အိမ်သာ ဘယ်လို သုံးမလဲ ..

နွေဦးNovember 12, 20122min44039

နေ့တိုင်းမဖြစ်မနေ သုံးနေကြပေမဲ့ ဘယ်လိုသုံးရမယ် ဘယ်လိုသုံးသင့်တယ် ဆိုပြီး ဘယ်သူ့ကိုမှမမေးဘဲ သုံးနေတဲ့ အရာတခုရှိနေတာလေ ။ အဆင်ပြေသလို ကြုံသလို သုံးနေကြပြီးအဆင်ပြေနေကြတာပါ ။

ပြောရမယ်ဆိုရင်တော့ ကိုယ်တိုင်လည်း အဆင်ပြေသလို သုံးတယ် နောင်လာနောက်သားတွေလဲ အလျှင်းသင့်သလို အခက်အခဲမရှိ ဘယ်သူသိတာမှတ်လို့ ဆိုပြီး စနစ်ပျောက် သုံးလာကြတာ ကြာခဲ့ပြီမဟုတ်လား ။

ဟုတ်တယ်လေ.. ဘယ်လူကြီးသူမတွေကမှ အိမ်သာ သုံးရင် ဘယ်လိုသုံးရမယ် ဆိုတာ သတ်မှတ်ချက်တွေ စည်းကမ်းတွေနဲ့ ထိမ်းသိမ်းခဲ့တာ မရှိခဲ့ဘူးလေ.. ။ ဘယ်စာရေးဆရာတယောက်မှ အိမ်သာ ဘယ်လို သုံးရမယ် ဆိုတဲ့ စာ တတန် ပေတဖွဲ့ မှတ်မှတ်ရရ မတွေ့ခဲ့ဖူးဘူး ။

 

ကိုယ်နေတဲ့ ကိုယ့်အိမ်ကိုယ့်ယာ မှာတော့ ကိုယ်သုံးနေတဲ့ အိမ်သာဟာ ဘယ်လိုရှိနေနေ ဘယ်လို သုံးသုံး အဆင်ပြေချင်ပြေနေမှာပါ ။တရပ်တကျေး သွားလို့ ဧည့်သည် ဖြစ်ပြီဆိုရင်တော့ ဒီကိစ္စဟာ နဲနဲ သတိပြုစရာဖြစ်လာတတ်ပါတယ် ။

ကျောင်းသားအရွယ် မူလတန်း အလယ်တန်း အထက်တန်းကျောင်း တွေ တက်ပြီး လူကြီးသာဖြစ်ခဲ့တယ် ဘယ်ကျောင်းမှာမှ ဘယ် ကျောင်းအိမ်သာ မှာမှ ကျောင်းအိမ်သာကို ဘယ်လို သုံးရမယ်ဆိုတဲ့ စည်းကမ်းထုတ်ထား ချိတ်ထားတာ မတွေ့ဖူးဘူး တကယ် ။
ငယ်ငယ်လေးတုန်းကတော့ ကြားဖူးနားဝနဲ့ အဆင်ပြေသလိုသုံးခဲ့ကြပေမဲ့ ကိုယ်တိုင် သန့်ရှင်းရေး ကိုယ်သုံးတဲ့ အိမ်သာ သန့်ရှင်းရေးကို နားမလည်ခဲ့ကြပါဘူး။

ကျောင်းသားအရွယ် မူလတန်း အလယ်တန်း အထက်တန်းကျောင်း တွေ တက်ပြီး လူကြီးသာဖြစ်ခဲ့တယ် ဘယ်ကျောင်းမှာမှ ဘယ် ကျောင်းအိမ်သာ မှာမှ ကျောင်းအိမ်သာကို ဘယ်လို သုံးရမယ်ဆိုတဲ့ စည်းကမ်းထုတ်ထား ချိတ်ထားတာ မတွေ့ဖူးဘူး တကယ် ။
ကျောင်းသားအရွယ် မူလတန်း အလယ်တန်း အထက်တန်းကျောင်း တွေ တက်ပြီး လူကြီးသာဖြစ်ခဲ့တယ် ဘယ်ကျောင်းမှာမှ ဘယ် ကျောင်းအိမ်သာ မှာမှ ကျောင်းအိမ်သာကို ဘယ်လို သုံးရမယ်ဆိုတဲ့ စည်းကမ်းထုတ်ထား ချိတ်ထားတာ မတွေ့ဖူးဘူး တကယ် ။

ကိုယ်နေတဲ့ ကိုယ့်အိမ်ကိုယ့်ယာ မှာတော့ ကိုယ်သုံးနေတဲ့ အိမ်သာဟာ ဘယ်လိုရှိနေနေ ဘယ်လို သုံးသုံး အဆင်ပြေချင်ပြေနေမှာပါ ။တရပ်တကျေး သွားလို့ ဧည့်သည် ဖြစ်ပြီဆိုရင်တော့ ဒီကိစ္စဟာ နဲနဲ သတိပြုစရာဖြစ်လာတတ်ပါတယ် ။

ဂျပန် နိုင်ငံ မှာသုံးတဲ့ အိမ်သာ တွေဟာ ကျွန်တော်တို့ဆီက အိမ်သာတွေနဲ့ ပုံစံတူပေမဲ့ အသုံးပြုရတဲ့ ပုံစံမတူတာတွေလဲရှိပါတယ် ။ ဒီလိုကိစ္စကြတော့ ပုံပြ ပိုစတာလေးတွေနဲ့ သူတို့ဆီမှာ အသိပေးထားကြတယ် ။ ကျွန်တော်တို့ဆီမှာကော ဒါမျိုးတွေ တွေ့ဖူးကြရဲ့လားမသိဘူး ။

ဂျပန် နိုင်ငံ မှာသုံးတဲ့ အိမ်သာ တွေဟာ ကျွန်တော်တို့ဆီက အိမ်သာတွေနဲ့ ပုံစံတူပေမဲ့ အသုံးပြုရတဲ့ ပုံစံမတူတာတွေလဲရှိပါတယ် ။ ဒီလိုကိစ္စကြတော့ ပုံပြ ပိုစတာလေးတွေနဲ့ သူတို့ဆီမှာ အသိပေးထားကြတယ် ။ ကျွန်တော်တို့ဆီမှာကော ဒါမျိုးတွေ တွေ့ဖူးကြရဲ့လားမသိဘူး ။

ကျွန်တော်တွေ့ဖူးတာကတော့ အိမ်သာနံရံ တွေမှာ ညစ်ညစ်ပတ်ပတ် အယုတ်တ အနတ်တ တွေ နံရံ အပြည့် ရေးထားတာတွေတော့ တွေ့ဖူးတာဘဲ ။ ကျောင်းအိမ်သာ နံရံတွေမှာဆို ခလေးရွယ်တွေနဲ့ မလိုက်ဖက်လောက်အောင်ကို ယုတ်ရင်းကြမ်းတမ်းတဲ့ စာတွေ အပြည့်ရှိနေတတ်ပါတယ် ။ ဒါကို ဘယ်သူကမှ တာဝန်ယူပြီး မဖြေရှင်းကြပါဘူး ။

