29 comments

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 13, 2012 at 10:46 am

    ကြိုဆိုပါတယ်… အစ်မနန်းတော်ရာသူရေ…
    ငြင်းခုန်ခြင်းအနုပညာကိုနှစ်သက်တတ်ရင်တော့ ဂဇက်ထဲမှာပျော်ကြမှာပါ…
    အဲဒီလိုပဲ… အားလုံးနီးပါးကလဲ ဝါသနာရှင်တွေပါပဲ…
    ငြင်းကြခုန်ကြ… ဗဟုသုတလေးတွေ မျှဝေကြပေါ့…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • အင်္ဂ ါZ

      November 13, 2012 at 10:54 am

      ဂလိုလား …ဒါဖြင့်
      အဒိ္ဒနဒါန အကြောင်း ငြင်းရအောင်ဗျာ …
      ထောင်ဖောက်တာ ကောင်းမကောင်းတို့…
      အင်စတော့လပ်စ် ထဲ ဝင်ဒေါင်းတာ ပြစ်မှု မြောက် မမြောက်တို့…
      ဟီဟိ…

      :harr:

  • Khaing Zar Win

    November 13, 2012 at 10:55 am

    ကြိုဆိုပါတယ် ညီမရေ။
    အတွေးကောင်း၊ အရေးကောင်း ရသစာပေမျိုးမို့ ကြိုက်ပါ၏။ 🙂

  • လုံမလေးမွန်မွန်

    November 13, 2012 at 11:52 am

    မင်္ဂလာပါ အစ်မရေ..
    အစ်မစာလေးတွေကို ဖတ်ဖြစ်ပါတယ်.. ကြိုက်လည်းကြိုက်ပါတယ်…
    ရိုးရိုးရှင်းရှင်းနဲ့ ပေးချင်တဲ့မက်ဆေ့ချ် (မြန်မာလိုပြောဖို့ကြိုးစားသေးတယ်.စကားလုံးရှာမရလို့)တစ်ခုကို ရအောင်ပေးနိုင်တယ်လို့ မြင်ပါတယ်…

    ဆက်ရေးပါ အစ်မရေ..အမြင်မတူတာတွေလည်း ဝိုင်းဆွေးနွေးကြတာပေါ့..
    အော်..စိမ်းဝါရောင် အနှုတ်တွေဘာတွေတွေ့ရင်လည်း စိတ်ထဲမထည့်ပါနဲ့လို့…

    ခင်တဲ့
    မွန်မွန်

    ဒါနဲ့ နည်းပညာအထက်တန်းကျောင်းက ဘယ်မြို့လဲဟင်..မွန်မွန့်သူငယ်ချင်းတစ်ယောက်လည်း အဲ့ဒီကျောင်းမှာ ဆရာမလုပ်နေလို့…

  • Ko Khin Kha ( သရီးကေ )

    November 13, 2012 at 11:54 am

    နန်းတော်ရာသူရဲ့ မေတ္တာရပ်ခံစာဖတ်ရတော့ မန့်ရမှာတောင် လက်တွန့်နေမိတာအမှန်ပါဗျာ။
    ကွန်မန့် ရေးကြတာဟာ ရေးတဲ့သူရဲ့ အမြင် ခံစားမှု အပျော်ပြုမှု့ တွေကို အခြေခံတာမို့
    တစ်ခါတလေမှာ ပိုစ့်ရေးသူရဲ့ ရည်ရွယ်ချက် သဘောထားနဲ့ ကွက်တိဖြစ်သလို တိုက်ဆိုင်တာလဲ
    ရှိမှာပါ၊ တစ်ခါတလေကျတော့ ပိုစ့်ရည်ရွယ်ချက်နဲ ကွဲလွဲတဲ့ အမြင်တွေနဲ့ ဝေဖန်ကြတယ် မန့်ကြပါတယ်၊
    အဲဒီတော့ ဂဇက်သည် ရွာစကားဝိုင်းလေး သဘောမျိုးသက်ရောက်တယ်လို့ တင်စားလို့ရပါတယ်၊
    ရွာစကားဝိုင်းထိုင်ပြောကြရင် တူညီတဲ့အတွေးတွေနဲ့ ပြောကြတာရှိသလို မတူညီလို့ငြင်းကြဝေဖန်ကြ တာ လဲရှိပါတယ်။
    ဒါပေမယ့်အဲဒီစကားဝိုင်းကိုလာထိုင်ကြတဲ့ရွာသူားတွေဟာ ချစ်ခင်ကြတယ် ယိုင်ပင်းကြတယ် အကယ်လို့ ငြင်းဖြစ်ကြရင်တောင် စိတ်မဆိုးဘဲ ချစ်ခင်မပျက်ကြတာ ကျွန်တော်တို့ရဲ့ ဂဇက်ပါဗျာ။
    ခင်မင်စွာဖြင့် – ကိုခင်ခ။

