဘူးတာ
    အပြင်မှာ တွေလို့ကတော့ ဝင်ကမိမလားမသိ :harr:

Leave a Reply