ကျွန်တော်တွေ့ဖူးတာကတော့ အိမ်သာနံရံ တွေမှာ ညစ်ညစ်ပတ်ပတ် အယုတ်တ အနတ်တ တွေ နံရံ အပြည့် ရေးထားတာတွေတော့ တွေ့ဖူးတာဘဲ ။ ကျောင်းအိမ်သာ နံရံတွေမှာဆို ခလေးရွယ်တွေနဲ့ မလိုက်ဖက်လောက်အောင်ကို ယုတ်ရင်းကြမ်းတမ်းတဲ့ စာတွေ အပြည့်ရှိနေတတ်ပါတယ် ။ ဒါကို ဘယ်သူကမှ တာဝန်ယူပြီး မဖြေရှင်းကြပါဘူး ။
တကယ်တော့ ကျောင်းအိမ်သာနံရံတွေမှာ အိမ်သာကို သန့်ရှင်းအောင် ဘယ်လိုသုံးရမယ် ဘယ်လို သန့်ရှင်းရေးလုပ်သင့်လဲ ဆိုတာတွေကို ပညာပေး ကပ်ထား ရေးထားသင့်တာပေါ့ ။

တခုတော့သတိပြုမိတာရှိတယ် ။ကျွန်တော်တို့ မြန်မာတွေရဲ့ ဓလေ့ ဘဲ ထင်ပါတယ် အိမ်သာ ဆိုတာ ညစ်ပတ်တဲ့နေရာ ။ မသန့်ရှင်းတဲ့နေရာ ။ ရွံ့စရာ မသတီစရာနေရာလို့ သတ်မှတ် စွဲလမ်းနေကြတာပါဘဲ..။ ဒီလို ရွံ့စရာကြီးလို့ သတ်မှတ်ထားတော့ ပိုပြီးတောင် ညစ်ပတ်မသန့်ရှင်းတော့ဘူးပေါ့ ။

တခုတော့သတိပြုမိတာရှိတယ် ။ကျွန်တော်တို့ မြန်မာတွေရဲ့ ဓလေ့ ဘဲ ထင်ပါတယ် အိမ်သာ ဆိုတာ ညစ်ပတ်တဲ့နေရာ ။ မသန့်ရှင်းတဲ့နေရာ ။ ရွံ့စရာ မသတီစရာနေရာလို့ သတ်မှတ် စွဲလမ်းနေကြတာပါဘဲ..။ ဒီလို ရွံ့စရာကြီးလို့ သတ်မှတ်ထားတော့ ပိုပြီးတောင် ညစ်ပတ်မသန့်ရှင်းတော့ဘူးပေါ့ ။အိမ်သာဟာ လူတိုင်း နေ့စဉ် တွေ့ ကြုံ အသုံးပြု နေရတဲ့နေရာ တခုပါ ။ တနေ့တကြိမ်လောက်တော့မဖြစ်မနေ တွေ့ ကြုံရတာဖြစ်လို့ သူ့ကို သန့်သန့်ရှင်းရှင်း မွှေးမွှေးကြိုင်ကြိုင် သုံးစွဲရမယ်ဆိုရင် သုံးစွဲရသူတွေ စိတ် ရွှင်လန်းစေမှာပါ ။ အခုတော့ မနက်စောစော မသန့်မရှင်း ညစ်ညစ်ပတ်ပတ် နံနံစော်စော် ကြီးနဲ့ တွေ့လိုက်ရရင် ရှေ့လူကလဲ သန့်သန့်ရှင်းရှင်း မသုံးခဲ့ရင် တနေ့လုံး နေလို့ကောင်း တော့မှာမဟုတ်ဘူး ။

အိမ်သာ သန့်ရှင်းရေးလုပ်ရတယ်ဆိုတာ တကယ်တော့ ခက်ခဲတဲ့ အလုပ်မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေကတော့ ဘုန်းကြီးကျောင်းတွေမှာ ကုဋီ ဆေးတဲ့ ကုသိုလ် ယူကြလေ့ရှိပါတယ် ။ ကျောင်းကန်ဇရပ်တွေမှာ ကုဋီဆေး(အိမ်သာဆေး)တဲ့ကုသိုလ်ဟာ ပြုခဲ့ဘူးတဲ့ မကောင်းမှုတွေကို စင်ကြယ်အောင် ဆေးကြောပေးသလို ခံယူကြတယ် ။ အဲဒီသဘောမျိုးနဲ့ မိမိ စွန့်ခဲ့တဲ့ အညစ်အကြေးတွေကို အခြားသူအတွက် အနှောက်အယှက် မဖြစ်စေလိုတဲ့ စိတ်လေးထားပြီး မရွံ့မရှာ ဆေးကြောလိုက်မယ်ဆိုရင် နောက်နောင် အိမ်သာဆေးဘို့ ဝန်မလေးတော့ဘူပေါ့ ။

ငယ်ရွယ်တဲ့ ခလေးအရွယ်တွေကတည်းက အလေ့အကျင့်လုပ်ပေးထားမယ်ဆိုရင် အိမ်သာကို သန့်သန့်ရှင်းရှင်းသုံးတတ် သန့်ရှင်းရေးလုပ်တတ်ကြမှာပါ ။ ဂျပန်တနိုင်ငံလုံး မူလတန်းအရွယ်ခလေးတွေကစလို့ ဒီလို အလေ့ကျင့်တွေ ပေးထားတယ်လို့ ကြားဖူးပါတယ် ။ ဂျပန်က ဝန်ကြီးချုပ်တောင် အိမ်သာ ဆေးခဲ့ဖူးတယ်လို့ အမြဲ ဂုဏ်ယူပြောတာတွေကြားဖူးပါတယ် ။ ဒါ့ကြောင့် ဂျပန်တနိုင်ငံလုံး ဘယ်နေရာဖြစ်ဖြစ် အများသုံးအိမ်သာဘဲဖြစ်ဖြစ် အမြဲသန့်နေတာ တွေ့ရ မှာပါ ။ သူတို့ ဂျပန်လူမျိုးတွေကတော့ အိမ်သာ သန့်သန့်လေးကို အမြဲဂုဏ်ယူတတ်ကြပြီး သူတို့ စိတ်ထားမြတ်ကြောင်းပြကြတတ်ပါတယ် ။

နောက်တခေါက်မှ ခေတ်မှီ အိမ်သာတွေ ဘယ်လိုသုံးရမယ် ဆိုတာ ပြောပါ့မယ်။

နွေဦး တွေးမိတာလေးတွေ ရေးကြည့်တာပါ ။

39 comments

  • နွေဦး

    November 12, 2012 at 6:20 pm

    တို့လူမျိုးကတော့ ဒီအကြောင်းပြောရင် ရှက်စရာလို့ မြင်နေတုန်းပါ ။
    နောင်မှ ဘိုထိုင်အိမ်သာ ရေမလောင်းတတ်လို့ ဒုက္ခတွေ့တဲ့သူတွေ အများကြီး..

  • မောင်ပေ

    November 12, 2012 at 8:30 pm

    ဗမာလို အီးယိုတာ လိပ်ခေါင်းထွက်နိုင်တယ် ဆိုတာ သိခဲ့ရပေမယ့်
    အီးယိုရင် ဗမာလို ယိုမှ အားရပါးရ ညှစ်လို ့ကောင်းတယ်ဗျာ

  • ရွာသူ jujuma .

