ဆက်ရန်ရှိသေးသည်

ရွှေ ကြည်November 12, 20121min19044

 

ကံကြမ္မာကို မလွန်ဆန်နိုင်တဲ့လူအသားတယောက်ငါ

ကံကောင်းသည်လား ဆိုးသည်လား

မခွဲခြားတတ်တော့ပါဘူး။

ဘဝရေစီးကြောင်းမှာ

အလိုက်သင့်မျောပါရင်း ဝဲဂယက်နဲ့တွေ့တဲ့အခိုက်

ရိုက်ခတ်မှုက သိပ်မပြင်းပေမယ့်

သမာရိုးကျကဖောက်ထွက်ရတဲ့အခါ

နောင်တတွေတလှေကြီးနဲ့

ငါ့စိတ်တွေမြေကြီးအောက်တောင်ရောက်နိုင်လောက်ရဲ့။

သိလိုက်ရပါပြီ

ဘဝဆိုတာလှုပ်ရှားရုန်းကန်နေရခြင်းပဲလေ။

မျက်ရည်ကို ခမ်းစေချင်သလို

ဘဝကိုလည်း လန်းဆန်းစေချင်လှပါပြီ

သိပ်မောနေတယ် လောကဓံရယ်

ဒါပေမယ့်လည်း ဆက်ရှာနေဦးမယ်

ဘဝဆိုတာရဲ့နောက်ထပ်အဓိပ္ပါယ်။

 

(၁၂-၁၁-၂၀၁၂) 5:30 pm

 

ကျေးဇူးအထူးတင်ပါတယ်ရှင်။

44 comments

  • ရွှေ ကြည်

    November 12, 2012 at 4:10 pm

    အပြင်မှာမိုးတွေရွာနေတယ် အိမ်ပြန်ချင်တယ်။

    • ရွှေ ကြည်

      November 12, 2012 at 5:35 pm

      အယ် လူသားရေးတာ လူအသားဖြစ်သွားတယ် ပြင်ဆင်ဖတ်ရှုပေးကြပါဦး ရွာသူားတို့ရေ :mrgreen:

    • သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)

      November 13, 2012 at 2:17 pm

      တက်စီငှားပြန်ပေါ့

      • ရွှေ ကြည်

        November 13, 2012 at 5:56 pm

        တော်လိုက်တဲ့ အူးမဲ 😆

  • lynn lynn

    November 12, 2012 at 4:34 pm

    တော်လိုက်တဲ့ ညီမလေး။ fighting!
    တစ်ချိန်ကျရင် အောင်မြင်မှုတွေနဲ့ အိမ်ပြန်နိုင်မှာပါ ညီမလေးရယ်။

    • ရွှေ ကြည်

      November 12, 2012 at 5:16 pm

      အစ်မရေ အဲလိုပဲအားတင်းထားတယ် fighting!

  • Ko Khin Kha ( သရီးကေ )

    November 12, 2012 at 4:37 pm

    သိလိုက်ရပါပြီ ဘဝဆိုတာလှုပ်ရှားရုန်းကန်နေရခြင်းပဲလေ ဆိုတဲ့ရွှေကြည်ရေ
    ငယ်တုန်းကနောက်ပြောကြတာရှိတယ် လှုပ်ရှားမှ မုန့်စားရမှာတဲ့လေ။

  • လုံမလေးမွန်မွန်

    November 12, 2012 at 4:39 pm

    တောင့်ခံထားပါ အစ်မရေ…
    “နင်လားဟဲ့ လောကဓံ” ပေါ့…

    ဆရာကောင်းသန့်ကပြောတယ်…
    “ဘဝဆိုတာ စိတ်ညစ်စရာဒုက္ခတွေနဲ့ စိတ်ပျော်ရွှင်စရာသုခတွေကို အချိုးမမျှတစွာ ဖျော်စပ်ထားတဲ့ ကော်ဖီခါးခါးတစ်ခွက်ပါပဲ” တဲ့… ခါးပေမယ့်လည်း ကော်ဖီဆိုတာ ခါးမှသောက်ကောင်းတာမျိုးမို့လား…

    Life is struggle တဲ့…
    လှုပ်ရှားရုန်းကန်ရတာလည်း ဘာလုပ်ရမှန်းမသိဘဲ ထိုင်နေရတာထက်စာရင် တော်သေးပါတယ်နော်…

