နာကျင်နေတဲ့ နှလုံးသားကို

မင်းဘာများထက်ပြီး ဒုက္ခတွေပေးဦးမလို့လဲ

အနိုင်ယူတက်တဲ့ မင်းလေးရဲ့စိတ်ထားတွေက

ငါ့အတွက်တော့ သိပ်ခါးတဲ့ ဆေးတစ်ခွက်ပါကွာ

အပြုံးပန်းမရှိတော့တဲ့ မင်းလေးရဲ့ ကမ္ဘာထဲမှာ

ငါယစ်မူးနေခဲ့တာ သိပ်ချစ်ခဲ့လို့ဘဲလေ

မပြစ်မယူတက်ပေမယ့် ချစ်သူကတော့

ချိုမြိန်တဲ့ ချစ်စကားတွေကို မာယာသုံးပြီး ပြောတုန်းဘဲနော်

ငါမသိခဲ့ရိုးမှန်ပေမယ့် ငါ့နှလုံးသားက မုန်းလို့မရတာ

မွေးကထဲက အမုန်းဆိုတာကို ပါမလာခဲ့တာလား

မင်းသင်ရိုးထဲမှာ ငါမသင်ကြားမိခဲ့တာလားလေ

ငါကျေနပ်ရမှာပေါ့ အချစ်ဆိုတာ မင်းလေးပေးမှ

ငါခေါက်ရိုးကျေခဲ့ရပြီလေ

ငါဝန်ခံမိပါတယ် ချစ်သူ

အချစ်လို့ဘဲမုန်းမုန်း

ငါ့နှလုံးသားကတော့ မင်းလေးအတွက်

အပြုံးတွေဘဲဆိုတာကိုပေါ့

တစ်ခုတော့ ပြောခဲ့ချင်ပါတယ်

လောကကြီး တစ်ပတ်လည်တဲ့တစ်နေ့

မင်းလေးရဲ့ အချစ်တွေ အပြစ်မရှိစွာနဲ့ဘဲ

ရင်ခွင်သစ်တစ်နေရာမှာ ခိုနားခွင့်ရပါစေပေါ့

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..