  • လက်တွန့်စရာမလိုပါဘူးသရီးကေရေ စာရေးသူခံစားလို့ရတဲ့အရေးအသားအပေါ်
    ဝေဖန်ထောက်ပြတဲ့ဝေဖန်မှုမျိုးကိုဘယ်လောက်ရှည်အောင်ရေးလို့ရပေမယ့်
    ဘယ်အကြောင်းအရာကိုတော့မရေးပါနဲ့လို့တားမြစ်လို့မဖြစ်ပါဘူး။

    ကျွန်မက ဂေဇက်ရဲ့ကွန့်မန့်တွေကိုတွေ့မြင်လာတာ ၂နှစ်ရှိပါပြီ။ကျွန်မ ဝင်မရေးရုံကလွဲပြီး
    ဂေဇက်မှာ ဘယ်သူတွေဘယ်လိုပြောကြဆိုကြတယ်ဆိုတာ လိုက်ဖတ်နေကျပါ။
    ဂေဇက်ရဲ့အထာကိုလည်းနားလည်ပါတယ်။

    အဲဒါကြောင့်လည်း တခြားဆိုဒ်တွေမှာ ကျွန်မအရေအတွက်ဘယ်လောက်တင်တင် ဂေဇက်မှာတော့ တလေးတစားနဲ့ စာကောင်းကောင်းလေးတွေပဲကြိုးစားရေးတင်မယ်လို့ဆုံးဖြတ်ပြီးမှ ဂေဇက်မှာစာတင်တာပါ။
    ဂေဇက်ရဲ့တလေးတစားဖတ်ရှုမှုနဲ့စကားဝိုင်းတွေရဲ့အရှိန်အဝါကြောင့်လည်းပါပါတယ်။

    ဘယ်ဆိုဒ်မှာမှ ဂေဇက်လောက် မှတ်ချက်တွေအရှည်ကြီးပေးတာမတွေ့ဖူးသေးပါဘူး။
    ဂေဇက်လေးစားတဲ့အထဲမှာ မန်ဘာတွေရဲ့ Comment တွေရှည်လျားတာကလည်းအဓိကကျပါတယ်။

    • kai

      November 13, 2012 at 12:25 pm

      လိုက်ဖတ်နေကျဆိုတာမို့.. အထာတော့ ညက်နေပြီ… ဆိုရမှာပေါ့နော..
      ခုရက်ပိုင်း.. ဘုဂလန့်များလုပ်မလား…တွေးထားပါတယ်… :kwi:

      ဆိုတော့…
      “နန်းတော်ရာ”ဆိုတာမျိုးက… နေပြည်တော်(အစစ်) မန္တလေးဖက်ကသူတွေသုံးတာများတယ်ထင်မိပါတယ်…..
      တောင်ငူသူက.. ဒီလိုစာသားသုံးတာမို့..
      ဘယ်နန်းများကိုယ်စားပြုနေပါသလဲ…လို့..လိုက်ဖတ်ကြည့်တာမှာ..
      နှစ်၅၀ဝ သက်တမ်း.. မင်းကြီးညိုရဲ့..နန်းမြို့တောင်ငူကိုတွေ့ရသဗျ…

      မြန်မာ့သမိုင်းမှာတော့…တောင်ငူမင်းဆက်တွေထဲ.. ကမ္ဘာကျော်တာ.. ဘုရင့်နောင်မင်းပေါ့နော….