    ခင်တဲ့
    မွန်မွန်

  • uncle gyi

    November 12, 2012 at 4:48 pm

    ပျော်စရာအချိန်ရှိမယ်
    ဝမ်းနည်းစရာအချိန်ရှိမယ်
    ဒေါသဖြစ်ချိန်ရှိမယ်
    အဆုံးသတ်မှာ
    ကျေနပ်ခြင်းကြည်နူးခြင်း
    ဖြစ်ဖို့ကြိုးစားလိုက်ကြပါစို့

  • မိုချို

    November 12, 2012 at 5:04 pm

    ညီမ ရွှေ ကြည် ရေ
    ဟုတ်ပ …. မိုးတွေ ရွာ လိုက်တာ မှ မဲမှောင်နေ တာပဲ။ ညီမ ကို ခြင်္သေ့ ကျွန်း က ရေး နေတဲ့ ရွာသူလေး မှန်း ခု မှ သိတော့ တယ်။ ခြင်္သေ့ ကျွန်း က ရွာသူားတွေ လည်း ရန်ကုန်က သူတွေ လို အပြင် မှာ ဆုံ ရရင် ကောင်း မယ်။

  • Shwe Ei

    November 12, 2012 at 5:21 pm

    မရွှေကြည်ရေ အဆင်ပြေပါစေ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။

    • ရွှေ ကြည်

      November 12, 2012 at 5:31 pm

      ရွှေအိရေ ဆုတောင်းပေးလို့ကျေးဇူးပါညီမရယ်..။

  • ရွှေ ကြည်

    November 12, 2012 at 5:29 pm

    လေးခင်ခရေ မုန့်အကြီးကြီးစားရမယ်ထင်ပါ့ :mrgreen:

    မွန်မွန်ရေ ကျေးဇူးအကြီးကြီးတင်ပါတယ် ရွှေကြည်ကော်ဖီခါးခါးသိပ်မကြိုက်ပေမယ့် ကော်ဖီရဲ့
    သဘာဝကိုကခါးမှဆိုတော့ ကော်ဖီခါးခါးကိုပဲသောက်လိုက်တော့မယ်။

    အန်ကယ်ကြီးရေ အဆုံးသတ်မှာကျေနပ်ခြင်း ကြည်နူးခြင်းတွေနဲ့ဆုံပါရစေ။

    အစ်မမိုချိုရေ ခြင်္သေ့ကျွန်းကိုအခုမှခြေချဘူးတာပါ သိပ်မကြာသေးပါဘူး။ ရွာသူားတွေဆုံခြင်ပါသေးတယ်အစ်မရယ်။ အစ်မကျန်းမာရေးဂရုစိုက်ပါနော်။

  • အရီးခင်လတ်

    November 12, 2012 at 5:31 pm

    ရွှေကြည်လေးတစ်ယောက် လဲ မွေးဇာတိ နဲ့ ပိုပိုပြီး ဝေးရာ ရောက်နေပြီလား။
    အိမ်လွမ်းတိုင်း ကိုယ်တစ်ယောက် ထဲ မဟုတ် လို့တွေးပါ သမီးရေ။
    ပျော်ရာရာမှာမနေရ တော်ရာမှာနေရ တဲ့။

    အိမ်ပြန်ချင်တိုင်း ရွာထဲမှာ စာချ ထားလိုက်။
    အရီးတို့ အားလုံး သမီး နဲ့ ရှိနေတာလေ။
    ဒါထက် အောင်မြင်ပါစေ။
    တစ်ခုတော့ရှိတယ်။
    ရိုးသားတဲ့ ကြိုးစားမှု နဲ့ အမြင့်ကို ရောက်ဖို့ ကတော့ လွယ်လွယ် နဲ့ မရပါဘူး။
    ဒါကဘဲ တစ်နေ့မှာ ဂုဏ်ယူ ပီတိ ဖြစ်စရာ ဖြစ်လာပါမယ်။

    ဒီတော့ အများပြောသလိုဘဲ FIGHTING!!!!!!
    အဘဖော စတဲ့ စကားထင်ရဲ့။ (စီအာ – အက်ဖ်အာ )

    ချစ်တဲ့
    အရီး
    :hee:

    • ရွှေ ကြည်

      November 12, 2012 at 5:39 pm

      ချစ်ရတဲ့အရီးရေ မိရွှေကြည် အားရှိရပါတယ်။
      ရွာထဲကိုမအားလို့ မဝင်နိုင်ပေမယ့်ရွာပြင်ကနေတော့ အချိန်ရရင်ရရင်ရသလောက် ချောင်းနေမိတာ။
      ရွာထဲရောက်ရင် စိတ်နည်းနည်းပေါ့သွားသလိုပဲ။

  • အင်္ဂ ါZ

    November 12, 2012 at 5:36 pm

    အိမ်များလွမ်းရတယ်လို့ကွယ်
    နားအေးပါးအေး. ဝေးဝေးကပဲ ချစ်စမ်းဘာာာာ

    အေးချေးအေးချေး.

