ကြင်နာပေးပါ

ကာရံNovember 12, 20121min1178

မင်းတို့ရဲ့ သွေးဆာနေတဲ့ လက်တစ်စုံနဲ့

ဘာကြောင့် အပြစ်မဲ့တဲ့ နှလုံးသားတွေကို သွေးအေးစွာ

သတ်ဖြတ်ချင်ရတာလဲ…………

ကြည့်စမ်းပါဦး အပြစ်မဲ့တဲ့ ကလေးငယ်လေးတွေ

ဘယ်ရင်ခွင် ပြေးပုန်းလို့ နေရမလဲလေ

စာနာမှုမရှိတဲ့ မင်းတို့ရဲ့လောကအလယ်မှာ

သူတို့လေးတွေ သောကဝေရတော့မှာလား

ကြင်နာစမ်းပါကွာ ကြင်နာလိုက်စမ်းပါကွာ

မင်းတို့ရဲ့ သွေးဆာနေတဲ့လက်တွေကို

ရင်မှာအေးမြတဲ့ တရားသံတွေရဲ့အောက်မှာ

ဘယ်တော့များ ကျဆုံးခြင်းကို ရောက်နိုင်မလဲကွယ်

ငါတောင်းတမိပါတယ် လောကကြီးက မကြောင့်မကြ

နေနိုင်အောင် ဖန်ဆင်းပေးထားပြီးပြီဘဲ

ဘာကို တက်မက်နေဦးမှာလဲလေ

နုနယ်တဲ့ သူတို့လေးတွေရဲ့ နှလုံးသားကို

လက်နက်အဖြစ်တော့ မပြောင်းဖြစ်ပါနဲ့နော်

အနာဂတ်လေး အရောင်ပြောင်းမှာကို မလိုလားလို့ပါ

ကြည့်စမ်းပါဦး မင်းကြားမယ်ဆိုရင်

အဝေးတစ်နေရာက အမေအိုရဲ့ အကြင်နာလတ်တစ်စုံနဲ့

တစ်ခက်လိုက်တဲ့ ကြေးစည်သံလေးရဲ့ဘေးမှာ

မင်း ငြိမ်းချမ်းနိုင်မယ်ဆိုရင်

မာကြောတဲ့ မင်းတို့ရဲ့ နှလုံးသားလဲ

အပြုံးများ ဝေဆာလို့နေတော့မယ်လေ

ကြိုးစားကြည့်ပေးပါ မနိုးကြားသေးတဲ့ မင်းတို့ရဲ့

နှလုံးသားလေးကို ဘုရားသခင်ပေးတဲ့

တရားသံဇဉ်တွေနဲ့ လှဲလှယ်လိုက်စမ်းပါကွာ………………

ပိတောက်မိုး

8 comments

  • ရွာသူ jujuma .

    November 12, 2012 at 8:37 pm

    အားပေးသွားပါတယ်ဗျာ ။

  • padauk moe

    November 12, 2012 at 10:38 pm

    တီးခက်လိုက်တဲ့ ကြေးစည်သံလေးရဲ့ဘေးမှာ

  • ရာဇဝင်လူဆိုး

    November 13, 2012 at 12:27 am

    ရွာသူားများ တစ်နေ့ ပိုစ့် ၂ ခုသာ တင်ခွင့်ရှိအိ။ အဟမ်း… အဟမ်း။ :mrgreen:

  • kai

    November 13, 2012 at 12:32 am

    ၃ပုဒ်မြောက်ပို့စ်ကို.. နောက်နေ့ရွေ့လိုက်ပါကြောင်း..

  • padauk moe

    November 13, 2012 at 6:18 am

    အင်းလေ တစ်နေ့ကို ၂ပုဒ်ဘဲတင်တာလေအချိန်စောသွားလို့ထင်ပါတယ်ဗျာ

  • ရာဇဝင်လူဆိုး

    November 13, 2012 at 2:07 pm

    ကဗျာဆိုတဲ့ စကားလုံးတွေ ကျစ်လစ်စွာနဲ့ ပုံပေါ်အောင် ရေးသားဖော်ကျူးရတဲ့ ရသ စာပေမျိုးကို ဝါသနာပါပေမယ့် ရေးဖို့တော့ ဗီဇက နည်းသဗျာ။ ရသစုံတဲ့ ဂေဇက် မှာ ကဗျာရေးသူ ၊ ကဗျာနဲ့ ရသပေးသူ ကလောင်တစ်ချောင်းတိုးလာလို့ ကြိုဆိုအားပေး နေပါကြောင်း။ တကယ်တော့ ကဗျာဆိုတာ ဟိုးကတည်းက ရှိခဲ့တဲ့ ရသ စာပေရဲ့ ရှေးပြေး စာညွှန့်၊ စာစု တွေပါ။ :mrgreen:

  • padauk moe

    November 13, 2012 at 7:09 pm

    ဝေဖန်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ဗျာ

Leave a Reply