မင်းတို့ရဲ့ သွေးဆာနေတဲ့ လက်တစ်စုံနဲ့

ဘာကြောင့် အပြစ်မဲ့တဲ့ နှလုံးသားတွေကို သွေးအေးစွာ

သတ်ဖြတ်ချင်ရတာလဲ…………

ကြည့်စမ်းပါဦး အပြစ်မဲ့တဲ့ ကလေးငယ်လေးတွေ

ဘယ်ရင်ခွင် ပြေးပုန်းလို့ နေရမလဲလေ

စာနာမှုမရှိတဲ့ မင်းတို့ရဲ့လောကအလယ်မှာ

သူတို့လေးတွေ သောကဝေရတော့မှာလား

ကြင်နာစမ်းပါကွာ ကြင်နာလိုက်စမ်းပါကွာ

မင်းတို့ရဲ့ သွေးဆာနေတဲ့လက်တွေကို

ရင်မှာအေးမြတဲ့ တရားသံတွေရဲ့အောက်မှာ

ဘယ်တော့များ ကျဆုံးခြင်းကို ရောက်နိုင်မလဲကွယ်

ငါတောင်းတမိပါတယ် လောကကြီးက မကြောင့်မကြ

နေနိုင်အောင် ဖန်ဆင်းပေးထားပြီးပြီဘဲ

ဘာကို တက်မက်နေဦးမှာလဲလေ

နုနယ်တဲ့ သူတို့လေးတွေရဲ့ နှလုံးသားကို

လက်နက်အဖြစ်တော့ မပြောင်းဖြစ်ပါနဲ့နော်

အနာဂတ်လေး အရောင်ပြောင်းမှာကို မလိုလားလို့ပါ

ကြည့်စမ်းပါဦး မင်းကြားမယ်ဆိုရင်

အဝေးတစ်နေရာက အမေအိုရဲ့ အကြင်နာလတ်တစ်စုံနဲ့

တစ်ခက်လိုက်တဲ့ ကြေးစည်သံလေးရဲ့ဘေးမှာ

မင်း ငြိမ်းချမ်းနိုင်မယ်ဆိုရင်

မာကြောတဲ့ မင်းတို့ရဲ့ နှလုံးသားလဲ

အပြုံးများ ဝေဆာလို့နေတော့မယ်လေ

ကြိုးစားကြည့်ပေးပါ မနိုးကြားသေးတဲ့ မင်းတို့ရဲ့

နှလုံးသားလေးကို ဘုရားသခင်ပေးတဲ့

တရားသံဇဉ်တွေနဲ့ လှဲလှယ်လိုက်စမ်းပါကွာ………………

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..