    • ရွှေ ကြည်

      November 12, 2012 at 5:52 pm

      ကိုဂီ (ခ) ကိုပစ်စလက်ခတ်မျက်ရည် (ခ) ကိုလယ်ထွန်Z (ခ) ………….. (ခ) ကိုTuesday Z :harr:
      အိမ်နဲ့နီးရင်နားပူပါးပူလို့လားဟင်..။

  • MaMa

    November 12, 2012 at 5:55 pm

    ရွှေကြည်ရေ-
    ရောက်ကာစ အသားမကျသေးတဲ့အသံထင်ပါရဲ့။
    အသားကျသွားတဲ့အခါကျတော့လည်းးးးးးးးးးးး
    ပျော်ရွှင်အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။ :

  • Khaing Zar Win

    November 12, 2012 at 6:05 pm

    စိတ်ညစ်ပါနဲ့ ညီမလေး။ ဒီကျွန်းပေါ်ရောက်ခါစတော့ ပျော်မှာ ဟုုတ်ဘူး။ အဲ ကြာလည်း ပျော်မလာဘူး။ :mrgreen:

  • ဝမ်းနည်းရင်မျက်ရည်သုတ်
    ငုတ်တုတ်လေးထထိုင်
    ပြီးရင်ပြန်အိပ်
    အိပ်ယာထရင် ဘဝအသစ်စလိုက်တော့

  • ရွှေ ကြည်

    November 12, 2012 at 7:09 pm

    ချစ်မမရေ ဆုတောင်းအတွက်ကျေးဇူးပါ..။
    ရွှေကြည်တို့လိုနယ်ကလူတွေအတွက်က အသားကျဖို့ကြိုးစားရတာတွေများတော့မောရပါတယ်အစ်မရယ်။
    တက္ကသိုလ်တက်တော့လလည်း အသားကျအောင်လုပ်ရတယ်..။
    ရန်ကုန်အလုပ်လာလုပ်တော့လည်းအသားကျအောင်လုပ်ရပြန်တယ်..။
    ဟော အခုနောက်တနေရာအသားကျဖို့ကြိုးစားရပြန်ပြီ ချစ်မမရေ..။
    တဖြည်းဖြည်းဇာတိမြေနဲ့ဝေး ဝေးလာလိုက်တာ နီးဖို့ဆိုတာမရေမရာနဲ့..။ မိသားစုဆိုတာဖုန်းနဲ့ပြောရတာပါလားဖြစ်နေတယ်..။ ရွှေကြည်မကြိုက်တာကအဲဒါပဲ။
    အသားကျသွာပြန်ရင်နောက်ဘယ်နေရာမှာအသားကျအောင်ကြိုးစားရမလဲမသိတော့ပါဘူးချစ်မမရယ်။

    • အင်္ဂ ါZ

      November 12, 2012 at 7:11 pm

      အသားတွေ ကျကုန်တော့ အရိုးနဲ့အရေပဲ. ကျန်မှာပေါ့နော်ာ်ာ်ာ်ာ်

      အာ. ဟိ

      • ရွှေ ကြည်

        November 12, 2012 at 8:41 pm

        အဲလိုအသားကျတာဆိုရင် စောင့်စရာမလိုဘူးကိုဂီရေ
        အခုမိရွှေကြည်ကိုယ်တိုင်ကိုက အရိုးနဲ့အရေပြားပဲရှိတယ် :mrgreen:

  • ရွှေ ကြည်

    November 12, 2012 at 7:17 pm

    ယောင်းမကြီး မခိုင်ဇာရေတွေ့ချင်ပါသေးတယ် နောင်များမှကျွန်းပေါ်ကရွာသူားတွေဆုံချင်ပါသေးတယ်။
    အသားကျသွားရင်သွားမယ် ရွှေကြည်ကတော့ပျော်နိုင်မယ်မထင်ပါဘူးအစ်မရယ်..။