      “နန်းတော်ရာသူ”ကို… ကြိုဆိုပါကြောင်း… :harr:

      • နှစ်ငါးရာသက်တမ်းတောင်ငူအကြောင်းလေ့လာခဲ့လို့ကျေးဇူးတင်ပါကြောင်း။
        ရတုဘုရင်နတ်ရှင်နောင်၊ဓာတုကလျာနဲ့ တပင်ရွှေထီးကကော နာမည်မကြီးဘူးလား kai ရေ။
        ဒေါက်တာလွဏ်းဆွေ၊နော်လီဇာ၊ရင်ဂို၊ကျားပေါက်၊ဆင်ပေါက်၊ဗီနိုထွန်းနဲ့စိုးပြည့်သဇင်တို့လည်း နာမည်ရှိပါတယ်နော်။
        ကြုံတုန်းမို့ပြောတာ ဗွီနိုနဲ့စိုးပြည့်သဇင်(ဇင်ဇင်)က ကျွန်မတို့ကျောင်းထွက်တွေပဲရှင့် ဟိဟိ

        • pooch

          November 14, 2012 at 9:40 pm

          မင်္ဂလာပါ နန်းသူရေ ကျမလည်း တောင်ငူဇာတိပါ။ ခုတော့ တရွာတည်းသား ရပ်ဆွေ ရပ်မျိုးတွေပေါ့။ တွေ့ရတာ ဝမ်းသာပါတယ် 😀

  • ဒီရွာမှာ ပြိုင်ဘက်ဆိုတာ မရှိဘာဘူး ခညာ …
    ကိုယ့်ထက်သာ မနာလို ဆိုတာ အပြင် လောကမှာပါ ..
    အွန်လိုင်းကမ္ဘာ ကျုပ်တို့ ရွာကြီးမှာတော့ဖြင့် …
    ဂလိုဟာဒွေ မရှိရေးချ မရှိ …. (ဟုတ်ဒယ်နော် … :mrgreen: )
    အားလုံး ချစ်ချစ်ခင်ခင်ဘာဘဲ …

    အနော်ဂဒေါ့ဖြင့် စာဒွေအပေါ် ဝေဖန်နိုင်စွမ်း မရှိလှပါဘူး …
    ကပျက်ကချော်ဒွေဘဲ ပြောတတ်တာရယ် … :mrgreen:

    • ခိုင်ဇာ

      November 13, 2012 at 5:26 pm

      ချစ်ခင်နွန်းနွန့် တစ်ယောက်နဲ့ တစ်ယောက် ဓားလေးနဲ့ ထိုးလိုက်၊ ဆဲလိုက်ဆိုလိုက်၊ အဆိပ်ခွက်လေးတိုက်လိုက်နဲ့နေကြတာရယ်။
      :mrgreen:

  • nozomi

    November 13, 2012 at 8:15 pm

    ဟိုရက်ကတင် ကိုလွဏ်းဆွေ စာတစ်ကြောင်း သူကြီးကိုးကား ကတဲက တစ်ခုခု ရေးချင်နေတာ သွေးအေးသွားတော့လဲ ရေးချင်စိတ်က မရှိပြန်ဘူး

    အမျိုးစပ်လို့ ရမဲ့ အနေအထားမို့ အခြေအနေပေးလို့ ရွာသူားတွေ အချင်းချင်းတွေ့တော့မှ အမျိုးစပ်ကျတာပေါ့

    နန်းတော်ရာသူ က
    စာရေးကောင်းသူ တစ်ယောက်ဆိုတာ တွေ့တာနဲ့ တန်းသိသာတဲ့ လက်မျိုးမို့
    မှန်မှန်လေးသာ ရေးပါ အားပေးနေပါ့မယ်

  • မောင်ပေ

    November 13, 2012 at 9:38 pm

    အိမ်း အခုလို အိမ်ထောင်ရှင် လို ့ထုတ်ဖော်ပြောလိုက်တာ ငါ့သမီး နန်းတော်ရာသူအဖို ့ ငါ့ဆရာ ကြောင်ကြီး ရဲ ့အန်တရာယ် မှနေ အင်မတန်ကင်းမယ်ကွဲ ့
    ဟီဟိ
    ဘုံ
    ဘိုးတော်ပေ

  • ရွာစားကျော်

    November 13, 2012 at 10:12 pm

    ဒါဆို ငါတို့နဲ့ ဆွေမျိုးမကင်းဘူးပဲကိုးးး
    ရွာထဲမှာ ရပ်ဆွေရပ်မျိုးလာတော် ပြန်တော့ နှစ်ထပ်ကွမ်းဆွေမျိုးပေါ့ 🙂

  • နန်းတော်ရာသူရေ
    စိတ်တိုင်းကျသာရေး
    အားပေးမယ့်သူတွေအဆင့်သင့်
    ချစ်ခင်စွာဝေဖန်ထောက်ပြမယ်သူ့ကလဲအဆင်သင့်
    မဟုတ်မဟတ်လာမန်းရင်လဲ ဝိုင်းပြီ ပြန်ပြောကြမယ်သူ့ကအဆင်သင့်