    November 12, 2012 at 8:32 pm

    ဟုတ်ပါတယ် လူတွေက အိမ်သာဆိုညစ်ညမ်းတဲ့နေရာလို့တွေးပြီး ဖြစ်သလိိုနေတတ်ကြတာများပါတယ်…

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 12, 2012 at 9:41 pm

    ကျနော်ဟာ ဆုပေးတဲ့အဖွဲ့ထဲမှာမပါပါဘူး ဘယ်တော့မှလည်းပါမှာမဟုတ်ပါဘူး :mrgreen:
    ဒီလအတွက် ဆုရတဲ့ပိုစ့် ကိုရွေးချယ်တဲ့အခါ
    ဆုပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ
    ဒီပိုစ့်ကို ပဏာမ အုပ်စုထဲမှာ ပါဝင်စေဘို့
    မန်ဘာတစ်ယောက်အနေနှင့် တောင်းဆိုမိပါတယ်

  • ကောင်းပါပြိ မှတ်ထားလိုက်ပါတယ် မောင်ပုရေ
    ဆုပေးတဲ့ အဖွဲ့ထဲ ပါချင်ရင်ရတယ်နော်(အီးပါတာပြောတာမဟုတ်ဘူး)
    အတည်ပြောနေတာ

  • Mလုလင်

    November 12, 2012 at 11:36 pm

    ပိုစ့် ပိုင်ရှင် ရေ …. ဒီရက်ပိုင်း ဓာတ်ပုံ ပိုစ့် တွေက လွဲ လို့ စာရေးတဲ့ ပိုစ့်တွေ မဖတ်ဖြစ်တာ ပထမဆုံး ဝန်ခံ ရပါတယ် ….။ အခု အချိန်ရတုန်း ဖတ်လိုက် မိတဲ့ ပိုစ့် လေးက ပုံ တွေနဲ့ ဝေဆာ နေတာ မို့ … လေးစားပါတယ်ဗျို ………..။

  • ရာဇဝင်လူဆိုး

    November 13, 2012 at 1:04 am

    အိမ်သာဆိုလို့ ပြောရဦးမယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက် အထက်ဗမာပြည် မကွေးတိုင်းထဲက တောခေါင်ခေါင် ဒေသ တစ်ခုကို ရောက်ခဲ့ဖူးတယ်။ ယင်လုံအိမ်သာဆိုလို့ ရွာလူကြီး နဲ့ ရွာက သူဌေး တစ်ယောက်အိမ်မှာပဲ ရှိတယ်။ ကျန်တဲ့ သူတွေက ယာခင်းတွေထဲ ချုံတိုး။ ကိစ္စပြီးရင် ဒုတ်နဲ့ ရှင်းတာတဲ့ဗျာ။ ဒီထက်ဆိုးတာက ကလေးတွေဆို ယာမြေ သဲပူပူမှာ ဖင်ကို ဒရွတ်တိုက်လိုက်… ဒါဆို ပြိးရောတဲ့။ ခုနောက်ပိုင်းတော့ အရင်ထက် ယင်လုံအိမ်သာလောက်တော့ ရှိလာပြီပြောရမယ်။ သေချာတာက တောနယ်ဘက်တွေမှာ ကျန်းမာရေး အသိပညာနဲ့ ပတ်သတ်ပြီး မဖွင့်ဖြိုးသေးတဲ့ ဒေသတွေ များစွာ ကျန်နေသေးပါကြောင်း…..။ :mrgreen:

    • သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)

      November 13, 2012 at 9:25 am

      အခုလား
      တောနယ်ကျေးလက်မှာမပြောနဲ ့
      တောနယ်မြို ့ပေါ်က တည်းခိုခန်းတချို ့မှာ ဘိုထိုင် တချို ့တပ်ထားတယ်ဗျ……….
      အဲ့ဒါ ဘိုထိုင်အိမ်သာမှာ ဘယ်လို ကိစ္စပီးလဲတော့ မသိပါဖူးဗျာ……
      ရှင်းကြတော့ ဒုတ်နဲ ့ရှင်းကြတယ် တူပါတယ်………
      အိမ်သာမှာစာကပ်ထားလေရဲ့ ဒုတ်နဲ ့မရှင်းရ ရှင်းလျှင်လည်း အိမ်သာ အိုးထဲ မပစ်ချပါရန်တဲ့………
      ဟီးဟီး

  • kai

    November 13, 2012 at 1:25 am


    How to use toilet papers properly?

    1)How much toilet paper sheets do you normally use to clean?
    2)Do you wet it with water before use it to clean ?
    3)Where do i put the toilet paper after using it?
    I have heard that some toilet has bins to put the toilet papers.But doesnt it stink when you use bins to put it?Cant i just put it in to the commode?
    4)Does it stink if we just use toilet papers without wash the area with toilet papers?
    =
    Best Answer – Chosen by Asker
    1. Three sheets -one to wipe, one to dry, and one to polish, or as many as you need.
    2. No, it gets a bit damp in the process.
    3. It goes where the rest went.
    4. No. If you feel the need to wash as well, why don’t you?

    Bottom showers are more hygienic I guess, it all depends on your culture and country of origin. Australians Americans and English all use toilet paper and they don’t stink any more than other people.

    Sensible question if you are visiting. I remember my amazement at the street loos in France on my first visit -the “squat over the hole” types with a gap under the screen! or the lady attendant in the men’s [don’t forget her tip!]. Everywhere is different and you get acclimatised to your own customs I guess. Hope this helps.
    =
    http://howtowipeyourbutt.com/
    ==

    • သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)

      November 13, 2012 at 9:16 am

      သဂျီး စမ်းကြည့်ဖူးလားဟင်……….

    • Wow

      November 13, 2012 at 10:02 am

      ဒဂျီး အဲဒီ့ပုံအောက်မှာ မြန်မာစာတန်းပါတယ်….
      “အရင်းအမြစ်လုံလုံလောက်လောက်မရှိဘဲ ဘယ်စီမံကိန်းကိုမှ အစမပြုပါနဲ့”… တဲ့ :harr:

  • myanmar oscar

    November 13, 2012 at 2:52 am

    မှန်လိုက်လေ
    ပြောရင်းနဲ့ လက်တွေ့သင်တန်းဆင်းလိုက်ဦးမယ်
    ထွက်တော့မယ်ဗျို …….တာတာ…..

  • အရီးခင်လတ်

    November 13, 2012 at 4:23 am

    နေ့လည် ထမင်းစားချိန်မှာ တွေ့လိုက်သားဘဲ။
    မဖတ်ဘဲ ထားရတာ။
    ထင်တဲ့ အတိုင်းဘဲ။
    မျက်စိထဲ ကွင်းကွင်းကွက်ကွက် ပေါ်လာအောင် ကို ရေးထားတာဘဲ။
    ဒီလို စာမျိုးကို မြန်မာပြည်က သတင်းစာတွေ ဂျာနယ်တွေထဲ မပြတ်ထည့်ပေးသင့်ပါတယ်။
    နီးစပ်သူများ ဒီ Post ကို ချွန်ပေးလိုက်ကြနိုင်ရင် အတော်ထိရောက် မယ်။

    ဒီလို အိမ်သာပုံတွေ မြင်တော့ သူငယ်ချင်း တစ်ယောက်ပြောပြတာ သတိရတယ်။
    သူ ဂျပန်မှာ သင်တန်းတက်တဲ့ နေရာရဲ့ အိမ်သာက အိမ်သာတောင် မသွားရဲအောင် မွှေးကြိုင် သန့်ရှင်း နေတာ လို့ ပြောတာဘဲ။
    အိမ်သာဝင်တော့ (မ)အိမ်သာ ရဲ့ ကမုတ် ဘေးမှာ ခလုတ် တွေ ကအစုံ ဆိုဘဲ။
    ဒါနဲ့ သူကလဲ မစပ်စု ဆိုတော့ ခလုတ်တွေကို အစုံ လိုက် နှိပ်ပြီး စမ်းသတဲ့။
    အဲဒီ ထဲ မှာ ရေပန်းပုံ လေးလဲ တွေ့တော့ အဲဒါက ဘယ်က ထွက်တယ် ဆိုတာသိအောင် ခလုတ်ကိုလဲနှိပ် မျက်နှာကြီး ကိုလဲ ကမုတ်ထဲ ငုံ့ကြည့်နေတုန်း အရှေ့ဘက် ကနေ ရေတွေပန်းထွက်လာတာ သူ့မျက်နှာ စိုကုန်ရောတဲ့။
    အဲဒါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ဝနှစ်ကျော်က ဆိုတော့ အခု ဆို ဘယ်လို ဖန်ရှင် အသစ်တွေများ တိုးနေပြီလဲ တောင် မသိတော့။ 🙄