    လေးပေါက်ပြောသလိုပဲလုပ်လိုက်မယ်နော်။

  • အလင်းဆက်

    November 12, 2012 at 7:30 pm

    မမရွှေကြည်…ရေ…

    အားတင်းထားနော်…

    အဝေးမှာ..နေနေရချိန်မှာ..
    အဲဒီ အဝေးနေရာမျာ ကြုံ ရသမျှ က..
    ဘဝ အတွက်.. အတွေ ့အကြုံ မို ့…
    တန်ဖို း…ထိုက်တဲ ့ အနေအထားပါနော် ။

    နောင်တစ်ချိန် အဲ.ဒီ နေရာကို…
    ပြန် တမ်းတ လာတဲ ့အခါ….. မျိုးလည်း.ရှိဦးမှာမို ့…

    အခု..ပျော်အောင် နေပါ.ေ.နာ် ။
    တော် ရာမှာ…
    ပျော်အောင်နေပါ…

    အစ်မရေ…..

    ခင်မင်လေးစားလျက်…..

  • မောင်ပေ

    November 12, 2012 at 8:46 pm

    ဆက်ရန်ရှိသေး
    တက်မြန်ငပိဈေး
    ရှက်ပြန်ကြည့်ပေး
    လက်ကျန်ဖိဆေး
    ဘက်ကန်ထိပြေး

  • မမဂျီး …
    ကဗျာလေး ရေးထားတာ မိုက်ဒယ် …
    ဘဝ ဆိုတာ ..
    ဘကုံးနဲ့ ဝလုံးကို ဖမ်းကပ်လိုက်ရုံနဲ့ ဖြစ်သွားတတ်ပေမယ့်လို့လည်း
    တိမ်မယောင်နဲ့ နက် …
    လွယ်မယောင်နဲ့ ခက်နေတတ်ပြန်ရော ….

    ဒါနဲ့ အိုက်ဘဝ ဆိုဒါဂျီးကို ခဏခေါက်ထား…
    နာ့မမဂျီး အတွက် ဘဝ ဆိုတာရဲ့ အဓိပ္ပါယ်ကို
    နောက်ထပ် ဆက်ရှာဖို့ဆိုရင် စွံမှကိုက်တော့မယ် … :mrgreen:
    နာ့ မမဂျီး မြန်မြန်စွံဘာစေ …. အဟိ

    ဘဝကို တစ်ခါတစ်ခါ မိုးတိမ်လို ဖြတ်သန်းတတ်သူ ….
    အံစာတုံး

  • ရွှေ ကြည်

    November 12, 2012 at 8:49 pm

    အလက်ဆင်းရေ တော်ရာမှာပျော်အောင်နေနိုင်အောင်ကြိုးစားပါ့မယ်လေ..။ အလက်ဆင်းကတော့စာပေသမားပီသပါပေတယ် ပြောတတ်ရေးတတ်ပါ့..။

  • ရွှေ ကြည်

    November 12, 2012 at 9:13 pm

    အူးပေငပိဈေးတွေတက်ကုန်ပြီလား 😆

    မောင်ငယ်အံစာ ကိုယ့်အစ်မကိုများစွံဖို့ပဲပြောနေတော့တာပဲ အပူတွေထပ်တိုးအောင်လားကွယ်
    (အပျိုကြီးလေသံဖြင့် :harr: )

  • nozomi

    November 12, 2012 at 9:43 pm

    ၁ဝ တန်းအောင် တက္ကသိုလ်တက်တော့ ဘဝရဲ့ပြေးလမ်းက အခုမှ စတာ သေချာပြေးတဲ့
    အားကျိုးမာန်တက်ပြေး တတ်နိုင်သလောက်ကျိုးစားပေါ့
    သိပ်မကြာဘူး နောက်ပြေးလမ်းတစ်ခု ပြေးရပြန်ရော
    အဲဒီလိုနဲ့ နောက်ပြေးလမ်းတစ်ခု………
    အခုဆို ဘယ်နှစ်ခုမြောက်ပြေးလမ်းပေါ်မှာ ပြေးနေမိမှန်းကို မသိတော့ဘူး
    ဒါ နောက်ဆုံး ဆိုတာလဲ မသေချာသေးဘူး
    စိတ်ညစ်သွားအောင် လျှောက်ပြောတာတော့ မဟုတ်ဘူး
    ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့မှ ကိုယ်လို လူတွေ အများကြီး ဆိုတာ သိခွင့်ရတာရယ်