  • myanmar oscar

    November 13, 2012 at 10:38 pm

    မှန်ဒါပေါ့ဗျာ။ ချစ်ခင်ကြတဲ့ ရွာသူ၊ရွာသားအားလုံးဟာ အေးအတူ၊ပူအမျှ
    အတူတကွ ကောင်းးသည်၊ဆိုးသည်များကို မျှဝေခံစားကြပါ။
    ကြီးသူကိုရိုသေ၊ငယ်သူကိုလဲလေးစားပေးကြပါ။
    ရှေ့နွားဖြောင့်ဖြောင့်သွားမှ နောက်ကလိုက်ရမဲ့နွားလေးတွေကလဲ ဖြောင့်ဖြောင့်လိုက်နိုင်မှာပါ၊
    ဒါကြောင့်လဲ သဘာရင့်၊ဝါရင့် မန်ဘာဟောင်းကြီးတွေက မန်ဘာအသစ်လေးတွေကို
    တွေ့တွေ့ခြင်းစောက်နဲ့မထွင်းပဲနဲ့ ကြိုဆိုကြစေလိုပါတယ်။
    Comment ပေးကြရာတွင်လဲ အတည်အတန့်ပေးကြပါ၊ ပျက်ချော်ချော် အတွေးမျိုးအရေးတွေကို
    ရှောင်ရှားစေချင်ပါတယ်။
    (နောင်တစ်ချိန်တွင် ဆိုဒ်ရဲ့ဂုဏ်သိက္ခာကျဆင်းနိုင်သောကြောင့် သူကြီးကိုယ်စားရေးသားလိုက်ပါ
    သည်။
    ပုံ
    သူကြီးအမိန့်တော်ရ ကိုယ်စားလှယ်)
    စိတ်ဆိုးရဘူးနော်သူကြီး- တူကကြောလဲမကြောတော့ တို့ကဝင်ကြောရတာပေါ့……………..။
    ရွာသူ၊ရွာသားအားလုံး စိတ်၏ကျန်းမာခြင်း၊ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ……………

  • uncle gyi

    November 13, 2012 at 10:48 pm

    စာရေးတာဝါသနာပါ
    ဝေဖန်မှုကိုကြိုဆိုတဲ့
    နန်းဆန်တဲ့နန်းတော်သူ
    ရဲရဲတွေးရဲရဲရေး
    မနာလိုသူမရှိ
    ဒို့ရွာမှာအရေးကောင်းသူတဦးတိုးရင်
    ဒို့ရွာကိုလူပိုသိသမို့
    လက်ကမ်းလို့ကြိုနေကြတယ်
    မန်းဂေဇက်ရွာကြီး

  • ရှေ့နွားဖြောင့်ဖြောင့်သွားမှ နောက်ကလိုက်ရမဲ့နွားလေးတွေကလဲ ဖြောင့်ဖြောင့်လိုက်နိုင်မှာပါ၊
    (ခင်ဗျားပြောလိုက်မှ ကျုပ်တို့အားလုံးနွားဖြစ်ကုန်ပြီ ပေးစရာ ဥပမာ ဒီလောက်ရှားသလားအေ့)
    ဒါကြောင့်လဲ သဘာရင့်၊ဝါရင့် မန်ဘာဟောင်းကြီးတွေက မန်ဘာအသစ်လေးတွေကို
    တွေ့တွေ့ခြင်းစောက်နဲ့မထွင်းပဲနဲ့ ကြိုဆိုကြစေလိုပါတယ်။
    ( မန်ဘာဟောင်းကြီးတွေက စောက်နဲ့မထွင်းပါဘူးကွဲ့၊
    မြန်မာစကားပုံမှာ ဆောက်နဲ့ထွင်းလို့ဘဲ သုံးပါတယ်၊
    ဒီဆိုက်ဒ်မှာအသစ်တွေကိုဆော်လိုက်မယ်ဆိုတဲ့လူဟောင်းတစ်ယောက်မှ မရှိပါ။
    ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောကြတာပါ။