    ဘရာကြော် အပါအဝင် အကြော်စုံ ပါ ကိုနွေဦးရေ။
    ဒါမျိုး အသိပညာပေးမှု တွေ ကျွန်မတို့ ပြည် မှာ များများ လိုပါတယ်။

  • thit min

    November 13, 2012 at 7:21 am

    အိမ်သာသန့်ရှင်းရေးဆိုတာအရေးကြီးတဲ့အကြောင်းအရာတခုပါ။

    အဲဒီ လိုဘဲ နောက်ထပ်အရေးကြီးတဲ့ အကြောင်းအရာတခုကတော့
    အိမ်သာသုံးပြီး လက်ကိုသေသေခြာခြာမဆေးကြတာပါ။

    အဲဒါက တိုးတက်ခေတ်မှီနေပါတယ်ဆိုတဲ့ နိုင်ငံကလူတွေတောင် ပါတယ်ဆိုတာ
    မျက်မြင်ကိုယ်တွေ့ပါ။

    ပြင်သစ်မှာ လက်မဆေးဘဲ ထွက်လို့မရအောင် စဲန်ဇာ တပ်ထားတဲ့ အိမ်သာတွေရှိ
    ကြောင်း တီဗီအစီစဉ်တခုမှာတွေ့ဘူးပါတယ်။

    အများသုံး အိမ်သာလိုမျိုး အသုံးပြုပြီးတာတောင်လက်မဆေးဘူး ဆိုတော့ အဲဒီလူမျိုးအိမ်
    ကိုအလည်သွားဘို့ မသင့်တော့ဘူးပေါ့။

    မြန်မာလူမျိုးများလည်း အဲဒီဘက်မှာ(နယ်ဘက်ပေါ့နော်) အားနည်းနေအုန်းမှာပါ။
    အိမ်သာတက်ပြီး လက်ကိုစင်စင်ဆေးဖို့ နေနေသာသာ ဆပ်ပြာတောင်ရှားရှားပါးပါးရှိ
    နေတတ်တဲ့ နေရာမျိုးတွေဆိုရင် ဘယ်လိုဖြစ်မလဲ။

    ပြောရရင် မိမိအသုံးပြုခဲ့ပြီးတဲ့အချိန်မှာ အိမ်သာကိုလဲ အတတ်နိုင်ဆုံး သန့်ရှင်းပေးခဲ့မယ်။
    မိမိရဲ့ လက်ကိုလည်း သန့်သန့်ရှင်းရှင်း ဂရုစိုက်ဆေးခဲ့ပါမှ ပြီးပြည့်စုံသော အိမ်သာအသုံးပြုခြင်း
    လို့ ခေါ်ရမယ်လို့ တွေးတောမိပါကြောင်း။

    • kai

      November 13, 2012 at 8:12 am

      ဟုတ်တယ်ကိုသစ်ရေ..
      ယူအက်စ်ပြည်နယ်တွေမှာ.. အိမ်သာဝင်ပြီးရင်.. လက်.. ဆေးကိုဆေးရမယ်လို့.. ဥပဒေကိုထုတ်ထားရတယ်..

      .. လက်ကိုဆေးကြောတဲ့အလေ့အကျင့်ဟာ.. သင့်အတွက်.. အကောင်းဆုံးဆေးဝါးပါတဲ့…။

      မြန်မာတွေမှာ.. အိမ်သာသုံးပြီးလက်ဆေးကိုဆေးကြဖို့.. ကန်င်ပိန်းလုပ်ရင်.. အသက်ပေါင်းများစွာ.. ကယ်နိုင်မယ်ထင်မိတယ်..
      နတ်ပြည်တက်ရနိုင်တဲ့.. လက်မှတ်ဖိုး..(ကုသိုလ်) ၁သောင်းဖိုးရမယ်လို့.. ပြောပြီးလုပ်သင့်လှပါတယ်..

      (ကုသိုလ် ၁သန်းဆိုရင်.. သာဝတိ ံသာ အဝင်လက်မှတ်ရမယ်..) :kwi:
      Why Hand Washing May Be Your Best Medicine – NYTimes.com
      well.blogs.nytimes.com/…/why-hand-washing-may-be-your-b…
      Dec 19, 2007 – But a new study shows how washing your hands often, and at the right time, … handling a diaper, studies suggest many people are still ending up with germs, … After vaccination, the virus is known to shed in the baby’s feces.

      • သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)

        November 13, 2012 at 9:18 am

        ကုသိုလ် ပွိုင့်တွေကို အဒူပေးတာလဲဟင်…………

        • kai

          November 13, 2012 at 12:06 pm

          နတ်ပြည်နဲ့.. ငရဲပြည်ကြား.. ပွဲစားလုပ်နေသူတွေက.. ပွိုင့်တွေ ပေးနိုင်တယ်ပြောတာပဲ.. ပြောကြတာပဲ.. .

          “ဟေ့..မင်းက.. ဒါတွေဒါတွေလုပ်တယ်.. ..(Hell)ငရဲကျမယ်(ငရဲပြည်သွားရမယ်).. ”
          “ဟေ့.. မင်းကတော့.. ဒါတွေဒါတွေလုပ်.. ငါ့ထိုင်ကန်တော့.. ငါ့ဟိုဟာလှူ..ဒီဟာလှူ.. (Heaven)နတ်ပြည်သွားရမယ်..”

          အဲဒီလိုပြောနေတဲ့သူတွေ.. Hell/Heaven အသွားလက်မှတ်..ပွိုင့်တွေ ပေးခဲ့တာ..

          အခုတော့..ကျုပ်ကပဲ..တာဝန်လွှဲယူရင်ကောင်းမလားလို့…
          ကျုပ်ကို… တယောက်.. တရက် ၁ဒေါ်လာလှူကြ…
          ကုသိုလ်ရတယ်..။ နတ်ပြည်သွားရမယ်..။
          ကျုပ်ပြောတဲ့အတိုင်းလုပ်ကြ.. နတ်သမီး…တဖက် ၄၄၄ယောက်စီနဲ့နေရမယ်..။

          မပေးဘူးလား…
          ငရဲကျမယ်…။

          ကွိ.. ကွိ
          (သေသေချာချာ.. (သေသေ့…သေချာချာ… ) စဉ်းစားနိုင်ကြပါစေသတည်း…) :kwi:

  • သားသားဒို့ နယ်နယ်ဒုံးဂဒေါ့ …
    အီးအီးပါချင်ရင် …
    ရွာကထွက် တောထဲသွားရင်းနဲ့
    ကိစ္စရှင်းခဲ့တာပဲ …
    လေကောင်းလေသန့် ရှူရှိုက်ရင်းနဲ့ပေါ့ဗျာ … အဟိ ..

    မြို့ကို ရောက်လာပြီး
    ဘိုထိုင် အိမ်သာကြီးတွေ စမြင်တုန်းကဆို
    ဘယ်လို တက်ရမှန်းတောင် သိခဲ့ဘူးရယ် ..
    ဒါနဲ့ ထူးပါဘူးဆိုပြီး ဟိုပုံထဲကလို ငုတ်တုတ်ကြီး ထိုင်ချလိုက်ဒါ …
    အိုက်ဒါ အေးရော …
    အရေးကြီးတာ ထွက်တွားဖို့ပဲ မီဟုတ်လားလို့ … :mrgreen:

    • သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)

      November 13, 2012 at 9:21 am

      ထင်တယ် အဲ့ဒါကြောင့် ဘိုထိုင် အိမ်သာက ထိုင်ဖုံးတွေ ခနခနကျိုးတာ………
      အခု တရားခံတွေ ့ဘီ…………..