    ဘာပဲဖြစ်ဖြစ် ပြေးလမ်းဘေး ချော်ကျသွားသူတွေထက်
    ထော့နင်း ထော့နင်း ပြေးနေရသူတွေထက်
    လုံးဝကို ပြေးခွင့် မရသူတွေထက်
    ကိုယ်က အများကြီး ကံကောင်းနေသေးတယ်

    အခု ပို့စ် လေးကို သေချာသိမ်းထား
    နောက် နှစ်တစ်ခုကြာလို့ အောင်မြင်မှုတွေ ရချိန်ကြရင် ပြန်ဖတ်ကြည့်
    ဘယ်လိုခံစားရလဲ ပြန်ပြောပြ နော…

  • ရွှေ ကြည်

    November 12, 2012 at 9:48 pm

    ကိုနိုဇိုမိ မှန်တာတွေပြောသွားတာပါပဲ အောင်မြင်မှဖြစ်မယ်..။

  • မိုး မင်းသား

    November 13, 2012 at 6:31 pm

    ရွှေကြည်လေးရေ………

    အိမ်ပြန်ချင်တယ်…ဆိုတဲ ့သီချင်းလေးကို

    တိုးတိုးလေးဆိုလိုက်ပါကွယ်…..

    ဒါမှစိတ်ထဲမှာပေါ ့သွားမှာလေ…..စိတ်ဓါတ်ကိုတင်းထားငါ ့နှမရေ…..

    ကိုယ်ကတစ်ပြည်တစ်ရွာမှာတိုတော ့…..

    ကျန်းမာရေးကို…အထူးဂရုစိုက်ပါကွာ……

    သတိတယရှိနေမဲ ့

  • အဲ …
    ကွန်မန့်တွေ လိုက်ဖတ်ကြည့်တော့
    မမဂျီးက ဘယ်ကျွန်းကို ရောက်နေတယ် ဆိုလားပဲ …
    မမဂျီး အခု ဘယ်ရောက်နေတာတုန်းဂျ …
    အိုက်ဒါလေး ကြောဘာအုံး …..

  • ရွှေ ကြည်

    November 13, 2012 at 8:02 pm

    ကိုမိုးမင်းသားရေ ရွှေကြည်ကျန်းမာရေးဂရုစိုက်ပါ့မယ်..။ တခါတခါစိတ်ကိုတင်းထားရတာ မငိုမိအောင်ကြိုးစားရတာ တော်တော်ပင်ပန်းပါတယ်ဗျာ..။

    မောင်ငယ်အံစာ မမဂျီးက ယောင်းမကြီးရှိတဲ့ကျွန်းမှာပါကွယ်..။ သိပြီလား..။ သိမှဖြစ်မယ်နော် 😆

    • ဒါချို …
      ချင်ကာပူး မှာပေါ့နော် …
      မမဂျီးဒို့က မိုက်သကွာ …. လိမ်မာဘူး …. :mrgreen:
      နောက်ဒါဘာ ….

      ဒါနဲ့ မမဂျီးက အနေနီးတွားဗီဆိုတော့ကာ …
      အဟင်း .. ဟင်း ..
      ပြောစရာ လိုဘာဘူးလေ …
      နာ့ မမဂျီးက ကိုယ့်မောင်လေးအတွက် အလိုက်သိပီးသားပဲဟာ .. နော့ …
      :kwi:

      • ရွှေ ကြည်

        November 13, 2012 at 8:40 pm

        အလိုက်လည်းသိပါတယ် စာသားလည်းရပါတယ် ငါ့မောင်အံစာ ခြောက်မျက်နှာ :harr:

  • စိန်ဗိုက်ဗိုက်

    November 13, 2012 at 8:43 pm

    ဆက်စရာစိတာ ဆက်
    ဆပ်စရာစိတာ ဆပ်
    စားစရာစိတာ စား
    လုပ်စရာစိတာ လုပ်
    ဒါပဲ

    အူးဗိုက်လဲ သောက်စရာစိတာ သောက်လိုက်ဦးမယ်..