    Comment ပေးကြရာတွင်လဲ အတည်အတန့်ပေးကြပါ၊ ပျက်ချော်ချော် အတွေးမျိုးအရေးတွေကို
    ရှောင်ရှားစေချင်ပါတယ်။
    (နောင်တစ်ချိန်တွင် ဆိုဒ်ရဲ့ဂုဏ်သိက္ခာကျဆင်းနိုင်သောကြောင့် သူကြီးကိုယ်စားရေးသားလိုက်ပါ
    သည်။)
    ဒီမှာဆိုဒ်မှပေးတဲ့ ကော်မင်းကို ဘယ်သူမှအထင်မသေးရဲ ဂုဏ်သိက္ခာမကျတဲ့ကော်မင်းတွေအများကြီး
    ကျနော်ကို်ယ်တိုင်လဲ စလိုက်နောက်လိုက် ကော်မင်းပေးတတ်ပါတယ်။
    သူများတွေလဲ ဒီအတိုင်းပါဘဲ။
    လိုအပ်လာရင် အတိအကျ ခိုင်မာတဲ့ကော်မင်းတွေထွက်လာမှာပါ။
    အချက်အလက်တွေမှားနေရင် ဝင်ထောက်ပြကြမှာပါ၊
    အဲတော့ သူ့အခုအတိုင်းဘဲပျော်ပျော်ပါးပါးရှိနေပါစေ
    မြန်မာအော်စကာရေ

  • myanmar oscar

    November 13, 2012 at 11:15 pm

    connection မကောင်းလို့ နောက် comment ဝင်သွားတာ ခွင့်လွတ်ကြပါရန်……..

    • အရီးခင်လတ်

      November 14, 2012 at 3:48 am

      ခွင့်လွှတ်ပါတယ်။
      ခွင့်လွှတ်ပါတယ်။
      😆

  • အရီးခင်လတ်

    November 14, 2012 at 3:47 am

    အပေါ်က လူများ ပြောတာလေး ကို အပြည့်အဝ ထောက်ခံရင်း နန်းတော်ရာသူ ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်နော်။

    ရသ စာ မပါရင် လဲ ဒီရွာက ဘယ်လိုလုပ်ပြီး အရသာပြည့်တဲ့ဟင်းလေးအိုး ကြီး ဖြစ်ပါတော့မလဲ။
    ဒီတော့ ရသ စာလေးတွေကို လဲ ခံစားချက် အပြည့်နဲ့ ဖတ်ပေးဖို့ စောင့်နေကြပါတယ်။
    ကြိုက်တာ ကို ရေးသာရေးပါ မနန်း ရေ။ :hee:

  • Novy

    November 14, 2012 at 9:44 am

    နန်းတော်ရာသူ ကြိုဆိုနေပါတယ်ကွယ်

  • Mon Kit

    November 14, 2012 at 9:47 am

    နန်းတော်ရာသူ…
    နာမည်လေးက နန်းဆန်သလို အရေးအဖွဲ့ကလည်း ညက်ညောလှပါတယ်…
    မွန်ကစ်က စာဖတ်သမား သက်သက်ပါ..
    ပညာပေး..ဗဟုသုတ.. ရသ.. ပျော်စရာ.. လွမ်းစရာ စာပေအားလုံး ဒိုင်ခံ အားပေးနေပါတယ်..
    စောင့်မျှော်အားပေးနေပါ့မယ်လို့…..

  • Green Rose

    November 14, 2012 at 7:30 pm

    နန်းတော်ရာသူရေ…

    ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်…
    စကားမစပ်.. ဒီပို့စ်က ဘာလို့ Copy/Paste category ထဲရောက်နေရတာလဲဟင်…

    ခင်မင်မှုဖြင့်
    (Green Rose)

  • အကုန်လုံးချစ်ခင်ရင်းနှီးမှုအပြည့်နဲ့ဝိုင်းဝန်းကြိုဆိုကြတာတွေ့ရတော့
    မျက်ရည်လည်အောင်ဝမ်းသာမိပါကြောင်း။
    ကျေးကျေးအထူးတင်ရပါကြောင့်း။
    မျက်စိထဲမြင်သမျှပတ်ဝန်းကျင်တွေက ဝတ္ထုတွေဖြစ်နေတာမို့ ရသစာပေလေးတွေကိုဆက်ရေးနေမှာပါ။
    ဂေဇက်မန်ဘာတွေကိုချစ်သလို၊ဂေဇက်ကမန့်ထားတာလေးတွေကိုလည်းချစ်ခင်လေးစားနေလျက်ပါ။

  • AKKO

    November 14, 2012 at 8:09 pm

    ဂေဇက်စွဲရောဂါ ရရင် ဆေးကုဖို ့လည်းမမေ့နဲ ့ ဦးနော်။ ကျန်းမာရေးထိခိုက်မှာ စိုးလို ့။ :kwi:

Leave a Reply