      ဘယ်သူမှ မရှိဖူးလားဟေ့…….
      တရားခံကိုဖမ်းချုပ်လိုက်စမ်း…………………
      ရက်ချိန်းများများနဲ ့ ရုံးတင်ရမယ်…….
      ဒါမှ ငါ့အတွက် တွက်ခြေကိုက်မယ်…………
      ငြင်းငြင်းငြင်း………….

  • ကြက်ဖင် ( အကယ်ဒမီ )

    November 13, 2012 at 10:24 am

    အပေါ်က ပုဂ္ဂိုလ်တွေအမိန့်ရှိခဲ့ကြသလိုဘဲ ဘုန်းကြီေးကျာင်းတစ်ခုမှာတွေ့ဘူးတယ်
    အဝတ် ဒုတ် စက္ကူ မသုံးရဆိုပြီး ရေးထားတာပါ
    မြန်မာပြည်မှတော့ လွှတ်ချလိုက်တာနဲ့ ဗျစ်…….ဆိုပြီး အလိုအလျှောက်ခုန်ချသွားတဲ့
    အိမ်သာတွေက အတော်များတာ
    အိမ်သာကျင်းများ နက်လို့ကတော့ အီးတုံးခမျာ အောက်ရောက်ရင် သက်သာရှာမှာမဟုတ်လောက်ဘူး
    ဘိုထိုင်တွေကို သူလိုကိုယ်လိုထိုင်ရင် ဖင်ပွေးပေါက်တာတွေများ ကူးမလားလို့တွေ့မိဘူးတယ်ဗျ
    ပြောခြင်တာက
    ထိုင်းနိုင်ငံ ဘန်ကောက်ထဲမှာရှိတဲ့မြန်မာတွေ ရက်90 ပတ်စပိုစ့်သက်တမ်းတိုးတဲ့နေရာမှာ
    အဲ့သည်ပြဿနာကိုရင်ဆိုင်နေရရှာတယ်
    အဲ့သည်နေရာမှာ နေ့တိုင်း မြန်မာ လာအို ကမ္ဘာဒီးယား အယောက်နှစ်ထောင်လောက်
    ရက်90 သက်တန်းလာတိုးကြတာကလား
    ဆိုတော့ကာ အချို့ကြတော့လည်း မြို့ပြအပြင်ဖက်မှာနေကြပုံရသလားသိပါဘူး
    ဘိုထိုင်အိမ်သာလို့ဘဲဆိုပါစို့ပေါ့ဗျာ
    အိမ်သာသုံးပြီးတော့ဘယ်လိုသဘောမပေါက်ဖြစ်သွားလည်းသိဘူးဗျ
    အနောက်က ရေတန့်ခ် အဖုံးကို မပြီးဖွင့်လိုက်တယ် အထဲက ဘော်လုံးကိုဆွဲဖြုတ်ပြစ်လိုက်တယ်
    တွေးသာကြည့်ကြပေတော့
    ကြည့်ရတာ ခမျာ အတော်လေးထွက်နေလို့ ကမန်းကတန်းဝင်သွားမယ်
    ကိစ္စပြီးတာနဲ့ ပြဿနာတက်ပုံရတယ်
    ပြောလို့ပြောတာ ကျုပ်လည်း ဟိုတုန်းက သိတာဟုတ်ဘူး
    ဘော်လုံးကြီးဆွဲမချွတ်တောင် ဖင်ဆေးတဲ့ပိုက်ကို ဘာပါလိမ့်ဆိုပြီးရေပန်းကိုမျက်နှာဖက်လှည့်ပြီး
    ညှစ်မိလို့ ဖင်ဆေးတဲ့ပိုက်နဲ့ မျက်နှာသစ်ဘူးသေးတယ်
    လူရွှင်တော်တွေပြောသလိုပေါ့ ရှက်ရှက်နဲ့မပြောဘဲနေတာ လူစုံတုန်းမို့ပါ
    အဲ့သည်ဘိုထိုင်အိမ်သာကိစ္စက လွန်ခဲ့တဲ့ လေးငါးနှစ်လောက်တုန်းက
    မကြာခဏပြဿနာတက်တာတွေ့ဘူးတယ်
    ငုတ်တုတ်ပါတဲ့နေရာတွေမှာဘဲသုံးဘူးတော့ ရေဘယ်လိုခလုတ်နှိပ်ရသလဲမသိတဲ့လူတွေ
    ဒီတိုင်းထားသွားလို့ ပြဿနာတက်ကြတာပါ
    ဒီဆိုဒ်ထဲတောင်ရှိဘူးပါတယ် အိမ်သာဆေးတဲ့ဒေါက်တာအန်တီကြီး
    ပြောခြင်တာတွေကတော့ များဂျီးဘဲ
    ငုတ်တုတ်ထိုင်တဲ့အိမ်သာတွေမှာလည်း ဖင်ဆေးပိုက်တွေရှိသင့်တယ်ဗျ
    မဟုတ်လို့ကတော့ ဘယ်လက်ဆိုတာ ဖင်ဆေးတဲ့လက်ဆိုပြီး ကိုယ့်ဖင်ကိုယ်ပြန်ကိုင်ရတာလည်း
    သိပ်တော့မနိပ့်ဘူးဗျ
    ဖင်ဆေးပိုက်နဲ့ဆိုတော့ ဖင်ဆေးရင်း ဖီးလ်းလေးဘာလေးခံရတာပေါ့ဟုတ်ဘူးလား
    နောက်တာဘာ
    အပေါ်က လူကြီးမင်းတွေဆိုသလိုပါဘဲ အိမ်သာသုံးပြီးရင်လက်ကိုဆေးသင့်တယ်ဆိုတာကို
    ဝင်ရောက်ပြောဆိုကြည့်တာပါ
    ရှိခဲ့ဘူးသလားဘဲ တစ်ယောက်ရေးဘူးပါတယ် အိမ်သာတက်ပြီးလက်ကို ရေဆေးသင့်တဲ့အကြောင်းတွေပေါ့
    ဆိုလိုတာက
    အိမ်သာတွေမှာ ဆိုခဲ့ပြီးသလို ဖင်ဆေးပိုက်တွေ တပ်ဆင်နိုင်ကြမယ်ဆိုရင်
    အိမ်သာသုံးပြီး ရောဂါကူးစက်မှု့ကို တစ်စိတ်တစ်ဒေသ လျှောချနိုင်မယ်ထင်ပါကြောင်း
    ပြောလို့သာပြောတာပါ
    ကျုပ်တို့ရွာမှာတော့ ဘားမားစစ်ဘဲ
    ခြုံပုတ်နဲ့ ဝါးခြမ်းပြား ဒါမှမဟုတ် တွေ့ရာ တုတ်နဲ့ဘဲ
    အဲ့ဒါမှ ထရာဒစ်ရှင်းနယ်စစ်ဘဲ :mrgreen:

  • Khaing Zar Win

    November 13, 2012 at 11:02 am

    အိမ်သာနဲ့ ပတ်သက်ပြီး အတော် ပြီးပြည့်စုံတဲ့ ပို့(စ) ပါ။
    လက်ဆေးနည်းလေးနဲ့ပါ တွဲလိုက်လေ။ :mrgreen:

    http://www.who.int/gpsc/clean_hands_protection/en/

  • Green Rose

    November 13, 2012 at 12:51 pm

    အရမ်းကောင်းတဲ့ post လေးပါ။
    bravo ပါ နွေဦးရေ။
    အိမ်သာနဲ့ပါတ်သက်ပြီး သိထားတာလေးတစ်ခုကတော့ အသက်အရွယ်ရလာတဲ့သူတွေအတွက် ဘိုထိုင်အိမ်သာက ကျန်းမာရေးအတွက် အသင့်တော်ဆုံးပါတဲ့။ အသက်ငယ်တဲ့သူတွေအတွက် မသင့်တော်ဘူးလို့ပြောတာမဟုတ်ပါဘူး။ အသက်ကြီးလာတဲ့အခါ သုံးသင့်ကြောင်း High Light လုပ်တာပါ။ ရိုးရိုးအိမ်သာဟာ အိမ်သာတက်ပြီး ပြန်အထမှာ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်တာမျိုး ဖြစ်တတ်လို့ပါ။
    အိမ်သာအသုံးပြုနည်းဆို.. Green Rose လက်လှမ်းမှီသမျှတော့ အကြံပြုဖြစ်ပါတယ်။ ခုတော့ ဂေဇက် ကနေ ထပ်ဖွပါဦးမယ်။
    Green Rose တို့ဆီမှာ များသောအားဖြင့်က ဘိုထိုင်အိမ်သာတွေ မဟုတ်ကြပါဘူး။ ဟို စောင့်ကြောင့်ထိုင်ရတဲ့ အိမ်သာတွေများပါတယ်။ Green Rose ကတော့ အဲဒီ့အိမ်သာတွေကို မသုံးခင်မှာ ရေနည်းနည်း အရင်လောင်းပြီးမှ သုံးပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီအိမ်သာတွေ ခြောက်သွေ့နေတဲ့အချိန် သုံးပြီးလို့ သန့်ရှင်းရေးပြန်လုပ်တဲ့အချိန်မှာ အခက်အခဲရှိတတ်လို့ပါ။ တော်တော်များများက သုံးပြီးမှ ရေလောင်းကြတာပါ။ အဲဒီ့အခါ ခြောက်နေတဲ့မျက်နှာပြင်ပေါ်မှာ ပေကျံသွားတဲ့အညစ်အကြေးက သန့်ရှင်းရေးလုပ်ဖို့ တော်တော်ခက်ပါတယ်။
    Green Rose မကြာခဏ ကြုံရပါတယ်။ ရှေ့ကလူသုံးပြီးသွားလို့ ကိုယ်သုံးမလို့ ဝင်သွားတဲ့အချိန် သေချာသန့်ရှင်းရေးမလုပ်ခဲ့ပဲ ညစ်ပတ်ကျန်နေတာပါ။ ရွံပေမယ့်လည်း မနေတတ်လို့၊ ဆေးရတာပါပဲ။
    အမှန်က မသုံးခင်ရေအနည်းငယ်လောင်းပြီးမှ သုံးခဲ့ရင် သုံးပြီးနောက် သန့်ရှင်းရေးလုပ်တဲ့အချိန် ရေအများကြီးသုံးစရာမလိုပဲ သန့်ရှင်းသွားပါလိမ့်မယ်။ ရေချွေတာရာလည်း ရောက်ပါတယ်။
    ဘိ်ုထိုင်အိမ်သာတွေမှာတော့ အဲဒီ့ပြသနာသိပ်မရှိပါဘူး၊ အိမ်သာကမုတ်ရဲ့ တည်ဆောက်ပုံကြောင့်ပါ။

    လေးစားလျှက်

    (Green Rose)

  • cobra

    November 13, 2012 at 1:10 pm

    ဒီစာလေးဖတ်လိုက်မှပဲ အီးဘယ်လိုပါရလဲသိတော့တယ်။
    မျက်စိထဲမြင်အောင်ကိုဖော်ပြပေးထားတယ်ကျေးဇူးပါ။
    ဘိုထိုင်အိမ်သာက လူကြီးတွေအတွက်အရမ်းလိုအပ်ပါတယ်
    အိမ်ကအဖွားဆို အသက်လည်းကြီးတယ် ဝလည်းဝတော့
    ရိုးရိုးအိမ်သာနဲ ့ လုံးဝအဆင်မပြေဘူးလေ
    အဲ့တော့ ရှယ်အိမ်သာ လုပ်ပေးရတယ်။

  • kai

    November 13, 2012 at 3:22 pm

    တချို့အိမ်သာတွေ.. စားသောက်ဆိုင်တို့.. ရုံးတို့မှာ.. အိမ်သာထဲ.. သီချင်းသံကျယ်ကျယ်လေးဖွင့်ထားပေးတယ်..
    အထူးသဖြင့်.. ဂျပန်မှာလို့ထင်တယ်..။
    “ဘူ..ဗွမ်”အသံတွေ.. ဘေးလူတွေ… မကြားရအောင်တဲ့..။
    အဲလိုသီချင်းသံမဖွင့်ထားရင်.. “ဘူ..ဗွမ်”အသံမကြားရအောင်..အိမ်သာတက်သူက ရေခဏခဏဆွဲချနေလို့.. ရေကုန်သတဲ့ဗျား..။

    တချို့ပါ့ဗလစ်အိမ်သာတွေ(အထူးသဖြင့်ယူအက်စ်) မှာ.. အိမ်သာထိုင်ခုံအတွက်.. စက္ကူသီးသန့်ရှိပါတယ်..။
    အဲဒါလေးခင်းထိုင်ရင်.. အရေပြားကူးစက်ရောဂါတချို့.. ကာကွယ်နိုင်ပါတယ်.။ အဲလိုစက္ကုမထားပေးရင်.. အိမ်သာသုံးစက္ကူကို.. အလျှားလိုက်ခင်းသုံးသင့်ပါတယ်..။

    ဘိုထိုင်အိမ်သာတွေမှာ.. တွင်းထဲရေစပ်စပ်ကလေးရှိတယ်မဟုတ်လား..။ အဲဒါ.. “ပလုံ”ကနဲ့ပြုတ်ကျရင်..ပြန်စင်တတ်ပါတယ်..။အဲလိုမဖြစ်အောင်.. အိမ်သာသုံးစက္ကူတချို့.. ရေထဲ.. ကြိုပစ်ချထားလို့ရပါတယ်..။

    သိသလောက်..တတ်သလောက်ရေးတာဖြစ်ပါကြောင်း..
    သိသူတွေ.. အိမ်သာဋီကာလေးပြည့်စုံအောင် ဖြည့်စေလိုကြောင်း… :kwi:

    • ဘာဒုံး …
      သဂျီးက စာအုပ်ထုတ်ဖို့ ချောင်းနေဒါလား …
      :kwi:
      +++++++++++
      ဒါနဲ့ ….
      ကျုပ် တွေ့ဖူးတဲ့ ထူးထူးဆန်းဆန်း အိမ်သာတစ်ခုတော့ ရှိတယ် ….
      အဲဒီအိမ်သာက အမိုး မပါဘူး …
      အကာ မပါဘူး ….
      ဒါပေမယ့် ဆိုင်းဘုတ်ကြီးတော့ ဟီးနေအောင် တပ်ထားတယ် …
      ဘာတဲ့ ….
      “လွတ်လပ်သော အိမ်သာ”
      ဆိုပဲ ………..။
      :kwi:

  • ရာဇဝင်လူဆိုး

    November 13, 2012 at 4:25 pm

    တဂျီးရယ်..ရေးလိုက်တာ အတုံးလိုက် ၊အတစ်လိုက်၊ အပုံလိုက် ဆိုသလို ကွက်ကွက်နဲ့ ကွင်းကွင်းကြီး ရှင်းအောင် မြည်သံစွဲ အလင်္ကာတွေသုံးလိုက်တော့ …ကျနော်လဲ ကိုယ်တွေ့ အဲဒီပလုံလေး ပြန်စင်ဖူးပါတယ်။
    :kwi:

  • uncle gyi

    November 13, 2012 at 10:23 pm

    အိမ်သာဘယ်လိုသုံးဆိုပြီးရုပ်ပုံလေးတွေနဲ့ပြသွားတာ
    မြန်မာမှာကဗိုလ်ထိုင်ကိုအသုံးပြုတာနည်းပါသေးတယ်
    ရိုးရိုးဆောင့်စောင့်ထိုင်တွေပဲအသုံးများတာပါ
    အဲဒီပုံတွေနဲ့ဆိုပိုအဆင်ပြေမလားလို့ပါကိုနွေရယ်
    ဟုတ်တယ်ဗျ မြန်မာမှာကအိမ်သာကိုသန့်ရှင်းရေးလုပ်ဖို့အတော်ဝန်လေးကြတာ
    ကိုယ့်ကိစ္စကိုယ်မရှင်းသွားကြဖူး
    အသိလိုနေသေးတာကအမှန်ပဲဗျို့

  • မြန်မာပြည်မှာ ဘိုထိုင်မသုံးတာ ရေရှားတာကြောင့်လဲပါတယ်။
    သူက ရေစင်မှာ ရေအမြဲတင်ထားရတာကိုးဗျ။
    ဒီမှာက ရေက အမြဲတမ်း မလာတော့ ရေစင်က ရေအမြဲမရှိပြန်ဘူး။

    ဒီအိမ်သာပိုစ်ဖတ်မိမှ အရင်က ခရီးသွားခဲ့ရတာနဲ့ အခုခရီးသွားခဲ့ရတဲ့ အ ိမ်သာဒုက္ခလေး ရေးဘို့သတိရလာပြန်ပြီနော်
    လာမယ် နွေဦးနောက်ကလိုက်ခြင်းဆိုပြီးတော့

  • ဦးကြောင်ကြီး

    November 14, 2012 at 9:47 am

    အသိတယောက် ပြောတာကြားဖူးတာ လူတယောက် ဗိုက်နာနာနဲ့ အိမ်အပြေးပြန်လာတယ်။ အိမ်သာရောက်တော့ မျက်လုံးတောင် ပြာနေပြီ။ ဒါနဲ့ ဘောင်းဘီခါးပတ် အမြန်ချွတ်ပြီး တခါထဲထိုင်အချ ဘွတ်ဆိုအောက်ကလည်း အထွက် အံကိုက်ပဲတဲ့။ သို့သော် ကံဆိုးချင်တော့ ဘိုထိုင်အိမ်သာကမုတ် ဖုံးထားတဲ့အပေါ် ပါချမိလျက်သား ဖြစ်သွားတယ်။ အိမ်သာအဖုံးက အဖြူရောင်ဆိုတော့ သတိမပြုမိလိုက်ဖူးတဲ့လေ။ မြင်ယောင်ကြည့်ပေါ့နော် တခါထဲ စွပ်ကနဲ ဗျစ်ကနဲ နေမှာ…. ကွိကွိကွိ :kwi:

  • Hnin Hnin

    November 14, 2012 at 10:06 am

    အိမ်သာအသုံးကို အားပေးဖတ်ရှု့သွားပါတယ်…
    ဆောင်ရန်၊ရှောင်ရန်တွေကလည်း မှတ်သားစရာ…
    နေ့စဉ်ယိုရ ကိစ္စအတွက်က မရှိမဖြစ် အရေးပါတဲ့ပို့စ်ပါ… 🙂

  • Shwe Tike Soe

    November 14, 2012 at 11:06 am

    အောင်မြလေး ကောင်းလိုက်တဲ့ပို.စ် တကယ်တကယ်…ချီးကျူးပါတယ်.. တစ်ခါမှ မစဉ်းစားမိတဲ့ အကြောင်းအရာပါ…….
    ကျွန်တော်တို.ဆီက အများသုံးအိမ်သာ……စုတ်ပြတ်သတ်လို.
    ပြီးတော့ရှိသေးတယ်… ရုံးတွေမှာ အပြင်ပန်းမှာတော့ လှလို.ပလို. အိမ်သာသွားတော့ ရေမလောင်းခဲ့တဲ့ အပုံလိုက်တွေ……… ရေပြတ်နေတာတွေ….. စုတ်ပြတ်သပ်တာတွေ…တွေ.နေရတယ်…
    တနေရာရာသွားရင်ဖြင့် အိမ်သာတက်ချင်လာရင်ဒုက္ဃပဲ ဆိုပြီး စိတ်ထဲ တွေးပူနေရတာပါပဲဗျာ..
    အဲလိုလေး အိမ်သာတက်နည်းလေးတွေ သင်ပေးရမယ်ထင်တယ်……..

  • ရွာစားကျော်

    November 14, 2012 at 11:28 am

    မြန်မာ့ လူမှုပတ်ဝန်းကျင်အတွက် တကယ်အသုံးဝင်တဲ့ ပို့စ်လေးပါဗျာ
    တလောက နေပြည်တော်လေဆိပ်ကို ဧည့်သည် လိုက်ပို့တုန်းက လေဆိပ် Toilet မှာ
    ကိစ္စဝင်ရှင်းတော့ ရေဆွဲဖို့ ခလုတ်မှာ ဖိနပ်ရာကြီးဗျာ.. (ခလုတ်က ကျောဘက်နံရံမှာတပ်ထားတာ) ကိုယ်ရွံတတ်သလို သူတစ်ပါးလည်း အဲဒီစိတ်ရှိမှာပဲလေ ခုတော့ လက်နဲ့မလုပ်ချင်လို့ ခြေထောက်နဲ့ ကန်ပြီးနှိပ်သွားတဲ့သဘော ရွာထဲမှာ အိမ်သာပို့စ်တင်အုံးမယ်ဆိုပြီး ဓာတ်ပုံပါ ရိုက်လာတာ.. မတင်ဖြစ်လိုက်လို့..
    ကျနော်တို့မြန်မာတွေ နိုင်ငံတကာနဲ့ စီးပွားရေး နိုင်ငံရေးအရ ရင်ဘောင်တန်းဖို့ အသာထားဦး အိမ်သာအပေါ်ထားတဲ့ စိတ်နဲ့ သန့်ရှင်းဖို့ သပ်ရပ်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ အိမ်သာစည်းကမ်းတွေ ဘာတွေအကြောင်းတောင် နှစ် ၅ဝ လောက် နောက်ကျနေတုန်းပဲ ထင်ရဲ့ဗျာ

  • MaMa

    November 14, 2012 at 2:57 pm

    အမှန်တော့ လူတိုင်းသုံးနေကျမဟုတ်တဲ့ ပစ္စည်းဆိုရင် ကိုင်တွယ်အသုံးပြုနည်းလေး လမ်းညွှန်ပေးထားရင်…
    သုံးစွဲရတဲ့သူလည်း အဆင်ပြေ
    ပစ္စည်းပျက်စီးတာကိုလည်း ကာကွယ်နိုင်တာပေ့ါ။
    အများသုံးအိမ်သာတွေမှာ စက္ကူကို အများကြီးဆွဲထုတ်ပြီး ပြုတ်ကျလေလွင့်နေတာတွေ တွေ့ဖူးတယ်။
    အဆင်ပြေပြေ သုံးစွဲနိုင်အောင် လုပ်ပေးထားတာကို အလဟဿဖြစ်အောင်လုပ်တာမျိုးတွေလည်း ရှိကြသေးတယ်။
    ရွေးချယ်စရာရှိရင်တော့ အများသုံးအိမ်သာတွေမှာ ဘိုထိုင်ကို မသုံးဘူး။
    တကယ့်အကျိုးပြု အသိပညာပေးပိုစ့်လေးမို့ ထောက်ခံအားပေးပါတယ်။ :hee:

  • စိန်ဗိုက်ဗိုက်

    November 14, 2012 at 3:21 pm

    အီးပါနည်း အီးကုံးနည်း တစ်ရှူးအသုံးပြုနည်း စတဲ့ အီးသင်တန်း လာတက်သွားတယ်ဗျို ့..
    ဆရာမပြ နည်းမကျတဲ့…
    ဆရာတို ့ ဆက်လက်ပြကြပါ
    အဲအဲ..ပြဆိုလို ့ အရမ်းပီပီပြင်ပြင်တော့ မပြကြပါနဲ ့
    အူးဗိုက်က ရွံတတ်တယ်
    အခုတောင် အင်အင်းပါရင်း ဖုန်းနဲ ့သုံးနေတာ..
    အူးဗိုက်ပါတာ စနစ်ကျရဲ့လားလို ့ ဓာတ်ပုံရိုက်ပြမလို ့
    ပြတော့ပါဘူး..ဆက်ပါလိုက်ဦးမယ်..
    အင်..အင်း…အင်အင်း..

  • Khaing Khaing

    November 14, 2012 at 3:25 pm

    မြန်မာပြည်က ဘိုထိုင်အိမ်သာတွေကို ထိုင်ရမှာ ရွံတယ် …. ကိုရီးယား ကားတွေမှာဆို အန်တာတို့ ငိုတာတို့ ဆို အိမ်သာခွက်ထဲ မျက်နှာအပ်ငိုကြ အံကြတယ် … ကိုယ်ကတော့ အဲဒါတွေကြည့်ပြီး ရွံမိတယ် … ဒါပေမယ့် သူတို့နိုင်ငံမှာ အိမ်သာကို ဘယ်လောက်တောင်သန့်လို့လဲတော့မသိဘူး ရွံစရာလို့မြင်ပုံမရဘူး …..

    နယ်က မိတ်ဆွေတစ်ယောက်ဆီကို အလည်သွားခဲ့တုန်းက သူက အိမ်သာကို အားရပါးက တိုက်ချွတ်ဆေးကြောနေတာတွေ့ခဲ့ရတယ် …. လူတွေက ထမင်းစားပန်းကန်ကိုသာ သေချာဆေးတာ အိမ်သာကိုတော့ မဆေးချင်ကြဘူးတဲ့ …. အိမ်သာကလည်း ထမင်းစားပန်းကန်လိုပဲ သန့်သန့်ရှင်းရှင်း ထားသင့်တယ်ဆိုပြီး ဗရပ်နဲ့ အားရပါးရတိုက်နေပါလေရော ….

    ပြီးခဲ့တဲ့နှစ်တုန်းက လေယာဉ်ကွင်းသွားတော့ အိမ်သာမှာ Tissue မရှိဘူး … အိမ်သာတက်ပြီး ကိုယ့် Tissue နဲ့ကိုယ်ပဲ သုံးဖြစ်ခဲ့တယ် … ဒီနှစ်မှာတော့ အိမ်သာထဲ Tissue ရော လက်ဆေးဆပ်ပြာရည်ကော ထည့်ပေးထားတာတွေ့ရတယ် ….. မြန်မာပြည်လူနေမှုနဲ့ အိမ်သာကို ဘိုထိုင်တင်မကဘူး ရိုးရိုးအိမ်သာတွေပါ ထားပေးသင့်တယ် … ကျွန်မကတော့ အိမ်သာဆို ဘိုထိုင်ထက် ရိုးရိုးတွေကို ရွေးတက်တယ် …. အိမ်သာသန့်ရှင်းရေးသမားတွေဘယ်လောက်ရှိရှိ မြန်မာပြည်မှာ supply ညံ့တာကြောင့် အိမ်သာထိုင်သုတ်လည်း ဒီမော့်(စ်)တံပဲ ကြမ်းပြင်သုတ်လည်းဒီအတံပဲဆိုတော့ အိမ်သာတွေက ညှီစော်အနံ့တွေနဲ့ တစ်ခါတစ်လေ ရွံတောင်ရွံမိတယ် ….

  • နွေဦး

    November 14, 2012 at 4:03 pm

    ဒါလေး ထပ်ဖြည့်လိုက်ပါတယ်..။
    TOILET သုံးတဲ့အခါ သတိပြုဖို့ပါ.။

    Tissue paper should not be in contact with your external urinary and rectal organs for more than 9 seconds. Scientific studies have found that toilet paper is full of mould.
    Tissue paper is basically made of used paper, bleached in chlorine, spread out to dry, flattened and rolled. And we have no idea how these paper rolls are stored before they are placed in the restroom.
    So it is best to keep toilet paper in minimum contact with our delicate body parts.

    Washing your hands with tap water can reduce the number of non-disease-causing germs by 99%. But it cannot get rid of disease-causing germs completely.

    It takes 40 minutes for germs to travel from the dry surface of a toilet seat to your body through a toilet seat cover, while it only takes 15 seconds if the seat is not dry.

    Wipe your hands dry every time after washing them. Failing to dry them is equal to not washing your hands at all.

    Hand sanitiser is the best type of hand cleaning liquid and is more effective than a gel-based one as alcohol based cleaner will take effect and kill germs immediately, while alcohol in the gel-based hand cleaner will take effect only after the gel dries.

    Before using a toilet spray hose, squirt some water away first before spraying it on yourself. Make sure the nozzle does not touch your body.

    Avoid using hand dryers if necessary. The air blasting out of them is full of germs and bacteria which can potentially cause diseases, especially in people with weak immunity.

  • အလင်းဆက်

    November 14, 2012 at 6:26 pm

    တကယ့်ကို လိုအပ်တဲ ့အချက်တစ်ခုကို
    တကယ့်ကို..ပြည့်ပြည့် စုံစုံ.ပြောသွားလို ့..
    တကယ်ပဲ.ကျေးဇူးတင်မိပါတယ် ။

    ဆက်လက်ပြီး…

    ဒီလို မှတ်သားစရာ ပိုစ့်လေးတွေ…
    ဝေမျှ ပါဦးလို ့…

  • Crystalline

    November 22, 2012 at 10:08 am

    ပို့စ်လေးအတွက် ဘရာဗိုပါ… ချင်းပြည်ဖက်မှာတော့ ဟိုအရင် နှစ်တော်တော်များများကဆို တောထဲမှာပဲ ရှင်းလေ့ရှိတယ်တဲ့.. အဲဒါလည်းတောဝက်တွေရန်ကိုကြောက်ရတော့ အပင်ဖက်ကိုကျောခိုင်းပြီး ထိုင်ရတယ်တဲ့.. တုတ်တချောင်းကိုင်ပြီး ကိတ်စမပြီးမချင်းခြောက်လှန့်နေရတယ်တဲ့… :kwi: အီတလီက အိမ်တွေမှာတွေ့ဖူးတဲ့အိမ်သာကတော့ ကမုဒ်နှစ်ခုပါတယ်…တခုကထိုင်ဖို့ တခုကဆေးဖို့တဲ့… ဘာကြောင့်မှန်း မသိဘူး. တခုတည်းလည်းပြီးနေတာပဲကို…

Leave a Reply