    • ရွှေ ကြည်

      November 13, 2012 at 9:17 pm

      ဟုတ်ကဲ့ပါ အိုက်ဗူး
      တခြားဘာမှာကြားချင်ပါသေးလဲအိုက်ဗူး
      လေးစားပါတယ် အိုက်ဗူး :mrgreen:
      (ရဲဘော်လေသံဖြင့်)

  • kyeemite

    November 14, 2012 at 1:47 pm

    “သိပ်မောနေတယ် လောကဓံရယ်”
    တဲ့လား…ကဗျာလေးကလှပါတယ်…
    မောရင် နားနားပီးလျှောက်
    လိုရာခရီး ရောက်သည်ထိပေါ့…
    ဇွဲရှိသူတွေအတွက် ပန်းတိုင်က အမြဲအဆင်သင့်ပါ…
    လွမ်းဆွတ်မှု့ တွေကို အောင့်ဧည်း သည်းခံပါများလာရင်
    ရင်တွင်းခွန်အားတစ်ရပ်ဖြစ်လာတတ်ပါတယ်…
    အဲဒီခွန်အားဟာ ပန်းတိုင်ရောက်ဖို့တွန်းအားပေါ့နော…
    :528:

  • ရွှေ ကြည်

    November 14, 2012 at 4:08 pm

    အူးကြိုက်မီးရေ
    အားပေးလို့ကျေးဇူးပါနော်

    ခင်တဲ့
    ရွှေကြည်

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 14, 2012 at 4:19 pm

    ပတ်ဝန်းကျင်အသစ်…
    လောကအသစ်…
    ဘဝအသစ်…
    အတွေးအခေါ်အသစ်…
    ဘာသာစကားအသစ်…
    အလုပ်အသစ်…
    အသက်မွေးဝမ်းကြောင်းအသစ်…
    ဘဝလမ်းကြောင်းအသစ်…
    လောကအဟောင်း…
    ဘဝအဟောင်း…
    ကျွေးအဟောင်း…
    လောကအဟောင်းကို အကျိုးပြုဖို့…
    ဘဝလမ်းကြောင်းအသစ်ကို ရဲရဲဝံ့ဝံ့လျှောက်ခဲ့သည်…
    အိုဘယ့်… ခရောင်းနှင်းဆီရေ…
    မင်းသွားမယ်လမ်း ဖြောင့်ဖြူးပါစေ…
    မင်းလျှောက်မယ့်လမ်း ချော့မွေ့ပါစေ…

    ခင်မင်ရသောညီမလေးရွှေကြည်အတွက်…
    ကြောင်ဝတုတ်

    • ရွှေ ကြည်

      November 14, 2012 at 4:36 pm

      ကိုကြောင်ဝတုတ်ရေ ဝမ်းနည်းဝမ်းသာနဲ့မျက်ရည်လည်ရပါတယ်..။
      ငိုတော့မငိုတော့ပါဘူး ရွာထဲကသူတွေအားပေးတာနဲ့တင် မိရွှေကြည်ခွန်အားသစ်နဲ့အလုပ်သစ်မှာကြိုးစားမှာပါလို့..။

      လေးစားခင်မင်မှုများစွာဖြင့်
      ရွေကြည်

  • Hnin Hnin

    November 14, 2012 at 10:13 pm

    ကဗျာကိုဖတ်ပြီး နွမ်းလျတဲ့စိတ် ဝင်သွားရတာပဲ…
    ခံစားရတာတော့ ဟိုနေ့ကတည်းကပါလေ…မမန့်မိတာ…

    အားတင်းထားပါ…အူဝဲလေးရေ…အစ်မ ကိုယ်ချင်းစာမိပါတယ်…
    ဒီမှာပဲ နေနေတယ်ထင်နေခဲ့တာလေ…
    ကျန်းမာရေးနဲ့အညီ စားသောက်နေထိုင်ပြီး ဝိတ်တက်အောင်လည်း လုပ်လိုက်ပါအုံး…
    အဲ့ဒီမှာ နေသားကျပြီး ပျော်ရွှင်လာပါစေလို့ဆုတောင်းပေးပါတယ်….
    ချစ်တဲ့
    မမ

    • ရွှေ ကြည်

      November 16, 2012 at 5:29 pm

      မမရေ စိတ်ညစ်သွားပြီလားဟင်..။
      မမစနိုးရေ အူဝဲုအားတင်းထားပါတယ် လူကတော့အရိုးပေါ်အရေတင်ဖြစ်နေပြီ။
      ဝိတ်တက်ဖို့ကြိုးစားရအောင် လေးခင်ခပို့ကိုပြေးလိုက်ဦးမယ်နော်..။

      ချစ်တဲ့
      အူဝဲ

Leave a Reply